ယာဂန်ကလော့ က ပရီးမီးယားလိဂ် ရာသီရဲ့ အခက်ခဲဆုံး အပိုင်း မလာသေးဘူးလို့ သူ့ရဲ့ လီဗာပူး အသင်းသား တွေကို သတိပေး သွားခဲ့ပါတယ်။ လီဗာပူးဟာ အမြင့်ဆုံး ရနိုင်တဲ့ အမှတ် ၂၇ မှတ် ကနေ ၂၅ မှတ်ထိ စုဆောင်း ထားနိုင်ခဲ့ပြီး ၎င်းတို့ထက် တစ်ပွဲပို ကစား ထားခဲ့တဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းထက် ၃ မှတ် အသာ ဇယားထိပ်မှာ ဦးဆောင် နေပါတယ်။

လီဗာပူး တို့ ခြေချော်ခဲ့တဲ့ တစ်ခုတည်းသော ပွဲကတော့ ပြီးခဲ့တဲ့ တစ်ပတ်က မန်ချက်စတာ ယူနို်က်တက် နဲ့ အိုးထရပ်ဖို့ဒ်မှာ သရေကျ ခဲ့တဲ့ ပွဲစဉ် ဖြစ်ပြီး The Reds တို့ဟာ သရေ တစ်မှတ် အတွက် လူစားဝင် ကစားသမား အဒမ်လယ်လာနာ ရဲ့ နောက်ကျဂိုးကို လိုအပ် ခဲ့ပါတယ်။ ကလော့ရဲ့ အသင်းဟာ ဒီရာသီ အာဆင်နယ် ၊ ချဲလ်ဆီး တို့ကို အနိုင် ကစားထား ခဲ့ပြီး ရှေ့မှာ ခြေချော် သွားနိုင်တဲ့ ပွဲတွေ အဖြစ် နို၀င်ဘာမှာ စီးတီး နဲ့ အန်ဖီး မှာ ကစား ရမယ့် ပွဲရှိနေသလို ဒီဇင်ဘာမှာ အဲဗာတန် နဲ့ မာဆေးဆိုက် ဒါဘီလည်း ရှိနေပါတယ်။

လီဗာပူး အသင်း ပရိတ်သတ်တွေ ကတော့ လွန်ခဲ့တဲ့ ၁၉၉၀ နောက်ပိုင်း ဝေးကွာ နေတဲ့ အမှတ်ပေးဇယားကို ဆွတ်ခူးနိုင်ရန် အလွန် စိတ်အား ထက်သန် နေကြ ပါတယ်။ ဂျာမန်နည်းပြ ကတော့ သူ့ရဲ့ အသင်း ဒီရာသီ မှာ အကောင်းဆုံး ရလဒ်တွေ ပိုင်ဆိုင် ထားပေမယ့်လည်း ပရီးမီးယားလိဂ် ဖလား ဟာ သူ့ခေါင်းထဲမှာ မရှိသေးဘူးလို့ ဆိုလိုက် ပါတယ်။

ကလော့ က “No ပါ။ ကျွန်တော် ပရီးမီးယားလိဂ် ဖလားကို အိမ်မက်မက် မနေပါဘူး။ ချန်ပီယံလိဂ် ဖိုင်နယ် တုန်းကလည်း အိမ်မက်မက် မနေခဲ့ပါဘူး။ ကျွန်တော်တို့ ဒီဖလား ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအတွက် အလုပ်လုပ် ရပါတယ်။ ကျွန်တော်တို့ဟာ ရာသီ အစပိုင်းမှာ အားလုံး ထင်ထားတာထက် ပိုကောင်းတဲ့ နေရာမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ကျော်ဖြတ် နိုင်ခဲ့ပြီလား? No ပါ။

ကျွန်တေ်ာတို့ အခုထိ ဖန်တီးထားခဲ့ တာကတော့ တကယ့် အခြေခံကောင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အခြေခံပြီး အလုပ်လုပ် သွားရမယ့် အရာပါ။ အခက်ခဲဆုံး ကာလတွေ ဖြစ်တဲ့ နို၀င်ဘာ ၊ ဒီဇင်ဘာလတွေ ရောက်လာတော့မှာ ဖြစ်ပြီး ရူးလောက်အောင် ကစား သွားရမှာပါ။ ကျွန်တော်တို့ အနေနဲ့ တစ်ချို့ အခိုက်အတန့် တွေမှာ ကံကောင်းဖို့ လိုပါတယ်။ ကျွန်တော်တို့ အရာအားလုံး အပေါ် မလွှမ်းမိုး နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တကယ့် ပွဲတွေမှာ တစ်ကယ့် ပုံစံကောင်းကို ပြသနိုင်ပါတယ်။ ဒါဟာ ကျွန်တေ်ာတို့ လုပ်သွား ရမယ့် အရာပါ။

