ယူနိုက်တက် အသင်းဟာ ရီးရဲလ် အသင်းရဲ့ ဝေးလ်တောင်ပံတိုက်စစ် ကစားသမား ဂါရတ်ဘေးလ်ကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ နွေရာသီအတွင်း မှာ အတော်လေးနီးစပ်ခဲ့ပေမယ့် ကာယကံရှင် ကစားသမားရဲ့ လုပ် ခ လစာပမာ ဏ က အရမ်းကြီးမား များပြားနေခဲ့တာဖြစ်ပါတယ်။
ထိုစဉ် က ရီးရဲလ် အသင်းရဲ့ တကျော့ပြန် နည်းပြကြီး ဇီဒန်းက ဂါရတ်ဘေးလ်ဟာ အသင်းရဲ့ အနာဂတ်စီမံကိန်း တွေ အတွင်းပါဝင်ခြင်း မရှိတော့ဘူး လို့ တောင် ထုတ်ပြောခဲ့တာ ဖြစ်ပြီး သူ့ကို တရာသီ အငှားနဲ့ ခေါ်ယူသွားဖို့ ယူနိုက်တက် အသင်းက အခွင့်အရေးရခဲ့တယ်လို့ Mirror သတင်းစာကပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာ ဖော်ပြထားခဲ့ဖူးတာဖြစစ်ပါတယ်။
ယူနိုက်တက် အသင်းဟာ ထိုအချိန်မှာ စျေးကွက် အတွင်း ကမ္ဘာ့အဆင့် ကစား သမား မျိုးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက် အသင်းရဲ့ နည်းပြ ကြီးဆိုးလ်ရှားက အသက်၃၀ အရွယ် ဂါရတ်ဘေးလ်ကို တပတ်လုပ်ခ ပေါင် ၅သိန်းအထိပေးပြီး ပရီးမီးယားလိဂ်ကိုပြန်ခေါ်မယ့် အစီအစဉ်ကို လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ဂါရတ်ဘေးလ် ဟာ ဒဏ်ရာပြသနာ တွေ မကြာခဏ ဆိုသလို ကြုံတွေ့တတ်တဲ့ ကစားသမားတဦးဖြစ်တာကြောင့်ဖြစ်တယ် လို့ သတင်းတွေကဆိုပါတယ်။ယူနိုက်တက် အသင်းဟာ သူတို့အသင်းခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကို ကိုယ်ပိုင်စုံစမ်းရေးမှုးတွေနဲ့ ကင်းထောက်တွေကိုစေလွှတ်ပြီး အနီးကပ်စောင့်ကြည့်နေစေတတ်တဲ့ အသင်းမျိုးဖြစ်ပါတယ်။
ဒါကြောင့် လည်း ဂါရတ်ဘေးလ်ရဲ့ ကြံံ့ခိုင်မှု အခြေအနေ မှတ်တမ်းကို သုံးသပ် ကြည့်ရှု စစ်ဆေးအပြီးမှာ သူ့ကို ခေါ်ယူဖို့ သဘောတူညီ မှုတွေက အေးခဲသွားခဲ့တာဖြစ်ပါတယ်။ဂါရတ်ဘေးလ်ဟာ ဘောလုံးပွဲတွေနဲ့ ဝေးကွာနေချိန်မှာ ဂေါက်သီး ရိုက်လေ့ရှိတာဖြစ်လို့ ရီးရဲလ်အသင်းဖော်တွေက ‘ ဂေါက်သမား ‘ လို့တောင် အမည်ပြောင်ပေးထားကြပါတယ်။
ယူနိုက်တက် အသင်းနဲ့ အတော်လေး နီးနီးစပ်စပ် ရှိတဲ့ သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ ယူနိုက်တက် အသင်းဟာ စပါး၊ ဆောက်သမ်တန် တို့ရဲ့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ဂါရတ်ဘေးလ် ကသာ သူတို့ပေးချေချင်တဲ့ လုပ်ခလစာပမာဏအတိုင်း လက်မခံပါက ခေါ်ယူဖို့ကြိုးပမ်းမှုကို ထပ်ပြီးလုပ်တော့မှာ မဟုတ်ဘူးလို့ လည်းသိရပါတယ်။
