မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အဝေးကွင်းမှာ နောဝှစ်ချ် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။ ဒါဟာ ဒီ ရာသီ အတွက် ယူနိုက်တက် အသင်း ရဲ့ ပရီးမီးယား လိဂ် ပထမဆုံး အဝေးကွင်း နိုင်ပွဲ ဖြစ်ခဲ့ သလို ပထမဆုံး နှစ်ပွဲဆက် အနိုင်ရ ခဲ့တဲ့ ပွဲစဉ် လည်း ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းယူ ပေးသွား နိုင် ခဲ့တဲ့ တော်မီနေး ရဲ့ ကန်ချက် က အသင်း ရဲ့ သမိုင်း တစ်လျောက် သွင်းဂိုး 2000 ပြည့်သွား စေတဲ့ ဂိုးပဲ ဖြစ်ခဲ့ ရ ပါတယ် ။ အဲ့ဒီနောက် ရပ်ရှ်ဖို့ ဟာ ပင်နယ်တီ ရရှိ ခဲ့ ပေမယ့် တင် ခရူးလ် က ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ ရပ်ရှ်ဖို့ ဟာ အသင်း အတွက် ဒုတိယ မြောက် ဦးဆောင် ဂိုးကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် တို့ နောက်ထပ် ပင်နယ်တီ ကန်သွက်းခွင့် ကို မာရှယ် က တာဝန် ယူသွား ခဲ့ ပေမယ့် တင် ခရူးလ် က ဆက်လက် လက်စွမ်း ကောင်း ပြသ သွားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယ ပိုင်းမှာ မာရှယ် က အသင်း အတွက် တတိယမြောက် ဦးဆောင်ဂိုး ကို သွင်းယူ ပေးသွား နိုင်ခဲ့ ပါတယ် ။

နောက်ဆုံး မှာတော့ အိမ်ရှင် အသင်း အတွက် ဟာနန်ဒက်စ် က ဂိုး သွင်းယူ ပေးသွား ခဲ့တဲ့ နောက် ပွဲစဉ် က 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ရ ပါတယ် ။ ဒီနေ့ ပွဲစဉ် မှာ ယူနိုက်တက် အသင်း အတွက် ရလဒ် နဲ့ အတူ အထူး ဝမ်းသာ စရာ ဖြစ်စေ ခဲ့တာက မာရှယ် ၊ ရပ်ရှ်ဖို့ ၊ ဂျိမ်းစ် တို့ရဲ့ တွဲလုံး တွေနဲ့ အဖက်ဖက် မှ တိုးတက် ကောင်းမွန် လာတဲ့ အသင်း ရဲ့ ကစားဟန် ပါပဲ ။

ဒါ့အပြင် ဒီ ရာသီ ခြေစွမ်းပိုင်း အရ အားရ စရာ မရှိ ခဲ့တဲ့ ဖရက်ဒ် နဲ့ ပါရဲရား တို့က ကျွန်တော် တို့ ဘရာဇီးသား တွေပါ ဆိုတာကို ခြေစွမ်း နဲ့ သက်သေ ပြသွား ခဲ့ခြင်း ကလည်း ပေါ့ဂ်ဘာ မပါဝင် နိုင်တဲ့ ယူနိုက်တက် ကွင်းလယ် အတွက် အနည်းငယ် စိတ်အေး စရာ ဖြစ်ခဲ့ ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှ မှတ်သားဖွယ် အချက် 5 ချက်ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) မာရှယ်နဲ့ အတူ ပုုိကောင်းတဲ့ ရလဒ်တွေကို မျှော်လင့်နိုင်ခွင့် ရှိနေမယ့် ဆိုးလ်ရှား

ဒဏ်ရာ မှ ပြန်လည် သက်သာ ကောင်းမွန် လာ ခဲ့တဲ့ မာရှယ် ဟာ ယူနိုက်တက် တို့ လီဗာပူး နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ လူစားဝင် ကစားသမား အဖြစ် စတင် ပါဝင်ခွင့် ရရှိ ခဲ့ ပါတယ် ။ အဲ့ဒီနောက် ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ပွဲမှာ သူဟာ အသင်း ရဲ့ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခဲ့ပြီး ပင်နယ်တီ မှ တစ်ဆင့် အသင်း အတွက် တစ်လုံး တည်းသော အနိုင်ဂိုး ကို တည်တည် ငြိမ်ငြိမ် ကန်သွင်း သွားနိုင် ခဲ့ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ ယူနိုက်တက် တို့ လူစုံ နီးပါး ပါဝင် နိုင်ခဲ့တဲ့ ပွဲစဉ် မှာ မာရှယ် ဟာ ပင်နယ်တီ လွဲချော် ခဲ့ပေမယ့် ရဲ့ လုပ်အား တွေနဲ့ ပြိုင်ဖက် ခံစစ် ကို ဒုက္ခ ပေးခဲ့ မှုတွေ အပြင် အနိုင် သေချာ စေမယ့် သွင်းဂိုး က ယူနိုက်တက် အတွက် အရမ်း ကို အရေးပါခဲ့ ပါတယ် ။ အထူးသဖြင့် သူ အသင်း အတွက် ပြန်လည် ပါဝင် ကစားပေး ခဲ့တဲ့ ပွဲစဉ် ကတည်းက ယူနိုက်တက် တို့ ဆက်တိုက် ရလဒ် ကောင်းမွန် ခဲ့ကြ ပါတယ် ။

သူဟာ ဒီ ရာသီ မှာ ယူနိုက်တက် အတွက် နံပါတ် 9 အဖြစ် ကစား ပေးခဲ့ ရ သလို တောင်ပံ တိုက်စစ် ကစားသမား အဖြစ် လည်း ကစား ပေးခဲ့ ရ ပါတယ် ။ အဲ့ဒီလို အနေအထား မှာ သူဟာ အသင်း အတွက် အကောင်းဆုံး ကစား ပေးရင်း တိုက်စစ် ကို ပိုကောင်း စေနိုင် ခဲ့ သလို ပြိုင်ဖက် ခံစစ် ကို ဒုက္ခ ပေးရင်း အသင်းဖော် တွေကို လည်း ကူညီ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဒီ ရာသီ မာရှယ် နဲ့ အတူ ဆိုးလ်ရှား ဟာ ပိုကောင်း တဲ့ ရလဒ် တွေကို မျှော်လင့် ချင်တယ် ဆို မျှော်လင့် နိုင်ခွင် ရှိနေပြီ လို့ ဆိုလို့ ရနိုုင် ပါတယ် ။

(2) ပိုတိုးလာတဲ့ ပင်နယ်တီ ပြသနာ

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာ ပင်နယ်တီ ကန်သွင်းခွင့် 6 ကြိမ် အထိ ရရှိ ထားခဲ့ ပြီး 4 ကြိမ် အထိ တောင် ဂိုး သွင်းယူ နိုင်ခြင်း မရှိခဲ့ ပါဘူူး ။ ယခင် တုန်းက ယူနိုက်တက် အတွက် ပင်နယ်တီ ကို ဂိုး အဖြစ် ရာနှုန်းပြည့် ပြောင်းလဲ ပေးနိုင် ခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ ဒီရာသီ 2 ကြိမ် ပင်နယ်တီ လွဲချော် ခဲ့ပြီ ဖြစ်သလို ပေါ့ဂ်ဘာ နဲ့ မာရှယ် တို့ ဟာလည်း တစ်ကြိမ်စီ လွဲချော် ထားခဲ့ ကြ ပါတယ် ။

ဒီနေ့ ပွဲစဉ် မှာတော့ ပင်နယ်တီ လွဲချော် ခဲ့ခြင်း က ယူနိုက်တက် အတွက် အနှုတ် လက္ခဏာ မဖြစ် စေခဲ့ ပေမယ့် ဒါကိုသာ ပိုင်ပိုင် နိုင်နိုင် သွင်းယူ နိုင် ခဲ့မယ် ဆိုရင် ယူနိုက်တက် ဟာ လက်ရှိ အချိန် ဒီထက် ပိုကောင်း တဲ့ အမှတ်ပေး ဇယား ရပ်တည် မှု အနေအထား မှာ ရှိနေ ခဲ့မှာ အသေအချာ ပါပဲ ။

ယူနိုက်တက် ရဲ့ မြန်ဆန် တဲ့ တိုက်စစ် ကို ဟန့်တား နိုင်ဖို့ အတွက် ပြိုင်ဖက် အနေ နဲ့ ဖျက်ထုတ်မှု တွေ မလွဲမသွေ ပြုလုပ် ရမှာ ပါပဲ ။ အဲဒီ အခါ တွေမှာ ဖျက်ထုတ် မှု မသေသပ် တာတွေ ပါဝင် လာမှာ လည်း အသေအချာ ပါပဲ ။ ဒါကြောင့် ယူနိုက်တက် ဟာ ဒီ ကစားသမား တွေကြောင့် အနာဂတ် မှာ ပင်နယ်တီ တွေကို ဆက်လက် ရရှိ ဦးမှာ ပါ ။ ဒီ တာဝန် ကို အကောင်းဆုံး ယူနိုင်မယ့် သူက ဘယ်သူလဲ ဆိုတာ ကို ဆိုးလ်ရှား ရှာဖွေ သင့်နေ ပါပြီ ။

(3) အထင်ကြီးဖွယ် ကောင်းခဲ့တဲ့ အာရွန်

နောဝှစ်ချ ် အသင်းဟာ ရလဒ် တွေ ဆိုးရွား နေခဲ့ ပါတယ် ။ တန်းဆင်းဇုန် ထဲတောင် ရောက်ရှိ နေခဲ့ ပါတယ် ။ ဒါပေမယ့် အင်္ဂလန် U 21 ကစားသမား လေး မက်စ် အာရွန် ရဲ့ ခြေစွမ်း ကတော့ အထင်ကြီး ဖွယ်ရာ ပါပဲ ။ သူရဲ့ ခြေစွမ်း တွေက တစ်ဆင့် ထပ်တက် နေခဲ့ ပါပြီ ။ လက်ရှိ အချိန် မှာတော့ သူဟာ ခံစစ် အကောင်းဆုံး ကစား နိုင်ဖို့ တော့ ဆက်လက် သင်ယူ ရပါ ဦးမယ် ။
ဒါပေမယ့် သူ တိုက်စစ် ကို လိုက်ပါ ကစား ပေးခြင်း က အသင်းဖော် တွေ အတွက် အရမ်း ကို အထောက် အကူ ဖြစ်စေ ခဲ့ပါတယ် ။ သူဟာ ပွဲချိန် နှစ်ပိုင်း အတွင်း မှာ အသင်း အတွက် ကောင်းမွန် လွန်းတဲ့ အခွင့်အရေး ဖန်တီးမှု 2 ကြိမ် အထိ ပြုလုပ် သွားခဲ့ သလို ဘောလုံး ပေးပို့ ရာမှာ လည်း ဉာဏ်လွှား သုံးပြ ခဲ့ သလို သေသပ် မှုလည်း ရှိခဲ့ ပါတယ် ။ ဒါပေမယ့် တိုက်စစ်ပိုင်း ဂိုးသွင်း မသေချာ ခဲ့မှုက သူ့ရဲ့ လုပ်အား တွေကို ထင်ပေါ် သင့် သလောက် မထင်ပေါ် စေခဲ့ ပါဘူး ။

ပွဲစဉ် အတွင်း အာရွန် ကို ဟန့်တား ဖို့ မကြာခန အခက် ကြုံခဲ့ ရ သလို မလိုအပ်တဲ့ ဖျက်ထုတ် မုှ အတွက် အဝါကဒ် ပါ ရရှိ ခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ အက်ရှ်လေယန်း ကတော့ ဒီ ပွဲစဉ် အနိုင် ရလဒ် နဲ့ အတူ ကုန်ဆုံး သွားခဲ့ ရတာ ကို ပျော်ရွှင် နေမှာ အသေအချာ ပါပဲ ။ ထိန်းချုပ် ဟန့်တားရ ခက်ခဲတဲ့ ပြိုင်ဖက် ကို အချိန် ကြာမြင့်စွာ ရင်ဆိုင် ရခြင်း က နောက်ခံလူ တွေ အတွက် အိပ်မက်ဆိုး တစ်ခု ပဲလေ ။

(4) ခြေစွမ်း နောက်တစ်ဆင့် တက်ရောက် ကြပြီ ဖြစ်တဲ့ တော်မီနေး နဲ့ ဂျိမ်းစ်

အကယ်လို့ ယူနိုက်တက် သာ လူငယ် စီမံကိန်း တစ်ခု ကို သေချာပေါက် အကောင်အထည် ဖော်ဆောင် နေတာ ဆိုရင် အသင်း ရဲ့ အခြား လူငယ် တွေ အနေ နဲ့ တော်မီနေး နဲ့ ဂျိမ်းစ် တို့ကို အတုယူ သင့် ပါတယ် ။ ဒီနေ့ ပွဲစဉ် မှာလည်း ဆိုးလ်ရှား ရဲ့ ယုံကြည်မှု တွေကို ဘာကြောင့် ရရှိ နေကြ သလဲ ဆိုတာ ကို သူတို့ တွေက ပြသ ထားခဲ့ ကြတယ် လေ ။

အထူးသဖြင့် စကော့တလန် လက်ရွေးစင် ဟာ ဒီ ရာသီ အတွင်း ယူနိုက်တက် အတွက် ပွဲစဉ် တိုင်း ထူးခြား ကောင်းမွန် လွန်းခဲ့ပြီး ကွင်းလယ် ခံစစ် ကစားသမား တွေကို ဆုံးရှံုး ထားတယ် ဆိုတဲ့ ခံစားချက် တွေကို ယူနိုက်တက် ပရိသတ် တွေရဲ့ စိတ်ထဲမှ ဆွဲထုက် ထားနိုင် ခဲ့ ပါတယ် ။

ဒီနေ့ လည်း သူဟာ အသင်း ရဲ့ ကွင်းလယ် မှာ ဘောလုံး ကိုင် ကစားတာ အရမ်း ကို သေသပ် ကောင်းမွန် ခဲ့ သလို အသင်း ရဲ့ တိုက်စစ် ကိုလည်း အထောက်အပံ့ ကောင်းတွေ ပေးသွား နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ကိုယ်တိုင် လည်း အသင်း အတွက် အရေးပါလွန်း လှတဲ့ ဦးဆောင် ဂိုးကို ကိုယ်တိုင် သွင်းယူ သွားနိုင် ခဲ့ ပါတယ် ။

ဂျိမ်းစ် ကတော့ ညာ တောင်ပံ အတွက် ကစား ပေးဖို့ ယူနိုက်တက် ဆီ ရောက်ရှိ လာခဲ့ ပေမယ့် ဘယ် တောင်ပံ မှာ ကစား တာ ပိုကောင်း ကြောင်း ပြသ သွားနိုင် ခဲ့ ပါတယ် ။ အခုတော့ သူဟာ ညာ တောင်ပံ ပြန်လည် ကစား ပေးနေ ရပြီး ကောင်းမွန် တဲ့ လုပ်အား နှုန်းတွေ ၊ သွက်လက် မြန်ဆန် မှု တွေနဲ့ အတူ အသင်း ရဲ့ တိုက်စစ် ကို ပံ့ပိုး ပေးရင်း ပြိုင်ဖက် ခံစစ် ကစားသမားတွေ ကို အထူး ဒုက္ခ ပေးထား နိုင်ခဲ့ ပါတယ် ။

သူဟာ ယူနိုက်တက် ကို စတင် ရောက်ရှိ ကတည်းက အရံ ကစားသမား အဖြစ် သာ ပါဝင် ခွင့် ရရှိ လိမ့်မယ် လို့ ထင်ကြေး ပေးထား ခံခဲ့ ရသူ ပါ ။ ဒါပေမယ့် သူဟာ အသင်း မှာ ပုံမှန် ပွဲထွက် ကစား ခွင့် တွေကို တော်မီနေး ၊ မက်ဂွားယား နဲ့ ဒီဂီယာ တို့ နည်းတူ ရယူ ထားနိုင် ခဲ့ ပါတယ် ။ အသင်း သစ် တစ်ခု ကို ရောက်ရှိ လာတဲ့ အတွေ့အကြံု နည်းသူ လူငယ် ကစားသမား တစ်ယောက် ဆီက အချိန် နဲ့ အမျှ ဒီထက် ပိုပြီး ကောင်းမွန် တဲ့ အရာ တွေကို ရရှိ နိုင် ဦးမယ် ဆိုတာ သေချာ လှ ပါတယ် ။

(5) ” 2000 ” … ကျော်လိုက် ပါပြီ !!!

ဒီနေ့ ပွဲစဉ် မှာ ယူနိုက်တက် အတွက် အဖွင့် ဂိုး သွင်းယူ ပေးလိုက် တဲ့ စကော့ မက် တော်မီနေး ဟာ ယူနိုက်တက် အသင်း ရဲ့ သမိုင်း တစ်လျောက် 2000 အကြိမ် မြောက် ပရီးမီးယား လိဂ် သွင်းဂိုး ကို သွင်းယူ ပေးလိုက်ပြီ ဆိုတဲ့ သမိုင်းဝင် မှတ်တမ်း ကောင်း တစ်ခု ကို ကားရိုး ရုတ်ဒ် ကွင်းမှာ ရေးထိုး သွားနိုင် ခဲ့ ပါပြီ ။

အဆိုပါ သွင်းဂိုး ကြောင့် ယူနိုက်တက် ဟာ ဒီ ပြိုင်ပွဲ မှာ သွင်းဂိုး 2000 ပြည့်မြောက် သွားတဲ့ ပထမဆုံး ကလပ် အသင်း တစ်ခု ဖြစ်သွား ခဲ့ ပါပြီ ။ စံချိန်တွေ မှတ်တမ်း ကောင်းတွေ ဆိုတာ ကစားသမား တိုင်း လိုချင် ကြတဲ့ အရာ တစ်ခု ပါပဲ ။ အထူးသဖြင့် ယူနိုက်တက် လို အသင်း မှာ ကစား နေတဲ့ ကစားသမား တစ်ဦး က ဒီလို အသင်း အတွက် မှတ်တမ်း တစ်ခု ရေးထိုး နိုင်ဖို့ ပိုပြီး စိတ်အား ထက်သန် နေမှာ အသေအချာ ပါပဲ ။ အခုတော့ တော်မီနေး ဟာ စံချိန် တစ်ခု ကို ရယူ ရင်း ယူနိုက်တက် ရဲ့ သမိုင်းဝင် လူသား ဖြစ်လာ ခဲ့ ပါပြီ ။

#Sports_Myanmar

Zawgyi

မာရွယ္ ျပန္လာျပီ ဆုိျခင္းနဲ့ အတူ ေနာဝွစ္ခ်္ 1 – 3 ယူနုိက္တက္ ပြဲစဥ္ မွ မွတ္သားဖြယ္ အခ်က္ 5 ခ်က္

=================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက အေဝးကြင္းမွာ ေနာဝွစ္ခ်္ အသင္း နဲ့ ရင္ဆုိင္ ကစား ခဲ့ ရျပီး 1 – 3 ဆုိတဲ့ ရလဒ္ နဲ့ အနုိင္ယူ နုိင္ခဲ့ ပါတယ္ ။ ဒါဟာ ဒီ ရာသီ အတြက္ ယူနုိက္တက္ အသင္း ရဲ့ ပရီးမီးယား လိဂ္ ပထမဆံုး အေဝးကြင္း နုိင္ပြဲ ျဖစ္ခဲ့ သလို ပထမဆံုး ႏွစ္ပြဲဆက္ အနုိင္ရ ခဲ့တဲ့ ပြဲစဥ္ လည္း ျဖစ္သြား ခဲ့ရ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွာ ယူနုိက္တက္ အတြက္ အဖြင့္ဂိုး သြင္းယူ ေပးသြား နုိင္ ခဲ့တဲ့ ေတာ္မီေနး ရဲ့ ကန္ခ်က္ က အသင္း ရဲ့ သမိုင္း တစ္ေလ်ာက္ သြင္းဂိုး 2000 ျပည့္သြား ေစတဲ့ ဂိုးပဲ ျဖစ္ခဲ့ ရ ပါတယ္ ။ အဲ့ဒီေနာက္ ရပ္ရွ္ဖုိ႔ ဟာ ပင္နယ္တီ ရရွိ ခဲ့ ေပမယ့္ တင္ ခရူးလ္ က ကာကြယ္ သြားနိုင္ ခဲ့ ပါတယ္ ။ အဲ့ဒီေနာက္ မၾကာမီမွာပဲ ရပ္ရွ္ဖုိ႔ ဟာ အသင္း အတြက္ ဒုတိယ ေျမာက္ ဦးေဆာင္ ဂိုးကို သြင္းယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။

အဲ့ဒီေနာက္ ယူနိုက္တက္ တုိ့ ေနာက္ထပ္ ပင္နယ္တီ ကန္သြက္းခြင့္ ကို မာရွယ္ က တာဝန္ ယူသြား ခဲ့ ေပမယ့္ တင္ ခရူးလ္ က ဆက္လက္ လက္စြမ္း ေကာင္း ျပသ သြားနုိင္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒုတိယ ပိုင္းမွာ မာရွယ္ က အသင္း အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုး ကို သြင္းယူ ေပးသြား နုိင္ခဲ့ ပါတယ္ ။

ေနာက္ဆံုး မွာေတာ့ အိမ္ရွင္ အသင္း အတြက္ ဟာနန္ဒက္စ္ က ဂုိး သြင္းယူ ေပးသြား ခဲ့တဲ့ ေနာက္ ပြဲစဥ္ က 1 – 3 ဆုိတဲ့ ရလဒ္ နဲ့ ျပီးဆံုး သြားခဲ့ ရ ပါတယ္ ။ ဒီေန့ ပြဲစဥ္ မွာ ယူနိုက္တက္ အသင္း အတြက္ ရလဒ္ နဲ့ အတူ အထူး ဝမ္းသာ စရာ ျဖစ္ေစ ခဲ့တာက မာရွယ္ ၊ ရပ္ရွ္ဖုိ႔ ၊ ဂ်ိမ္းစ္ တုိ့ရဲ့ တြဲလံုး ေတြနဲ့ အဖက္ဖက္ မွ တုိးတက္ ေကာင္းမြန္ လာတဲ့ အသင္း ရဲ့ ကစားဟန္ ပါပဲ ။

ဒါ့အျပင္ ဒီ ရာသီ ေျခစြမ္းပိုင္း အရ အားရ စရာ မရွိ ခဲ့တဲ့ ဖရက္ဒ္ နဲ့ ပါရဲရား တုိ့က က်ြန္ေတာ္ တုိ႔ ဘရာဇီးသား ေတြပါ ဆိုတာကို ေျခစြမ္း နဲ့ သက္ေသ ျပသြား ခဲ့ျခင္း ကလည္း ေပါ့ဂ္ဘာ မပါဝင္ နိုင္တဲ့ ယူနုိက္တက္ ကြင္းလယ္ အတြက္ အနည္းငယ္ စိတ္ေအး စရာ ျဖစ္ခဲ့ ရ ပါတယ္ ။

အဆုိပါ ပြဲစဥ္ မွ မွတ္သားဖြယ္ အခ်က္ 5 ခ်က္ကို ေဖာ္ျပ ေပးလိုက္ ပါတယ္ ။

(1) မာရွယ္နဲ့ အတူ ပုုိေကာင္းတဲ့ ရလဒ္ေတြကို ေမ်ွာ္လင့္နုိင္ခြင့္ ရွိေနမယ့္ ဆုိးလ္ရွား

ဒဏ္ရာ မွ ျပန္လည္ သက္သာ ေကာင္းမြန္ လာ ခဲ့တဲ့ မာရွယ္ ဟာ ယူနုိက္တက္ တုိ့ လီဗာပူး နဲ့ ရင္ဆုိင္ ခဲ့တဲ့ ပြဲစဥ္ မွာ လူစားဝင္ ကစားသမား အျဖစ္ စတင္ ပါဝင္ခြင့္ ရရွိ ခဲ့ ပါတယ္ ။ အဲ့ဒီေနာက္ ပါတီဇန္ ဘဲလ္ဂရိတ္ အသင္း နဲ့ ပြဲမွာ သူဟာ အသင္း ရဲ့ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ခဲ့ျပီး ပင္နယ္တီ မွ တစ္ဆင့္ အသင္း အတြက္ တစ္လံုး တည္းေသာ အနုိင္ဂိုး ကို တည္တည္ ျငိမ္ျငိမ္ ကန္သြင္း သြားနုိင္ ခဲ့ ပါတယ္ ။

ဒီေန့ ပြဲစဥ္ မွာေတာ့ ယူနုိက္တက္ တို့ လူစံု နီးပါး ပါဝင္ နုိင္ခဲ့တဲ့ ပြဲစဥ္ မွာ မာရွယ္ ဟာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ေပမယ့္ ရဲ့ လုပ္အား ေတြနဲ့ ျပိဳင္ဖက္ ခံစစ္ ကို ဒုကၡ ေပးခဲ့ မွဳေတြ အျပင္ အနုိင္ ေသခ်ာ ေစမယ့္ သြင္းဂိုး က ယူနုိက္တက္ အတြက္ အရမ္း ကို အေရးပါခဲ့ ပါတယ္ ။ အထူးသျဖင့္ သူ အသင္း အတြက္ ျပန္လည္ ပါဝင္ ကစားေပး ခဲ့တဲ့ ပြဲစဥ္ ကတည္းက ယူနုိက္တက္ တုိ့ ဆက္တုိက္ ရလဒ္ ေကာင္းမြန္ ခဲ့ၾက ပါတယ္ ။

သူဟာ ဒီ ရာသီ မွာ ယူနုိက္တက္ အတြက္ နံပါတ္ 9 အျဖစ္ ကစား ေပးခဲ့ ရ သလို ေတာင္ပံ တုိက္စစ္ ကစားသမား အျဖစ္ လည္း ကစား ေပးခဲ့ ရ ပါတယ္ ။ အဲ့ဒီလို အေနအထား မွာ သူဟာ အသင္း အတြက္ အေကာင္းဆံုး ကစား ေပးရင္း တုိက္စစ္ ကို ပိုေကာင္း ေစနုိင္ ခဲ့ သလို ျပိဳင္ဖက္ ခံစစ္ ကို ဒုကၡ ေပးရင္း အသင္းေဖာ္ ေတြကို လည္း ကူညီ ေပးသြား နုိင္ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္ ဒီ ရာသီ မာရွယ္ နဲ့ အတူ ဆုိးလ္ရွား ဟာ ပိုေကာင္း တဲ့ ရလဒ္ ေတြကို ေမ်ွာ္လင့္ ခ်င္တယ္ ဆုိ ေမ်ွာ္လင့္ နုိင္ခြင္ ရွိေနျပီ လို့ ဆုိလို့ ရနုိုင္ ပါတယ္ ။

(2) ပိုတုိးလာတဲ့ ပင္နယ္တီ ျပသနာ

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီ ရာသီ အတြင္း ပရီးမီးယားလိဂ္ ျပိဳင္ပြဲ မွာ ပင္နယ္တီ ကန္သြင္းခြင့္ 6 ၾကိမ္ အထိ ရရွိ ထားခဲ့ ျပီး 4 ၾကိမ္ အထိ ေတာင္ ဂိုး သြင္းယူ နုိင္ျခင္း မရွိခဲ့ ပါဘူူး ။ ယခင္ တုန္းက ယူနုိက္တက္ အတြက္ ပင္နယ္တီ ကို ဂိုး အျဖစ္ ရာႏွဳန္းျပည့္ ေျပာင္းလဲ ေပးနိုင္ ခဲ့တဲ့ ရပ္ရွ္ဖုိ႔ ဟာ ဒီရာသီ 2 ၾကိမ္ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ျပီ ျဖစ္သလို ေပါ့ဂ္ဘာ နဲ့ မာရွယ္ တုိ့ ဟာလည္း တစ္ၾကိမ္စီ လြဲေခ်ာ္ ထားခဲ့ ၾက ပါတယ္ ။

ဒီေန့ ပြဲစဥ္ မွာေတာ့ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ျခင္း က ယူနုိက္တက္ အတြက္ အနွဳတ္ လကၡဏာ မျဖစ္ ေစခဲ့ ေပမယ့္ ဒါကုိသာ ပိုင္ပိုင္ နုိင္နုိင္ သြင္းယူ နုိင္ ခဲ့မယ္ ဆုိရင္ ယူနုိက္တက္ ဟာ လက္ရွိ အခ်ိန္ ဒီထက္ ပိုေကာင္း တ့ဲ အမွတ္ေပး ဇယား ရပ္တည္ မွဳ အေနအထား မွာ ရွိေန ခဲ့မွာ အေသအခ်ာ ပါပဲ ။

ယူနုိက္တက္ ရဲ့ ျမန္ဆန္ တဲ့ တုိက္စစ္ ကို ဟန့္တား နုိင္ဖုိ႔ အတြက္ ျပိဳင္ဖက္ အေန နဲ့ ဖ်က္ထုတ္မွဳ ေတြ မလြဲမေသြ ျပဳလုပ္ ရမွာ ပါပဲ ။ အဲဒီ အခါ ေတြမွာ ဖ်က္ထုတ္ မွဳ မေသသပ္ တာေတြ ပါဝင္ လာမွာ လည္း အေသအခ်ာ ပါပဲ ။ ဒါေၾကာင့္ ယူနုိက္တက္ ဟာ ဒီ ကစားသမား ေတြေၾကာင့္ အနာဂတ္ မွာ ပင္နယ္တီ ေတြကို ဆက္လက္ ရရွိ ဦးမွာ ပါ ။ ဒီ တာဝန္ ကို အေကာင္းဆံုး ယူနုိင္မယ့္ သူက ဘယ္သူလဲ ဆုိတာ ကို ဆုိးလ္ရွား ရွာေဖြ သင့္ေန ပါျပီ ။

(3) အထင္ၾကီးဖြယ္ ေကာင္းခဲ့တဲ့ အာရြန္

ေနာဝွစ္ခ် ္ အသင္းဟာ ရလဒ္ ေတြ ဆုိးရြား ေနခဲ့ ပါတယ္ ။ တန္းဆင္းဇုန္ ထဲေတာင္ ေရာက္ရွိ ေနခဲ့ ပါတယ္ ။ ဒါေပမယ့္ အဂၤလန္ U 21 ကစားသမား ေလး မက္စ္ အာရြန္ ရဲ့ ေျခစြမ္း ကေတာ့ အထင္ၾကီး ဖြယ္ရာ ပါပဲ ။ သူရဲ့ ေျခစြမ္း ေတြက တစ္ဆင့္ ထပ္တက္ ေနခဲ့ ပါျပီ ။ လက္ရွိ အခ်ိန္ မွာေတာ့ သူဟာ ခံစစ္ အေကာင္းဆံုး ကစား နုိင္ဖုိ႔ ေတာ့ ဆက္လက္ သင္ယူ ရပါ ဦးမယ္ ။
ဒါေပမယ့္ သူ တုိက္စစ္ ကို လိုက္ပါ ကစား ေပးျခင္း က အသင္းေဖာ္ ေတြ အတြက္ အရမ္း ကို အေထာက္ အကူ ျဖစ္ေစ ခဲ့ပါတယ္ ။ သူဟာ ပြဲခ်ိန္ ႏွစ္ပိုင္း အတြင္း မွာ အသင္း အတြက္ ေကာင္းမြန္ လြန္းတဲ့ အခြင့္အေရး ဖန္တီးမွဳ 2 ၾကိမ္ အထိ ျပဳလုပ္ သြားခဲ့ သလို ေဘာလံုး ေပးပို့ ရာမွာ လည္း ဥာဏ္လႊား သံုးျပ ခဲ့ သလို ေသသပ္ မွဳလည္း ရွိခဲ့ ပါတယ္ ။ ဒါေပမယ့္ တုိက္စစ္ပိုင္း ဂိုးသြင္း မေသခ်ာ ခဲ့မွဳက သူ့ရဲ့ လုပ္အား ေတြကို ထင္ေပၚ သင့္ သေလာက္ မထင္ေပၚ ေစခဲ့ ပါဘူး ။

ပြဲစဥ္ အတြင္း အာရြန္ ကို ဟန့္တား ဖုိ့ မၾကာခန အခက္ ၾကံဳခဲ့ ရ သလုိ မလိုအပ္တဲ့ ဖ်က္ထုတ္ မဳွ အတြက္ အဝါကဒ္ ပါ ရရွိ ခဲ့တဲ့ ယူနုိက္တက္ ေနာက္ခံလူ အက္ရွ္ေလယန္း ကေတာ့ ဒီ ပြဲစဥ္ အနုိင္ ရလဒ္ နဲ့ အတူ ကုန္ဆံုး သြားခဲ့ ရတာ ကို ေပ်ာ္ရႊင္ ေနမွာ အေသအခ်ာ ပါပဲ ။ ထိန္းခ်ဳပ္ ဟန့္တားရ ခက္ခဲတဲ့ ျပိဳင္ဖက္ ကို အခ်ိန္ ၾကာျမင့္စြာ ရင္ဆုိင္ ရျခင္း က ေနာက္ခံလူ ေတြ အတြက္ အိပ္မက္ဆုိး တစ္ခု ပဲေလ ။

(4) ေျခစြမ္း ေနာက္တစ္ဆင့္ တက္ေရာက္ ၾကျပီ ျဖစ္တဲ့ ေတာ္မီေနး နဲ့ ဂ်ိမ္းစ္

အကယ္လို့ ယူနုိက္တက္ သာ လူငယ္ စီမံကိန္း တစ္ခု ကို ေသခ်ာေပါက္ အေကာင္အထည္ ေဖာ္ေဆာင္ ေနတာ ဆုိရင္ အသင္း ရဲ့ အျခား လူငယ္ ေတြ အေန နဲ့ ေတာ္မီေနး နဲ့ ဂ်ိမ္းစ္ တုိ့ကို အတုယူ သင့္ ပါတယ္ ။ ဒီေန့ ပြဲစဥ္ မွာလည္း ဆုိးလ္ရွား ရဲ့ ယံုၾကည္မွဳ ေတြကို ဘာေၾကာင့္ ရရွိ ေနၾက သလဲ ဆုိတာ ကို သူတုိ့ ေတြက ျပသ ထားခဲ့ ၾကတယ္ ေလ ။

အထူးသျဖင့္ စေကာ့တလန္ လက္ေရြးစင္ ဟာ ဒီ ရာသီ အတြင္း ယူနုိက္တက္ အတြက္ ပြဲစဥ္ တုိင္း ထူးျခား ေကာင္းမြန္ လြန္းခဲ့ျပီး ကြင္းလယ္ ခံစစ္ ကစားသမား ေတြကို ဆံုးရွံဳး ထားတယ္ ဆုိတဲ့ ခံစားခ်က္ ေတြကို ယူနုိက္တက္ ပရိသတ္ ေတြရဲ့ စိတ္ထဲမွ ဆြဲထုက္ ထားနိုင္ ခဲ့ ပါတယ္ ။

ဒီေန့ လည္း သူဟာ အသင္း ရဲ့ ကြင္းလယ္ မွာ ေဘာလံုး ကိုင္ ကစားတာ အရမ္း ကို ေသသပ္ ေကာင္းမြန္ ခဲ့ သလို အသင္း ရဲ့ တုိက္စစ္ ကိုလည္း အေထာက္အပံ့ ေကာင္းေတြ ေပးသြား နုိင္ခဲ့ ပါတယ္ ။ ဒါ့အျပင္ ကုိယ္တုိင္ လည္း အသင္း အတြက္ အေရးပါလြန္း လွတ့ဲ ဦးေဆာင္ ဂိုးကို ကိုယ္တုိင္ သြင္းယူ သြားနုိင္ ခဲ့ ပါတယ္ ။

ဂ်ိမ္းစ္ ကေတာ့ ညာ ေတာင္ပံ အတြက္ ကစား ေပးဖုိ့ ယူနုိက္တက္ ဆီ ေရာက္ရွိ လာခဲ့ ေပမယ့္ ဘယ္ ေတာင္ပံ မွာ ကစား တာ ပိုေကာင္း ေၾကာင္း ျပသ သြားနုိင္ ခဲ့ ပါတယ္ ။ အခုေတာ့ သူဟာ ညာ ေတာင္ပံ ျပန္လည္ ကစား ေပးေန ရျပီး ေကာင္းမြန္ တဲ့ လုပ္အား နွဳန္းေတြ ၊ သြက္လက္ ျမန္ဆန္ မွဳ ေတြနဲ့ အတူ အသင္း ရဲ့ တုိက္စစ္ ကို ပံ့ပိုး ေပးရင္း ျပိဳင္ဖက္ ခံစစ္ ကစားသမားေတြ ကုိ အထူး ဒုကၡ ေပးထား နုိင္ခဲ့ ပါတယ္ ။

သူဟာ ယူနုိက္တက္ ကို စတင္ ေရာက္ရွိ ကတည္းက အရံ ကစားသမား အျဖစ္ သာ ပါဝင္ ခြင့္ ရရွိ လိမ့္မယ္ လို့ ထင္ေၾကး ေပးထား ခံခဲ့ ရသူ ပါ ။ ဒါေပမယ့္ သူဟာ အသင္း မွာ ပံုမွန္ ပြဲထြက္ ကစား ခြင့္ ေတြကို ေတာ္မီေနး ၊ မက္ဂြားယား နဲ့ ဒီဂီယာ တုိ့ နည္းတူ ရယူ ထားနုိင္ ခဲ့ ပါတယ္ ။ အသင္း သစ္ တစ္ခု ကို ေရာက္ရွိ လာတဲ့ အေတြ့အၾကံဳ နည္းသူ လူငယ္ ကစားသမား တစ္ေယာက္ ဆီက အခ်ိန္ နဲ့ အမ်ွ ဒီထက္ ပိုျပီး ေကာင္းမြန္ တဲ့ အရာ ေတြကို ရရွိ နုိင္ ဦးမယ္ ဆုိတာ ေသခ်ာ လွ ပါတယ္ ။

(5) ” 2000 ” … ေက်ာ္လိုက္ ပါျပီ !!!

ဒီေန့ ပြဲစဥ္ မွာ ယူနုိက္တက္ အတြက္ အဖြင့္ ဂိုး သြင္းယူ ေပးလိုက္ တဲ့ စေကာ့ မက္ ေတာ္မီေနး ဟာ ယူနုိက္တက္ အသင္း ရဲ့ သမိုင္း တစ္ေလ်ာက္ 2000 အၾကိမ္ ေျမာက္ ပရီးမီးယား လိဂ္ သြင္းဂိုး ကို သြင္းယူ ေပးလိုက္ျပီ ဆုိတဲ့ သမိုင္းဝင္ မွတ္တမ္း ေကာင္း တစ္ခု ကို ကားရိုး ရုတ္ဒ္ ကြင္းမွာ ေရးထုိး သြားနုိင္ ခဲ့ ပါျပီ ။

အဆုိပါ သြင္းဂိုး ေၾကာင့္ ယူနုိက္တက္ ဟာ ဒီ ျပိဳင္ပြဲ မွာ သြင္းဂိုး 2000 ျပည့္ေျမာက္ သြားတဲ့ ပထမဆံုး ကလပ္ အသင္း တစ္ခု ျဖစ္သြား ခဲ့ ပါျပီ ။ စံခ်ိန္ေတြ မွတ္တမ္း ေကာင္းေတြ ဆုိတာ ကစားသမား တုိင္း လိုခ်င္ ၾကတဲ့ အရာ တစ္ခု ပါပဲ ။ အထူးသျဖင့္ ယူနုိက္တက္ လို အသင္း မွာ ကစား ေနတဲ့ ကစားသမား တစ္ဦး က ဒီလို အသင္း အတြက္ မွတ္တမ္း တစ္ခု ေရးထုိး နုိင္ဖုိ့ ပိုျပီး စိတ္အား ထက္သန္ ေနမွာ အေသအခ်ာ ပါပဲ ။ အခုေတာ့ ေတာ္မီေနး ဟာ စံခ်ိန္ တစ္ခု ကို ရယူ ရင္း ယူနုိက္တက္ ရဲ့ သမိုင္းဝင္ လူသား ျဖစ္လာ ခဲ့ ပါျပီ ။

#Sports_Myanmar