* အာဆင်နယ် အမျိုးသမီး အသင်း တိုက်စစ်မှူး မီဒမ်မာ ဟာ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်မှာ နှစ်ဂိုး သွင်းယူ နိုင်ခဲ့ပြီး နယ်သာလန် အမျိုးသမီး ဘောလုံး အသင်း သမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ မီဒမ်မာ ဟာ နယ်သာလန် လက်ရွေးစင် အသင်းအတွက် ၇၇ ပွဲ ကစားပြီး ဂိုး ၆၀ သွင်းယူကာ စံချိန်သစ် စိုက်ထူ နိုင်ခဲ့တာပါ ။

* အီတလီ အခြေစိုက် အားကစား သတင်းစာ Tuttosport ဟာ ၂၀၁၉ ခုနှစ် အတွက် Golden Boy ဆု ဆန်ကာတင် ကစား သမား ၁၀၀ ရဲ့ အမည် စာရင်း ကို ထုတ်ပြန် လိုက်ပြီ ဖြစ် ပါတယ် ။ အဆိုပါစာရင်း မှာ အာဆင်နယ် အသင်းရဲ့ လူငယ် ကစားသမား ဂွမ်ဒူဇီ လည်း ပါဝင်ခဲ့ပြီး ဒီလစ် ၊ ဂျေဒန် ဆန်ချို ၊ ဗီနီ ဆီယပ် ၊ ဖိုဒန် ၊ အိုဒွိုင်း စတဲ့ လူငယ် အကျော် အမော် ကစား သမား လေး တွေ လည်း ပါဝင် လာခဲ့ပါတယ် ။

* အာဆင်နယ် ကွင်းလယ် ကစားသမား ရှာကာ ကတော့ သူ့အနေနဲ့ အင်တာမီလန် ကို ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းတွေဟာ လုံးဝ မမှန်ကန်ဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်သလို ၊ အဆက်အသွယ်တောင် မရှိဘူးလို့ ငြင်းဆို သွားခဲ့ ပါတယ် ။

* အာဆင်နယ် အသင်းဟာ လော်ရီယန့် အသင်း ရဲ့ ပြင်သစ် လူငယ် တောင်ပံ ကစားသမား အလက်ဆစ် ကလောဒ့် မောရိုက်စ် ( Alexis Claude-Maurice ) ကို ပေါင် ၁၄ သန်း နဲ့ ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရတယ်လို့ Daily Mail က ဖော်ပြ လိုက်ပါတယ် ။

* ရီယန့် အသင်း ရဲ့ ပြင်သစ် လူငယ် တောင်ပံ ကစားသမား အလက်ဆစ် ကလောဒ့် မောရိုက်စ် ( Alexis Claude-Maurice ) ကို ပေါင် ၁၄ သန်း နဲ့ ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရတယ်လို့ Daily Mail က ဖော်ပြ လိုက်ပါတယ် ။

* Mundo Deportivo ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းဟာ နှစ်စဉ် ကျင်းပနေကြ Joam Gamper ဖလား ပွဲမှာ အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားမယ်လို့ သိရပါတယ် ။ အဆိုပါ ဖလားပွဲကို သြဂုတ်လ ၄ ရက် ၊ တနင်္ဂနွေနေ့ ၊ နူးကမ့်မှာ ကစားသွားမယ်လို့လည်း သိရပါတယ် ။

* အာဆင်နယ် အသင်း ရဲ့ လူငယ် တိုက်စစ် ကစားသမားလေး ရိုင်းစ်နယ်လ်ဆင် က လာမယ့် ရာသီမှာ အသင်းကြီးမှာ ပွဲထွက် ကစားခွင့် ရဖို့ မျှော်လင့် ထားကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဘယ်နောက်ခံလူ ကိုလာစီနက် နဲ့ သူ့ရဲ့ ချစ်သူ ဘယ်လီ တို့ရဲ့ လက်ထပ် မင်္ဂလာပွဲ အခမ်းအနားကို အသင်းဖော် ကစားသမားတွေ ဖြစ်တဲ့ မီဆွတ် အိုဇေးလ် နဲ့ မူစတာဖီ တို့ တက်ရောက် အားပေး ချီးမြှင့် ခဲ့ကြပါတယ် ။

* စီရီးအေ ကလပ် အေစီမီလန် အသင်း ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ မှာ အာဆင်နယ် ကွင်းလယ်လူ တော်ရီးယား ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပြီး ကွင်းလယ်လူ ဖရန့် ကတ်စီ ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ် ။

* အာဆင်နယ် အသင်းဟာ ကာကာ လက်သစ် လို့ နာမည်ကြီး နေတဲ့ ဖလာမင်ဂို လူငယ် ကစားသမား ဂျီးဆပ် ( Reinier Jesus ) ကို ခေါ်ယူဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ် ။ ဒါပေမယ့်လည်း အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဂျီးဆပ် ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် သန်း ၆၀ တောင် ရှိနေပါတယ် ။

Arsenal’s Spanish head coach Unai Emery gestures on the touchline during the English Premier League football match between Tottenham Hotspur and Arsenal at Wembley Stadium in London, on March 2, 2019. (Photo by Daniel LEAL-OLIVAS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

* အာဆင်နယ် ရဲ့ ကိုလံဘီယာ ဂိုးသမား အော့စ်ပင်နာ ဟာ ယနေ့နံနက် က အာဂျင်တီးနား အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိက ဖလား အုပ်စု ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး Clean-Sheet ရယူ နိုင်ခဲ့ပါတယ် ။

* ဂျာမန် သတင်းထောက် တစ်ဦး ဖြစ်တဲ့ ရာဖေးလ် ဟိုနစ်စတိန်း က အိုဇေးလ် ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ တူရကီ ၊ တရုတ် တို့ကို ပြောင်းရွှေ့ မှာ မဟုတ်ကြောင်း ၊ အာဆင်နယ် အသင်းမှာပဲ သေချာပေါက် ဆက်ကစားလိမ့်မယ်လို့ အခိုင်အမာ သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR