ယာဂန်ကလော့ဟာ မနေ့ညက တော့တင်ဟမ်ကို အန်ဖီးမှာ နောက်ကနေ လိုက်ကစားပြီး နိုု်င်ခဲ့တဲ့ ပွဲမှာ အသင်းရဲ့ ခြေစွမ်း အပေါ် အထူး အားရ ကျေနပ် နေပါတယ်။ လီဗာပူးဟာ ပွဲအစ ၄၇ စက္ကန့်မှာပဲ ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်ဂိုးကြောင့် မထင်မှတ်ဘဲ နောက်ကနေ လိုက်ကစား ခဲ့ရပြီး အဲဒီနောက် လန်ဒန်ကလပ်ကို ဒီရာသီ ရဲ့ အကောင်းဆုံး ကစားပုံနဲ့ အတူ ပြန်လည် ဖိအားပေး ခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း လီဗာပူးဟာ ဟန်ဒါဆန် ၊ မိုဆာလား (ပင်နယ်တီ) တို့ရဲ့ ချေပဂိုး နဲ့ အနိုင်ဂိုးတွေ နဲ့ အတူ ဒီပွဲကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့ပြီး အနိုင် ၃ မှတ် စုဆောင်း နိုင်ခဲ့ကာ အမှတ်ပေးဇယား ထိပ်မှာ ၆ မှတ် အသာနဲ့ ပြန်လည် ဦးဆောင် ခဲ့ပါတယ်။ ကလော့ ကတော့ ဒီပွဲမှာ လီဗာပူး တို့ အကောင်းဆုံး အသုံးချ ကစား ခဲ့တဲ့ counter-press ဟာ တော့တင်ဟမ် ကို နောက်ထပ် ဂိုးတွေ ထပ်မပေး ရအောင် လုပ်နိုင် ခဲ့တယ်လို့ ယုံကြည် နေတဲ့ အပြင် ဒါဟာ အနိုင်ဂိုး အတွက်ပါ အထောက်အကူ ပြုခဲ့တယ်လို့ ယုံကြည် နေပါတယ်။

ကလော့က “ကျွန်တော် လုံးဝကို ကျေနပ် ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဒီလိုလည်း မျှော်လင့် ထားပါတယ်။ အစောပိုင်း ပေးဂိုး ကတော့ အကောင်းဆုံး အရာ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် တစ်ခါတစ်ရံ ဒါဟာ တစ်စုံတစ်ခု ရှင်းရှင်းလင်းလင်း ဖြစ်လာ စေခဲ့ပါတယ်။ ပွဲစပြီ ဆိုတာပါပဲ။ တော့တင်ဟမ် တို့ ကျစ်လစ်စွာ ကစားပြီး အပြင်းအထန် အားထုတ် ကစားကာ ကျွန်တော်တို့ အမှားကို အခွင့်ကောင်းယူမယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားခဲ့ပါတယ်။ ကျွန်တော်တို့ ကွင်းလယ်မှာ ဘောလုံး ဆုံးရှုံး လိုက်တာနဲ့ သူတို့ တန်ပြန် တိုက်စစ် ဆင်သွားမယ်။ ဒါလိုမျိုးပါ။ ပေးလိုက်ရတဲ့ ဂိုးမှာတော့ ကျွန်တော်တို့ အနည်းငယ် ကံမကောင်း ခဲ့ပါဘူး။ ဒါ့ကြောင့် အသင်းရဲ့ တန့်ပြန်ပုံကို ကျွန်တော် ကျေနပ် ပါတယ်။ ဒါပေမယ့် ဒီလိုပေးရ နိုင်တယ်လို့လည်း မျှော်လင့် ထားခဲ့ပါတယ်။

ဒါဟာ ကျွန်တော် ကြိုက်တဲ့ ပွဲပါ။ စူပါပွဲပါ။ အရမ်းကို စုစည်းမှု ရှိပြီး တစ်ကယ် တောင့်တင်းတဲ့ အသင်းနဲ့ တွေ့ဆုံ ရာမှာ ဒီလို ကစား သွားရမှာ ဖြစ်ပြီး တစ်ဖက် ကလည်း ကိုယ်ဘောလုံး ဆုံးရှံုး သွားခဲ့မယ် ဆိုရင် ဂိုးပေး ရနိုင်တယ်လို့ တွေးခဲ့ ရပါတယ်။ အသင်းရဲ့ Counter-press ကတော့ အရမ်းကို ထူးကဲ ကောင်းမွန် လွန်းခဲ့ပါတယ်။ ဒါဟာ ခံစစ် ကစားပုံ တစ်မျိုးပါ။ ဒါဟာ ဒီနေ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအပိုင်းမှာ အရမ်းကို ကောင်းစေ ချင်ခဲ့တာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လွှမ်းမိုး ကစား နိုင်ဖို့ ရှိနေတယ် ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒါဟာ ကိုယ်ဘောလုံး ဆုံးရှံုးမယ်လို့လည်း အဓိပ္ပာယ် သက်ရောက် ပါတယ်။

