• ချဲဆီး အသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း 4 ပွဲဆက် အနိုင် ယူပြလိုက်ပြီ ဖြစ်ပြီး အဲဒီ ပွဲတွေမှာလဲ သွင်းဂိုး က 3+ ဂိုး အထက်မှာ ရှိနေခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အင်္ဂလန် အဆင့်မြင့်တန်း ယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းတစ်လျှောက်မှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်း တစ်ခုပါ။

• ချဲဆီး သမိုင်းကြောင်း တစ်လျှောက်မှာ Perfect Hat-Trick သွင်းယူခဲ့တဲ့ ကစားသမားပေါင်း 5 ဦး အထိ ပေါ်ထွက်ခဲ့ဖူးပါတယ်။ သူတို့ကတော့ ဗီယာလီ ၊ ဟယ်ဆယ်ဘိင့် ၊ ကာလူး ၊ ဒရော့ဘာ နဲ့ ပူလီဆစ် တို့ပဲ ဖြစ်ပါတယ်။

• ပူလစ်ဆစ် ကတော့ သြဂုတ်လ နောက်ပိုင်း ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပြီး ၊ မနေ့ညက ပွဲစဉ်မှာပဲ ချဲဆီး အတွက် ပထမဆုံး ဂိုးသွင်းယူခဲ့သလို ၊ Perfect Hat-Trick လဲ ရယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဟတ်ထရစ်ဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ပထမဆုံး ဟတ်ထရစ် ဖြစ်သလို ၊ ပရီးမီးယားလိဂ်မှာ ဟတ်ထရစ် သွင်းယူတဲ့ ဒုတိယမြောက် အမေရိကန် ကစားသမား အဖြစ်လဲ မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

• အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး ကတော့ သူ့အနေနဲ့ ပြင်သစ် လက်ရွေးစင် နည်းပြ ရာထူးကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ဖူးတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး ၊ သူဟာ ကလပ် အသင်းနည်းပြ ရာထူးကိုသာ စိတ်ဝင်စားတာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံ့လက်ရွေးစင် အသင်း နည်းပြ ဆိုတာ Part Time အလုပ် သာ ဖြစ်ကြောင်း ၊ တစ်နှစ်မှ 10 ပွဲလောက်သာ ကစားရတာ ဖြစ်လို့ ၊ သူ့လို အဖိုးကြီး တစ်ယောက်ရဲ့ အတွေ့အကြုံတွေနဲ့ ထပ်တူကျမှာ မဟုတ်ဘူးလို့လဲ ပြောဆိုသွားခဲ့ပါတယ်။

• လီဝန်ဒေါစကီးဟာ မနေ့ညက ကစားခဲ့တဲ့ ယူနီယံ ဘာလင် အသင်းနဲ့ ပွဲစဉ်မှာ ဂိုးထပ်မံ သွင်းယူလိုက်ပြန်တာကြောင့် ဘွန်ဒက်လီဂါ သမိုင်းကြောင်း တစ်လျှောက် ရာသီအဖွင့် 9 ပွဲ ဆက်တိုက် ဂိုးသွင်းယူတဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်ချိုးလိုက်ပါတယ်။ ယခင်ကတော့ ဒေါ့မွန် တိုက်စစ်မှုး အူဘာမီးယန်း က 8 ပွဲ ဆက် ဂိုးသွင်းတဲ့ မှတ်တမ်းနဲ့ စံချိန်တင်ထားတာ ဖြစ်ကာ ၊ လီဝန်ဒေါ့စကီးက ဖြတ်ကျော်လိုက်တာပါ။ လီဝန်ဒေ့ါစကီးဟာ ဒီရာသီ မှာ ပြိုင်ပွဲ ပေါင်းစုံသွင်းဂိုးက 19 ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

• ဝုဖ် အသင်းရဲ့ အသက် 28 နှစ် အရွယ် ပြင်သစ် နောက်တန်း ကစားသမား ဝီလီ ဘိုလီဟာ လေ့ကျင့်ရေးကွင်းမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားတာကြောင့် အသင်းရဲ့ ပွဲစဉ်အနည်းငယ်ကို လွဲချော်သွားဖွယ် ရှိနေပါတယ်။ ဝုဖ်ဟာ အဆိုပါ ကစားသမားကို စာချုပ် သက်တမ်းတိုးနိုင်ဖို့ အတွက်လဲ ကြိုးစား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

