ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ် မှာ ဘန်လေ အသင်း ကို အမေရိကန် တောင်ပံ တိုက်စစ် ကစားသမား ခရစ်တီယန် ပူလီဆစ် ရဲ့ အထူး ခြေစွမ်းပြမှု နဲ့ အတူ ၂ – ၄ ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရခဲ့ကာ ၄င်းတို့ရဲ့ အထက် က လက်စတာ ၊ မန်စီးတီး ၊ လီဗာပူး တို့ကို အမှားအယွင်း မရှိ ဒုက္ခ ပေးနိုင် ခဲ့ပါတယ် ။ ထို ပွဲစဉ် အပြီး ၂ဖက် အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြ လိုက်ရပါတယ် ။

ချယ်လ်ဆီး

ဂိုးသမား – ကီပါ ( Rating – 6 )

ကီပါ ဟာ မနေ့ည က ပွဲမှာ ပေးဂိုး ၂ဂိုး ခွင့်ပြု ခဲ့ရတယ် ဆိုပေမယ့် ပထမပိုင်း အတွင်း မှာ အရေးပါတဲ့ ကာကွယ်မှု တကြိမ် ပြုလုပ် ခဲ့သလို ၊ တည်ငြိမ်တဲ့ လက်စွမ်း တချို့ လည်း ပြသ နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် အားပါ ပြင်းထန်တဲ့ ဘန်လေ အသင်း ရဲ့ တိုက်စစ်မှူး ဂျေး ရိုဒရီဂွက်ဇ် နဲ့ တောင်ပံ ကစားသမား ဒွိုက်မက်နေးလ် တို့ရဲ့ ကန်ချက် တွေကိုတော့ ခွင့်ပြု ခဲ့ရပါတယ် ။

ခံစစ်မှူး – ဇူးမား ( Rating – 6 ) ၊ တိုမိုရီ ( Rating – 7 )

ပထမပိုင်း အတွင်း မှာတော့ ဇူးမား ရဲ့ ခြေစွမ်း အတော်လေး ကောင်းမွန်တယ် လို့ ဆိုရမှာ ဖြစ်ပြီး ဘန်လေ တိုက်စစ်မှူး အက်ရှ်လေ ဘန်းစ် ကို အချိန်ပြည့် လူကပ် ကစား နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်း မှာ ချယ်လ်ဆီး အသင်းဖက် က ဘောလုံး ပိုင်ဆိုင်မှု အသာ နဲ့ ပြန်ကစား သွားတာကြောင့် အာရုံစိုက်မှု အနည်းငယ် လျော့ကျ ခဲ့ရပါတယ် ။

တိုမိုရီ ကတော့ တည်ငြိမ်တဲ့ ခြေစွမ်း ကို ဆက်လက် ပြသ နေဆဲ ဖြစ်ပြီး မနေ့ည က ပွဲမှာ အရေးပါတဲ့ ဖျက်ထုတ်မှု အချို့ ကို ပြုလုပ် နိုင်ခဲ့ပါတယ် ။ ပထမ ချေပဂိုး မပေးရခင် ဂျေး ရိုဒရီဂွက်ဇ် အလွတ်အကျွတ် ဘောလုံး ဆွဲပြေး လာတာကိုု တိုမိုရီ အနောက် ကနေ အတင်း ပြေးလိုက် လျှောထိုး ဖျက်ထုတ်ခဲ့တဲ့ အချက် ကတော့ အသိအမှတ် ပြုချင်စရာ ကောင်းပါတယ် ။

အစွန် နောက်ခံလူ – အက်ဇ်ပီလီကွီတာ ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

ဘန်လေ အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဒွိုက် မက်နေးလ် ရဲ့ တကိိုယ်တော် ထိုးဖောက်မှု တွေကို အက်ဇ်ပီလီကွီတာ သမ္ဘာ အပြည့် နဲ့ ကာကွယ် တားဆီး သွားတာကို တွေ့ခဲ့ ရပါတယ် ။ ဒါ့အပြင် ဘောလုံး တားယူတဲ့ အပိုင်း မှာရော ၊ ကွင်းလယ်လူ တွေနဲ့ ပြန်ချိတ်ဆက် ရာမှာလည်း အဆင်ပြေ ခဲ့ပါတယ် ။