ကျွန်တော်တို့ ဆုဖလား အတွက် တိုက်ပွဲဝင် သွားရမှာပါ။ ဘာမှ အာမခံလို့ ရတာ မရှိပါဘူး။ ဒါဟာ ကျွန်တော်တို့ အပြင် အခြား အသင်းတွေ ကိုလည်း အိမ်မက်မက်လို့ ရစေပါတယ်။ ဒါပေမယ့် အားလုံး အလုပ်တော့ လုပ်သွား ရမှာပါ။’ လို့ ပြောခဲ့ ပါတယ်။

ကလော့နဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်မှုတွေ အတွက် ဂုဏ်ယူ နေရမှာ ဖြစ်ပေမယ့် ဒါဟာ အတိတ်က အမှတ်တရသာ ဖြစ်ပြီး အနာဂတ် အောင်မြင်မှုတွေ ရဖို့ အတွက် ဒီအပေါ်မှာ ပိတ်မိနေလို့ မရပါဘူး။

လီဗာပူးတို့ ၆ ကြိမ်မြောက် ဥရောပ ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ အပေါ် ကလော့ က “ဒါဟာ ကောင်းမွန်တဲ့ အမှတ်တရ ဖြစ်ပြီး အံ့ဖွယ်ကောင်းကာ ကြီးကြယ်လှ ပါတယ်။ ဒါပေမယ့် ဒါဟာ သမိုင်းကြောင်းပါ။ ဒါဟာ ဘဝရဲ့ အကောင်းဆုံး အပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘာမှ ပြောင်းလဲလို့ မရတော့ ပါဘူး။ ကျွန်တော့် ဘဝရဲ့ အကောင်းဆုံး နွေရာသီလို့ ဆိုနိုင် ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ် မှာ ခက်ခဲမှု ရှိနိုင်ပါတယ်။ ဒါပေမယ့် ယုံကြည်မှုဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ ကျွန်တော်တို့ သိထားပြီး ကိုယ်လုပ်တဲ့ အရာတွေ အလုပ် ဖြစ်တဲ့ အခါ ဒီယုံကြည်မှုကို ရပါတယ်။ မနှစ်ကတော့ အလုပ် ဖြစ်ခဲ့ ပါတယ်။ ကောင်လေးတွေဟာ ဒီရာသီကို မတူညီတဲ့ စိတ်ဓာတ်နဲ့ စတင် ခဲ့တာ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည် လာပါတယ်။ ကျွန်တော် ကတော့ အသင်းဟာ ဒီအပိုင်းမှာ အများကြီး တိုးတက် လာနိုင်သေးတဲ့ အပိုင်းတွေ ရှိနေ သေးတယ်လို့ ယူဆ နေဆဲပါ။” လို့ ပြောသွား ပါတယ်။

လီဗာပူးဟာ ကြားရက်က ချန်ပီယံလိဂ် အုပ်စု တတိယမြောက် ပွဲစဉ်မှာ ဂန့် အသင်းကို ၄-၁ နဲ့ နိုင်ကာ ၃ မှတ် ရရှိ ခဲ့ပြီး ယနေ့ည မှာတော့ တော့တင်ဟမ် နဲ့ အိမ်ကွင်းမှာ ပွဲကျပ် ကစားရမှာ ဖြစ်ပါတယ်။

SM

Zawgyi

ယူႏုိက္တက္နဲ႕ သေရက်ခဲ့ျပီးေနာက္ လီဗာပူးၾကယ္ပြင့္ေတြကို သတိေပးမွဳ လုပ္ခဲ့တဲ့ ယာဂန္ကေလာ့

ယာဂန္ကေလာ့ က ပရီးမီးယားလိဂ္ ရာသီရဲ႕ အခက္ခဲဆံုး အပိုင္း မလာေသးဘူးလို႕ သူ႕ရဲ႕ လီဗာပူး အသင္းသား ေတြကို သတိေပး သြားခဲ့ပါတယ္။ လီဗာပူးဟာ အျမင့္ဆံုး ရႏုိင္တဲ့ အမွတ္ ၂၇ မွတ္ ကေန ၂၅ မွတ္ထိ စုေဆာင္း ထားႏုိင္ခဲ့ျပီး ၎တုိ႕ထက္ တစ္ပြဲပို ကစား ထားခဲ့တဲ့ လက္ရွိ ခ်န္ပီယံ မန္စီးတီး အသင္းထက္ ၃ မွတ္ အသာ ဇယားထိပ္မွာ ဦးေဆာင္ ေနပါတယ္။

