မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ ည မြန်မာ စံတော်ချိန် ၁၁ နာရီ အချိန် မှာ ပရီးမီး ယားလိဂ် ပွဲစဉ် ( ၁၀ ) အဖြစ် နောဝှစ်ချ် စီးတီး အသင်းရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ ဒီပွဲ ဟာ နိုင်ငံ တကာ ပွဲစဉ် အပြီး ပြန်လည် စတင် ချိန် မှာ ရလဒ် ကောင်းတွေ ဆက်တိုက် ရယူထား တဲ့ ယူနိုက်တက် အတွက် နောက်ထပ် အရေး ပါတဲ့ ပွဲစဉ် ဖြစ်လာ ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လီဗာပူး ကို သရေ ကျအောင် ကစားနိုင် ခဲ့သလို ယူရိုပါ လိဂ် မှာလည်း ပါတီဇန် အသင်း ကို အနိုင် ယူကာ ဒီရာသီ အတွက် ပထမဆုံး အဝေးကွင်း နိုင်ပွဲ ကို ရယူ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပရီးမီး ယားလိဂ် မှာတော့ အဝေးကွင်း နိုင်ပွဲ မရရှိ သေးတာ ကြောင့် နောဝှစ်ချ် နဲ့ ပွဲ ကို အနိုင် ကစားဖို့ လိုအပ် နေခဲ့ ပါတယ် ။

အကယ်၍ ဒီပွဲ ကို အနိုင် ကစားနိုင် ခဲ့ပါက ယူနိုက်တက် တို့ ဒီရာသီ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ကို ရရှိ မှာ ဖြစ်ပြီး အသင်းရဲ့ ကျဆင်း နေမှု တွေကို ပြန်လည် မြှင့်တင် လာစေဖို့ ခွန်အားကောင်း တွေ ရရှိစေ မှာပဲ ဖြစ် ပါတယ် ။

ဒါ့ အပြင် မန်ချက် စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် သွင်းဂိုး ၂၀၀၀ ပြည့်မြောက် ဖို့ အတွက် ၁ ဂိုး သာ လိုအပ်တဲ့ အနေ အထား ကို ရောက်ရှိ နေပြီ ဖြစ် ပါတယ် ။ ၁၉၉၂ ခုနှစ် က စတင် ခဲ့တဲ့ ပရီးမီးယားလိဂ် မှာ ယူနိုက်တက် ဟာ ၁၉၉၉ ဂိုး သွင်းယူ ပြီး အများဆုံး အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။

ဒါကြောင့် ယနေ့ ပွဲမှာ သာ ယူနိုက်တက် တို့ အနည်းဆုံး ၁ ဂိုး ရခဲ့ ပါက သွင်းဂိုး ၂၀၀၀ ပြည့်မြောက်တဲ့ ပထမဆုံး သော ပရီးမီးယားလိဂ် ကလပ် အသင်း အဖြစ် မှတ်တမ်း ၀င်သွား မှာပဲ ဖြစ် ပါတယ် ။ ဒီလို သမိုင်း ၀င် မယ့် မှတ်တမ်း ကောင်း အတွက် အလား အလာ အကောင်းဆုံး ကတော့ တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့် ပဲ ဖြစ် ပါတယ် ။

ရက်ဖိုဒ့် ဟာ ဒီရာသီ မှာ ယူနိုက်တက် ရဲ့ အဓိက ဂိုးသွင်းသူ အဖြစ် ရှိနေပြီး လီဗာပူး နဲ့ သရေ ကျခဲ့တဲ့ ပွဲမှာ လည်း အသင်း အတွက် ဂိုး ကို သွင်းယူပေး ခဲ့ ပါတယ် ။ တကယ်လို့ ဒီည ပွဲမှာ သာ ယူနိုက်တက် အတွက် အဖွင့်ဂိုး ကို ရက်ဖိုဒ့် သွင်းယူ နိုင်ခဲ့ ပါက အင်္ဂလန် တိုက်စစ် မှုး ဟာ ပရီးမီးယားလိဂ် နဲ့ မန်ချက် စတာ ယူနိုက်တက် တို့ ရဲ့ ကောင်းမွန်တဲ့ မှတ်တမ်း ပိုင်ရှင် တစ်ဦး အဖြစ် ကဗျည်း ရေးထိုး နိုင်မှာပဲ ဖြစ် ပါတယ် ။

ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် သွင်းဂိုး အများဆုံး အသင်း များ –

၁ ။ မန်ချက် စတာ ယူနိုက်တက် – ၁၉၉၉ ဂိုး
၂ ။ အာဆင်နယ် – ၁၈၅၈ ဂိုး
၃ ။ လီဗာပူး – ၁၇၉၅ ဂိုး
၄ ။ ချဲလ်ဆီး – ၁၇၈၉ ဂိုး ( ပွဲစဉ် ၉ အထိ )

ယူနိုက်တက် တို့ ဒီနေ့ ည ပွဲမှာ ဂိုးသွင်း နိုင်မလား . . . . ဘယ်သူ က ဂိုးသွင်း ရှင် ဖြစ်မလဲ ဆိုတာ စောင့်ကြည့် ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

ပရီးမီးယားလိဂ္ နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ ရဲ႕ မွတ္တမ္းေကာင္း တစ္ခု အတြက္ မားကပ္ ရက္ဖုိဒ့္ အဆင္သင့္ ျဖစ္ေနၿပီလား

==========================================

မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ဟာ ယေန႔ ည ျမန္မာ စံေတာ္ခ်ိန္ ၁၁ နာရီ အခ်ိန္ မွာ ပရီးမီး ယားလိဂ္ ပြဲစဥ္ ( ၁၀ ) အျဖစ္ ေနာ၀ွစ္ခ်္ စီးတီး အသင္းရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။ ဒီပြဲ ဟာ ႏုိင္ငံ တကာ ပြဲစဥ္ အၿပီး ျပန္လည္ စတင္ ခ်ိန္ မွာ ရလဒ္ ေကာင္းေတြ ဆက္တိုက္ ရယူထား တဲ့ ယူႏုိက္တက္ အတြက္ ေနာက္ထပ္ အေရး ပါတဲ့ ပြဲစဥ္ ျဖစ္လာ ခဲ့ ပါတယ္ ။

ယူႏုိက္တက္ ဟာ လီဗာပူး ကို သေရ က်ေအာင္ ကစားႏုိင္ ခဲ့သလို ယူရိုပါ လိဂ္ မွာလည္း ပါတီဇန္ အသင္း ကို အႏိုင္ ယူကာ ဒီရာသီ အတြက္ ပထမဆံုး အေ၀းကြင္း ႏုိင္ပြဲ ကို ရယူ ႏုိင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပရီးမီး ယားလိဂ္ မွာေတာ့ အေ၀းကြင္း ႏုိင္ပြဲ မရရွိ ေသးတာ ေၾကာင့္ ေနာ၀ွစ္ခ်္ နဲ႔ ပြဲ ကို အႏုိင္ ကစားဖို႔ လုိအပ္ ေနခဲ့ ပါတယ္ ။

အကယ္၍ ဒီပြဲ ကို အႏုိင္ ကစားႏုိင္ ခဲ့ပါက ယူႏုိက္တက္ တို႔ ဒီရာသီ ပထမဆံုး အေ၀းကြင္း ႏုိင္ပြဲ ကို ရရွိ မွာ ျဖစ္ၿပီး အသင္းရဲ႕ က်ဆင္း ေနမႈ ေတြကို ျပန္လည္ ျမွင့္တင္ လာေစဖို႔ ခြန္အားေကာင္း ေတြ ရရွိေစ မွာပဲ ျဖစ္ ပါတယ္ ။