ခံစစ်ထက် တိုက်စစ်ပိုင်း ကို ပွဲတိုင်း အကျိုးပြု နေတဲ့ အလွန်ဆို ဟာ မနေ့ည က ပွဲမှာလည်း ဘယ်တောင်ပံ တိုက်စစ် မှာ ပူလီဆစ် ကို အချိန်ပြည့် ထောက်ပံ့ ပေးခဲ့သလို မေဆင်မောင့် ၊ ကိုဗာဆစ် တို့နဲ့ ချိတ်ဆက် ကစားပုံ ကောင်းခဲ့ပါတယ် ။ အမှားအယွင်း တချို့ တော့ ရှိနေခဲ့ပေမယ့် အလွန်ဆို ပုံမှန် ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။

ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ( Rating – 6 ) ၊ မေဆင်မောင့် ( Rating – 7 )

ဂျော်ဂျင်ဟို – ကိုဗာဆစ် အတွဲ ကတော့ အတော်ကို အချိတ်အဆက် မိလာပြီ လို့ပဲ ဆိုရပါမယ် ။ ကိုဗာဆစ် ဟာ ချယ်လ်ဆီး အသင်း တိုက်စစ် ပြန်စဖို့ အတွက် ဘောလုံး အစဖော်ပေးမှု တွေ ပြုလုပ် ခဲ့သလို ၊ ဂျော်ဂျင်ဟို ကတော့ အရေးပါတဲ့ ဘောလုံး ပေးပို့မှု တချို့ ပြုလုပ် ပေးနိုင်ခဲ့ သလို ၊ ပြိုင်ဖက် ရဲ့ တန်ပြန် တိုက်စစ် တွေကို ဟန့်တားဖို့ ကြိုးစား ပေးခဲ့ပါတယ် ။

ပူလီဆစ် ရဲ့ ဟက်ထရစ် ရစေမယ့် ဂိုးကို ဖန်တီး ပေးခဲ့တဲ့ မေဆင်မောင့် ကတော့ တပွဲလုံး ကြိုးစား ကစား နိုင်ခဲ့ပေမယ့် တန်ပြန် တိုက်စစ် တွေမှာ အေဘရာဟမ် နဲ့ တောင်ပံ ကစားသမား တွေကို ဘောလုံး ဖြန့်ဝေမှု အပိုင်း မှာတော့ လိုအပ်ချက် တွေ အနည်းငယ် ရှိနေခဲ့ပါတယ် ။ သို့ပေမယ့် လုပ်အားနှုန်း အပိုင်း မှာတော့ အကောင်းဆုံး ချယ်လ်ဆီး ကစားသမား တဦး ထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ် ။

တိုက်စစ် – ဝီလီယံ ( Rating – 8 ) ၊ အေဘရာဟမ် ( Rating – 6 ) ၊ ပူလီဆစ် ( Rating – 9 )

ဝီလီယံ ဟာ မနေ့ည က ပွဲမှာ ချယ်လ်ဆီး အတွက် စတုတ္ထမြောက် ဦးဆောင်ဂိုး ကို သွင်းယူ နိုင်ခဲ့သလို ၊ ပူလီဆစ် ရဲ့ ဒုတိယဂိုး အတွက်လည်း ဖန်တီး နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဝီလီယံ ဟာ ဖြတ်တင်ဘော ၊ ပေးပို့မှုကောင်း တချို့ ကိုလည်း ပြုလုပ် ပေးခဲ့သလို ၊ ခံစစ်ပိုင်း ဆင်းကူမှု တွေလည်း ပြုလုပ် ပေးနိုင် ခဲ့ပါတယ် ။

