ဒီရာ သီ ချန်ပီယံလိဂ် ပြိုင် ပွဲဝင် အသင်းတွေ ရဲ့ ကစားသမား တွေ ထဲ မှာ လျင်မြန်မှု အရှိဆုံး တွေ အဖြစ် PSG ကြယ်ပွင့် လေး အမ်ဘာပေ၊ မန်စီးတီး တောင်ပံ ကစားသမားလေး ဆာနေး၊ ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ် နဲ့ စပါး တိုက်စစ်မှူး ဆွန်ဟောင် မင်တို့ကို ပြေးမြင်မိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကစားသမား တွေ ကို ကျော်ပြီး အံ့မခန်း အမြန်နှုန်း နဲ့ ပြေးလွှားကစားပြသွားတဲ့ ကစားသ မား တဦးရှိနေသေးတာဖြစ်ပါတယ်။သူကတော့ လီဗာပူး အသင်းခံစစ်ရဲ့ ကျောက်ဆောင် ဗန်ဒိုက်ပဲ ဖြစ်ပါတယ်။ ကျောနံပါတ် ၄ ပိုင်ရှင် ဒီဟော်လန် သား ဟာ ဆောက်သမ်တန် အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ရောက်လာခဲ့တဲ့ ခံစစ် မှူး တဦးဖြစ်ပြီး လီဗာပူး အသင်းကို ပရီးမီးယားလိဂ်ရဲ့ ခံစစ်အကောင်းဆုံး အသင်းဖြစ်အောင် ပုံစံပြောင်းပေးထားနိုင်ခဲ့ သူလည်းဖြစ်ပါတယ်။

ဒီရာသီ လီဗာပူး အသင်းရဲ့ ချန်ပီယံလိဂ် အောင်မြင်မှု ခရီးလမ်းတလျှောက်မှာ လည်း အရေးပါတဲ့ နေရာမှာ ရှိနေခဲ့ပြီး အထူးသဖြင့် ဘာစီလိုနာ အသင်းနဲ့ ဒုတိယအကျော့မှာ သူ့ရဲ့ အရေးပါမှုကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ၃ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ လီဗာပူး အသင်းဟာ ဒုတိယအကျော့ မှာ ၄ဂိုးပြတ်အနိုင်ရနေခဲ့ပေမယ့် ချေပဂိုးတဂိုးသာ ပေးလိုက်ရပါက ပြိုင် ပွဲကနေ ထွက်ခွာရဖို့ရှိနေပေမယ့် ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်ပိုင်း က တာဝန် ကျေတာထက်ကို ပိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပွဲရဲ့ ပွဲချိန် ၉၂ မိနစ်မှာတော့ ဘာစီလိုနာ အသင်း အတွက် မျှော်လင့် ချက် ဖြစ်နိုင်တဲ့ တန်ပြန်တိုက်စစ်ဆင် မှု တခုကို ခွင့်ပြုခဲ့ရပေမယ့် ဒီဟော်လန်သားက အံ့မခန်းပြေးလွှားပြီးနေရာယူ ကာကွယ်ပြသွားခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က သူ့ရဲ့ပြေးနှုန်းဟာ တနာရီလျင် ၃၄.၅ ကီလိုမီတာ အထိရှိခဲ့ လို့ အခုနှစ် ပြိုင်ပွဲရဲ့ အမြန်ဆုံး အဖြစ်လည်း မှတ် တမ်းဝင်သွားခဲ့ပါတယ်။ ဗန်ဒိုက် ဟာ စပါး အသင်းနဲ့ ရင်ဆိုင်ခဲ့ရ တဲ့ ဖိုင်နယ် မှာလည်း MOTM ခြေစွမ်း မျိုးပြသ သွားခဲ့ပြီး လီဗာပူး သမိုင်းတလျှောက် ၆ကြိမ်မြောက် ချန်ပီယံလိဂ်ဆု ဖလားကြီးကို ရရှိစေခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်ရဲ့ အခုနှစ်အတွင်းစွမ်းဆောင် ပေးထားနိုင်ခဲ့မှုတွေကြောင့် ဘလွန်း ဒီအောဆု အတွက် ရေပန်းစားနေပေမယ့်ဘာစီလိုနာ အိုင်ကွန် မက်ဆီက ပဲ ဘလွန်းဒီအော ဆုနဲ့ အမြဲတမ်း ထိုက်တန် တယ်လို့သူက ဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ် အပြီးအင်တာဗျူး တခုမှာ ဗန်ဒိုက်က – – -“” မက်ဆီဟာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား တဦးလို့ ကျွန်တော်ထင်ပါတယ်။သူဘောလုံးကို ကစားနေသ၍ ဘလွန်းဒီအောဆုနဲ့ထိုက်တန်တာဖြစ်လို့ဒီဆုဟာကျွန်တော့်အနေနဲ့စဉ်းစားဖို့တောင် မလိုတဲ့အရာတခုလို့ထင်ပါတယ်။

တကယ်လို့ ရလာခဲ့ရင် လည်း ကျွန်တော်လက်ခံရယူသွားမှာဖြစ်ပေမယ့် ရဖို့ အခွင့်အရေး တစုံတခုရှိနေတယ်လို့ တော့မယူဆထားပါဘူး။မက်ဆီဟာ အခုထိ ကမ္ဘာ့ပေါ်က အကောင်းဆုံးကစား သမား တဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ ဒီလို ပြောတဲ့ နေရာမှာ ချန်ပီယံလိဂ် ဖိုင်နယ် မှာသူပါဝင် နိုင်မှု ရှိမရှိ အပေါ် မမူတည်ဘူးလို့ လည်းယူဆပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအောဆုကြီးကို ပုံမှန်အားဖြင့် တိုက်စစ်မှူးတွေနဲ့ ကွင်းလယ်ဖန်တီးရှင် တွေကပဲ ရယူထားနိုင်ခဲ့တာဖြစ်ပြီး ခံစစ် ကစားသမား တဦး အနေနဲ့ ကန်နဗာရိုက ၂၀၀၆ ခုနှစ်မှာ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ထိုစဉ်က ကန်နဗာရို ရဲ့ အီတလီ အသင်း ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင် ခဲ့တာ ဖြစ်ပြီး ဗန်ဒိုက်ရဲ့ ဟော်လန် အသင်းကတော့ အခုနှစ် UEFA NATIONS LEAGUE မှာ ပေါ်တူဂီ ကို အရေးနိမ့်ပြီး ဒုတိယဆုနဲ့သာကျေနပ် ထားခဲ့ရတာဖြစ်ပါတယ်။

SM