ဒီ တစ်ပါတ် မှာတော့ ပရီးမီးယား လိဂ် အမှတ်ပေး ဇယား အဆင့် 19 နေရာ မှာ ရပ်တည် နေတဲ့ နောဝှစ်ချ် အသင်း ဟာ ပရီးမီးယား လိဂ် ပွဲစဉ် 10 အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစား ရပါ တော့မယ် ။
လက်ရှိ ရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ ပြီး ပွဲစဉ် 9 အထိ ကစား ပြီးတဲ့ အချိန် ရမှတ် 10 မှတ်သာ ရှာဖွေ ထားနိုင် ခဲ့ကာ နောဝှစ်ချ် အသင်း အထက် 3 မှတ် အကွာ အဆင့် 14 နေရာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် နဲ့ ပတ်သက် လို့ ဆိုးရွား လှတဲ့ အရာ တစ်ခု က အသင်း ရဲ့ တိုက်စစ် ပါပဲ ။ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ နောက်ပိုင်း ပွဲစဉ် တိုင်းမှာ ဂိုး လုံးဝ မသွင်း နိုင်တဲ့ ပွဲ နဲ့ တစ်ဂိုး သာ သွင်းယူ ထားနိုင် ခဲ့တဲ့ ပွဲစဉ် တွေကို ပဲ ပိုင်ဆိုင် ထားခဲ့ ခြင်း ပါပဲ ။
ဒါ့ကြောင့် တိုက်စစ် ပိုင်းမှာ အဆိပ် အတောက် နည်းပါး ပြီး တစ်ပွဲ အတွင်း အများဆုံး တစ်ဂိုး သာ သွင်းယူ ထားနိုင် ခဲ့တဲ့ ယူနိုက်တက် အသင်း ကို ပြိုင်ဖက် အသင်း အတော် များများ က ရှိန် မနေ ကြတော့ ပဲ သူတင် ကိုယ်တိုင် ကစား လာခဲ့ ကြ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ ပွဲ အကြို သတင်းစာ ရှင်းလင်း ပွဲ မှာတော့ နောဝှစ်ချ် အသင်း နည်းပြ ဖြစ်သူ ဒန်နီယယ် ဖာရ်ကီ က အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ် ဟာ ကမ႓ာ့ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် ရှိနေ သေးဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” နောဝှစ်ချ် အသင်း နဲ့ နောဝှစ်ချ် အသင်း ရဲ့ ပရိသတ် တွေ အတွက် ကမ႓ာ့ အကောင်းဆုံး အသင်းကြီး တစ်သင်း ၊ ကမ႓ာ့ အကောင်းဆုံး အသင်းကြီး တွေနဲ့ ရင်ဆိုင် ကစား ခွင့် ရရှိဖို့ ဆိုတာ ခမ်းနား တဲ့ ရက်စွဲ တစ်ခု ကို ဖြစ်ပေါ် စေခဲ့ တာချည်း ပါပဲ ”
” ယူနိုက်တက် ဟာ ကမ႓ာ့ ဘောလုံး လောက မှာ အံ့ချီးဖွယ် တွေကို လုပ်ဆောင် ထားနိုင် ခဲ့တဲ့ နာမည်ကျော် ကလပ် အသင်း ပါ ။ သူတို့ တွေဟာ ယှဉ်ပြိုင် ခဲ့ကြ ဖူးတဲ့ ပြိုင်ပွဲ ရပ် တိုင်းမှာ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ် တွေကို ပိုင်ဆိုင် ထားနိုင် ခဲ့တဲ့ အသင်း မျိုး ပါပဲ ”
” ဒါ့ကြောင့် ဒီ ပွဲစဉ် က ကျွန်တော် တို့ အတွက် ကြီးမား လှတဲ့ စမ်းသပ် မှု တစ်ခု ဆိုတာ ကို ကျွန်တော် သိနေ ပါတယ် ။ ဒါက နောဝှစ်ချ် အသင်း နဲ့ ပတ်သက် ကြတဲ့ လူတွေ အားလုံး အတွက် တစ်ကယ့် ကို စိတ် လှုပ်ရှားဖွယ် ကောင်း လှတဲ့ ရက်စွဲ တစ်ခု ဖြစ်လာ ပါ လိမ့်မယ် ”
” ဒါဟာ ကျွန်တော် တို့ ကစား ခွင့် ရရှိ ဖို့ စောင့်မျှော် နေ ကြတဲ့ ပွဲစဉ် တစ်ပွဲ ပါ ။ ကျွန်တော် တို့ သူတို့ အပေါ် လေးစား မှု အပြည့် ရှိကြ ပါတယ် ။ ဒါဟာ ကြီးမား တဲ့ စမ်းသပ် မှု တစ်ခု ပလေ ။ ဒါ့ကြောင့် ကျွန်တော် တို့က ဘောလုံး အား ကစား ကို နှစ်သက် ကြတာ ပေါ့ဗျာ ” လို့ ဖာရ်ကီ က ရင်ဆိုင် ကစား ရမယ့် ပြိုင်ဖက် အသင်း အပေါ် လေးစား သမှု ပြသ သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် လက်ရှိ အမှတ်ပေး