မနေ့က ပွဲဟာ အေဘရာဟမ် လှုပ်မရခဲ့တဲ့ ပွဲလို့ ဆိုရမှာပါ ။ ဝီလီယံ ရဲ့ ဂိုးကို ဖန်တီး ပေးရုံ က လွဲပြီး အချိန် အတော် များများ မှာ ပြိုင်ဖက် ခံစစ်မှူး တွေနဲ့ပင် ခေါင်းယှဉ် တိုက်ခွင့် မရှိခဲ့ပါဘူး ။ ဒါ့အပြင် တည်ကန်ဘော တွေမှာလည်း အေဘရာဟမ် ပြိုင်ဖက် ကစားသမား တွေကို လူကပ်ပုံ လျော့ရဲ နေခဲ့ပါတယ် ။

ဒီ ပွဲရဲ့ စူပါဟီးရိုး ကတော့ ပြီးပြည့်စုံ တဲ့ ဟက်ထရစ် ပိုင်ရှင် ခရစ်တီယန် ပူလီဆစ် ပဲ ဖြစ်ပါတယ် ။ အချက်အလက် တွေ အရရော ၊ ကွင်းတွင်း ကြိုးစားမှု အရပါ ပူလီဆစ် ဟာ မနေ့ က ပွဲရဲ့ အကောင်းဆုံး ကစားသမား ဆု နဲဲ့ ချွင်းချက် မရှိ ထိုက်တန် ခဲ့ပါတယ် ။ ဟက်ထရစ် ကိုလည်း ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက်ဂိုး တွေနဲ့ အပြည့်စုံ ဆုံး ဖြစ်အောင် ရယူ သွားခဲ့ပါတယ် ။

လူစားဝင် ကစားသမား တွေရဲ့ Rating များ – ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ ဂျရူး ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 6 )

ဘန်လေ အသင်းသား တွေရဲ့ စွမ်းဆောင်ရည်များ

ဂိုးသမား – နစ်ခ်ပုပ် ( Rating – 6 )

နောက်တန်း – လိုတန် ၊ တာကောစကီး ၊ ပီတာစ် ( Rating – 4 ) ၊ ဘန်းမီး ( Rating – 5 )

ကွင်းလယ် – ဟန်းဒရစ်ခ် ၊ ဝက်စ်ဝုဒ် ( Rating – 5 ) ၊ ဂျက်ကော့ခ် ( Rating – 6 ) ၊ ဒွိုက်မက်နေး ( Rating – 7 )

တိုက်စစ် – ဂျေး ရိုဒရီဂွက်ဇ် ( Rating – 6 ) ၊ အက်ရှ်လေဘန်းစ် ( Rating – 5 )

လူစားဝင် ကစားသမား များရဲ့ Rating များ – ဗစ်ဒရာ ( Rating – 5 ) ၊ ဘရေဒီ ( N/A )

SPORTS MYANMAR

Zawgyi

ပူလီဆစ္ ေမွာ္ဝင္ ေျခစြမ္း ျပခဲ့တဲ့ ဘန္ေလ ၂ – ၄ ခ်ယ္လ္ဆီး ပြဲစဥ္ မွာ ၂ဖက္ အသင္းသား ေတြရဲ႕ စြမ္းေဆာင္ရည္မ်ား ( Players’ Ratings )

ခ်ယ္လ္ဆီး အသင္း ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီယားလိဂ္ ပြဲစဥ္ မွာ ဘန္ေလ အသင္း ကို အေမရိကန္ ေတာင္ပံ တိုက္စစ္ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ရဲ႕ အထူး ေျခစြမ္းျပမႈ နဲ႕ အတူ ၂ – ၄ ဆိုတဲ့ ရလဒ္ နဲ႕ ဂိုးျပတ္ အႏိုင္ ရခဲ့ကာ ၄င္းတို႕ရဲ႕ အထက္ က လက္စတာ ၊ မန္စီးတီး ၊ လီဗာပူး တို႕ကို အမွားအယြင္း မရွိ ဒုကၡ ေပးႏိုင္ ခဲ့ပါတယ္ ။ ထို ပြဲစဥ္ အျပီး ၂ဖက္ အသင္းသား ေတြရဲ႕ စြမ္းေဆာင္ရည္ ( Ratings ) ေတြကို အခုလိုပဲ ေဖာ္ျပ လိုက္ရပါတယ္ ။