• မနေ့ညကတော့ အေတီကိုဟာ ဘီဘာအို အသင်းကို 2-0 နဲ့ အနိုင် ကစားပြီး လာလီဂါ အမှတ်ပေးဇယား ရဲ့ ထိပ်က ဘာစီလိုနာ နဲ့ အမှတ်တူ သွားခဲ့ပြီ ဖြစ်ကာ ဒုတိယ နေရာမှာ ရပ်တည်နေပြီ ဖြစ်ပါတယ်။ အေတီကို အတွက် ဂိုးတွေကို ဆောလ် နီဂွက် နဲ့ မိုရာတာ တို့က သွင်းယူပေးတာ ဖြစ်ပြီး ၊ ရီးရဲ မက်ဒရစ် က တတိယ နေရာ အထိ ဆင်းပေးလိုက်ပါတယ်။

• ယူနိုက်တက်ဟာ ရီးရဲ မက်ဒရစ် က တောင်ပံ ကစားသမား ဘေးလ်ကို ခေါ်ယူချင်သော်လဲ သူ့ရဲ့ ဒဏ်ရာ ခဏခဏ ရတဲ့ မှတ်တမ်းဆိုးကြောင့် လက်ရှောင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အသက် 30 အရွယ် ကစားသမား တစ်ယောက်အတွက် ရင်းနှီးရမယ့် ငွေကြေး နဲ့ စွန့်စားမှုဟာ ထိုက်တန်မှု ရှိဖို့ မလွယ်ဘူးလို့ အသင်းတာဝန် ရှိသူတွေ က ယူဆတာကြောင့် အခုလို ပယ်ချသွားခဲ့တာပါ။ အခုနောက်ပိုင်းမှာ ယူနိုက်တက်ဟာ ကစားသမား တစ်ယောက်ကို ခေါ်ယူမယ် ဆိုပါက သူ့ရဲ့ နောက်ကြောင်းရာဇဝင်တွေ ၊ ပြင်ပလူနေမှု ပုံစံတွေကိုပါ သိရှိဖို့အတွက် ၊ Third Party စုံစမ်းရေး လုပ်ငန်း တစ်ခုကို ငှားရမ်းထားတယ်လို့တောင် သိရပါတယ်။

• မန်စီးတီး အသင်းဟာ ဘိုင်ယန် မြူးနစ် က ခေါ်ယူဖို့ စိတ်ဝင်စားလာတယ် လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ သူတို့ရဲ့ တိုက်စစ်မှုး ဂျေဇု အတွက် ပေါင် သန်း 100 အထိ ဈေးသတ်မှတ်သွားဖွယ် ရှိနေပါတယ်။ ဘိုင်ယန်ဟာ ယခင်က တောင်ပံ ကစားသမား ဆာနေးကို စောင့်ကြည့်လာခဲ့တာ ဖြစ်ပြီး ၊ ဒဏ်ရာ ရသွားလို့ လက်ရှောင် သွားခဲ့တာ ဖြစ်ကာ ၊ အခုနောက်ပိုင်းမှာ မန်စီးတီး အတွက် ပွဲထွက် ကစားခွင့် နည်းပါးလာတဲ့ ဂျေဇု ရဲ့ အနေအထားကို အကဲခတ်လာခဲ့တာ ဖြစ်ပါတယ်။ ဂျေဇုဟာ 2016 ခုနှစ်က မန်စီးတီး ကို ပေါင် 28.5 သန်း နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ်။

• ယူနိုက်တက် အကြီးအကဲ အက်ဒ်ဝုဒ်ဝပ်ဟာ ဂျာမန် ကစားသမားတွေ ဖြစ်တဲ့ ဘိုင်ယန် က သောမတ် မူလာ ၊ လေဗာကူဆင် က ကိုင် ဟားဗတ်ဇ် တို့ကို ပေါင် 125 သန်း သုံးပြီး ခေါ်ယူဖို့ သဘောတူညီလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက် ကင်းထောက်တွေဟာ ကိုင်ဟားဗတ်ဇ် ရဲ့ အနေအထားကို စောင့်ကြည့်နေကြတာ ကြာပြီ ဖြစ်သလို ၊ သောမတ် မူလာ ကလဲ လက်ရှိ နည်းပြ ကိုဗက် ရဲ့ လက်ထက်မှာ ဦးစားပေး ကစားသမား အဖြစ် သတ်မှတ်ခံရခြင်း မရှိတော့တာကြောင့် အသင်းပြောင်းဖွယ် ရှိနေပါတယ်။

• သို့သော် ဘိုင်ယန် မြူးနစ် အသင်းရဲ့ အားကစား ဒါရိုတ်တာ ဆာလီ ဟာမီဒစ် ကတော့ သောမတ် မူလာဟာ အသင်းကနေ ဘယ်လိုနည်းနဲ့မှ ထွက်ခွာမှာ မဟုတ်ဘူးလို့ သတင်းတွေကို တုန့်ပြန်ထားခဲ့ပါတယ်။

• စပါး တိုက်စစ်ကစားသမား ဆွန်ယောင်မင် ကို စီးရီးအေ ကလပ် တွေ ဖြစ်တဲ့ နာပိုလီ နဲ့ ဂျူဗင်တပ် တို့က စောင့်ကြည့်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ အထူးသဖြင့် ဆွန် ရဲ့ အေးဂျင့် ဖြစ်သူက တောင်ကိုရီးယားသားဟာ တစ်နေနေ့မှာ စီးရီးအေကို လာရောက် ကစားဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး နောက်ပိုင်း အခုလို စောင့်ကြည့်ခြင်း ခံလာခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ လက်ရှိ စပါးအသင်းရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားဆု ကို ဆွတ်ခူးထားသူပါ။

• ရီးရဲ မက်ဒရစ်ဟာ အာဆင်နယ် မှာ အငှားနဲ့ လာရောက် ကစားနေတဲ့ စီဘယ်လော့ကို ရောင်းချဖို့ ငြင်းဆန်သွားဖွယ် ရှိနေတယ်လို့ မက်ဒရစ် အခြေစိုက် သတင်းတွေက တုန့်ပြန် ရေးသားလိုက်ပါတယ်။ အစောပိုင်းမှာတော့ အာဆင်နယ် ဟာ ပေါင် သန်း 30 ဝန်းကျင် နဲ့ စီဘယ်လော့ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်ပေါ်ထားခဲ့တာပါ။ အူနိုင်း အမ်မရီ ကတော့ စီဘယ်လော့ ရဲ့ သတင်းနဲ့ ပတ်သက်ပြီး မှတ်ချက် စကားပေးဖို့ အရမ်းစောလွန်းနေသေးတယ်လို့သာ တုန့်ပြန်ထားခဲ့ပါတယ်။

• ရာကီတစ် နဲ့ အင်တာမီလန် တို့အကြား အပြောင်းအရွှေ ဖြစ်ပေါ်လာနိုင်ချေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးတော့ အခွင့်အရေး များနေပါတယ်။ မနေ့က နှစ်ဖက် ကလပ်အသင်း တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၊ ဘာစီလိုနာဘက် က ယူရို သန်း 35 အထက် အလိုရှိနေတဲ့ အကြောင်း စတင် ဈေးဆိုသွားခဲ့ပါတယ်။

• ယူနိုက်တက် အသင်းပိုင်ရှင်တွေ ရဲ့ ကိုယ်စားလှယ်တွေဟာ ဆော်ဒီအာရေဗျ ကို သွားရောက်ပြီး ၊ အသင်းကို ဝယ်ယူနိုင်ဖွယ် ရှိနေတဲ့ လုပ်ငန်း တစ်ခုနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်လျှက် ရှိနေပါတယ်။ အဲဒီ လုပ်ငန်းရဲ့ နောက်ကွယ်မှာ ဆော်ဒီတော်ဝင် မိသားစု ရှိနေပြီး ၊ သူတို့က ယူနိုက်တက် ကို ဝယ်ယူချင်တဲ့ အကြောင်းတော့ ပေါ်ပေါ်တင်တင် အချက်ပြလာတာမျိုး မရှိသေးပါဘူး။

• အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ အိုးဇေးကို အသုံးမပြုဖို့ ဆုံးဖြတ်ချက်ဟာ သူတစ်ယောက်ထဲ ချမှတ်တာ မဟုတ်ဘူးလို့ ဖြေရှင်းချက် ထုတ်လိုက်ပြီး ၊ ကလပ် တစ်ခုလုံး ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ခ်ဲဆီး အသင္း ရယူခဲ့တဲ့ စံခ်ိန္ေတြ နဲ႔ နံနက္ခင္း သတင္းမာ်း

• ခ်ဲဆီး အသင္းဟာ ပရီးမီးယားလိဂ္ အေဝးကြင္း 4 ပြဲဆက္ အနိုင္ ယူျပလိုက္ၿပီ ျဖစ္ၿပီး အဲဒီ ပြဲေတြမွာလဲ သြင္းဂိုး က 3+ ဂိုး အထက္မွာ ရွိေနခဲ့ပါတယ္။ ဒါဟာ သူတို႔ရဲ့ အဂၤလန္ အဆင့္ျမင့္တန္း ယွဥ္ၿပိဳင္ခဲ့တဲ့ မွတ္တမ္းတစ္ေလၽွာက္မွာ အေကာင္းဆုံး စြမ္းေဆာင္ျပနိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္း တစ္ခုပါ။

• ခ်ဲဆီး သမိုင္းေၾကာင္း တစ္ေလၽွာက္မွာ Perfect Hat-Trick သြင္းယူခဲ့တဲ့ ကစားသမားေပါင္း 5 ဦး အထိ ေပၚထြက္ခဲ့ဖူးပါတယ္။ သူတို႔ကေတာ့ ဗီယာလီ ၊ ဟယ္ဆယ္ဘိင့္ ၊ ကာလူး ၊ ဒေရာ့ဘာ နဲ႔ ပူလီဆစ္ တို႔ပဲ ျဖစ္ပါတယ္။

• ပူလစ္ဆစ္ ကေတာ့ ၾသဂုတ္လ ေနာက္ပိုင္း ပထမဆုံး အႀကိမ္ ပရီးမီးယားလိဂ္ ပြဲထြက္ ကစားခြင့္ ရရွိခဲ့တာ ျဖစ္ၿပီး ၊ မေန႔ညက ပြဲစဥ္မွာပဲ ခ်ဲဆီး အတြက္ ပထမဆုံး ဂိုးသြင္းယူခဲ့သလို ၊ Perfect Hat-Trick လဲ ရယူခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဟတ္ထရစ္ဟာ သူ႔ရဲ့ ကစားသမား ဘ၀ တစ္ေလၽွာက္ ပထမဆုံး ဟတ္ထရစ္ ျဖစ္သလို ၊ ပရီးမီးယားလိဂ္မွာ ဟတ္ထရစ္ သြင္းယူတဲ့ ဒုတိယေျမာက္ အေမရိကန္ ကစားသမား အျဖစ္လဲ မွတ္တမ္း ဝင္သြားခဲ့ပါတယ္။

• အာဆင္နယ္ နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါး ကေတာ့ သူ႔အေနနဲ႔ ျပင္သစ္ လက္ေရြးစင္ နည္းၿပ ရာထူးကို အႀကိမ္ႀကိမ္ ျငင္းဆန္ခဲ့ဖူးတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ၿပီး ၊ သူဟာ ကလပ္ အသင္းနည္းၿပ ရာထူးကိုသာ စိတ္ဝင္စားတာ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ နိုင္ငံ့လက္ေရြးစင္ အသင္း နည္းၿပ ဆိုတာ Part Time အလုပ္ သာ ျဖစ္ေၾကာင္း ၊ တစ္ႏွစ္မွ 10 ပြဲေလာက္သာ ကစားရတာ ျဖစ္လို႔ ၊ သူ႔လို အဖိုးႀကီး တစ္ေယာက္ရဲ့ အေတြ႕အၾကဳံေတြနဲ႔ ထပ္တူက်မွာ မဟုတ္ဘူးလို႔လဲ ေျပာဆိုသြားခဲ့ပါတယ္။

