မက်ဆီ ဟာ ဘောလုံး ကမ္ဘာကြီး ကို ၂၀၀၆ ခုနှစ် လောက် ကတည်းက စပြီး မိတ်ဆက် ခဲ့ကာ ဆယ်စုနှစ် ၁ ခု ကျော် ကြာသည် အထိ အကောင်းဆုံး ခြေစွမ်း တွေ ကို ထိန်းသိမ်း ထားနိုင် ဆဲ ဖြစ် ပါတယ် ။ မက်ဆီ ဟာ ပင်ကိုယ် ဘောလုံး အရည် အသွေး ကြွယ်ဝသူ တစ်ဦး ဖြစ်တယ် လို့ အားလုံးက လက်ခံ ယုံကြည် ထားခဲ့ပြီး ဒါဟာ အသက်အရွယ် ကြီးမြင့် နေသည့် တိုင်အောင် ထိပ်တန်း ခြေစွမ်းတွေ ကို ပြသနိုင်နေတဲ့ သော့ချက် ဖြစ်တယ် လို့ သုံးသပ် ထားကြ ပါတယ် ။

“အသင်း နဲ့ ပူးပေါင်း ဆောင်ရွက် တတ်အောင် ကျွန်တော် သင်ကြား ခဲ့ရ ပါတယ် ။ ဒီ သင်ကြားမှု တွေ က ပဲ ကျွန်တော့ ကို ဘယ် အချိန် မှာ ဘာလုပ် ရမယ် ၊ ဘယ်သူတွေ နဲ့ တွဲဖက် လုပ်ဆောင် ရမယ် ဆိုတာတွေ ကို သင်ယူ စေခဲ့ တာပါ”

“တစ်ခါ တစ်ရံ မှာတော့ ဒီပွဲ ဟာ ကျွန်တော့ ရဲ့ ပွဲ မဟုတ်ဘူး လို့ ခံစား မိတာ မျိုးတွေ ရှိ ပါတယ် ။ ဒါတွေ ကလည်း ကျွန်တော် သင်ယူ ခဲ့ရတဲ့ အရာ တွေပါပဲ” လို့ ကမ္ဘာ ကျော် ဘောလုံး သမား ကြီး လီယွန်နယ် မက်ဆီ က အင်တာဗျုး အစီအစဉ် မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ ဘောလုံး သမား ဘဝ အစမှာ ကာယပိုင်း ကို အသားပြုပြီး လေ့ကျင့်မှုတွေ ပြုလုပ် ခဲ့ရတယ် လို့ လည်း မက်ဆီ က ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ ဘောလုံး သမား ဘဝ ကို နယူးဝဲလ် အိုဘွိုင်း အသင်း နဲ့ စတင် ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ က လက်ဦးမှု ရယူ နိုင်ခဲ့တာ ဖြစ် ပါတယ် ။

“ကလေး ဘဝ ဘောလုံး စ ကစားတုန်းက ကိုယ်လုံး နဲ့ အခု နဲ့ က အရမ်းကို ကွာခြား သွားပါပြီ ။ လေ့ကျင့်မှု တွေ ၊ အစား အသောက် တွေ နဲ့ ပြင်ဆင်မှု တွေ က အခုလို ပြောင်းလဲ စေခဲ့ တာပါ ။ လွန်ခဲ့တဲ့ နှစ် အနည်းငယ် လောက်က စပြီး ကျွန်တော့ မှာ ပြောင်းလဲမှု အသစ်တွေ ရှိ လာခဲ့ ပါတယ်”

“အနာ သက်သာစေတဲ့ ဆေးတွေ ထိုးခဲ့ရတာ ကိုလည်း မမေ့နိုင် ပါဘူး ။ ဒီ ဆေးတွေ က အိတ်ကပ် ထဲ ထည့် ပြီး သွားလေရာ ဆောင်ထားရတဲ့ ဘောပင် တစ်ချောင်း လိုပါပဲ ။ တစ်ခါ တစ်လေ သူငယ်ချင်းတွေ ရဲ့ အိမ်ကို အလည် သွားရင်း တောင်မှ သူတို့ အခန်းထဲ မှာ ကိုယ့်ဘာသာ ဆေးထိုး ရတာမျိုးတွေ ရှိခဲ့ ပါတယ်”

