မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက လီဗာပူး အသင်းဟာ မနေ့ညက တော့တင်ဟမ်ကို ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ချန်ပီယံတွေလို ကစား သွားခဲ့ ကြတယ်လို့ ယုံကြည့် နေပါတယ်။ လီဗာပူးဟာ ဟယ်ရီကိန်းရဲ့ ၁ မိနစ် ကတည်းက သွင်းယူ ခဲ့တဲ့ ခေါင်းတိုက်ဂိုးကြောင့် နောက်ကနေ လိုက်ကစား ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျော်ဒန်ဟန်ဒါဆန် ဟာ ယာဂန်ကလော့ ရဲ့ အသင်း အတွက် ၅၂ မိနစ်မှာ volley ကန်ချက် နဲဲ့ ချေပဂိုး ပြန်လည် ရယူ ပေးခဲ့ပြီး ပွဲချိန် ရ၅ မိနစ်မှာ မိုဟာမက်ဆာလား ဟာ ဆာဒီယို မာနေးကြောင့် ရခဲ့တဲ့ ပင်နယ်တီနဲ့ ဂိုးသွင်းယူ ခဲ့ကာ ပွဲအပြီးမှာ လီဗာပူး ကို အန်ဖီးမှာ ၃ မှတ် ရစေ ခဲ့ပါတယ်။

 

ဒီရလဒ်ကြောင့် လီဗာပူးဟာ အမှတ်ပေးဇယား ရဲ့ ဒုတိယ နေရာက မန်ချက်စတာ စီးတီး အသင်း နဲ့ ရမှတ် ၆ မှတ် ပြန်လည် ကွာဟ သွားခဲ့ပြီး ကလော့ ရဲ့ အသင်းဟာ နှစ် ၃၀ မှာ ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလား ကို ရဖို့ အတွက် ဆက်လက် တိုက်ပွဲ ၀င်နေပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း ကိန်း ကတော့ စပါးကို ဒီလို ခြေစွမ်းပြ အနိုင်ယူ ခဲ့တဲ့ လီဗာပူးဟာ ချန်ပီယံ အသင်းလို စွမ်းဆောင် ပြသွားခဲ့တယ်လို့ ၀န်ခံ သွားခဲ့ ပါတယ်။.

ကိန်း က “ဒါမျိုးကို သူတို့ အနေနဲ့ အပတ်တိုင်း လုပ်ပြ သွားရမှာပါ။ မန်စီးတီးဟာ မနေ့က ရလဒ်ကောင်းကို ရယူကာ ဒီနေ့မှာ လီဗာပူးကို ဖိအားတွေအောက် ကျရောက် စေခဲ့ ပါတယ်။ လီဗာပူးဟာ ဒါကို တုန့်ပြန် နိုင်ခဲ့ပြီး ဒါဟာ အရေးကြီးဆုံး လိုအပ်တဲ့ အရည်အသွေး ပါပဲ။ သူတို့ အနေနဲ့ ဒီအတိုင်း ဆက်သွား ရမှာပါ။ လီဗာပူးဟာ ဂိုးစောစော စီးစီး ပေးလိုက် ရတာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ ပေမယ့် သူတို့ဟာ အကောင်းဆုံး ပြန်လည် recover လုပ်နိုင် ခဲ့ပါတယ်။

ဒီအတိုင်း ဆက်သွားဖို့ လိုအပ် ပါတယ်။ ဘယ်သူမှ ကိုယ့်ကို ချန်ပီယံဆု လာပြီး ပေးမှာ မဟုတ်ပါဘူး။ အပတ်တိုင်း အပတ်တိုင်းမှာ မှန်ကန်တဲ့ ရလဒ်ကို ရဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က ကောင်းကောင်း ကစား နို်င်သည် ဖြစ်စေ မကစား နိုင်သည် ဖြစ်စေပေါ့။ သူတို့ဟာ ဒီနေ့မှာ ရလဒ်ကောင်းကို ညှစ်ယူ နိုင်ခဲ့ပါတယ်။ ကျွန်တော် တော့တင်ဟမ် တို့ ပေးလိုက် ရတဲ့ ဂိုးတွေဟာ ခံစစ် ကစားပုံ ညံ့ဖျင်း တာကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ပြည့် နှိုင်းယှဉ် ကြည့်လိုက်မယ် ဆိုရင်တော့ လီဗာပူး ဟာ ပိုမို ကောင်းမွန်တဲ့ အသင်း ဖြစ်ပါတယ်။

ခင်ဗျားတို့ သိကြလား။ ကျွန်တော် ဒီစကားလုံးကို မပြောချင် ပေမယ့် လီဗာပူး ဟာ ချန်ပီယံ တွေလို ကစား သွားခဲ့ ပါတယ်။ သူတို့ဟာ အကောင်းဆုံး ပြန်လည် တုန့်ပြန် နိုင်ခဲ့တဲ့ အပြင် ပြိုင်ဘက်ထက် အများကြီး ပိုကောင်းတဲ့ အသင်းလည်း ဖြစ်ခဲ့ ပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး ဟာ အဆိုပါ ရလဒ်ကြောင့် ပရီးမီးယားလိဂ် ၁၀ ပွဲ ကစား ထားပြီး ချိန်မှာ ရမှတ် ၂၈ မှတ် စုဆောင်း နိုင်ခဲ့တဲ့ လိဂ်စံချိန်ကို လိုက်မှီ သွားခဲ့ပါတယ်။ အဆိုပါ စံချိန်ကို ရရှိ ခဲ့တဲ့ အသင်း ၃ သင်း စလုံး ကတော့ အဲဒီ ရာသီမှာ ချန်ပီယံ ဖြစ်ခဲ့ ကြပါတယ်။

SM

Zawgyi

စပါးကို ေနာက္ကေန လိုက္ကစားျပီး အႏိုင္ယူ ခဲ့တဲ့ လီဗာပူးနဲ႕ ပက္သက္ျပီး ၀န္ခံမွဳ လုပ္သြားခဲ့တဲ့ ယူႏုိက္တက္ ၾကယ္ပြင့္ေဟာင္း ရြိဳင္ကိန္း

မန္ခ်က္စတာ ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းက လီဗာပူး အသင္းဟာ မေန႕ညက ေတာ့တင္ဟမ္ကို ၂ – ၁ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ ခ်န္ပီယံေတြလို ကစား သြားခဲ့ ၾကတယ္လို႕ ယံုၾကည့္ ေနပါတယ္။ လီဗာပူးဟာ ဟယ္ရီကိန္းရဲ႕ ၁ မိနစ္ ကတည္းက သြင္းယူ ခဲ့တဲ့ ေခါင္းတုိက္ဂိုးေၾကာင့္ ေနာက္ကေန လုိက္ကစား ခဲ့ပါတယ္။

ဒါေပမယ့္လည္း ေဂ်ာ္ဒန္ဟန္ဒါဆန္ ဟာ ယာဂန္ကေလာ့ ရဲ႕ အသင္း အတြက္ ၅၂ မိနစ္မွာ volley ကန္ခ်က္ နဲဲ႕ ေခ်ပဂိုး ျပန္လည္ ရယူ ေပးခဲ့ျပီး ပြဲခ်ိန္ ၇၅ မိနစ္မွာ မုိဟာမက္ဆာလား ဟာ ဆာဒီယုိ မာေနးေၾကာင့္ ရခဲ့တဲ့ ပင္နယ္တီနဲ႕ ဂိုးသြင္းယူ ခဲ့ကာ ပြဲအျပီးမွာ လီဗာပူး ကုိ အန္ဖီးမွာ ၃ မွတ္ ရေစ ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ လီဗာပူးဟာ အမွတ္ေပးဇယား ရဲ႕ ဒုတိယ ေနရာက မန္ခ်က္စတာ စီးတီး အသင္း နဲ႕ ရမွတ္ ၆ မွတ္ ျပန္လည္ ကြာဟ သြားခဲ့ျပီး ကေလာ့ ရဲ႕ အသင္းဟာ ႏွစ္ ၃၀ မွာ ပထမဦးဆံုး ပရီးမီးယားလိဂ္ ဖလား ကို ရဖို႕ အတြက္ ဆက္လက္ တုိက္ပြဲ ၀င္ေနပါတယ္။ ယူႏုိက္တက္ ကစားသမားေဟာင္း ကိန္း ကေတာ့ စပါးကို ဒီလို ေျခစြမ္းျပ အႏုိင္ယူ ခဲ့တဲ့ လီဗာပူးဟာ ခ်န္ပီယံ အသင္းလို စြမ္းေဆာင္ ျပသြားခဲ့တယ္လို႕ ၀န္ခံ သြားခဲ့ ပါတယ္။.

ကိန္း က “ဒါမ်ိဳးကို သူတုိ႕ အေနနဲ႕ အပတ္တုိင္း လုပ္ျပ သြား၇မွာပါ။ မန္စီးတီးဟာ မေန႕က ရလဒ္ေကာင္းကို ရယူကာ ဒီေန႕မွာ လီဗာပူးကို ဖိအားေတြေအာက္ က်ေရာက္ ေစခဲ့ ပါတယ္။ လီဗာပူးဟာ ဒါကို တုန္႕ျပန္ ႏုိင္ခဲ့ျပီး ဒါဟာ အေရးၾကီးဆံုး လိုအပ္တဲ့ အရည္အေသြး ပါပဲ။ သူတုိ႕ အေနနဲ႕ ဒီအတုိင္း ဆက္သြား ရမွာပါ။ လီဗာပူးဟာ ဂိုးေစာေစာ စီးစီး ေပးလိုက္ ရတာေၾကာင့္ စိတ္ပ်က္လက္ပ်က္ ျဖစ္ခဲ့ ေပမယ့္ သူတုိ႕ဟာ အေကာင္းဆံုး ျပန္လည္ recover လုပ္ႏုိင္ ခဲ့ပါတယ္။

ဒီအတုိင္း ဆက္သြားဖို႕ လိုအပ္ ပါတယ္။ ဘယ္သူမွ ကိုယ့္ကို ခ်န္ပီယံဆု လာျပီး ေပးမွာ မဟုတ္ပါဘူး။ အပတ္တုိင္း အပတ္တုိင္းမွာ မွန္ကန္တဲ့ ရလဒ္ကို ရဖို႕ လိုအပ္ပါတယ္။ ကိုယ့္ဘက္က ေကာင္းေကာင္း ကစား ႏုိ္င္သည္ ျဖစ္ေစ မကစား ႏုိင္သည္ ျဖစ္ေစေပါ့။ သူတုိ႕ဟာ ဒီေန႕မွာ ရလဒ္ေကာင္းကို ညွစ္ယူ ႏုိင္ခဲ့ပါတယ္။ ကၽြန္ေတာ္ ေတာ့တင္ဟမ္ တုိ႕ ေပးလိုက္ ရတဲ့ ဂိုးေတြဟာ ခံစစ္ ကစားပံု ညံ့ဖ်င္း တာေၾကာင့္လို႕ ထင္ပါတယ္။ ဒါေပမယ့္ မိနစ္ ၉၀ ျပည့္ ႏွိဳင္းယွဥ္ ၾကည့္လိုက္မယ္ ဆုိရင္ေတာ့ လီဗာပူး ဟာ ပုိမို ေကာင္းမြန္တဲ့ အသင္း ျဖစ္ပါတယ္။

ခင္ဗ်ားတုိ႕ သိၾကလား။ ကၽြန္ေတာ္ ဒီစကားလံုးကို မေျပာခ်င္ ေပမယ့္ လီဗာပူး ဟာ ခ်န္ပီယံ ေတြလို ကစား သြားခဲ့ ပါတယ္။ သူတုိ႕ဟာ အေကာင္းဆံုး ျပန္လည္ တုန္႕ျပန္ ႏုိင္ခဲ့တဲ့ အျပင္ ျပိဳင္ဘက္ထက္ အမ်ားၾကီး ပိုေကာင္းတဲ့ အသင္းလည္း ျဖစ္ခဲ့ ပါတယ္။” လို႕ ဆုိသြား ပါတယ္။

လီဗာပူး ဟာ အဆိုပါ ရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္ ၁၀ ပြဲ ကစား ထားျပီး ခ်ိန္မွာ ရမွတ္ ၂၈ မွတ္ စုေဆာင္း ႏုိင္ခဲ့တဲ့ လိဂ္စံခ်ိန္ကို လိုက္မွီ သြားခဲ့ပါတယ္။ အဆုိပါ စံခ်ိန္ကို ရရွိ ခဲ့တဲ့ အသင္း ၃ သင္း စလံုး ကေတာ့ အဲဒီ ရာသီမွာ ခ်န္ပီယံ ျဖစ္ခဲ့ ၾကပါတယ္။

SM