ခ်ယ္လ္ဆီး အသင္း ရဲ႕ အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ ဘန္ေလ အသင္း ကို ဟက္ထရစ္ သြင္းယူ ႏိုင္ခဲ့ပါတယ္ ။ ဒါဟာ ပူလီဆစ္ ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘဝ ပထမဆံုး ဟက္ထရစ္ လည္း ျဖစ္သလို ၊ ဒီ ဟက္ထရစ္ ဟာ ဘယ္ေျခ ၊ ညာေျခ ၊ ေခါင္းတိုက္ဂိုး ေတြနဲ႕ ရရွိခဲ့တာ ျဖစ္လို႕ ျပီးျပည့္စံု တဲ့ ဟက္ထရစ္ ျဖစ္ခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ တလလံုး ပြဲထြက္ခြင့္ ေတြ ေပ်ာက္ဆံုး ခဲ့ေပမယ့္ အခုအခါ မွာ အံ့မခန္း ေျခစြမ္း ေတြနဲ႕ အတူ ျပန္လာ ႏိုင္ခဲ့တဲ့ ပူလီဆစ္ အေပၚ လမ္းပတ္ က ” ကြ်န္ေတာ္ ဟာ ခရစ္တီယန္ အတြက္ အမွန္တကယ္ ဝမ္းသာ မိပါတယ္ ။ ခရစ္တီယန္ ဟာ ခ်ယ္လ္ဆီး အသင္း ကို ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး နဲ႕ ေရာက္ရွိ လာခဲ့တာ ျဖစ္လို႕ ၊ အေမရိကန္ ၾကယ္ပြင့္ ၊ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ လည္း ျဖစ္တာေၾကာင့္ သူနဲ႕ ပတ္သက္ျပီး လူေတြရဲ႕ ပါးစပ္ဖ်ား မွာ အျမဲလိုလို ေျပာစရာ ျဖစ္ေနရပါတယ္ ။ ”

” ဒီေန႕ပြဲ မွာ ခရစ္တီယန္ လုပ္ျပ ခဲ့တဲ့ အရာေတြ အတြက္ ကြ်န္ေတာ္ ဝမ္းသာ အားရ မိပါတယ္ ။ သူ႕ရဲ႕ ေနာက္ခံ အေၾကာင္းအရင္း ေတြ ၊ ဘယ္လို ဖိအား ေတြ ေအာက္မွာ ရုန္းကန္ ခဲ့ရတဲ့ အေၾကာင္း ေတြ အကုန္ ကြ်န္ေတာ္ သိထားျပီးသားပါ ။ ေနာက္ျပီး သူဟာ ျပီးခဲ့တဲ့ ေႏြရာသီ မွာ လက္ေရြးစင္ အသင္း နဲ႕ အတူ ကြန္ကာကပ္ဖ္ ဖလား ျပိဳင္ပြဲ ကို ဆင္ႏႊဲ ခဲ့ေပမယ့္ နားရကမ တပတ္ပဲ ယူျပီး ကြ်န္ေတာ္ တို႕နဲ႕ လာေရာက္ ပူးေပါင္း ခဲ့ပါတယ္ ။ အဲ့ဒီေနာက္ ပရီးမီးယားလိဂ္ လို ျပိဳင္ပြဲၾကီး တခု ကို စတင္ ထိေတြ႕ ခဲ့ရတာေၾကာင့္ သူ႕အတြက္ ဖိအား ေတြ စဝင္ ခဲ့ရပါတယ္ ။

” ကြ်န္ေတာ့ ဖက္ကေတာ့ သူ႕ကို အတတ္ႏိုင္ဆံုး ကစားခြင့္ မိနစ္ အနည္းငယ္ ေလာက္ပဲ ျဖစ္ျဖစ္ ခြင့္ျပဳ ေပးႏိုင္ဖို႕ အျမဲ ရွာေဖြ ၾကိဳးစား ခဲ့ပါတယ္ ။ သူဟာ ဒီရာသီ မွာ ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ပြဲတခ်ိဳ႕ ကို ကစား ခဲ့ျပီးပါျပီ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ပြဲ ေပါင္းစံု ကို ယွဥ္ျပိဳင္ ရမွာ ျဖစ္တာေၾကာင့္ အသင္းသားတိုင္း ကို လိုအပ္ပါတယ္ ။ အသင္းသားတိုင္း ကို ပြဲထြက္ခြင့္ အတြက္ အျမဲ ၾကိဳးစား ေစခ်င္ပါတယ္ ။ ခရစ္တီယန္ ဟာ လတ္တေလာ မွာ ဒီလို နည္းစနစ္ ေတြကို က်င့္သံုး ေနတာပါ ။ ”