ခ်ယ္လ္ဆီး

ဂိုးသမား – ကီပါ ( Rating – 6 )

ကီပါ ဟာ မေန႕ည က ပြဲမွာ ေပးဂိုး ၂ဂိုး ခြင့္ျပဳ ခဲ့ရတယ္ ဆိုေပမယ့္ ပထမပိုင္း အတြင္း မွာ အေရးပါတဲ့ ကာကြယ္မႈ တၾကိမ္ ျပဳလုပ္ ခဲ့သလို ၊ တည္ျငိမ္တဲ့ လက္စြမ္း တခ်ိဳ႕ လည္း ျပသ ႏိုင္ခဲ့ပါတယ္ ။ သို႕ေပမယ့္ အားပါ ျပင္းထန္တဲ့ ဘန္ေလ အသင္း ရဲ႕ တိုက္စစ္မွဴး ေဂ်း ရိုဒရီဂြက္ဇ္ နဲ႕ ေတာင္ပံ ကစားသမား ဒိြဳက္မက္ေနးလ္ တို႕ရဲ႕ ကန္ခ်က္ ေတြကိုေတာ့ ခြင့္ျပဳ ခဲ့ရပါတယ္ ။

ခံစစ္မွဴး – ဇူးမား ( Rating – 6 ) ၊ တိုမိုရီ ( Rating – 7 )

ပထမပိုင္း အတြင္း မွာေတာ့ ဇူးမား ရဲ႕ ေျခစြမ္း အေတာ္ေလး ေကာင္းမြန္တယ္ လို႕ ဆိုရမွာ ျဖစ္ျပီး ဘန္ေလ တိုက္စစ္မွဴး အက္ရွ္ေလ ဘန္းစ္ ကို အခ်ိန္ျပည့္ လူကပ္ ကစား ႏိုင္ခဲ့ပါတယ္ ။ ဒါေပမယ့္ ဒုတိယပိုင္း မွာ ခ်ယ္လ္ဆီး အသင္းဖက္ က ေဘာလံုး ပိုင္ဆိုင္မႈ အသာ နဲ႕ ျပန္ကစား သြားတာေၾကာင့္ အာရံုစိုက္မႈ အနည္းငယ္ ေလ်ာ့က် ခဲ့ရပါတယ္ ။

တိုမိုရီ ကေတာ့ တည္ျငိမ္တဲ့ ေျခစြမ္း ကို ဆက္လက္ ျပသ ေနဆဲ ျဖစ္ျပီး မေန႕ည က ပြဲမွာ အေရးပါတဲ့ ဖ်က္ထုတ္မႈ အခ်ိဳ႕ ကို ျပဳလုပ္ ႏိုင္ခဲ့ပါတယ္ ။ ပထမ ေခ်ပဂိုး မေပးရခင္ ေဂ်း ရိုဒရီဂြက္ဇ္ အလြတ္အကြ်တ္ ေဘာလံုး ဆြဲေျပး လာတာကုို တိုမိုရီ အေနာက္ ကေန အတင္း ေျပးလိုက္ ေလွ်ာထိုး ဖ်က္ထုတ္ခဲ့တဲ့ အခ်က္ ကေတာ့ အသိအမွတ္ ျပဳခ်င္စရာ ေကာင္းပါတယ္ ။

အစြန္ ေနာက္ခံလူ – အက္ဇ္ပီလီကြီတာ ၊ မားကို႕စ္ အလြန္ဆို ( Rating – 7 )

ဘန္ေလ အသင္း ရဲ႕ လူငယ္ ေတာင္ပံ ကစားသမား ဒိြဳက္ မက္ေနးလ္ ရဲ႕ တကိိုယ္ေတာ္ ထိုးေဖာက္မႈ ေတြကို အက္ဇ္ပီလီကြီတာ သမၻာ အျပည့္ နဲ႕ ကာကြယ္ တားဆီး သြားတာကို ေတြ႕ခဲ့ ရပါတယ္ ။ ဒါ့အျပင္ ေဘာလံုး တားယူတဲ့ အပိုင္း မွာေရာ ၊ ကြင္းလယ္လူ ေတြနဲ႕ ျပန္ခ်ိတ္ဆက္ ရာမွာလည္း အဆင္ေျပ ခဲ့ပါတယ္ ။

