ပက်ဂွာဒီယိုလာက သူ့ရဲ့ အသင်း အနေနဲ့ အက်စတွန်ဗီလာ နဲ့ ပွဲက ပထမပိုင်းက ပုံစံမျိုးသာ ဆက်ကစား သွားခဲ့မယ် ဆိုရင် မန်ချက်စတာစီးတီး အသင်း အနေနဲ့ တန်းဆင်းဇုန် တိုက်ပွဲ ဆင်နွှဲ ရလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေး သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံဟာ အက်စတွန်ဗီလာ အသင်း နဲ့ အီတီဟတ်မှာ ကစား ခဲ့တဲ့ ပထမပိုင်းမှာ ပုံစံကောင်း မပြသ နိုင်ခဲ့ဘဲ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်း မှာတော့ စီးတီးဟာ ချက်ချင်း ဆိုသလို ပြန်လည် ရုန်းထွက် နိုင်ခဲ့ပြီး ရာဟင်စတားလင်း ဟာ ပွဲစပြီး မကြာခင် မှာပဲ ဦးဆောင်ဂိုး သွင်းခဲ့ ပါတယ်။ ထို့နောက် စီးတီးဟာ နောက်ထပ် ၂ ဂိုး ထပ်ရခဲ့ပြီး ဖာနန်ဒင်ညို ထုတ်ပယ် ခံခဲ့ ရပေမယ့်လည်း သက်တောင့်သက်သာ နဲ့ အနိုင် ရယူ ခဲ့ပါတယ်။

ဂွာဒီယိုလာ ဟာ သူ့ရဲ့ အသင်း ၃ ကြိမ်ဆက် ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူး နိုင်အောင် စွမ်းဆောင် နိုင်တဲ့ အသင်း ဆိုတာ ယုံကြည် ထားပေမယ့်လည်း စံနှုန်းကို ထိန်းမထား နိုင်ခဲ့ဘူး ဆိုရင် စီးတီး အနေနဲ့ လမ်းကြောင်း ပြောင်းပြန် ဖြစ်သွား လိမ့်မယ်လို့ သတိပေး သွားခဲ့ ပါတယ်။

ပက်က “ပြီးခဲ့တဲ့ ၆ ရက်လောက်က ကျွန်တော်တို့ဟာ လီဗာပူး နဲ့ ၈ မှတ် အကွာမှာ ရှိနေ ပါတယ်။ အခု ဆိုရင် ကျွန်တော်တို့ ၃ မှတ် အကွာကို ရောက်လာ ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အမှတ်ပေးဇယား နဲ့ ပက်သက်ပြီး ဘာမှ စိုးရိမ် ပူပန်မှု မရှိပါဘူး။ ကျွန်တော် စိတ်ပူ တာက အသင်းရဲ့ ကစားပုံ ပါပဲ။

အကယ်၍ ကျွန်တော်တို့ ဒုတိယပိုင်း မှာ ကစား ခဲ့တဲ့ အဆင့်မျိုး ထိန်းထား နိုင်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ ရာသီကုန် ချိန်မှာ ဇယားထိပ်မှာ ရှိနေ မယ်လို့ ကျွန်တော် သေချာပေါက် ယုံကြည် ပါတယ်။ အကယ်၍ ပထမပိုင်း တုန်းကလို ကစား ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ ဇယားထိပ်မှာ ဦးဆောင် နေသူ တွေနဲ့ ဝေးနေတဲ့ နေရာ ဖြစ်တဲ့ တန်းဆင်းဇုန် နေရာတွေကို ရောက်သွား မှာပါ။

ဒါဟာ ကျွန်တော့်ရဲ့ အမြင်ပါ။ ဒီရာသီ အတွက်ပဲ ပြောတာ မဟုတ်ပါဘူး။ အမြဲတမ်း အတွက်ကို ပြောတာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစား နေတာတော့ မှန်ပေမယ့် ကိုယ်ကစား သင့်တဲ့ ပုံစံမျိုး မကစား ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်း လာခဲ့ပြီး ဒုတိယပိုင်းရဲ့ အစောပိုင်း သွင်းဂိုးဟာ ကျွန်တော် တို့ကို များစွာ အကူအညီ ဖြစ်စေ ခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ပုံမှန် အတိုင်း ပြန်ကစား နို်င်ခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီလိုမျိုး မိနစ် ၉၀ ပြည့် ကစား သွားဖို့ ကြိုးစား သွားရမှာပါ။ ၄၅ မိနစ် အတွက် မဟုတ်ပါဘူး။” လို့ ဆိုလိုက် ပါတယ်။

 

ပထမပိုင်းမှာ ကစားပုံ ဘာကြောင့် လျော့တိလျော့ရဲ့ ဖြစ်နေ သလဲ ဆိုတာ နဲ့ ပက်သက်ပြီး ပက်က “ပုံမှန် အားဖြင့် ကျွန်တော်တို့ဟာ ကျားကုတ်ကျားခဲ ဆိုတဲ့ စကားလုံးကို သုံးလေ့ ရှိပါတယ်။ ကိုယ့်မှာ ဘောလုံး ရှိနေတဲ့ အခါ ဒီ ကျားကုတ်ကျားခဲ ကစားတယ် ဆိုတဲ့ စကားကို ကျွန်တော် သုံးရတာ နှစ်သက် ပါတယ်။

ရာဟင်း (စတားလင်း) ဟာ ပထမပိုင်းမှာ ဘောလုံး ရနေချိန် ကျားကုတ်ကျားခဲ ကစားတဲ့ တစ်ဦးတည်းသော ကစားသမားပါ။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ သူ့ဆီက အတူယူ ခဲ့ကြ ပါတယ်။ သူဟာ ကျွန်တော်တို့ ကစား သွားရမယ့် ပုံစံကို ပြသခဲ့ပြီး အသင်းရဲ့ ကစားပုံ အများကြီး ပိုကောင်း လာခဲ့ ပါတယ်။

ကျားကုတ်ကျားခဲ ကစားတယ် ဆိုတာ ရွေ့လျားမှုတွေ ဘယ်လို လုပ်သလဲ ၊ ကစားကွက်ကို ဘယ်လို မြန်မြန် စတင်သလဲ ၊ ဘောလုံးနဲ့ ဘယ်လို ရောက်လာ သလဲ ၊ ဘောလုံး ရချိန်မှာ တက်ကြွလှုပ်ရှား နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ဒီလို မဖြစ်ခဲ့ ပါဘူး။ ဒုတိယပိုင်း ဒီလို လုပ်နိုင် ခဲ့ပါတယ်။” လို့ ပြောလိုက် ပါတယ်။

ကြားရက်က အတ္တလန်တာ နဲ့ ပွဲမှာ ချန်ပီယံလိဂ် ဟက်ထရစ်ကို ရခဲ့တဲ့ စတားလင်းဟာ ဒီပွဲမှာလည်း စီးတီး ကို အကောင်းဆုံး ဦးဆောင် ကစား သွားခဲ့ ပါတယ်။ ပက်ကတော့ အင်္ဂလန် စတားရဲ့ ပုံစံကောင်း အတွက် ၀မ်းမြောက် နေပြီး စတာလင်း ရဲ့ ခြေစွမ်း တည်ငြိမ်မှု နဲ့ ပရော်ဖက်ရှင်နယ် ကျမှု တွေကို ချီးကျူး သွားခဲ့ ပါတယ်။

စီးတီးနည်းပြက ‘သူနဲ့ ပက်သက်ပြီး ကျွန်တော် အနှစ်သက်ဆုံး အရာတစ်ခု ရှိပါတယ်။ အတ္တလန်တာ နဲ့ ပွဲမှာ ဟက်ထရစ်သွင်းတယ် ၊ ဖန်တီးမှု လုပ်ခဲ့တယ် ၊ ပြီးတော့ ပင်နယ်တီလည်း ရယူ ပေးခဲ့ပြီး တိုက်စစ်ဆင်ရာမှာလည်း အမြဲ ပါ၀င် နေခဲ့ ပါတယ်။ မီဒီယာ က လူတိုင်း သူဘယ်လောက် ကောင်းသလဲ ဆိုတာ ပြောနေကြပြီး ပုံမှန် အားဖြင့် နောက်တစ်ပွဲ ကစားတဲ့ အခါ အဲဒီ ကစားသမားဟာ ၀င့်ကြွားကြွား ဖြစ်နေ တက်ပါတယ်။ စတာလင်း ကတော့ ဆန့်ကျင်ဘက် ပါပဲ။