ကျွန်တော်တို့ အနေနဲ့ တိုက်စစ်ဆင်မှုတိုင်းကို ဂိုးအဖြစ် မပြောင်း နိုင်ပါဘူး။ အဲဒီအတွက် Counter-press ရှိနေ ရမှာပါ။ ကျွန်တော် ဒါကို ကြိုက်ပါတယ်။ ဒီအပိုင်းမှာ အရမ်းအရမ်းကို ကောင်းခဲ့ ပါတယ်။ ပထမပိုင်း အပြီးမှာ ကျွန်တော် ကောင်လေး တွေကို ပြောခဲ့ပါတယ်။ ဒီပွဲမှာ ငါတို့ရဲ့ တစ်ခုတည်းသော ပြသနာက ရလဒ်ပဲလို့ပါ။ ဒါကလွဲပြီး အားလုံးကောင်းခဲ့ ပါတယ်။ ကျွန်တော်တို့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ကြိုးစား ခဲ့ပါတယ်။ သူတို့ဟာ ဘောလုံး ရချိန်မှာ ထောင်ချောက် အချို့ ဆင်ထား ခဲ့ပါတယ်။ သူတို့ဟာ အခွင့်အရေး ကြီးကြီးမားမားလည်း ရခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ဂိုးသမား ကန်တင်လိုက်တဲ့ ဘောလုံးလို့ ထင်ပါတယ်။ ဒီဂျန် အတွက်မှားခဲ့ပြီး အဲဒီမှာ ဆွန် ဆွဲပြေး သွားခဲ့ပြီး အလီဟာ အကောင်းဆုံး ကာကွယ်မှု လုပ်ခဲ့ပါတယ်။ သူအဲဒီမှာ ဘောလုံး မထိခဲ့ပေမယ့် ဆွန်ကို သက်တောင့်သက်သာ မဖြစ်အောင် လုပ်နိုင် ခဲ့တာပါ။ ဒါဟာ ကြီးကြယ်တဲ့ ကာကွယ်မှုပါ။ သူကန်သွင်း ခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ ဘားတန်း ထိထွက်ခဲ့ပါတယ်။

အဲဒီနောက် ကျွန်တော်တို့ ပွဲကို စီးမိ သွားခဲ့ပြီး သူတို့ကို ခံစစ်ကို ပို့ကာ တကယ်ကောင်းအောင် ကစား ခဲ့ပြီး ပထမပိုင်းကော ဒုတိယပိုင်းကော အခွင့်အရေးတွေ ဖန်တီးနိုင် ခဲ့ပါတယ်။ တော့တင်ဟမ် ဂိုးသမား ကတော့ စပယ်ရှယ် ကာကွယ်မှုတွေ လုပ်သွား ခဲ့ပါတယ်။ wow – သူ့အတော်ကောင်းတဲ့ ပွဲပါပဲ။ ကျွန်တော်တို့ ရခဲ့တဲ့ ပထမဂိုးကို အရမ်း နှစ်သက်မိပါတယ်။ ဘာလို့လဲ ဆိုတော့ အခြား ပွဲတွေမှာ ဆိုရင် တိုက်စစ်မှုး တစ်ဦး လဲကျ သွားခဲ့ပြီ ဆိုရင် အားလုံးဟာ ပင်နယ်တီ ရဖို့ တောင်းဆို ခဲ့ကြပြီး ကစားသမားတွေ တုန့်ဆိုင်း သွားခဲ့ကြ ပါတယ်။ ဒါပေမယ့် ဟန်ဒိုဟာ ဒါကို အာရုံမစိုက်ဘဲ အဆုံးသတ် ခဲ့ပါတယ်။ တကယ်ကို ကောင်းခဲ့ ပါတယ်။