“ဒါက အခု မှ ဖြစ်ခဲ့တာ မဟုတ် ပါဘူး ၁၁ – ၁၂ အရွယ် လောက် ကတည်းက စပြီး ဖြစ်လာ ခဲ့တဲ့ အရာ ပါ မိဘတွေ က တော့ အရမ်းကို စိုးရိမ် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ရဲ့ အနာဂါတ် အတွက် ဒါက အရေးပါ ခဲ့ ပါတယ်” လို့ မက်ဆီ က သူ့ရဲ့ ငယ်စဉ် ဘဝ ဖြတ်သန်းမှု အကြောင်းတွေ ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

အာဂျင်တီးနား မှာ ရှိခဲ့စဉ် အချိန် တုန်းက သူ့ရဲ့ ဘဝ မှာ ဘောလုံး နဲ့ ဘယ်လို အောင်မြင် ရမယ် ဆိုတာ ကို လုံးဝ တွေးတော ရည်မှန်းထားခဲ့ ခြင်း မရှိကြောင်း နဲ့ ဘာစီလိုနာ ဟာ သူ့ကို အိပ်မက် တွေ မက်စေ ခဲ့တဲ့ နေရာ ဖြစ်တယ် လို့ လည်း မက်ဆီ က ပြောဆို သွားခဲ့ ပါတယ် ။

“ကလေး ဘဝ တုန်းက တိကျ တဲ့ အိပ်မက် ဆိုတာ မျိုး မရှိခဲ့ ပါဘူး ။ ဘယ်အရာ က မှ ကျွန်တော့ ကို စူးစူး စိုက်စိုက် ဖြစ်ဖို့ မဆွဲဆောင် နိုင်ခဲ့ သလို ပါပဲ ။ ဒါတွေ အားလုံး ( အခု ရနေတဲ့ အောင်မြင်မှုတွေ ) ဟာ ဒီကို ရောက်မှ စခဲ့ တာပါ”

“အာဂျင်တီးနား အသင်း အတွက် ကစား ပေးဖို့ ဆိုတာ လည်း ၁၄-၁၅ လောက် မှ ပြင်းပြင်း ပြပြ စိတ်ကူး မိလာ ခဲ့တာပါ ။ အဲ့တုန်းက ကျွန်တော် ဘာစီလိုနာ မှာ ပဲ ရှိပါ သေးတယ် ။ နိုင်ငံ အသင်း မှာ ရွေးခံ ရတာဟာ ကျွန်တော့ အတွက် အရာများစွာ ကို အိပ်မက် မက်ဖို့ ဖြစ်လာ စေခဲ့ ပါတယ်”

“အခု ကျွန်တော် ကြိုးစား တတ်လာ ပါပြီ ။ အရင်တုန်းက ကြိုးစား ခဲ့တာ တွေ ရှိသလို နောက်လည်း ဆက်ပြီး ကြိုးစား နေဦး မှာပါ” လို့ မက်ဆီ က ပြောပြသ ွားခဲ့ ပါတယ် ။

ကတ်တလန် ဒေသ အတွင်း မငြိမ် မသက် ဖြစ်မှု တွေ ကြောင့် ဘာစီလိုနာ အသင်း ဟာ ယခု အပတ် မှာ ပွဲကစား ရဖို့ မရှိဘဲ ကစား သမားတွေ အနားရ နေခဲ့ ပါတယ် ။ လာမယ့် ၃၀ ရက်နေ့ မှာတော့ ဘာစီလိုနာ ဟာ လာလီဂါ ပွဲစဉ် အဖြစ် ဗယ်လာဒိုးလစ် အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

သဘာဝက ပေးတဲ့ အရည်အသွေးတွေ က ဘာတွေလဲ ဆိုတာ ထုတ်ဖော်ပြောပြသွားတဲ့ လီယွန်နယ်မက်ဆီ

================================================













SPORTS MYANMAR