” အရန္ခံု မွာ ထိုင္ေနရတဲ့ အခါလည္း သူ ေလ့လာ ေနခဲ့တယ္ ၊ အခုဆို ဒီေန႕ ပြဲမွာ တပြဲလံုး အျပည့္ ကစားခြင့္ ရခဲ့ပါျပီ ။ ဒါ့အျပင္ ပြဲ အႏိုင္ ရလဒ္ ကို အဆံုးအျဖတ္ ေပးခဲ့တဲ့ အံ့ၾသဖြယ္ စြမ္းေဆာင္ရည္ ကိုပါ သူ ထပ္ျပ ႏိုင္ခဲ့ပါတယ္ ။ ကြ်န္ေတာ္ ဟာ ခရစ္တီယန္ ဘယ္ေလာက္ ထိ ေတာ္လဲ ဆိုတာ သိထားျပီးသားပါ ။ အခုမွ သူဟာ ၂၁ ႏွစ္ ျပည့္တာ ျဖစ္လို႕ သင္ယူစရာ ေတြ ၊ တိုးတက္ဖို႕ အဖက္ဖက္ က လိုအပ္ ေနပါတယ္ ။ ဒါဟာ လူငယ္ ကစားသမား ေတြ အားလံုး အတြက္ အတူတူပါပဲ ။ ”

” ခရစ္တီယန္ ဖို႕ တိုးတက္မယ့္ ေနရာ ေတြမွာ လိုအပ္ခ်က္ တခ်ိဳ႕ ရွိေနဆဲပါ ။ ဒီ ေနရာ ေတြမွာ သူ႕ကို ပိုေကာင္း လာေစဖို႕ ကြ်န္ေတာ္ တြန္းပို႕ ေနတာ သူလည္း သိပါလိမ့္မယ္ ။ ျပီးခဲ့တဲ့ ရက္သတၱပတ္ အတြင္း က ေလ့က်င့္ပံု ေတြ ၊ လူစားဝင္ခြင့္ ရတဲ့ အခါ ၾကိဳးစားပံု ေတြက လူတိုင္း ကို သူ႕ရဲ႕ အရည္အေသြး ေတြ အားလံုး ထုတ္ျပဖို႕ လွမ္းေခၚ ေနသလုိပါပဲ ။ ဒီေန႕ ပြဲမွာ ကြ်န္ေတာ့ သူ႕ရဲ႕ ကစားပံု ကို အရမ္း ေက်နပ္ ပီတိ ျဖစ္မိပါတယ္ ။ ဒီလို စြမ္းေဆာင္ရည္ မ်ိဳး အသင္း ရဲ႕ တိုက္စစ္ ကစားသမား ေတြ ဆီကေန ျမင္ေတြ႕ ခ်င္ေနတာပါ ။ ”

” ဟုတ္ပါတယ္ ။ ခရစ္တီယန္ မွာ အလိမ္အေခါက္ အပိုင္း နဲ႕ ပတ္သက္ျပီး ပါရမီ ပါလာတယ္ ဆိုတာ ကြ်န္ေတာ္ တိတိက်က် လက္ခံ ပါတယ္ ။ ဒါေပမယ့္ ပရီးမီးယားလိဂ္ အေၾကာင္း ေျပာတဲ့ အခါ ကြ်န္ေတာ္ တို႕ဟာ ၾကံ့ခိုင္မႈ အပိုင္း နဲ႕ တြန္းတြန္းတိုက္တိုက္ ကစားႏိုင္တာ ကို ၾကည့္ၾကပါတယ္ ။ အထူးသျဖင့္ ဒီေန႕ ဘန္ေလ နဲ႕ ရင္ဆိုင္ ရသလိုေပါ့ ။ သူ႕ ပင္ကို စြမ္းရည္ နဲ႕ ေဘာလံုး ေရြ႕လ်ား တာေတြ ၊ ခႏၶာကိုယ္ အယိမ္းအႏြဲ႕ ေတြက ျပိဳင္ဖက္ ေနာက္တန္း ကို ဖရိုဖရဲ ျဖစ္ေစခဲ့ပါတယ္ ။ ”

” ဒီလို ဟန္ခ်က္မ်ိဳး ရွိတဲ့ ကစားသမား ေတြ ဆိုရင္ ပရိသတ္ ေတြ ပိုျပီး ၾကည့္ေပ်ာ္ ၾကပါတယ္ ။ ပထမ သြင္းဂိုး ကို ၾကည့္ရင္ ခရစ္တီယန္ ဟာ ဂိုးမသြင္းခင္ တခ်က္ ရပ္လိုက္တယ္ ၊ ျပိဳင္ဖက္ ေနာက္ခံလူ ကို လွည့္စား လိုက္တယ္ ၊ ျပီးေတာ့ ျပိဳင္ဖက္ ကို ေက်ာ္ထြက္ျပီး လွလွပပ ဂိုးသြင္းယူ ခဲ့တာပါ ။ တကယ္လည္း ခ်ီးက်ဴးထိုက္တဲ့ စြမ္းေဆာင္ရည္မ်ိဳးပါ ။ ကြ်န္ေတာ္ ကေတာ့ ဒီေန႕ စြမ္းေဆာင္ရည္ ေၾကာင့္ သူ႕ရဲ႕ ယံုၾကည္မႈ ေတြ ပို တိုးတက္လာမယ္ လို႕ ေမွ်ာ္လင့္ မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Zawgyi

Perfect ဟက်ထရစ်ရှင် ပူလီဆစ် နဲ့ ပတ်သက်ပြီး လမ်းပတ် ဘာတွေ ပြောခဲ့လဲ ?

ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဘန်လေ အသင်း ကို ဟက်ထရစ် သွင်းယူ နိုင်ခဲ့ပါတယ် ။ ဒါဟာ ပူလီဆစ် ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ပထမဆုံး ဟက်ထရစ် လည်း ဖြစ်သလို ၊ ဒီ ဟက်ထရစ် ဟာ ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက်ဂိုး တွေနဲ့ ရရှိခဲ့တာ ဖြစ်လို့ ပြီးပြည့်စုံ တဲ့ ဟက်ထရစ် ဖြစ်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ တလလုံး ပွဲထွက်ခွင့် တွေ ပျောက်ဆုံး ခဲ့ပေမယ့် အခုအခါ မှာ အံ့မခန်း ခြေစွမ်း တွေနဲ့ အတူ ပြန်လာ နိုင်ခဲ့တဲ့ ပူလီဆစ် အပေါ် လမ်းပတ် က ” ကျွန်တော် ဟာ ခရစ်တီယန် အတွက် အမှန်တကယ် ဝမ်းသာ မိပါတယ် ။ ခရစ်တီယန် ဟာ ချယ်လ်ဆီး အသင်း ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ လာခဲ့တာ ဖြစ်လို့ ၊ အမေရိကန် ကြယ်ပွင့် ၊ လက်ရွေးစင် အသင်း ခေါင်းဆောင် လည်း ဖြစ်တာကြောင့် သူနဲ့ ပတ်သက်ပြီး လူတွေရဲ့ ပါးစပ်ဖျား မှာ အမြဲလိုလို ပြောစရာ ဖြစ်နေရပါတယ် ။ ”

” ဒီနေ့ပွဲ မှာ ခရစ်တီယန် လုပ်ပြ ခဲ့တဲ့ အရာတွေ အတွက် ကျွန်တော် ဝမ်းသာ အားရ မိပါတယ် ။ သူ့ရဲ့ နောက်ခံ အကြောင်းအရင်း တွေ ၊ ဘယ်လို ဖိအား တွေ အောက်မှာ ရုန်းကန် ခဲ့ရတဲ့ အကြောင်း တွေ အကုန် ကျွန်တော် သိထားပြီးသားပါ ။ နောက်ပြီး သူဟာ ပြီးခဲ့တဲ့ နွေရာသီ မှာ လက်ရွေးစင် အသင်း နဲ့ အတူ ကွန်ကာကပ်ဖ် ဖလား ပြိုင်ပွဲ ကို ဆင်နွှဲ ခဲ့ပေမယ့် နားရကမ တပတ်ပဲ ယူပြီး ကျွန်တော် တို့နဲ့ လာရောက် ပူးပေါင်း ခဲ့ပါတယ် ။ အဲ့ဒီနောက် ပရီးမီးယားလိဂ် လို ပြိုင်ပွဲကြီး တခု ကို စတင် ထိတွေ့ ခဲ့ရတာကြောင့် သူ့အတွက် ဖိအား တွေ စဝင် ခဲ့ရပါတယ် ။ ”

” ကျွန်တော့ ဖက်ကတော့ သူ့ကို အတတ်နိုင်ဆုံး ကစားခွင့် မိနစ် အနည်းငယ် လောက်ပဲ ဖြစ်ဖြစ် ခွင့်ပြု ပေးနိုင်ဖို့ အမြဲ ရှာဖွေ ကြိုးစား ခဲ့ပါတယ် ။ သူဟာ ဒီရာသီ မှာ ကျွန်တော် တို့ အသင်း ရဲ့ ပွဲတချို့ ကို ကစား ခဲ့ပြီးပါပြီ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ပြိုင်ပွဲ ပေါင်းစုံ ကို ယှဉ်ပြိုင် ရမှာ ဖြစ်တာကြောင့် အသင်းသားတိုင်း ကို လိုအပ်ပါတယ် ။ အသင်းသားတိုင်း ကို ပွဲထွက်ခွင့် အတွက် အမြဲ ကြိုးစား စေချင်ပါတယ် ။ ခရစ်တီယန် ဟာ လတ်တလော မှာ ဒီလို နည်းစနစ် တွေကို ကျင့်သုံး နေတာပါ ။ ”

” အရန်ခုံ မှာ ထိုင်နေရတဲ့ အခါလည်း သူ လေ့လာ နေခဲ့တယ် ၊ အခုဆို ဒီနေ့ ပွဲမှာ တပွဲလုံး အပြည့် ကစားခွင့် ရခဲ့ပါပြီ ။ ဒါ့အပြင် ပွဲ အနိုင် ရလဒ် ကို အဆုံးအဖြတ် ပေးခဲ့တဲ့ အံ့သြဖွယ် စွမ်းဆောင်ရည် ကိုပါ သူ ထပ်ပြ နိုင်ခဲ့ပါတယ် ။ ကျွန်တော် ဟာ ခရစ်တီယန် ဘယ်လောက် ထိ တော်လဲ ဆိုတာ သိထားပြီးသားပါ ။ အခုမှ သူဟာ ၂၁ နှစ် ပြည့်တာ ဖြစ်လို့ သင်ယူစရာ တွေ ၊ တိုးတက်ဖို့ အဖက်ဖက် က လိုအပ် နေပါတယ် ။ ဒါဟာ လူငယ် ကစားသမား တွေ အားလုံး အတွက် အတူတူပါပဲ ။ ”

” ခရစ်တီယန် ဖို့ တိုးတက်မယ့် နေရာ တွေမှာ လိုအပ်ချက် တချို့ ရှိနေဆဲပါ ။ ဒီ နေရာ တွေမှာ သူ့ကို ပိုကောင်း လာစေဖို့ ကျွန်တော် တွန်းပို့ နေတာ သူလည်း သိပါလိမ့်မယ် ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း က လေ့ကျင့်ပုံ တွေ ၊ လူစားဝင်ခွင့် ရတဲ့ အခါ ကြိုးစားပုံ တွေက လူတိုင်း ကို သူ့ရဲ့ အရည်အသွေး တွေ အားလုံး ထုတ်ပြဖို့ လှမ်းခေါ် နေသလိုပါပဲ ။ ဒီနေ့ ပွဲမှာ ကျွန်တော့ သူ့ရဲ့ ကစားပုံ ကို အရမ်း ကျေနပ် ပီတိ ဖြစ်မိပါတယ် ။ ဒီလို စွမ်းဆောင်ရည် မျိုး အသင်း ရဲ့ တိုက်စစ် ကစားသမား တွေ ဆီကနေ မြင်တွေ့ ချင်နေတာပါ ။ ”

” ဟုတ်ပါတယ် ။ ခရစ်တီယန် မှာ အလိမ်အခေါက် အပိုင်း နဲ့ ပတ်သက်ပြီး ပါရမီ ပါလာတယ် ဆိုတာ ကျွန်တော် တိတိကျကျ လက်ခံ ပါတယ် ။ ဒါပေမယ့် ပရီးမီးယားလိဂ် အကြောင်း ပြောတဲ့ အခါ ကျွန်တော် တို့ဟာ ကြံ့ခိုင်မှု အပိုင်း နဲ့ တွန်းတွန်းတိုက်တိုက် ကစားနိုင်တာ ကို ကြည့်ကြပါတယ် ။ အထူးသဖြင့် ဒီနေ့ ဘန်လေ နဲ့ ရင်ဆိုင် ရသလိုပေါ့ ။ သူ့ ပင်ကို စွမ်းရည် နဲ့ ဘောလုံး ရွေ့လျား တာတွေ ၊ ခန္ဓာကိုယ် အယိမ်းအနွဲ့ တွေက ပြိုင်ဖက် နောက်တန်း ကို ဖရိုဖရဲ ဖြစ်စေခဲ့ပါတယ် ။ ”

” ဒီလို ဟန်ချက်မျိုး ရှိတဲ့ ကစားသမား တွေ ဆိုရင် ပရိသတ် တွေ ပိုပြီး ကြည့်ပျော် ကြပါတယ် ။ ပထမ သွင်းဂိုး ကို ကြည့်ရင် ခရစ်တီယန် ဟာ ဂိုးမသွင်းခင် တချက် ရပ်လိုက်တယ် ၊ ပြိုင်ဖက် နောက်ခံလူ ကို လှည့်စား လိုက်တယ် ၊ ပြီးတော့ ပြိုင်ဖက် ကို ကျော်ထွက်ပြီး လှလှပပ ဂိုးသွင်းယူ ခဲ့တာပါ ။ တကယ်လည်း ချီးကျူးထိုက်တဲ့ စွမ်းဆောင်ရည်မျိုးပါ ။ ကျွန်တော် ကတော့ ဒီနေ့ စွမ်းဆောင်ရည် ကြောင့် သူ့ရဲ့ ယုံကြည်မှု တွေ ပို တိုးတက်လာမယ် လို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR