စနေနေ့ည ပွဲတွေ အပြီးမှာတော့ အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ ချဲလ်ဆီး တို့ နိုင်ပွဲတွေ ရယူ နိုင်ခဲ့ကြပြီး ဂွာဒီယိုလာ ရဲ့ အသင်းဟာ လီဗာပူးကို ၃ မှတ် အကွာနဲ့ ဖိအားပေးလိုက် သလို လမ်းပတ်ရဲ့ အသင်း ကလည်း ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲ နဲ့ အတူ ပုံစံကောင်းနဲ့ ခရီးဆက် နေပါတယ်။ ဒီရာသီ Top 6 အသင်း တွေကို ခြိမ်းခြောက် နေတဲ့ လက်စတာ အသင်း ကလည်း ဆောက်သမ်တန် ကွင်းမှာ ၉ ဂိုးပြတ် နဲ့ စံချိန်တင် နိုင်ပွဲ ရခဲ့ကာ အဆင့် ၃ နေရာမှာ ရပ်တည် နေပါတယ်။

ယနေ့ညမှာတော့ အားလုံး စိတ်ဝင်စား နေတဲ့ ပွဲကြီး ပွဲကောင်း ရှိနေပြီး လီဗာပူးဟာ စပါးကို အန်ဖီးမှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ်။ ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ယူနိုက်တက်ကို အဝေးကွင်းမှာ သရေကျခဲ့ပြီး ဒီရာသီ လိဂ်ပြိုင်ပွဲရဲ့ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်း ရပ်တန့် သွားခဲ့ပြီး ဒီတစ်ပတ်မှာတော့ နိုင်ပွဲ လမ်းကြောင်းပေါ် ပြန်ရောက်ရန် ရည်မှန်းနေပါတယ်။ စပါး ကတော့ ကြားရက်က ရက်စတား ကို ၅-၀ နဲ့ နိုင်ထား ခဲ့တာကြောင့် အန်ဖီး ခရီးစဉ် အတွက် ယုံကြည်မှု ပြန်လည် ပြည့်ဝ နေမှာပါ။ အခြား ပွဲစဉ်တွေ အဖြစ် အာဆင်နယ်က ပဲလေ့စ်ကို အမ်းမရိတ်မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး ယူနိုက်တက် ကတော့ နောဝှစ်ကို အဝေးကွင်းပွဲ သွားကစား ရမှာပါ။

ဘာဘာတော့ဖ်ရဲ့ ယနေ့ည ပွဲစဉ်တွေ အတွက် ခန့်မှန်းချက်တွေ ကတော့..

၁~ နယူးကာဆယ် Vs ဝုဖ်
ဝုဖ် အသင်းဟာ ကြားရက်က ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ်မှာ အရမ်း ကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင် နိုင်ခဲ့ပြီး နူနိုဆန်တိုရဲ့ အသင်းဟာ နောက်ပိုင်း ပွဲစဉ် အချို့မှာ နိုင်ပွဲ ဆက်နေပါတယ်။ ဒါပေမယ့် ဝုဖ် အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်း နေနိုင် ပါတယ်။ စိန့်ဂျိမ်းပက်မှာ ကွင်းကြီး တစ်ကွင်း ဖြစ်ပြီး ပရိတ်သတ်တွေဟာ သူတို့ အသင်းကို တကယ် စိတ်ဓာတ် မြှင့်တင် ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တေ်ာ ကတော့ နှစ်သင်းစလုံး ရမှတ် ၁ မှတ်စီ ခွဲယူ သွားလိမ့်မယ်လို့ မြင်မိ ပါတယ်။

ဘာဘာတော့ဖ် ရဲ့ ခန့်မှန်းချက် – နယူးကာဆယ် ၁ – ၁ ဝုဖ်

၂~ အာဆင်နယ် Vs ခရစ်စတယ်ပဲလေ့စ်
ကြားရက်မှာ နီကိုလပ်ပီပီ အနေနဲ့ အာဆင်နယ် အတွက် ဒီလို လုပ်ပြ နိုင်ခဲ့တာ အရမ်း ကောင်းခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ မကြာသေးမီက ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် နေခဲ့ ရလို့ ဖြစ်ပါတယ်။ ကျွန်တော် သူ့ရဲ့ အရည်အသွေးကို ကြိုက်နှစ်သက်ပြီး သူဟာ မြန်တယ် အတိုးအလှုပ်တွေလည်း ကောင်းပါတယ်။ အာဆင်နယ် ရဲ့ ယုံကြည်ချက် ကတော့ မြင့်မား နေမှာပါ။ ကျွန်တော် ကတော့ ဂန်းနား တို့ဟာ ခရစ်စတယ်ပဲလေ့စ် အတွက် အရမ်း အင်အား ကောင်းလွန်တယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဖ် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၃ – ၁ ခရစ်စတယ်ပဲလေ့စ်

၃~ လီဗာပူး Vs တော့တင်ဟမ်
လီဗာပူးဟာ လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်း ၅ သင်း ထဲမှာ ပါဝင် နေတဲ့ အသင်းပါ။ စပါး အသင်း အနေနဲ့ လီဗာပူး ဆီက တစ်စုံတစ်ရာ ရယူဖို့ အတွက် အရမ်းကို ခက်ခဲမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ အန်ဖီးမှာ မာနေး ဆာလား ဖာမီနို နဲ့ သူတို့ နောက်မှ ရှိတဲ့ သူ အားလုံး အပြင် သူတို့ဟာ တော့တင်ဟမ် ကို အသဲအသန် ပြေးလွှားပြီး ပြင်းပြင်းထန်ထန် ဖိအားပေး ကစား သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တော့တင်ဟမ် အနေနဲ့ ဒီပွဲကို ချည်းကပ်ဖို့ အတွက် ကောင်းမွန်တဲ့ game plan ရှိဖို့ လိုအပ် ပါတယ်။ ကျွန်တော် ကတော့ လီဗာပူး ဟာ ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်ထိန်း ထားနိုင်မယ်လို့ ထင်ပါတယ်။

ဘာဘာတော့ဖ် ရဲ့ ခန့်မှန်းချက် – လီဗာပူး ၂ – ၁ တော့တင်ဟမ်

၄~ နော့ဝှစ် Vs မန်ယူနိုက်တက်

နော့ဝစ် အသင်းဟာ ယူနိုက်တက်ကို မကြောက်မရွံ့နဲ့ ရင်ဆိုင် ကစား သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရှား ရဲ့ အသင်း အနေနဲ့ သူတို့ရဲ့ ပုံစံကောင်းကို ထိန်းထား နိုင်ခဲ့မယ် ဆိုရင် ၎င်းတို့ရဲ့ winning DNA က ရှိနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက် ဟာ သွင်းဂိုး ၁ ဂိုးဘယ်လို သွင်းရမလဲ ဆိုတာ သိထားတဲ့ အပြင် ရမှတ် ၃ မှတ်ကို ဘယ်လို ယူရမလဲ ဆိုတာလည်း သိနေပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက် တို့ ပွဲအပြီးမှာ ပျော်ရွှင် ရမယ့် ပွဲတွေ ထဲက တစ်ပွဲလို့ ထင်ပါတယ်။

ဘာဘာတော့ဖ် ရဲ့ ခန့်မှန်းချက် – နော့ဝှစ် ၀ – ၁ မန်ယူနိုက်တက်