လီဗာပူး တုိ႕ ေျခေခ်ာ္ခဲ့တဲ့ တစ္ခုတည္းေသာ ပြဲကေတာ့ ျပီးခဲ့တဲ့ တစ္ပတ္က မန္ခ်က္စတာ ယူႏုိ္က္တက္ နဲ႕ အုိးထရပ္ဖို႕ဒ္မွာ သေရက် ခဲ့တဲ့ ပြဲစဥ္ ျဖစ္ျပီး The Reds တုိ႕ဟာ သေရ တစ္မွတ္ အတြက္ လူစား၀င္ ကစားသမား အဒမ္လယ္လာနာ ရဲ႕ ေနာက္က်ဂိုးကို လိုအပ္ ခဲ့ပါတယ္။ ကေလာ့ရဲ႕ အသင္းဟာ ဒီရာသီ အာဆင္နယ္ ၊ ခ်ဲလ္ဆီး တုိ႕ကုိ အႏုိင္ ကစားထား ခဲ့ျပီး ေရွ႕မွာ ေျခေခ်ာ္ သြားႏုိင္တဲ့ ပြဲေတြ အျဖစ္ ႏုိ၀င္ဘာမွာ စီးတီး နဲ႕ အန္ဖီး မွာ ကစား ၇မယ့္ ပြဲရွိေနသလို ဒီဇင္ဘာမွာ အဲဗာတန္ နဲ႕ မာေဆးဆုိက္ ဒါဘီလည္း ရွိေနပါတယ္။

လီဗာပူး အသင္း ပရိတ္သတ္ေတြ ကေတာ့ လြန္ခဲ့တဲ့ ၁၉၉၀ ေနာက္ပိုင္း ေ၀းကြာ ေနတဲ့ အမွတ္ေပးဇယားကို ဆြတ္ခူးႏုိင္ရန္ အလြန္ စိတ္အား ထက္သန္ ေနၾက ပါတယ္။ ဂ်ာမန္နည္းျပ ကေတာ့ သူ႕ရဲ႕ အသင္း ဒီရာသီ မွာ အေကာင္းဆံုး ရလဒ္ေတြ ပိုင္ဆုိင္ ထားေပမယ့္လည္း ပရီးမီးယားလိဂ္ ဖလား ဟာ သူ႕ေခါင္းထဲမွာ မရွိေသးဘူးလို႕ ဆုိလိုက္ ပါတယ္။

ကေလာ့ က “No ပါ။ ကၽြန္ေတာ္ ပရီးမီးယားလိဂ္ ဖလားကို အိမ္မက္မက္ မေနပါဘူး။ ခ်န္ပီယံလိဂ္ ဖုိင္နယ္ တုန္းကလည္း အိမ္မက္မက္ မေနခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႕ ဒီဖလား ဆြတ္ခူး ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ ဒီအတြက္ အလုပ္လုပ္ ရပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ ရာသီ အစပိုင္းမွာ အားလံုး ထင္ထားတာထက္ ပိုေကာင္းတဲ့ ေနရာမွာ ရွိေနပါတယ္။ ကၽြန္ေတာ္တုိ႕ ေက်ာ္ျဖတ္ နုိင္ခဲ့ျပီလား? No ပါ။

ကၽြန္ေတ္ာတုိ႕ အခုထိ ဖန္တီးထားခဲ့ တာကေတာ့ တကယ့္ အေျခခံေကာင္း ျဖစ္ပါတယ္။ ဒါဟာ ကၽြန္ေတာ္တုိ႕ အေျခခံျပီး အလုပ္လုပ္ သြား၇မယ့္ အရာပါ။ အခက္ခဲဆံုး ကာလေတြ ျဖစ္တဲ့ ႏုိ၀င္ဘာ ၊ ဒီဇင္ဘာလေတြ ေရာက္လာေတာ့မွာ ျဖစ္ျပီး ရူးေလာက္ေအာင္ ကစား သြားရမွာပါ။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ တစ္ခ်ိဳ႕ အခုိက္အတန္႕ ေတြမွာ ကံေကာင္းဖို႕ လိုပါတယ္။ ကၽြန္ေတာ္တုိ႕ အရာအားလံုး အေပၚ မလႊမ္းမိုး ႏုိင္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ တကယ့္ ပြဲေတြမွာ တစ္ကယ့္ ပံုစံေကာင္းကို ျပသႏုိင္ပါတယ္။ ဒါဟာ ကၽြန္ေတ္ာတုိ႕ လုပ္သြား ရမယ့္ အရာပါ။