• လီဝန္ေဒါစကီးဟာ မေန႔ညက ကစားခဲ့တဲ့ ယူနီယံ ဘာလင္ အသင္းနဲ႔ ပြဲစဥ္မွာ ဂိုးထပ္မံ သြင္းယူလိုက္ျပန္တာေၾကာင့္ ဘြန္ဒက္လီဂါ သမိုင္းေၾကာင္း တစ္ေလၽွာက္ ရာသီအဖြင့္ 9 ပြဲ ဆက္တိုက္ ဂိုးသြင္းယူတဲ့ ပထမဆုံး ကစားသမားအျဖစ္ စံခ်ိန္ခ်ိဳးလိုက္ပါတယ္။ ယခင္ကေတာ့ ေဒါ့မြန္ တိုက္စစ္မွုး အူဘာမီးယန္း က 8 ပြဲ ဆက္ ဂိုးသြင္းတဲ့ မွတ္တမ္းနဲ႔ စံခ်ိန္တင္ထားတာ ျဖစ္ကာ ၊ လီဝန္ေဒါ့စကီးက ျဖတ္ေက်ာ္လိုက္တာပါ။ လီဝန္ေဒ့ါစကီးဟာ ဒီရာသီ မွာ ၿပိဳင္ပြဲ ေပါင္းစုံသြင္းဂိုးက 19 ဂိုး အထိ ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

• ဝုဖ္ အသင္းရဲ့ အသက္ 28 ႏွစ္ အရြယ္ ျပင္သစ္ ေနာက္တန္း ကစားသမား ဝီလီ ဘိုလီဟာ ေလ့က်င့္ေရးကြင္းမွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိသြားတာေၾကာင့္ အသင္းရဲ့ ပြဲစဥ္အနည္းငယ္ကို လြဲေခ်ာ္သြားဖြယ္ ရွိေနပါတယ္။ ဝုဖ္ဟာ အဆိုပါ ကစားသမားကို စာခ်ဳပ္ သက္တမ္းတိုးနိုင္ဖို႔ အတြက္လဲ ႀကိဳးစား လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

• မေန႔ညကေတာ့ ေအတီကိုဟာ ဘီဘာအို အသင္းကို 2-0 နဲ႔ အနိုင္ ကစားၿပီး လာလီဂါ အမွတ္ေပးဇယား ရဲ့ ထိပ္က ဘာစီလိုနာ နဲ႔ အမွတ္တူ သြားခဲ့ၿပီ ျဖစ္ကာ ဒုတိယ ေနရာမွာ ရပ္တည္ေနၿပီ ျဖစ္ပါတယ္။ ေအတီကို အတြက္ ဂိုးေတြကို ေဆာလ္ နီဂြက္ နဲ႔ မိုရာတာ တို႔က သြင္းယူေပးတာ ျဖစ္ၿပီး ၊ ရီးရဲ မက္ဒရစ္ က တတိယ ေနရာ အထိ ဆင္းေပးလိုက္ပါတယ္။

• ယူနိုက္တက္ဟာ ရီးရဲ မက္ဒရစ္ က ေတာင္ပံ ကစားသမား ေဘးလ္ကို ေခၚယူခ်င္ေသာ္လဲ သူ႔ရဲ့ ဒဏ္ရာ ခဏခဏ ရတဲ့ မွတ္တမ္းဆိုးေၾကာင့္ လက္ေရွာင္လိုက္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ အသက္ 30 အရြယ္ ကစားသမား တစ္ေယာက္အတြက္ ရင္းႏွီးရမယ့္ ေငြေၾကး နဲ႔ စြန႔္စားမွုဟာ ထိုက္တန္မွု ရွိဖို႔ မလြယ္ဘူးလို႔ အသင္းတာဝန္ ရွိသူေတြ က ယူဆတာေၾကာင့္ အခုလို ပယ္ခ်သြားခဲ့တာပါ။ အခုေနာက္ပိုင္းမွာ ယူနိုက္တက္ဟာ ကစားသမား တစ္ေယာက္ကို ေခၚယူမယ္ ဆိုပါက သူ႔ရဲ့ ေနာက္ေၾကာင္းရာဇဝင္ေတြ ၊ ျပင္ပလူေနမွု ပုံစံေတြကိုပါ သိရွိဖို႔အတြက္ ၊ Third Party စုံစမ္းေရး လုပ္ငန္း တစ္ခုကို ငွားရမ္းထားတယ္လို႔ေတာင္ သိရပါတယ္။

