ပရီးမီးယားလိဂ် က VAR အကြောင်းကတော့ တစ်ပတ် တစ်မျိုး မရိုးနိုင်အောင်ကို ဇာတ်လမ်းတွေ များခဲ့သလို ၊ မနေ့ညကလဲ အငြင်းပွားစရာတွေ ရှိခဲ့ပြန်ပါတယ်။

VAR အသုံးပြုရတဲ့ ရည်ရွယ်ချက်ဟာ ကွင်းထဲက ဆုံးဖြတ်ချက် အမှတ်တွေကို တတ်နိုင်သမျှ လျှော့ချအောင် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ကြိုတင် ရှင်းလင်းချက် ထုတ်ထားခဲ့ပေမယ့် ၊ အဲဒီကြားကပဲ မရှင်းလင်းမှုတွေ ၊ အငြင်းပွားမှုတွေက ဆက်တိုက် ပေါ်ပေါက်နေတာပါ။

မနေ့ညကတော့ ဘရိုတ်တန် နဲ့ အဲဗာတန် တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ VAR ဟာ ပထမဆုံး အနေနဲ့ ပင်နယ်တီ သတ်မှတ်ပေးသွားခဲ့ပါတယ်။ သို့သော် ကစားသမားဟောင်း အများစု နဲ့ ရုပ်သံတင်ဆက်သူတွေ ကတော့ ဒါဟာ ပင်နယ်တီ ပေးစရာ မလိုတာ လူတိုင်းသိတယ်လို့ ဝေဖန်ခဲ့ကြပြီး ၊ VAR ရဲ့ ထိရောက်စွာ အသုံးချနိုင်မှုကိုလဲ မေးခွန်းထုတ်သွားခဲ့ကြပါတယ်။

အဲဗာတန် အသင်းဟာ 1-0 နဲ့ အဝေးကွင်းမှာ ဦးဆောင် ထားနိုင်ချိန်မှာ နောက်တန်း ကစားသမား မိုက်ကယ်ကိန်း က ၊ ဘရိုတ်တန် ကစားသမား ကွန်နော်လီ ကို ဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပင်နယ်တီ သတ်မှတ် ပေးခဲ့တာပါ။

ရုပ်သံ အနှေးပြကွက်တွေ အရ ကိန်းဟာ ပင်နယ်တီ ပေးဖို့ လုံလောက်တဲ့ ပုံစံမျိုးအထိ ပြိုင်ဘက် အပေါ် ကျူးလွန်းခြင်း မရှိခဲ့သည့်တိုင်အောင် VAR က ပင်နယ်တီ အဖြစ် ၊ ဒီရာသီ ရဲ့ ပထမဆုံး အကြိမ် ပင်နယ်တီကို သတ်မှတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း နည်းပြဟောင်း အလန်ပါဂျူး ကတော့ အဲဒီ အနေအထား နဲ့ ပတ်သက်ပြီး “ ဒါဟာ ပင်နယ်တီ မဟုတ်ဘူး ဆိုတာ ပရော်ဖက်ရှင် ဘောလုံးသမားတိုင်း သိပါတယ်။ ဒီအနေအထားကြောင့် ၊ VAR ရဲ့ ဆုံးဖြတ်ချက် နဲ့ အတူ ပွဲကလဲ အများကြီး ပြောင်းလဲ သွားတာလေ။

လုံးဝကို ပင်နယ်တီ မပေးသင့်ဘူးဗျာ။ မိုက်ကယ်ကိန်း က ပြစ်ဒဏ် ကျူးလွန်းတယ် ဆိုရင်တောင် ထိတယ်ပြောရုံ ထိသွားတာပါ။ မာကို ဆေးဗားကတော့ ဒီဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်ပျက်နေမှာ သေချာပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အဲဗာတန်ဟာ အဲဒီ ပင်နယ်တီကြောင့် ချေပဂိုး ပေးလိုက်ရပြီး ၊ ပွဲပြီးဖို့ နာကျင် အချိန်ပို အရောက်မှာတော့ နောက်ကျ အနိုင်ဂိုးကိုပါ ခွင့်ပြုလိုက်ရတာ ဖြစ်ကာ အဝေးကွင်း ရှုံးပွဲ ကြုံတွေ့ သွားခဲ့ပါတယ်။

ဒါ့အပြင် အားကစား အစီအစဉ်တွေ တင်ဆက်နေတဲ့ အင်္ဂလန် တိုက်စစ်မှုးဟောင်း ဂယ်ရီ လိုင်နီကာ ကလဲ “ VAR ဟာ ဒီရာသီမှာ ပင်နယ်တီ မပေးသေးဘူးလို့ ပြောခဲ့ကြလို့ ထင်တယ် ၊ တကယ်တမ်း ပင်နယ်တီ ပေးတော့လဲ ပြောစရာတွေ တစ်ပုံတစ်ပင်နဲ့ ။ နောက်ထပ် အငြင်းပွားစရာတွေတော့ ဆက်ပြီး မြင့်တက်နေဦးမှာပဲ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

BBC Radio ကနေ တင်ဆက်နေတဲ့ အိုင်ယန် ဒင်းနစ် ကတော့ VAR ရဲ့ မှားယွင်းမှုလို့တောင် မသုံးနှုန်းပဲ ၊ ဟာသ ဆန်လွန်းတဲ့ ဆုံးဖြတ်ချက်လို့တောင် မှတ်ချက် ပေးသွားခဲ့ပါတယ်။

 

“ လူတွေကတော့ မိုက်ကယ်ကိန်းဟာ ပြစ်ဒဏ်ကျူးလွန်တယ် ဆိုပြီး ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ် …….ပြစ်ဒဏ်ကျူးလွန်တိုင်း ပင်နယ်တီ ပေးစရာ မလိုပါဘူး။ ဒီအနေအထား က ပင်နယ်တီ လုံး၀ ပေးရမှာ မဟုတ်လို့ ၊ အကြီးအကျယ် မှားယွင်းမှုကြီးဗျာ။

လူတွေကို ဟာသ လုပ်ပြ နေသလိုပါပဲ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

နောက်ထပ် ထောက်ပြစရာ တစ်ချုက်ကတော့ မန်စီးတီး နဲ့ အက်စ်တွန်ဗီလာ တို့ ပွဲစဉ်မှာ ထပ်ပြီး ပေါ်ပေါက်ခဲ့တာပါ။ မန်စီးတီး သွင်းယူ လိုက်တဲ့ ဂိုးဟာ ဒီဘရိုင်း ဆိုပြီး အစောပိုင်းမှာ Data ယူတဲ့ Company တွေက ဖော်ပြခဲ့ကြပါတယ်။

အဲဒီ အနေအထားမှာ ဒီဘရိုင်း ရဲ့ သွင်းဂိုးလား ၊ ဒေးဗစ်ဆေးဗား ရဲ့ ဂိုးလား ဆိုတာ VAR က ကောင်းကောင်း ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိပါဘူး။

ပွဲအပြီးမှသာ ဘုတ်အဖွဲ့ အဆုံးအဖြတ် ခံယူခဲ့ရပြီး ဒေးဗစ်ဆေးဗား ရဲ့ သွင်းဂိုး အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုထိတော့ VAR နဲ့ ပတ်သက်တဲ့ အငြင်းပွားစရာတွေ ဆက်တိုက် ပေါ်ပေါက်နေဆဲမို့ ၊ ဒီညမှာရော ဘယ်လို ပေါ်လာဦးမလဲ ဆိုတာ…………….

SM

Zawgyi

ပြောစရာ ဖြစ်ပြန်ပြီ VAR
***************

















SM