ဖီးလ်ဖိုဒန်ကို ကြည့်လိုက်ပါဦး။ သူဟာ ၂၅ မိနစ်ပဲ ကစားခွင့် ရခဲ့ပေမယ့် သူ့ဘဝရဲ့ နောက်ဆုံး ၁၅ မိနစ်လို ကစား သွားခဲ့ ပါတယ်။ ဒါဟာ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ရဲ့ အင်အား ပါပဲ။ ဒီနေ့မှာ စတားလင်းဟာ ပွဲအပြည့် ကစား သွားခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် ဂုဏ်ယူ မိပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM

Zawgyi

ဗီလာနဲ႕ပြဲက ပထမပို္င္းလိုသာ ထပ္ကစား ခဲ့မယ္ ဆုိရင္ မန္စီးတီးတုိ႕ တန္းဆင္းဇုန္တုိ္က္ပြဲ ဆင္ႏႊဲရလိမ့္မယ္လုိ႕ ဆုိလိုက္ျပီး အသင္းသားတစ္ဦးသာ ပက္ရဲ႕ အျပစ္တင္မွဳ ကေန ကင္းလြတ္ခဲ့

ပက္ဂြာဒီယိုလာက သူ႕ရဲ႕ အသင္း အေနနဲ႕ အက္စတြန္ဗီလာ နဲ႕ ပြဲက ပထမပိုင္းက ပံုစံမ်ိဳးသာ ဆက္ကစား သြားခဲ့မယ္ ဆုိရင္ မန္ခ်က္စတာစီးတီး အသင္း အေနနဲ႕ တန္းဆင္းဇုန္ တုိက္ပြဲ ဆင္ႏႊဲ ရလိမ့္မယ္လို႕ ျပင္းျပင္းထန္ထန္ သတိေပး သြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ လက္ရွိ ခ်န္ပီယံဟာ အက္စတြန္ဗီလာ အသင္း နဲ႕ အီတီဟတ္မွာ ကစား ခဲ့တဲ့ ပထမပိုင္းမွာ ပံုစံေကာင္း မျပသ ႏုိင္ခဲ့ဘဲ ဂိုးမရွိ သေရ က်ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပုိင္း မွာေတာ့ စီးတီးဟာ ခ်က္ခ်င္း ဆုိသလို ျပန္လည္ ရုန္းထြက္ ႏုိင္ခဲ့ျပီး ရာဟင္စတားလင္း ဟာ ပြဲစျပီး မၾကာခင္ မွာပဲ ဦးေဆာင္ဂိုး သြင္းခဲ့ ပါတယ္။ ထုိ႕ေနာက္ စီးတီးဟာ ေနာက္ထပ္ ၂ ဂိုး ထပ္ရခဲ့ျပီး ဖာနန္ဒင္ညိဳ ထုတ္ပယ္ ခံခဲ့ ရေပမယ့္လည္း သက္ေတာင့္သက္သာ နဲ႕ အႏုိင္ ရယူ ခဲ့ပါတယ္။

ဂြာဒီယိုလာ ဟာ သူ႕ရဲ႕ အသင္း ၃ ၾကိမ္ဆက္ ပရီးမီးယားလိဂ္ ဖလား ကို ဆြတ္ခူး ႏုိင္ေအာင္ စြမ္းေဆာင္ ႏုိင္တဲ့ အသင္း ဆုိတာ ယံုၾကည္ ထားေပမယ့္လည္း စံႏွဳန္းကို ထိန္းမထား ႏုိင္ခဲ့ဘူး ဆုိရင္ စီးတီး အေနနဲ႕ လမ္းေၾကာင္း ေျပာင္းျပန္ ျဖစ္သြား လိမ့္မယ္လို႕ သတိေပး သြားခဲ့ ပါတယ္။