ခံစစ္ထက္ တိုက္စစ္ပိုင္း ကို ပြဲတိုင္း အက်ိဳးျပဳ ေနတဲ့ အလြန္ဆို ဟာ မေန႕ည က ပြဲမွာလည္း ဘယ္ေတာင္ပံ တိုက္စစ္ မွာ ပူလီဆစ္ ကို အခ်ိန္ျပည့္ ေထာက္ပံ့ ေပးခဲ့သလို ေမဆင္ေမာင့္ ၊ ကိုဗာဆစ္ တို႕နဲ႕ ခ်ိတ္ဆက္ ကစားပံု ေကာင္းခဲ့ပါတယ္ ။ အမွားအယြင္း တခ်ိဳ႕ ေတာ့ ရွိေနခဲ့ေပမယ့္ အလြန္ဆို ပံုမွန္ ေျခစြမ္း ျပႏိုင္ ခဲ့ပါတယ္ ။

ကြင္းလယ္ – ေဂ်ာ္ဂ်င္ဟို ၊ ကိုဗာဆစ္ ( Rating – 6 ) ၊ ေမဆင္ေမာင့္ ( Rating – 7 )

ေဂ်ာ္ဂ်င္ဟို – ကိုဗာဆစ္ အတြဲ ကေတာ့ အေတာ္ကို အခ်ိတ္အဆက္ မိလာျပီ လို႕ပဲ ဆိုရပါမယ္ ။ ကိုဗာဆစ္ ဟာ ခ်ယ္လ္ဆီး အသင္း တိုက္စစ္ ျပန္စဖို႕ အတြက္ ေဘာလံုး အစေဖာ္ေပးမႈ ေတြ ျပဳလုပ္ ခဲ့သလို ၊ ေဂ်ာ္ဂ်င္ဟို ကေတာ့ အေရးပါတဲ့ ေဘာလံုး ေပးပို႕မႈ တခ်ိဳ႕ ျပဳလုပ္ ေပးႏိုင္ခဲ့ သလို ၊ ျပိဳင္ဖက္ ရဲ႕ တန္ျပန္ တိုက္စစ္ ေတြကို ဟန္႕တားဖို႕ ၾကိဳးစား ေပးခဲ့ပါတယ္ ။

ပူလီဆစ္ ရဲ႕ ဟက္ထရစ္ ရေစမယ့္ ဂိုးကို ဖန္တီး ေပးခဲ့တဲ့ ေမဆင္ေမာင့္ ကေတာ့ တပြဲလံုး ၾကိဳးစား ကစား ႏိုင္ခဲ့ေပမယ့္ တန္ျပန္ တိုက္စစ္ ေတြမွာ ေအဘရာဟမ္ နဲ႕ ေတာင္ပံ ကစားသမား ေတြကို ေဘာလံုး ျဖန္႕ေဝမႈ အပိုင္း မွာေတာ့ လိုအပ္ခ်က္ ေတြ အနည္းငယ္ ရွိေနခဲ့ပါတယ္ ။ သို႕ေပမယ့္ လုပ္အားႏႈန္း အပိုင္း မွာေတာ့ အေကာင္းဆံုး ခ်ယ္လ္ဆီး ကစားသမား တဦး ထဲမွာ ပါဝင္ေနဆဲ ျဖစ္ပါတယ္ ။

တိုက္စစ္ – ဝီလီယံ ( Rating – 8 ) ၊ ေအဘရာဟမ္ ( Rating – 6 ) ၊ ပူလီဆစ္ ( Rating – 9 )

