တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းနဲ့ ပဲလေ့စ်တို့ ၂ ဂိုးစီသရေ နဲ့ ပွဲပြီး
ခဲ့ပါတယ်။ဒီပွဲမှာ အိမ်ရှင်အာဆင်နယ် အသင်းက ပွဲအစ၁၀ မိနစ်အတွင်း ဆိုကရေးတစ်၊ ဒေးဗစ်လုဇ် တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်အတွက် ချေပဂိုးတွေကိုတော့ မီလီဗိုဂျီဗစ်နဲ့ ဂျော်ဒန်အာယူးတို့က သွင်းယူပေး ခဲ့ကြတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာနောက်ဆုံးကစားခဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်းတန်းတက်ရှက်ဖီးလ် အသင်းကို အရေးနိမ့်ထားခဲ့ဖြစ်ပြီး ၂ပတ်ဆက်တိုက်အမှတ်လျော့ခဲ့လို့အဆင့်၅နေရာအထိကျရောက်သွားခဲ့ရပါတယ်။

ဒီပွဲမှာ အာဆင်နယ်အသင်းကို ဦးဆောင်ခဲ့တဲ့ ကွင်းလယ်လူ ရှာကာဟာ လူစားလဲခံရချိန်မှာ ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုကို အတော်လေးခံခဲ့ရပါတယ်။သူကလည်း ပရိသတ်တွေဘက်ကို နားစွင့်ဟန်ပြုလုပ်ပြခဲ့ပြီး အရံခုံတန်းမှာမထိုင်ခဲ့ပဲ အဝတ်လဲခန်းအတွင်းတန်းပြီးဝင်သွားခဲ့ပါတယ်။

ရုပ်သံပြကွက်တွေအရ ရှာကာဟာ f***-off လို့ ပရိသတ်တွေဘက်ကိုလှည့်ပြော ခဲ့ပုံရလို့ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းတွေမှာဖော်ပြခံရဖွယ်ရှိနေပါတယ်။ပွဲပြီးခါနီးမှာ ဆိုကရေးတစ်က အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် VAR နဲ့ပြန်ကြည့်အပြီးပယ်ဖျက်ခဲ့လို့ အာဆင်နယ်ဖန်တွေထပ်ပြီး ဆူပူခဲ့ကြပါသေးတယ်။

ဒီပွဲမှာပါဝင်ကစားသွားခဲ့တဲ့ နှစ်ဖက် အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ရာမှာတော့ –

#အာဆင်နယ်အသင်း

လီနို – 6

ဘောလုံး ဖမ်းယူမှု မှာ ဘာကိစ္စမှာ မရှိခဲ့သလို အပြစ်ပြောလို့ မရခဲ့ပေမယ့် သူ့ရဲ့ ရှေ့နားတဝိုက် ကမောက်ကမ ဖြစ်ရပ်တွေကြောင့် ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ချန်ဘာ -6

ဇာဟာကို လဲကျစေခဲ့တဲ့ ဖြစ်ရပ်မှာ သူက အာဆင်နယ်ခံစစ်ရဲ့ နောက်ဆုံး ခံစစ်သမားမျိုးတော့ မဟုတ်ခဲ့တာဖြစ်ပါတယ်။

ဆိုကရေးတစ် – 6

ပွဲပြီး ခါနီးမှာ အနိုင်ဂိုးထပ်သွင်းပေးခဲပေမယ့် ပယ်ဖျက်ခံခဲ့ရလို့ သူ့အတွက်စိတ်ရှုပ်စရာ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း ဂန်းနားခံစစ် အိမ်ကွင်းမှာတောင် ဟာကွက်တွေ အများကြီးရှိခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်လုဇ် – 6

ခံစစ် မှူး တဦးဖြစ်ပေမယ့် ၃ပွဲမှာ ၂ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ဒါပေမယ့် အခုချိန်မှာတော့သူဟာ ဂိုးသွင်းစက်ဘဝကနေမူလ တာဝန်တွေကိုပြန်ယူရတော့ မှာဖြစ်ပါတယ်။

တီယာနေး – 7

ပရီးမီးယားမှာ ပထမဆုံး အဖြစ် ပွဲထွက်စာရင်းဝင် ခဲ့ပေမယ့် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့်ပြိုင်ဘက် အသင်းသား တောင်ဆန် ကြောင့် အလုပ်များခဲ့ရပါသေးတယ်။

ဂွမ်ဇူဒီ – 7

အာဆင်နယ်အသင်းရဲ့ပွဲတိုင်း မှာ ကြိုးစားပြီး ကစား နေတတ်တဲ့ ကွင်းလယ်လူတဦးအဖြစ် သူ့ကို မြင်ရမှာဖြစ်ပါတယ်။ဒါပေမယ့် မေးခွန်းထုတ်စရာအချို့တော့ရှိနေသေးတာဖြစ်ပါတယ်။

ဆီဘယ်လော့စ်- 8

အရည်အသွေးမြင့်ကစား သမားမျိုးဖြစ်တယ်ဆိုတာကို ပြသနေတဲ့ အခိုက်အတန့်တွေဖြစ်ခဲ့ပါတယ်။ဘောလုံးကို ပထမထိချက်မှာပဲ သံလိုက်ဓာတ်နဲ့သံကို စွဲထားသလို အထိန်းအသိမ်းကောင်းလွန်းခဲ့ပါတယ်။

ရှာကာ – 4

လူစားလဲခံရအပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုခံခဲ့ရသလို ဂျာစီကို ချွတ်ပြီး လိုဏ်ခေါင်းအတွင်းတန်းဝင်သွားခဲ့လို့ ပရိသတ်တွေကိုဒေါသထွက်စေခဲ့ပါတယ်။အသင်းခေါင်းဆောင်တဦးနဲ့ မကိုက်ညီတဲ့ အရာမျိုးတွေကိုလုပ်ပြမိခဲ့ပါတယ်။

ပီပီ – 7

ကြားရက်အတွင်းကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာလို set-peices တွေကနေ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့်မဆိုသလောက်လေး ကပ်လွဲနေခဲ့ရတာဖြစ်ပါတယ်။

လာကာဇက် – 6

အခွင့်အရေး အချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူူး။

အူဘာမီယန် – 6

လာကာဇက်ပြန်ပါလာလို့ တောင်ပံကို ထွက်ပြီး ကစားခဲ့ရပါတယ်။ဒါပေမယ့် သူက အထောင်တိုက်စစ်နေရာမှာပိုပြီး အံဝင် ခြေစွမ်းပြနိုင်တယ်ဆိုတာ ထပ်ပြီးတွေ့ခဲ့ရပါတယ်။

လူစားဝင်ကစားသမားများ –

ဆာကာ – 5
ကိုလာစီနက်စ် – 6

#ပဲလေ့စ်အသင်း

ဟန်နက်စီ – 6

အာဆင်နယ် အသင်းရသွားတဲ့ အဖွင့်ဂိုးမှာသူ့ရဲ့ အမှား မကင်းခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ ပုံစံကောင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဂျိုးဝက်ဒ် – 6

ပွဲအစမှှာ သံသယ ဖြစ်ဖွယ်ခြေစွမ်းမျိုးသာပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကြိုးစားသွားခဲ့ပါတယ်။

တွန်ကင်စ် – 6

ဂန်းနားတို့ရဲ့ ပွဲအစပိုင်း တိုက်စစ်မုန်တိုင်း ဒဏ်ကြောင့် ရုန်းကန်ခဲ့ရပါသေးတယ်။ဒါပေမယ့် နောက်ပိုင်းမှာ တာဝန်ကျေပွန်အောင် စွမ်းဆောင်ပြသွားခဲ့ပါတယ်။

ကာဟေး – 7

အချို့ ဗဟိုခံစစ် မှူးတွေထက် တည်ငြိမ် မှု ပိုပြီး ရှိနေသေးတယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်။

ဗန်အန်ဟော့တ် – 6

ခံစစ်စွမ်းဆောင်ရည်မှာ သံသယဖြစ်စရာခြေးစွမ်းမျိုးသာပြသနိုင်ခဲ့ပြီး တိုက်စစ်ကိုပဲ လိုက်ပါဖို့ ဆန္ဒ ရှိနေခဲ့သူဖြစ်ပါတယ်။

မီလီဗိုဂျီဗစ် – 7

ပဲလေ့စ် ကစားသမားဘဝ မှာသူ့ရဲ့ သွင်းဂိုးက ၂၆ ဂိုးရှိထားပြီး ပင်နယ်တီဂိုး ၂၂ဂိုးအထိပါဝင်နေပါတယ်။

ကူယာတေး – 6

အာဆင်နယ် အသင်းရသွားတဲ့ အဖွင့်ဂိုးမှာ ဆိုကရေးတစ်ကို သူ့ရဲ့ တားဆီးပုံက အတော်လေးကို နှေးကွေးလွန်းခဲ့တာဖြစ်ပါတယ်။

တောင်ဆန် – 7

တပွဲလုံးမှာ သက်ဝင်လှုပ်ရှားကစားပြခဲ့ပါတယ်။တီယာနေး ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို ခက်ခဲစေခဲ့သူလည်းဖြစ်ပါတယ်။

မက်အာသာ – 8

အာယူးရဲ့ ချေပဂိုး မှာ သူ့ရဲ့ ဖြတ်တင်ဘောက ကောင်းလွန်းခဲ့တာဖြစ်ပါတယ်။

ဇာဟာ -7

တနည်းမရ တနည်းနဲ့ ပြိုင်ဘက်ကို ထိုးဖောက်ဖို့ကြိုးစားခဲ့သူဖြစ်ပါတယ်။သူ့ကို အကြာကြီးထိန်းနိုင်ဖို့က မဖြစ်နိုင်ပါဘူး။

အာယူး – 7

ပဲလေ့စ် အသင်း အမှတ်ပြန်ရစေမယ့် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

လူစားဝင်ကစားသမား များ-

ဘန်တီကီ ( -)

SPORTS MYANMAR