ကမ္ဘာပေါ်က Martial Arts ပြိုင်ပွဲတွေထဲမှာ ဈေးကွက်အကြီးမားဆုံး ပြိုင်ပွဲ ဖြစ်လာဖို့ ကြိုးစားနေတဲ့ One Championship တည်ထောင်သူ ချက်ထရီ ကတော့ မြန်မာ့ သူရဲကောင်း အောင်လ အန်ဆန်းကို ချီးကျူးစကားတွေ သီးကုံးသွားခဲ့ပြီး ၊ မျိုးဆက်သစ်တို့ အတွက် ပြယုဂ် တစ်ခု ၊ One Championship ရဲ့ ပုံရိပ် တစ်ခုလို့ တင်စားသွားခဲ့ပါတယ်။

ချက်ထရီ ဟာ Martial Arts တို့ရဲ့ မွေးဖွားရာ အာရှမြေမှာ ၊ ဖိုက်တာတွေ က ဂုဏ်သိက္ခာကြီးမားစွာ နဲ့ ရပ်တည်ပြနိုင်ရမယ်လို့ ကြွေးကြော်ထားသူ ဖြစ်ပြီး ၊ တစ်ကယ် စစ်မှန်တဲ့ Martial Artists တွေရဲ့ ပုံရိပ်ကို မြင်တွေ့စေရမယ်လို့ ပြောဆိုထားခဲ့သူ ဖြစ်ပါတယ်။

သူ ကိုယ်တိုင်လဲ ဖိုက်တာ တစ်ယောက်ဘ၀ ကနေ စီးပွားရေး လောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး ၊ ဟားဗက် က MBA ဘွဲကို ရယူနိုင်ခဲ့သလို ၊ ဝေါစထိလိုနေရာမျိုးမှာ ကျင်လည်ကာ ငွေကြေး စုဆောင်မှုတွေ ပြုလုပ် နိုင်ခဲ့ပြီးနောက် One Championship ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် One Championship ဟာ အမြတ်အစွန်း တစ်ပြားမှ ရရှိခြင်း မရှိသေးသည့် တိုင်အောင် ၊ သူ့ဆီမှာ လာရောက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ချင်တဲ့ ကမ္ဘာကျော် သူဌေးတွေကို ဝိုင်းဝိုင်းလည်လျှက် ရှိနေပါတယ်။

သူဟာ မကြာခင်က ကျင်းပခဲ့တဲ့ One Century ပြိုင်ပွဲကို အမေရိကားမှာ ပထမဆုံး အကြိမ် တိုက်ရိုတ် ထုတ်လွှင့်ပြသအောင် လုပ်ဆောင်နိုင်ခဲ့သလို ၊ လာမယ့်နှစ်မှာလဲ အမေရိကားမှာ ပြိုင်ပွဲတွေ သွားရောက် ကျင်းပရင်း One Championship ကို ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲ တစ်ခုအဖြစ် မှတ်ကျောက် တင်ခံဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြန်မာ့ သူရဲကောင်းကြီး နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ထုတ်ဖော်ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တဲ့ အပြင် ၊ ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ ဂုဏ်ပုဒ် ရရှိထားသည့် တိုင်အောင် မာန်မတက်ပဲ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး အမြဲတမ်း နေထိုင်တတ်တဲ့ အောင်လ အန်ဆန်း ရဲ့ အတုယူစရာ အချက်တစ်ချက်ကိုလဲ မီးမောင်း ထိုးပြသွားခဲ့ပါတယ်။

“ ကျနော့်မှာ အငြင်းပွားဖွယ်ရာမရှိ ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အန်ဆန်း နဲ့ ပတ်သက်ပြီး အားကျမိတဲ့ အချက်တွေ တေ်ာတော်လေးကို များပါတယ်။

လွန်းခဲ့တဲ့ 3 နှစ်လောက် က ဆိုရင် အောင်လ အန်ဆန်း ဆိုတာ ၊ One Championship က ဖိုက်တာတွေထဲက ဖိုက်တာ တစ်ယောက် ဆိုတဲ့ အနေအထားထက် မပိုပါဘူး။ ဒီကနေ့မှာတော့ သူဟာ 54 သန်းသော မြန်မာ ပြည်သူတွေ ရဲ့ အသိအမှတ် အပြုခံရဆုံး လူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

မနှစ်ကဆိုရင် အောင်လ အန်ဆန်း အတွက် မြန်မာပြည်မှ ရုပ်တုထုလုပ်ပြီးတောင် ဂုဏ်ပြုခဲ့ကြတာ နိုင်ငံတကာ က လူတွေ သိကြဦးမယ် မထင်ပါဘူး ။ သူ့ရဲ့ ဘ၀ ဖြတ်သန်းပုံတွေ ၊ အောင်မြင်မှုတွေ က မြန်မာပြည်သားတွေ အတွက် ဘယ်လောက်အထိ အားကျစရာ ကောင်းလဲ ဆိုတာ ဒါက လှစ်ပြနေတာပါ။ အဲဒီ ရုပ်တု ဖွင့်ပွဲတုန်းကဆိုရင် လူပေါင်း 10000 လောက်တောင် တက်ရောက် အားပေးခဲ့ကြပါသေးတယ်။