• မန္စီးတီး အသင္းဟာ ဘိုင္ယန္ ျမဴးနစ္ က ေခၚယူဖို႔ စိတ္ဝင္စားလာတယ္ လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ သူတို႔ရဲ့ တိုက္စစ္မွုး ေဂ်ဇု အတြက္ ေပါင္ သန္း 100 အထိ ေဈးသတ္မွတ္သြားဖြယ္ ရွိေနပါတယ္။ ဘိုင္ယန္ဟာ ယခင္က ေတာင္ပံ ကစားသမား ဆာေနးကို ေစာင့္ၾကည့္လာခဲ့တာ ျဖစ္ၿပီး ၊ ဒဏ္ရာ ရသြားလို႔ လက္ေရွာင္ သြားခဲ့တာ ျဖစ္ကာ ၊ အခုေနာက္ပိုင္းမွာ မန္စီးတီး အတြက္ ပြဲထြက္ ကစားခြင့္ နည္းပါးလာတဲ့ ေဂ်ဇု ရဲ့ အေနအထားကို အကဲခတ္လာခဲ့တာ ျဖစ္ပါတယ္။ ေဂ်ဇုဟာ 2016 ခုႏွစ္က မန္စီးတီး ကို ေပါင္ 28.5 သန္း နဲ႔ ေရာက္ရွိ လာခဲ့သူ ျဖစ္ပါတယ္။

• ယူနိုက္တက္ အႀကီးအကဲ အက္ဒ္ဝုဒ္ဝပ္ဟာ ဂ်ာမန္ ကစားသမားေတြ ျဖစ္တဲ့ ဘိုင္ယန္ က ေသာမတ္ မူလာ ၊ ေလဗာကူဆင္ က ကိုင္ ဟားဗတ္ဇ္ တို႔ကို ေပါင္ 125 သန္း သုံးၿပီး ေခၚယူဖို႔ သေဘာတူညီလိုက္ၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ယူနိုက္တက္ ကင္းေထာက္ေတြဟာ ကိုင္ဟားဗတ္ဇ္ ရဲ့ အေနအထားကို ေစာင့္ၾကည့္ေနၾကတာ ၾကာၿပီ ျဖစ္သလို ၊ ေသာမတ္ မူလာ ကလဲ လက္ရွိ နည္းၿပ ကိုဗက္ ရဲ့ လက္ထက္မွာ ဦးစားေပး ကစားသမား အျဖစ္ သတ္မွတ္ခံရျခင္း မရွိေတာ့တာေၾကာင့္ အသင္းေျပာင္းဖြယ္ ရွိေနပါတယ္။

• သို႔ေသာ္ ဘိုင္ယန္ ျမဴးနစ္ အသင္းရဲ့ အားကစား ဒါရိုတ္တာ ဆာလီ ဟာမီဒစ္ ကေတာ့ ေသာမတ္ မူလာဟာ အသင္းကေန ဘယ္လိုနည္းနဲ႔မွ ထြက္ခြာမွာ မဟုတ္ဘူးလို႔ သတင္းေတြကို တုန႔္ျပန္ထားခဲ့ပါတယ္။

