ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လေး ဂျေးဆု ရဲ့ ခေါ်စျေးကို ပေါင်သန်း ၁၀၀ ကျော်အထိ သတ်မှတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒီဘရာဇီးလ်သားလေးကို ဘိုင်ယန်မြူးနစ် ၊ PSG တို့ရဲ့ စိတ်ဝင်စားမှုတွေ ကြောင့် အခုလိုသတင်းမျိုး ထွက်လာတာ ဖြစ်ပါတယ်။ အသက် ၂၂ အရွယ် တိုက်စစ် ကစား သမား လေး ဂျေးဆု ကို မန်စီးတီး အသင်း က သူတို့ရဲ့ အဓိက တိုက်စစ် မှူး အဂွေရိုရဲ့ နေရာအတွက် ရေရှည် အစားထိုး နိုင်ဖို့ ၂၀၁၇ ခုနှစ်မှာ ဘရားဇီးလ်ကလပ် ပါးမီးရက်စ် အသင်းကနေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။သူဟာ အီတီဟတ်မြေကိုရောက်လာအပြီး သွင်းဂိုး၅၀ ပြည့်အဖြစ် မကြာသေးမီကပဲ သွင်းယူထားနိုင် ခဲ့ပြီလည်းဖြစ်ပါတယ်။

အဂွေရို ရဲ့ ငယ်ရွယ် နုပျိုနေသေးတဲ့ ခြေစွမ်းကောင်းတွေကြောင့် ဂျေးဆု ဟာ အခုချိန် အထိ အရံကစားသမား တဦးအဖြစ်သာ ရှိနေသေးတာဖြစ်ပါတယ်။ဒါပေမယ့် ပါရမီရှင် တိုက်စစ် ကြယ်ပွင့် တဦးဖြစ်တဲ့ သူ့ကို မန်စီးတီး အသင်းက ထိန်းထားနိုင်ဖို့ ပေါင်သန်း ၁၀၀ အထိ စျေးနှုန်းသတ်မှတ်ဖို့ရှိနေတာဖြစ်ပါတယ်။အခုလောက် ပမာဏအထိသတ်မှတ်ဖို့ ရှိနေတာဟာ သူ့အပေါ် စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်သီး အသင်းအချို့ကို စိတ်ပျက်သွားစေဖို့ ဖြစ်တယ်လို့လည်း သတင်းတွေက အခိုင်အမာဆိုပါတယ်။ဒါပေမယ့် ဂျေးဆုဟာ ပြီးခဲ့တဲ့ ရာသီကမှ မန်စီးတီးနဲ့ ၅နှစ်စာချုပ် ထပ်မံချုပ်ဆိုထားတာဖြစ်လို့ သူ့ကိုခေါ်ယူလိုနေတဲ့ အသင်းတွေအတွက်လွယ်ကူဖို့ရှိမနေတာဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီး အသင်းဟာ လတ်တလောမှာ အဂွေရို နဲ့ ဂျေးဆု တို့ အပြင် အခြားအထောင် တိုက်စစ်မှူး မရှိသေးတာဖြစ်ပါတယ်။ ထူးခြားတဲ့ ကိစ္စ တခုကတော့ သူတို့ လူငယ် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ဒတ်ချ် တောင်ပံကစားသမားလေး ဂျေဒန်ဘရက်ဖ် က ဦးဆောင်နေတာဖြစ်ပါတယ်။သတင်းတွေထွက်နေပေမယ့် လည်း ဂျေးဆုကို ခေါ်ယူဖို့ ဘိုုင်ယန်မြူးနစ်ကော PSG အသင်းတွေက အလောတကြီး လုပ်ဆောင်ဖို့တော့ ရှိမနေတာဖြစ်ပါတယ်။PSG တို့ဟာ ကာဗာနီ ရဲ့ နေရာအတွက်အိုက်ကာဒီကို အငှားခေါ်ယူထားသလို နာဂီရာ၊ မူအင်ဂါ တို့လိုကြယ်ပွင့်တွေရှိနေတဲ့ ဥရောပရဲ့ အကောင်းဆုံး လူငယ်အကယ်ဒမီ တခုကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။

နည်းပြတူချယ်က အသင်းကို အင်အားဖြည့်တင်းပေးဖို့ ရှိပေမယ့် နေမာ၊ အမ်ဘာပေ တဦးဦးကို မရောင်းရမချင်း အထောင်တိုက်စစ်မှူး ထပ်ခေါ်ဖို့မရှိသေးတာဖြစ်ပါတယ်။ဘိုင်ယန်အသင်းကလည်း ဂျေးဆုရဲ့ အသင်းဖော်ဖြစ်တဲ့ ဆာနေးကို စိတ်ဝင်စားနေခဲ့တာကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာနေပြီဖြစ်တဲ့ ဂိုး သမား နူအာရဲ့ နေရာအတွက် ရှော်လေးလ် ဂိုးသမား နူဘယ်ကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။လတ်တလောမှာ လီဝန်ဒေါစကီးက အကောင်းဆုံးခြေစွမ်းပိုင်ရှင်တိုက်စစ်မှူးတဦးအဖြစ်ရှိနေပြီး ဇက်ခ်ဇီး၊ ဖီတီအာ့ပ် တို့လိုလူငယ်ကြယ်ပွင့် တိုက်စစ်မှူးကောင်းတွေ ရှိနေသေးတာဖြစ်ပါတယ်။

SM