ကၽြန္ေတာ္တုိ႕ ဆုဖလား အတြက္ တုိက္ပြဲ၀င္ သြားရမွာပါ။ ဘာမွ အာမခံလို႕ ရတာ မရွိပါဘူး။ ဒါဟာ ကၽြန္ေတာ္တုိ႕ အျပင္ အျခား အသင္းေတြ ကိုလည္း အိမ္မက္မက္လို႕ ရေစပါတယ္။ ဒါေပမယ့္ အားလံုး အလုပ္ေတာ့ လုပ္သြား ရမွာပါ။’ လုိ႕ ေျပာခဲ့ ပါတယ္။

ကေလာ့နဲ႕ လီဗာပူး အသင္းဟာ ျပီးခဲ့တဲ့ ရာသီက စြမ္းေဆာင္မွဳေတြ အတြက္ ဂုဏ္ယူ ေန၇မွာ ျဖစ္ေပမယ့္ ဒါဟာ အတိတ္က အမွတ္တရသာ ျဖစ္ျပီး အနာဂတ္ ေအာင္ျမင္မွဳေတြ ရဖို႕ အတြက္ ဒီအေပၚမွာ ပိတ္မိေနလို႕ မရပါဘူး။

လီဗာပူးတုိ႕ ၆ ၾကိမ္ေျမာက္ ဥေရာပ ဖလား ဆြတ္ခူး ႏုိင္ခဲ့တဲ့ အေပၚ ကေလာ့ က “ဒါဟာ ေကာင္းမြန္တဲ့ အမွတ္တရ ျဖစ္ျပီး အံ့ဖြယ္ေကာင္းကာ ၾကီးၾကယ္လွ ပါတယ္။ ဒါေပမယ့္ ဒါဟာ သမုိင္းေၾကာင္းပါ။ ဒါဟာ ဘ၀ရဲ႕ အေကာင္းဆံုး အပုိင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဘာမွ ေျပာင္းလဲလို႕ မရေတာ့ ပါဘူး။ ကၽြန္ေတာ့္ ဘ၀ရဲ႕ အေကာင္းဆံုး ေႏြရာသီလို႕ ဆုိႏုိင္ ပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္ မွာ ခက္ခဲမွု ရွိနုိင္ပါတယ္။ ဒါေပမယ့္ ယံုၾကည္မွဳဟာ ဘယ္ေလာက္ အေရးပါသလဲ ဆုိတာ ကၽြန္ေတာ္တုိ႕ သိထားျပီး ကိုယ္လုပ္တဲ့ အရာေတြ အလုပ္ ျဖစ္တဲ့ အခါ ဒီယံုၾကည္မွဳကို ရပါတယ္။ မႏွစ္ကေတာ့ အလုပ္ ျဖစ္ခဲ့ ပါတယ္။ ေကာင္ေလးေတြဟာ ဒီရာသီကို မတူညီတဲ့ စိတ္ဓာတ္နဲ႕ စတင္ ခဲ့တာ ျဖစ္ျပီး ကုိယ့္ကိုကိုယ္ ပုိျပီး ယံုၾကည္ လာပါတယ္။ ကၽြန္ေတာ္ ကေတာ့ အသင္းဟာ ဒီအပိုင္းမွာ အမ်ားၾကီး တုိးတက္ လာႏုိင္ေသးတဲ့ အပိုင္းေတြ ရွိေန ေသးတယ္လို႕ ယူဆ ေနဆဲပါ။” လို႕ ေျပာသြား ပါတယ္။

လီဗာပူးဟာ ၾကားရက္က ခ်န္ပီယံလိဂ္ အုပ္စု တတိယေျမာက္ ပြဲစဥ္မွာ ဂန္႕ အသင္းကို ၄-၁ နဲ႕ ႏုိင္ကာ ၃ မွတ္ ရရွိ ခဲ့ျပီး ယေန႕ည မွာေတာ့ ေတာ့တင္ဟမ္ နဲ႕ အိမ္ကြင္းမွာ ပြဲက်ပ္ ကစားရမွာ ျဖစ္ပါတယ္။

SM