အခုတော့ အောင်လ အန်ဆန်းဟာ သူ့ရဲ့ ဂန္တဝင်တွင်မယ့် အခိုက်အတန့်တွေကို လာမယ့် နှစ်တွေ အတွင်း ဆက်ပြီး ဖြတ်ကျော် သွားတော့မှာပါ။ ကျနော် ကိုယ်တိုင် ခန့်မှန်းကြည့်ရရင် သူဟာ မကြာခင်မှာပဲ ကမ္ဘာပေါ်က ဂုဏ်သိက္ခာ အကြီးမားဆုံး ဖိုက်တာတွေ ထဲက တစ်ယောက် ဖြစ်လာမယ် ဆိုတာ ကြိုပြောရဲပါတယ်။ သူ့ရဲ့ စိတ်လှုပ်ရှာ စရာကောင်းတဲ့ ထိုးသတ်ပုံတွေ ၊ မလျှော့သော ဇွဲသတ္တိ နဲ့ ပွဲကို အဆုံးသတ်ပြ နိုင်တဲ့ စွမ်းဆောင်ရည်တွေက အဲဒီလို ကျော်ကြားမှုတွေ နဲ့လဲ ထိုက်တန်မှု အပြည့်ရှိပါတယ်။

နောက်ထပ် အခိုင်အမာ ပြောရဲတာ တစ်ခုက ငွေကြေး ချမ်းသာမှုတွေ ၊ ကြော်ကြားမှုတွေ နဲ့ အောင်မြင်မှုတွေဟာ အောင်လ အန်ဆန်း ဆိုတဲ့ လူရဲ့ ခံယူချက်ကို ကိုင်လှုပ်နိုင်စွမ်း မရှိပါဘူး။ သူဟာ နိုင်ငံတကာ အဆင့်မှာ မြန်မာ့သူရဲကောင်း တစ်ယောက် ဖြစ်လာသည့် တိုင်အောင် ကိုယ့်ကိုကိုယ် နှိမ့်ချနေတယ် ၊ အကြင်နာ တရားအမြဲထားတယ် ၊ လူတိုင်းအပေါ်လဲ မေတ္တာတရားကြီးမားပြီး ၊ ကျနော် စပြီးတွေ့ခဲ့တုန်းကလိုပဲ စိတ်ဓါတ်ခိုင်မာတဲ့ အောင်လ အန်ဆန်းလိုပဲ ဘာမှပြောင်းလဲ မသွားပါဘူး။

အခု သူဟာ ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံပါ ဒါပေမယ့် နောက်ထပ် အရေးအကြီးဆုံး တစ်ချက် က သူဟာ ကျနော်တို့ အားလုံးအတွက် စံပြလူသား တစ်ယောက်ပါ ၊ အထူးသဖြင့် ကမ္ဘာပေါ်က လူငယ်တိုင်း အတွက် အတုယူ အားကျရမယ့် သူပါ။

သူဟာ လူသားဆန်တယ် ၊ လေးစားမှု အပြည့်ထားတယ် ၊ သတ္တဗျတ္တိလဲရှိတယ် ၊ စည်းကမ်း ရိုသေ သလို ၊ ကိုယ်ချင်းစာစိတ် အပြည့်ရှိတ့ လူတစ်ယောက်ပေါ့။

One Century က အောင်ပွဲ အတွက် Congratulations ပါ အောင်လ အန်ဆန်းရေ………မင်းရဲ့ လာမယ့် ပွဲစဉ်တွေကိုလဲ ကြည့်ရှုခွင့် ရဖို့ မစောင့်နိုင်တော့ပါဘူး။ One Championship ကလဲ မင်းလို ဖိုက်တာတစ်ယောက် နဲ့ လက်တွဲခွင့် ရတာ အတိုင်းမသိကို ဂုဏ်ယူနေမိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

အောင်လ အန်ဆန်း ဟာ မျိုးဆက်သစ် လူငယ်တိုင်းအတွက် ပြယုဂ် တစ်ခုလို့ ဂုဏ်ပြု ချီးကျူးလိုက်တဲ့ One Championship ဥက္ကဌ






“ ကျနော့်မှာ အငြင်းပွားဖွယ်ရာမရှိ ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အန်ဆန်း နဲ့ ပတ်သက်ပြီး အားကျမိတဲ့ အချက်တွေ တော်တော်လေးကို များပါတယ်။








SPORTS MYANMAR