• စပါး တိုက္စစ္ကစားသမား ဆြန္ေယာင္မင္ ကို စီးရီးေအ ကလပ္ ေတြ ျဖစ္တဲ့ နာပိုလီ နဲ႔ ဂ်ဴဗင္တပ္ တို႔က ေစာင့္ၾကည့္မွုေတြ ျပဳလုပ္လၽွက္ ရွိေနပါတယ္။ အထူးသျဖင့္ ဆြန္ ရဲ့ ေအးဂ်င့္ ျဖစ္သူက ေတာင္ကိုရီးယားသားဟာ တစ္ေနေန႔မွာ စီးရီးေအကို လာေရာက္ ကစားဖို႔ ဆႏၵရွိေနတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီး ေနာက္ပိုင္း အခုလို ေစာင့္ၾကည့္ျခင္း ခံလာခဲ့ရတာ ျဖစ္ပါတယ္။ သူဟာ လက္ရွိ စပါးအသင္းရဲ့ တစ္ရာသီ အေကာင္းဆုံး ကစားသမားဆု ကို ဆြတ္ခူးထားသူပါ။

• ရီးရဲ မက္ဒရစ္ဟာ အာဆင္နယ္ မွာ အငွားနဲ႔ လာေရာက္ ကစားေနတဲ့ စီဘယ္ေလာ့ကို ေရာင္းခ်ဖို႔ ျငင္းဆန္သြားဖြယ္ ရွိေနတယ္လို႔ မက္ဒရစ္ အေျခစိုက္ သတင္းေတြက တုန႔္ျပန္ ေရးသားလိုက္ပါတယ္။ အေစာပိုင္းမွာေတာ့ အာဆင္နယ္ ဟာ ေပါင္ သန္း 30 ဝန္းက်င္ နဲ႔ စီဘယ္ေလာ့ကို အၿပီးသတ္ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ သတင္းေတြ ထြက္ေပၚထားခဲ့တာပါ။ အူနိုင္း အမ္မရီ ကေတာ့ စီဘယ္ေလာ့ ရဲ့ သတင္းနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ စကားေပးဖို႔ အရမ္းေစာလြန္းေနေသးတယ္လို႔သာ တုန႔္ျပန္ထားခဲ့ပါတယ္။

• ရာကီတစ္ နဲ႔ အင္တာမီလန္ တို႔အၾကား အေျပာင္းအေရႊ ျဖစ္ေပၚလာနိုင္ေခ်ဟာ တစ္ေန႔ထက္ တစ္ေန႔ ပိုၿပီးေတာ့ အခြင့္အေရး မ်ားေနပါတယ္။ မေန႔က ႏွစ္ဖက္ ကလပ္အသင္း တာဝန္ရွိသူေတြ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကၿပီး ၊ ဘာစီလိုနာဘက္ က ယူရို သန္း 35 အထက္ အလိုရွိေနတဲ့ အေၾကာင္း စတင္ ေဈးဆိုသြားခဲ့ပါတယ္။

• ယူနိုက္တက္ အသင္းပိုင္ရွင္ေတြ ရဲ့ ကိုယ္စားလွယ္ေတြဟာ ေဆာ္ဒီအာေရဗ် ကို သြားေရာက္ၿပီး ၊ အသင္းကို ဝယ္ယူနိုင္ဖြယ္ ရွိေနတဲ့ လုပ္ငန္း တစ္ခုနဲ႔ ေဆြးေႏြးဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္လၽွက္ ရွိေနပါတယ္။ အဲဒီ လုပ္ငန္းရဲ့ ေနာက္ကြယ္မွာ ေဆာ္ဒီေတာ္ဝင္ မိသားစု ရွိေနၿပီး ၊ သူတို႔က ယူနိုက္တက္ ကို ဝယ္ယူခ်င္တဲ့ အေၾကာင္းေတာ့ ေပၚေပၚတင္တင္ အခ်က္ျပလာတာမ်ိဳး မရွိေသးပါဘူး။

• အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ ကေတာ့ အိုးေဇးကို အသုံးမျပဳဖို႔ ဆုံးျဖတ္ခ်က္ဟာ သူတစ္ေယာက္ထဲ ခ်မွတ္တာ မဟုတ္ဘူးလို႔ ေျဖရွင္းခ်က္ ထုတ္လိုက္ၿပီး ၊ ကလပ္ တစ္ခုလုံး ရဲ့ ဆုံးျဖတ္ခ်က္သာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

SPORTS MYANMAR