ဒါ့ အျပင္ မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ ပရီးမီးယားလိဂ္ သမိုင္း တစ္ေလ်ာက္ သြင္းဂုိး ၂၀၀၀ ျပည့္ေျမာက္ ဖို႔ အတြက္ ၁ ဂုိး သာ လိုအပ္တဲ့ အေန အထား ကို ေရာက္ရွိ ေနၿပီ ျဖစ္ ပါတယ္ ။ ၁၉၉၂ ခုႏွစ္ က စတင္ ခဲ့တဲ့ ပရီးမီးယားလိဂ္ မွာ ယူႏုိက္တက္ ဟာ ၁၉၉၉ ဂုိး သြင္းယူ ၿပီး အမ်ားဆံုး အျဖစ္ ရပ္တည္ ေနခဲ့ ပါတယ္ ။

ဒါေၾကာင့္ ယေန႔ ပြဲမွာ သာ ယူႏုိက္တက္ တို႔ အနည္းဆံုး ၁ ဂုိး ရခဲ့ ပါက သြင္းဂုိး ၂၀၀၀ ျပည့္ေျမာက္တဲ့ ပထမဆံုး ေသာ ပရီးမီးယားလိဂ္ ကလပ္ အသင္း အျဖစ္ မွတ္တမ္း ၀င္သြား မွာပဲ ျဖစ္ ပါတယ္ ။ ဒီလို သမိုင္း ၀င္ မယ့္ မွတ္တမ္း ေကာင္း အတြက္ အလား အလာ အေကာင္းဆံုး ကေတာ့ တုိက္စစ္မႈး မားကပ္ ရက္ဖိုဒ့္ ပဲ ျဖစ္ ပါတယ္ ။

ရက္ဖုိဒ့္ ဟာ ဒီရာသီ မွာ ယူႏုိက္တက္ ရဲ႕ အဓိက ဂုိးသြင္းသူ အျဖစ္ ရွိေနၿပီး လီဗာပူး နဲ႔ သေရ က်ခဲ့တဲ့ ပြဲမွာ လည္း အသင္း အတြက္ ဂုိး ကို သြင္းယူေပး ခဲ့ ပါတယ္ ။ တကယ္လုိ႔ ဒီည ပြဲမွာ သာ ယူႏုိက္တက္ အတြက္ အဖြင့္ဂုိး ကို ရက္ဖိုဒ့္ သြင္းယူ ႏုိင္ခဲ့ ပါက အဂၤလန္ တုိက္စစ္ မႈး ဟာ ပရီးမီးယားလိဂ္ နဲ႔ မန္ခ်က္ စတာ ယူႏုိက္တက္ တို႔ ရဲ႕ ေကာင္းမြန္တဲ့ မွတ္တမ္း ပုိင္ရွင္ တစ္ဦး အျဖစ္ ကဗ်ည္း ေရးထိုး ႏုိင္မွာပဲ ျဖစ္ ပါတယ္ ။

ပရီးမီးယားလိဂ္ သမိုင္း တစ္ေလ်ာက္ သြင္းဂုိး အမ်ားဆံုး အသင္း မ်ား –

၁ ။ မန္ခ်က္ စတာ ယူႏုိက္တက္ – ၁၉၉၉ ဂုိး
၂ ။ အာဆင္နယ္ – ၁၈၅၈ ဂုိး
၃ ။ လီဗာပူး – ၁၇၉၅ ဂုိး
၄ ။ ခ်ဲလ္ဆီး – ၁၇၈၉ ဂုိး ( ပြဲစဥ္ ၉ အထိ )

ယူႏုိက္တက္ တို႔ ဒီေန႔ ည ပြဲမွာ ဂုိးသြင္း ႏုိင္မလား . . . . ဘယ္သူ က ဂုိးသြင္း ရွင္ ျဖစ္မလဲ ဆုိတာ ေစာင့္ၾကည့္ ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR