အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ ရိုင်းစ်နယ်လ်ဆင် ၊ စမစ်ရို ၊ အန်ကီးတီးယား ၊ ဝီးလော့ ၊ ဆာကာ ၊ တိုင်ရီဂျွန်ဂျူးစ် ၊ ဘီလစ် ၊ အာမာချီ တို့လို အရည်အသွေးကောင်းတွေ ရှိတဲ့ လူငယ် ကစားသမားလေးတွေကို ပိုင်ဆိုင် ထားတဲ့ အသင်း တစ်သင်းပါ ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ နှစ်စဉ်နှစ်တိုင်း လိုလို လူငယ် ကစားသမားလေးတွေကို အသင်းကြီးမှာ ပွဲထွက်ခွင့် မပေးနိုင်တာကြောင့် တခြား အသင်းတွေဆီ ပြောင်းရွှေ့ ခွင့် ပြုလိုက် ရတာမျိုးနဲ့ ကြုံ တွေ့ နေရပါတယ် ။ ဒီနှစ်မှာလည်း အာဆင်နယ် အသင်းဟာ ပလီဂူဇူလို ၊ ဘရာမောလ် ၊ ဂလေးမား တို့လို လူငယ် ကစားသမားကောင်းလေးတွေကို ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်းကုန်ပြီး လမ်းခွဲခဲ့တဲ့ လူငယ် နောက်ခံလူ ဘရာမော်လ် က အသင်းကြီးမှာ ပွဲထွက်ခွင့် ရဖို့ စောင့်ဆိုင်း နေကြတဲ့ လူငယ် ကစားသမားကောင်းလေးတွေကို နေရာ မပေးပါက တခြား အသင်းတွေဆီ ပြောင်းရွှေ့ သွားကြလိမ့်မယ်လို့ သတိပေး သွားခဲ့ပါတယ် ။

ဘရာမော်လ် က Goal နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်း လူငယ် ကစားသမားကောင်းတွေကို ထပ်မံ ဆုံးရှုံး နိုင်ချေ ရှိလား ဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ ။ ၁၀၀ % ပါပဲ ။ လူငယ်တွေက သူတို့ ဘယ်လောက်ကောင်းကြောင်း သက်သေ ပြခွင့် မရရင် ပြည်ပ ကို ပြောင်းရွှေ့ ကြမှာပါပဲ ။ ”

” ဘွန်ဒက်စ်လီဂါ ကလပ် အသင်း တော်တော်များများက အရည်အချင်း ရှိတဲ့ အင်္ဂလန် လူငယ်လေးတွေကို မျက်စိကျ နေကြပါတယ် ။ ဒါကြောင့် နေရာမရရင်တော့ ပြည်ပ ထွက်ပြီး သူတို့ ကစားသမား ဘဝ နောက်တစ်ဆင့် တက်အောင် ကြိုးစားကြမှာပါပဲ ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် လူငယ် အသင်းက စမစ်ရို ၊ ဆာကာ တို့လို ကစားသမားလေးတွေကို အသင်းကြီးမှာ ပွဲဦးထွက် ကစားခွင့် ပေးခဲ့ပါတယ် ။ စမစ်ရိုဟာ အာဆင်နယ် အသင်းကြီးမှာ ခြောက်ပွဲ ပါဝင် ကစားခဲ့ပြီး သုံးဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဆာကာ ဟာလည်း အာဆင်နယ် အသင်းကြီးမှာ လေးပွဲ ပါဝင် ကစားခွင့် ရခဲ့ပြီး ဖူလ်ဟမ် အသင်း နဲ့ ပွဲမှာ အီဝိုဘီ နေရာ လူစားဝင်ပြီး သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကို ကစားခွင့် ရခဲ့ပါတယ် ။ ဒါကြောင့် ဆာကာ ဟာ ပ ရီး မီး ယား လိဂ် မှာ ပ ထ မ ဆုံး က စား ခွင့် ရ တဲ့ ၂၀၀၁ ခု နှစ် ဖွား က စား သ မား ဖြစ် လာ ခဲ့ ပါ တယ် ။

အာဆင်နယ် လူငယ် အသင်းမှာ ဇားဗီးယား အာမာချီ ၊ တိုင်ရီဂျွန်ဂျူးစ် တို့လို လူငယ် ကစားသမားကောင်းလေးတွေလည်း ရှိနေသေးပြီး အာမာချီ ဆို ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသည်းအသန် လိုချင်နေတဲ့ ကစားသမားပါ ။ တိုင်ရီဂျွန်ဂျူးစ် ကိုလည်း ဥရောပ အသင်းကြီး တော်တော်များများ ပစ်မှတ် ထားနေကြတာပါ ။

အာဆင်နယ် အသင်းဟာ လာမယ့် ရာသီ အတွက် ကြိုတင် ပြင်ဆင်မှု အနေနဲ့ ယူ-၂၃ နည်းပြ ယွန်းဘတ် ကို အူနိုင်း အမ်မရီ ရဲ့ လက်ထောက် နည်းပြ အဖြစ် ခန့်အပ်လိုက်တာကြောင့် သူ့ရဲ့ လူငယ် ကစားသမားလေးတွေကို အသင်းကြီးမှာ ပွဲထွက်ခွင့် ပေးသွားဖို့တော့ ရှိနေပါတယ် ။

SPORTS MYANMAR