မနေ့ည က နောက်ဆုံး ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ ပွဲစဉ် တပွဲ ဖြစ်တဲ့ ဘန်လေ – ချယ်လ်ဆီး ပွဲစဉ် မှာတော့ နိုင်ပွဲ တွေ ဆက်တိုက် စွမ်းဆောင် နေတဲ့ ချယ်လ်ဆီး အသင်း ကပဲ အဝေးကွင်း မှာ ဂိုးပြတ် သွင်းကာ ၊ ၂ – ၄ ဆိုတဲ့ ရလဒ် နဲ့ နောက်ထပ် နိုင်ပွဲ တပွဲ ဆက်လက် စွမ်းဆောင် သွားခဲ့ ပြန်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ကြားရက် က အေဂျက်ဇ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ခြေစွမ်း ပြခဲ့တဲ့ အမေရိကန် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ နောဝှစ်ချ် နဲ့ ပွဲ နောက်ပိုင်း ပထမဆုံး အနေနဲ့ မနေ့က ပွဲမှာ ပွဲထွက်ခွင့် ပြန်လည် ရရှိ ခဲ့ပါတယ် ။ မနေ့ည က နိုင်ပွဲ ဟာ ပူလီဆစ် မှော်ဝင် ခြေစွမ်း ပြသ ခဲ့လို့ အနိုင်ရခဲ့တယ် ဆိုရင်လည်း မမှားပါဘူး ။

ဘန်လေ အသင်း ကတော့ အိမ်ရှင် ပီပီ ပထမပိုင်း ပွဲစတယ် ဆိုတာနဲ့ ချယ်လ်ဆီး အသင်း ကို အမြင့်ဘော ထိုးဖောက်မှု တွေ မကြာခဏ ပြုလုပ် ခဲ့သလို ၊ တည်ကန်ဘော တွေကနေ ဂိုးရဖို့ ကြိုးစား ခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ အထူးသဖြင့် အဓိက တိုက်စစ်မှူး တဦး ဖြစ်တဲ့ ခရစ်ဝုဒ် မပါဝင် နိုင်ချိန် မှာ အက်ရှ်လေ ဘန်းစ် ကို ဘန်လေ အသင်း အဓိက အားပြု ကစားခဲ့ရပြီး ၎င်းဆီကို မကြာခဏ အန္တရာယ် ရှိတဲ့ ဖြတ်တင်ဘော တွေ ပေးပို့ ခဲ့ကြပါတယ် ။

သို့ပေမယ့် လည်း ဘန်းစ် အတော် ကံခေ ခဲ့တယ် ပြောရမှာ ဖြစ်ပြီး အပိုင် အခွင့်အရေး ၃ကြိမ် လောက်ကို လက်လွှတ်စပယ် ဖြုန်းတီး ခဲ့ပါတယ် ။ တဖက်မှာ ဘန်းစ် နဲ့ ပြောင်းပြန် အနေအထား တခု ကို ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ပူလီဆစ် မှှာ တွေ့ခဲ့ ရပါတယ် ။ မနေ့ က ပွဲမှာ ဘန်လေ နောက်တန်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး အေဘရာဟမ် ကို အမိအရ လူကပ် ကစား ခဲ့ပါတယ် ။

ဒါဟာ ပူလီဆစ် ကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးလိုက်သလို ဖြစ်သွားပြီး အစွန် နောက်ခံလူ ၂ဦး ဖြစ်တဲ့ ပီတာစ် ၊ လိုတန် တို့ရဲ့ လေးလံ ထိုင်းမှိုင်း တဲ့ ကစားပုံ ကို အခွင့်ကောင်း အပြည့်အဝ ယူနိုင် ခဲ့ပါတယ် ။ အဖွင့်ဂိုး ဟာ ဘန်လေ နောက်ခံလူ မတ် လိုတန် ရဲ့ အမှား ကနေ တဆင့် ပူလီဆစ် တကိုယ်တော် အစွမ်း နဲ့ ရယူကာ တာကောစကီး ကို တချက် ကျော်ဖြတ်ပြီး ဘယ်ခြေ နဲ့ နစ်ခ်ပုပ် ရဲ့ ဘယ်ထောင့်ခြမ်း ထဲကို အဆုံးသတ် နိုင်ခဲ့ပါတယ် ။