ဝီလီယံ ဟာ မေန႕ည က ပြဲမွာ ခ်ယ္လ္ဆီး အတြက္ စတုတၳေျမာက္ ဦးေဆာင္ဂိုး ကို သြင္းယူ ႏိုင္ခဲ့သလို ၊ ပူလီဆစ္ ရဲ႕ ဒုတိယဂိုး အတြက္လည္း ဖန္တီး ႏိုင္ခဲ့ပါတယ္ ။ ဒါ့အျပင္ ဝီလီယံ ဟာ ျဖတ္တင္ေဘာ ၊ ေပးပို႔မႈေကာင္း တခ်ိဳ႕ ကိုလည္း ျပဳလုပ္ ေပးခဲ့သလို ၊ ခံစစ္ပိုင္း ဆင္းကူမႈ ေတြလည္း ျပဳလုပ္ ေပးႏိုင္ ခဲ့ပါတယ္ ။

မေန႕က ပြဲဟာ ေအဘရာဟမ္ လႈပ္မရခဲ့တဲ့ ပြဲလို႕ ဆိုရမွာပါ ။ ဝီလီယံ ရဲ႕ ဂိုးကို ဖန္တီး ေပးရုံ က လြဲျပီး အခ်ိန္ အေတာ္ မ်ားမ်ား မွာ ျပိဳင္ဖက္ ခံစစ္မွဴး ေတြနဲ႕ပင္ ေခါင္းယွဥ္ တိုက္ခြင့္ မရွိခဲ့ပါဘူး ။ ဒါ့အျပင္ တည္ကန္ေဘာ ေတြမွာလည္း ေအဘရာဟမ္ ျပိဳင္ဖက္ ကစားသမား ေတြကို လူကပ္ပံု ေလ်ာ့ရဲ ေနခဲ့ပါတယ္ ။

ဒီ ပြဲရဲ႕ စူပါဟီးရိုး ကေတာ့ ျပီးျပည့္စံု တဲ့ ဟက္ထရစ္ ပိုင္ရွင္ ခရစ္တီယန္ ပူလီဆစ္ ပဲ ျဖစ္ပါတယ္ ။ အခ်က္အလက္ ေတြ အရေရာ ၊ ကြင္းတြင္း ၾကိဳးစားမႈ အရပါ ပူလီဆစ္ ဟာ မေန႕ က ပြဲရဲ႕ အေကာင္းဆံုး ကစားသမား ဆု နဲဲ႕ ခြ်င္းခ်က္ မရွိ ထိုက္တန္ ခဲ့ပါတယ္ ။ ဟက္ထရစ္ ကိုလည္း ဘယ္ေျခ ၊ ညာေျခ ၊ ေခါင္းတိုက္ဂိုး ေတြနဲ႕ အျပည့္စံု ဆံုး ျဖစ္ေအာင္ ရယူ သြားခဲ့ပါတယ္ ။

လူစားဝင္ ကစားသမား ေတြရဲ႕ Rating မ်ား – ရိစ္ဂ်ိမ္းစ္ ( Rating – 7 ) ၊ ဂ်ရူး ၊ ဟတ္ဒ္ဆန္ အိုဒိြဳင္း ( Rating – 6 )

ဘန္ေလ အသင္းသား ေတြရဲ႕ စြမ္းေဆာင္ရည္မ်ား

ဂိုးသမား – နစ္ခ္ပုပ္ ( Rating – 6 )

ေနာက္တန္း – လိုတန္ ၊ တာေကာစကီး ၊ ပီတာစ္ ( Rating – 4 ) ၊ ဘန္းမီး ( Rating – 5 )

ကြင္းလယ္ – ဟန္းဒရစ္ခ္ ၊ ဝက္စ္ဝုဒ္ ( Rating – 5 ) ၊ ဂ်က္ေကာ့ခ္ ( Rating – 6 ) ၊ ဒိြဳက္မက္ေနး ( Rating – 7 )

တိုက္စစ္ – ေဂ်း ရိုဒရီဂြက္ဇ္ ( Rating – 6 ) ၊ အက္ရွ္ေလဘန္းစ္ ( Rating – 5 )

လူစားဝင္ ကစားသမား မ်ားရဲ႕ Rating မ်ား – ဗစ္ဒရာ ( Rating – 5 ) ၊ ဘေရဒီ ( N/A )

SPORTS MYANMAR