ဇယား တစ်ဝက် အောက် အထိ ကျဆင်း နေ ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ သိပ် မကြာခင် ဒါမှမဟုတ် နှောင်းပိုင်း ကာလ တစ်ခု မှာ အမှတ်ပေး ဇယား ထိပ်ပိုင်း အပေါ် ပြန်လည် တက်လှမ်း လာနိုင် လိမ့်မယ် လို့လဲ ယုံကြည် ထားကြောင်း ဖာရ်ကီ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော် တို့ တွေက နုံအ တဲ့ သူတွေ မဟုတ် ကြ ပါဘူး ။ သိပ် သေချာ တဲ့ အရာ တစ်ခု က လက်ရှိ အချိန် မှာ သူတို့ တွေဟာ အလို ရှိနေ ကြတဲ့ နေရာ တစ်ခု မှာ ရှိ မနေ ကြသေး ဘူး ဆိုတာ ပါပဲ ”
” ခင်ဗျား ဟာ ယူနိုက်တက် လို ကြီးမားတဲ့ ၊ ခမ်းနားတဲ့ အသင်း ကို ကိုင်တွယ် နေပြီ ဆိုရင် သူတို့ တွေရဲ့ ရည်မှန်းချက် က နိုင်ပွဲ တွေ ရရှိ ရုံတွင် မဟုတ် ပါဘူး ၊ ဆု ဖလား တွေကို ဆွတ်ခူး ရေးပါ ဖြစ်တယ် ဆိုတာ ခင်ဗျား သိရှိ နားလည် ထားရ ပါ့မယ် ”
” ဒါ့ကြောင့် လည်း ယူနိုက်တက် ဟာ ယှဉ်ပြိုင် ခဲ့ ဖူးတဲ့ ပြိုင်ပွဲ တုုိင်းမှာ ဆု ဖလား တွေကို ပိုင်ဆိုင် နိုင်ခဲ့ တာပါ ။ တစ်ခါတလေ ကျွန်တော် တို့ တွေမှာ အကူး အပြောင်း ကာလ ဆိုတာ ရှိတက် ပါတယ် ။ တစ်ကယ် တမ်းမှာ အဲ့တာ က တစ်ပါတ် (သို့) တစ်လ အတွင်း မှာ တိုးတက် ပြောင်းလဲ သွားနိုင် ပါတယ် ”
” ကျွန်တော် ကတော့ ဒီ ပွဲစဉ် နဲ့ ပတ်သက် လို့ တစ်ဖက် 50 ရာခိုင်နှုန်းစီ အခွင့် အရေး ရှိနေ တယ်လို့ လုံးဝ ပြောကြား မှာ မဟုတ် ပါဘူး ။ ကျွန်တော် အတွက် တော့ သူတို့ ဆီက ရမှတ် ယူနိုင် ဖို့ ဆိုတာ ဆယ်မှတ် ထဲက တစ်မှတ် ရနိုင် သလောက် ပဲ အခွင့် အရေး ရှိတဲ့ အရာ တစ်ခု ပါပဲ ” လို့ ဖာရ်ကီ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်မီ ပြိုင်ဖက် အသင်းရဲ့ အနေအထား အပေါ် မှတ်ချက် ပေးသွားလိုက်တဲ့ နောဝှစ်ခ်ျ နည်းပြ #ဖာရ်ကီ
================
ဒီ တစ်ပါတ် မှာတော့ ပရီးမီးယား လိဂ် အမှတ်ပေး ဇယား အဆင့် 19 နေရာ မှာ ရပ်တည် နေတဲ့ နောဝှစ်ခ်ျ အသင်း ဟာ ပရီးမီးယား လိဂ် ပွဲစဉ် 10 အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ကစား ရပါ တော့မယ် ။
လက်ရှိ ရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာလည်း ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေခဲ့ ပြီး ပွဲစဉ် 9 အထိ ကစား ပြီးတဲ့ အချိန် ရမှတ် 10 မှတ်သာ ရှာဖွေ ထားနိုင် ခဲ့ကာ နောဝှစ်ခ်ျ အသင်း အထက် 3 မှတ် အကွာ အဆင့် 14 နေရာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ ပွဲ အကြို သတင်းစာ ရှင်းလင်း ပွဲ မှာတော့ နောဝှစ်ခ်ျ အသင်း နည်းပြ ဖြစ်သူ ဒန်နီယယ် ဖာရ်ကီ က အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ် ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်း အဖြစ် ရှိနေ သေးဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” နောဝှစ်ခ်ျ အသင်း နဲ့ နောဝှစ်ခ်ျ အသင်း ရဲ့ ပရိသတ် တွေ အတွက် ကမ္ဘာ့ အကောင်းဆုံး အသင်းကြီး တစ်သင်း ၊ ကမ္ဘာ့ အကောင်းဆုံး အသင်းကြီး တွေနဲ့ ရင်ဆိုင် ကစား ခွင့် ရရှိဖို့ ဆိုတာ ခမ်းနား တဲ့ ရက်စွဲ တစ်ခု ကို ဖြစ်ပေါ် စေခဲ့ တာချည်း ပါပဲ ”
#Sports_Myanmar