တချိန်တည်းမှာပဲ ယူနိုက်တက် အသင်းဟာ ဒေါ့မွန် အသင်းရဲ့ကြယ်ပွင့် တောင်ပံ ကစားသမားလေး ဂျေဒန်ဆန်ချိုကို မန်ချက်စတာမြေကိုပြန်ခေါ်ဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။မန်စီးတီး အကယ်ဒမီထွက်တဦးဖြစ်တဲ့ ဆန်ချိုဟာ ဂျာမန်မြေကို ရောက်လာအပြီးမှာတောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နေတဲ့အင်္ဂလန်လူငယ်လေးတဦးဖြစ်ပါတယ်။
သူဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပြီး ပွဲထွက်ခွင့် ပိုမိုသေချာစေဖို့ အတွက် လွန်ခဲ့တဲ့ ၂ရာသီ လောက်က အီတီဟတ် မြေကိုစွန့်ခွာပြီး ဘွန်ဒက်လီဂါ ပြိုင်ပွဲကြီးဆီကို စွန့်စားပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့ပြီး ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတဦးအဖြစ်ရှိနေပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန် လက်ရွေးစင် အသင်းမှာ လည်း ပုံမှန်ကစားခွင့်ရနေပြီ ဖြစ်တဲ့ ဆန်ချို ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက် အသင်းဟာ ပေါင်သန်း ၁၀၀ကျော်ပေးချေဖို့ကို လက်တွန့်ဖွယ်ရှိမနေတာဖြစ်ပါတယ်။ယူနိုက်တက် အသင်းဟာ ကစားသမားတွေကို များပြားတဲ့ လုပ်ခလစာပဏမျိုးပေးချေရမှုဒဏ်ကို ခံနေရတဲ့ အသင်းတသင်းဖြစ်ပါတယ်။
သူတို့ဟာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ဆန်းချက်ကို လွန်ခဲ့တဲ့ ၁၈လ လောက်က ခေါ်ယူထားခဲ့တာဖြစ်ပြီး ဒီချီလီ သားအတွက် တပတ်လုပ်ခပေါင် ၅သိန်း အထိပေးချေနေရတာဖြစ်ပါတယ်။အခုချိန်မှာ အင်တာမီလန်အသင်းထံ အငှားချထားခဲ့ပေမယ့် လစာ ရဲ့ ရာခိုင်နှုန်းအတော်များများကို စိုက်ပေးနေရဆဲ ဖြစ်တယ်လို့သိရပါတယ်။
ဆန်းချက်ဟာနိုင်ငံတကာ ပွဲစဉ်တွေအတွင်း ချီလီ အသင်းအတွက် ကစားပေးရင်းရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့်နှစ်သစ်ကူး ကာလအထိ အနားယူရတော့မှာဖြစ်ပါတယ်။သူဟာ အခုရာသီကုန်မှာ ယူနိုက်တက် အသင်းကိုပြန်ပို့ခံရဖွယ်ရှိနေတာဖြစ်ပြီး နည်းပြဆိုးလ်ရှားက အလိုမရှိတဲ့ ကစားသမားတဦးဖြစ်လို့ အသင်းအတွက် ထိုးနှက်ချက်တွေဖြစ်လာဖွယ်ရှိနေပါတယ်။
SM
Zawgyi
ဘေးလ်ကိုခေါ်ယူဖို့နီးစပ်ခဲ့ပေမယ့်အကြောင်းရင်းတခုကြောင့် လက်လျှော့ထားခဲ့တဲ့ #ယူနိုက်တက်အသင်း
====================================
SM