ပက္က “ျပီးခဲ့တဲ့ ၆ ရက္ေလာက္က ကၽြန္ေတာ္တုိ႕ဟာ လီဗာပူး နဲ႕ ၈ မွတ္ အကြာမွာ ရွိေန ပါတယ္။ အခု ဆုိရင္ ကၽြန္ေတာ္တုိ႕ ၃ မွတ္ အကြာကို ေရာက္လာ ခဲ့ပါတယ္။ ကၽြန္ေတာ့္ အေနနဲ႕ အမွတ္ေပးဇယား နဲ႕ ပက္သက္ျပီး ဘာမွ စိုးရိမ္ ပူပန္မွဳ မရွိပါဘူး။ ကၽြန္ေတာ္ စိတ္ပူ တာက အသင္းရဲ႕ ကစားပံု ပါပဲ။

အကယ္၍ ကၽြန္ေတာ္တုိ႕ ဒုတိယပိုင္း မွာ ကစား ခဲ့တဲ့ အဆင့္မ်ိဳး ထိန္းထား ႏုိင္ခဲ့မယ္ ဆုိရင္ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ရာသီကုန္ ခ်ိန္မွာ ဇယားထိပ္မွာ ရွိေန မယ္လို႕ ကၽြန္ေတာ္ ေသခ်ာေပါက္ ယံုၾကည္ ပါတယ္။ အကယ္၍ ပထမပိုင္း တုန္းကလို ကစား ခဲ့မယ္ ဆုိရင္ေတာ့ ကၽြန္ေတာ္တုိ႕ ဇယားထိပ္မွာ ဦးေဆာင္ ေနသူ ေတြနဲ႕ ေ၀းေနတဲ့ ေနရာ ျဖစ္တဲ့ တန္းဆင္းဇုန္ ေနရာေတြကို ေရာက္သြား မွာပါ။

ဒါဟာ ကၽြန္ေတာ့္ရဲ႕ အျမင္ပါ။ ဒီရာသီ အတြက္ပဲ ေျပာတာ မဟုတ္ပါဘူး။ အျမဲတမ္း အတြက္ကို ေျပာတာပါ။ ပထမပိုင္းမွာ ကၽြန္ေတာ္တုိ႕ ကစား ေနတာေတာ့ မွန္ေပမယ့္ ကုိယ္ကစား သင့္တဲ့ ပံုစံမ်ိဳး မကစား ခဲ့ပါဘူး။ ဒုတိယပိုင္းမွာ ကၽြန္ေတာ္တုိ႕ ပုိေကာင္း လာခဲ့ျပီး ဒုတိယပိုင္းရဲ႕ အေစာပုိင္း သြင္းဂိုးဟာ ကၽြန္ေတာ္ တုိ႕ကို မ်ားစြာ အကူအညီ ျဖစ္ေစ ခဲ့ပါတယ္။ အဲဒီေနာက္ ကၽြန္ေတာ္တုိ႕ ပံုမွန္ အတုိင္း ျပန္ကစား ႏုိ္င္ခဲ့ ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ ဒီလိုမ်ိဳး မိနစ္ ၉၀ ျပည့္ ကစား သြားဖို႕ ၾကိဳးစား သြားရမွာပါ။ ၄၅ မိနစ္ အတြက္ မဟုတ္ပါဘူး။” လို႕ ဆုိလိုက္ ပါတယ္။

ပထမပုိင္းမွာ ကစားပံု ဘာေၾကာင့္ ေလ်ာ့တိေလ်ာ့ရဲ႕ ျဖစ္ေန သလဲ ဆုိတာ နဲ႕ ပက္သက္ျပီး ပက္က “ပံုမွန္ အားျဖင့္ ကၽြန္ေတာ္တုိ႕ဟာ က်ားကုတ္က်ားခဲ ဆုိတဲ့ စကားလံုးကို သံုးေလ့ ရွိပါတယ္။ ကုိယ့္မွာ ေဘာလံုး ရွိေနတဲ့ အခါ ဒီ က်ားကုတ္က်ားခဲ ကစားတယ္ ဆုိတဲ့ စကားကို ကၽြန္ေတာ္ သံုးရတာ ႏွစ္သက္ ပါတယ္။