အလားတူ ပထမပိုင်း ပြီးခါနီး မှာလည်း ဝီလီယံ ရဲ့ ပေးပို့မှု ကို ဆွဲပြေး လာတဲ့ ပူလီဆစ် ကပဲ ညာခြေ ကန်ချက် ပြင်းပြင်း နဲ့ နောက်ခံလူ ဘန်းမီး နဲ့ ထိကာ ဂိုးပေါက်သို့ တန်းတန်မတ်မတ် ဝင်ခဲ့ပါတယ် ။ ပထမပိုင်း မှာတင် ပူလီဆစ် ဟာ နောက်ထပ် ကန်ချက် ၂ကြိမ် ပြုလုပ် ခဲ့ပေမယ့် နစ်ခ်ပုပ် ကာကွယ် နိုင်ခဲ့လို့ ဘန်လေ တို့ သက်သာရာ ရခဲ့ပါတယ် ။ ဒုတိယပိုင်း မှာလည်း ဘန်လေ ဖက်က ချေပဂိုး ရဖို့ တိုက်စစ်မြှင့် ကစားခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာ က ချယ်လ်ဆီး အသင်း ပဲ ဖြစ်ပါတယ် ။

မေဆင်မောင့် ရဲ့ ထောင့်ကန်ဘော ကို marking လုံးဝ လွတ်နေတဲ့ ပူလီဆစ် က ခေါင်းခုန်တိုက် သွင်းယူကာ perfect hat-trick ကို ရယူ သွားခဲ့ပါတယ် ။ အဲ့ဒီ နောက် မိနစ်ပိုင်း အနည်းငယ် အတွင်း မှာ အေဘရာဟမ် ရဲ့ ပေးပို့မှု ကို ဝီလီယံ တချက် လှည့်ထွက်ကာ နစ်ခ်ပုပ် ရဲ့ ညာဖက်ခြမ်း ကို ကန်သွင်း အဆုံးသတ် ခဲ့ပြန်ပါတယ် ။ အဲ့ဒီနောက် အနိုင် သေချာတဲ့ အနေအထား မှာ လမ်းပတ် ဟာ အနည်းငယ် လေးလံ နေတဲ့ အလွန်ဆို အစား လူငယ် ခြေတက် ရိစ်ဂျိမ်းစ် နဲ့ အစားထိုး ခဲ့ပါတယ် ။

ရိစ်ဂျိမ်းစ် ရဲ့ ကစားပုံ က ညက်ညောမှု ရှိခဲ့သလို ၊ ဝင်လာချင်းချင်း မှာပဲ အရေးပါတဲ့ ပိတ်ဆို့မှု ၂ခု တိတိ လုပ်ပြ နိုင်ခဲ့ပါတယ် ။ ပြိုင်ဖက် တွေကို ဖိအားပေး ကစားနိုင်မှု ၊ အပြေး ၊ ကြံ့ခိုင်မှု အပိုင်း တွေမှာ အားသာချက် များစွာ ရှိတာတွေက ချယ်လ်ဆီး ပရိသတ် တွေကို နောက်ထပ် အားရ စေတဲ့ အချက် တချက် ဖြစ်စေခဲ့ပါတယ် ။ ပွဲကို အနည်းငယ် အကျည်းတန် စေတာကတော့ ဟတ်ဒ်ဆန် အိုဒွိုင်း ဒိုင်ဗင် ပစ်ခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင် က VAR နဲ့ ပြန်ကြည့်ပြီး ဆုံးဖြတ် ခဲ့ပါတယ် ။

အဲ့ဒီ အချိန် က စပြီး ချယ်လ်ဆီး တို့ ယုံကြည်ချက် အနည်းငယ် ကျဆင်း ခဲ့ကာ ပွဲပြီးခါနီး မှာ ချေပဂိုး ၂ဂိုး ဆက်တိုက် ပြန်ပေး ခဲ့ရပါတယ် ။ ပထမဂိုး ဖြစ်တဲ့ ဂျေး ရိုဒရီဂွက်ဇ် ရဲ့ ကန်ချက် က အံ့အားသင့်ဖွယ် ကောင်းမွန် ခဲ့သလို ၊ မက်နေးလ် ရဲ့ ကန်ချက် ကလည်း လူထိ ဝင်ခဲ့တာ ဖြစ်လို့ Clean Sheet မရတဲ့ အပိုင်း မှာ နောက်တန်း တွေရဲ့ အမှား လည်း မဟုတ်သလို ၊ ကီပါ ရဲ့ အာရုံ စူးစိုက်မှု နည်းတာကြောင့် လည်း မဟုတ်ဘူး ဆိုတာ သုံးသပ်ရင်း … ။