ရာဟင္း (စတားလင္း) ဟာ ပထမပုိင္းမွာ ေဘာလံုး ရေနခ်ိန္ က်ားကုတ္က်ားခဲ ကစားတဲ့ တစ္ဦးတည္းေသာ ကစားသမားပါ။ ဒုတိယပိုင္း မွာေတာ့ ကၽြန္ေတာ္တုိ႕ သူ႕ဆီက အတူယူ ခဲ့ၾက ပါတယ္။ သူဟာ ကၽြန္ေတာ္တုိ႕ ကစား သြားရမယ့္ ပံုစံကို ျပသခဲ့ျပီး အသင္းရဲ႕ ကစားပံု အမ်ားၾကီး ပိုေကာင္း လာခဲ့ ပါတယ္။

က်ားကုတ္က်ားခဲ ကစားတယ္ ဆိုတာ ေရြ႕လ်ားမွဳေတြ ဘယ္လို လုပ္သလဲ ၊ ကစားကြက္ကုိ ဘယ္လို ျမန္ျမန္ စတင္သလဲ ၊ ေဘာလံုးနဲ႕ ဘယ္လို ေရာက္လာ သလဲ ၊ ေဘာလံုး ရခ်ိန္မွာ တက္ၾကြလွဳပ္ရွား ေနတာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႕ ပထမပိုင္းမွာ ဒီလို မျဖစ္ခဲ့ ပါဘူး။ ဒုတိယပိုင္း ဒီလို လုပ္ႏုိင္ ခဲ့ပါတယ္။” လို႕ ေျပာလိုက္ ပါတယ္။

ၾကားရက္က အတၱလန္တာ နဲ႕ ပြဲမွာ ခ်န္ပီယံလိဂ္ ဟက္ထရစ္ကို ရခဲ့တဲ့ စတားလင္းဟာ ဒီပြဲမွာလည္း စီးတီး ကို အေကာင္းဆံုး ဦးေဆာင္ ကစား သြားခဲ့ ပါတယ္။ ပက္ကေတာ့ အဂၤလန္ စတားရဲ႕ ပံုစံေကာင္း အတြက္ ၀မ္းေျမာက္ ေနျပီး စတာလင္း ရဲ႕ ေျခစြမ္း တည္ျငိမ္မွဳ နဲ႕ ပေရာ္ဖက္ရွင္နယ္ က်မွဳ ေတြကို ခ်ီးက်ဴး သြားခဲ့ ပါတယ္။

စီးတီးနည္းျပက ‘သူနဲ႕ ပက္သက္ျပီး ကၽြန္ေတာ္ အႏွစ္သက္ဆံုး အရာတစ္ခု ရွိပါတယ္။ အတၱလန္တာ နဲ႕ ပြဲမွာ ဟက္ထရစ္သြင္းတယ္ ၊ ဖန္တီးမွဳ လုပ္ခဲ့တယ္ ၊ ျပီးေတာ့ ပင္နယ္တီလည္း ရယူ ေပးခဲ့ျပီး တုိက္စစ္ဆင္ရာမွာလည္း အျမဲ ပါ၀င္ ေနခဲ့ ပါတယ္။ မီဒီယာ က လူတုိင္း သူဘယ္ေလာက္ ေကာင္းသလဲ ဆုိတာ ေျပာေနၾကျပီး ပံုမွန္ အားျဖင့္ ေနာက္တစ္ပြဲ ကစားတဲ့ အခါ အဲဒီ ကစားသမားဟာ ၀င့္ၾကြားၾကြား ျဖစ္ေန တက္ပါတယ္။ စတာလင္း ကေတာ့ ဆန္႕က်င္ဘက္ ပါပဲ။

ဖီးလ္ဖိုဒန္ကို ၾကည့္လိုက္ပါဦး။ သူဟာ ၂၅ မိနစ္ပဲ ကစားခြင့္ ရခဲ့ေပမယ့္ သူ႕ဘ၀ရဲ႕ ေနာက္ဆံုး ၁၅ မိနစ္လို ကစား သြားခဲ့ ပါတယ္။ ဒါဟာ အသင္း တစ္သင္း အေနနဲ႕ ကၽြန္ေတာ္တုိ႕ရဲ႕ အင္အား ပါပဲ။ ဒီေန႕မွာ စတားလင္းဟာ ပြဲအျပည့္ ကစား သြားခဲ့ပါတယ္။ ကၽြန္ေတာ္ သူ႕အတြက္ ဂုဏ္ယူ မိပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

SM