ဒုတိယဂိုး ကတော့ အရမ်းကို ပြောင်မြောက်တဲ့ ဆာဒီယိုရဲ့ counter-press ကနေ ရခဲ့တာပါ။ ဘောလုံးရတယ် ၊ ပြန်ဆုံးရှံုးတယ် ၊ ပြန်ရလိုက် ဆုံးရှံုးလိုက် ၂ ခါ ဖြစ်ခဲ့ပြီး ပြိုင်ဘက်ရဲ့ ရှေ့ကို ရောက်ခဲ့ ပါတယ်။ အော်ရီယေးက ခြေသလုံးကို ကန်မိ ခဲ့ပါတယ်။ ဒါဟာ အရမ်းအရမ်း ကောင်းတဲ့ အခြေအနေပါ။ ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ထိုက်တန်စွာ နိုင်ခဲ့တာပါ။ ကျွန်တော် အသင်းရဲ့ ခြေစွမ်း အတွက် တကယ် ပျော်ရွှင် မိပါတယ်။’ လို့ ဆိုသွား ပါတယ်။

SM

Zawgyi

ေတာ့တင္ဟမ္ကို ႏုိ္င္ခဲ့တဲ့ ပြဲမွာ လီဗာပူးတုိ႕ အေကာင္းဆံုး အသံုးခ်ႏုိင္ခဲ့တဲ့ လက္နက္ေကာင္း တစ္ခုကို ထုတ္ေဖာ္လိုက္တဲ့ ယာဂန္ကေလာ့

ယာဂန္ကေလာ့ဟာ မေန႕ညက ေတာ့တင္ဟမ္ကို အန္ဖီးမွာ ေနာက္ကေန လိုက္ကစားျပီး ႏုို္င္ခဲ့တဲ့ ပြဲမွာ အသင္းရဲ႕ ေျခစြမ္း အေပၚ အထူး အားရ ေက်နပ္ ေနပါတယ္။ လီဗာပူးဟာ ပြဲအစ ၄၇ စကၠန္႕မွာပဲ ဟယ္ရီကိန္းရဲ႕ ေခါင္းတိုက္ဂိုးေၾကာင့္ မထင္မွတ္ဘဲ ေနာက္ကေန လိုက္ကစား ခဲ့ရျပီး အဲဒီေနာက္ လန္ဒန္ကလပ္ကို ဒီရာသီ ရဲ႕ အေကာင္းဆံုး ကစားပံုနဲ႕ အတူ ျပန္လည္ ဖိအားေပး ခဲ့ပါတယ္။

ဒီအတြက္ေၾကာင့္လည္း လီဗာပူးဟာ ဟန္ဒါဆန္ ၊ မုိဆာလား (ပင္နယ္တီ) တုိ႕ရဲ႕ ေခ်ပဂိုး နဲ႕ အႏုိင္ဂိုးေတြ နဲ႕ အတူ ဒီပြဲကို ထုိက္ထိုက္တန္တန္ ရရွိ ခဲ့ျပီး အနုိင္ ၃ မွတ္ စုေဆာင္း ႏုိင္ခဲ့ကာ အမွတ္ေပးဇယား ထိပ္မွာ ၆ မွတ္ အသာနဲ႕ ျပန္လည္ ဦးေဆာင္ ခဲ့ပါတယ္။ ကေလာ့ ကေတာ့ ဒီပြဲမွာ လီဗာပူး တုိ႕ အေကာင္းဆံုး အသံုးခ် ကစား ခဲ့တဲ့ counter-press ဟာ ေတာ့တင္ဟမ္ ကို ေနာက္ထပ္ ဂိုးေတြ ထပ္မေပး ရေအာင္ လုပ္ႏုိင္ ခဲ့တယ္လို႕ ယံုၾကည္ ေနတဲ့ အျပင္ ဒါဟာ အႏုိင္ဂိုး အတြက္ပါ အေထာက္အကူ ျပဳခ့ဲတယ္လို႕ ယံုၾကည္ ေနပါတယ္။

ကေလာ့က “ကၽြန္ေတာ္ လံုး၀ကို ေက်နပ္ ပါတယ္။ ဒါေပမယ့္ ရိုးရိုးသားသား ေျပာရရင္ ကၽြန္ေတာ္ ဒီလိုလည္း ေမွ်ာ္လင့္ ထားပါတယ္။ အေစာပုိင္း ေပးဂိုး ကေတာ့ အေကာင္းဆံုး အရာ မဟုတ္ဘူးေပါ့ဗ်ာ။ ဒါေပမယ့္ တစ္ခါတစ္ရံ ဒါဟာ တစ္စံုတစ္ခု ရွင္းရွင္းလင္းလင္း ျဖစ္လာ ေစခဲ့ပါတယ္။ ပြဲစျပီ ဆုိတာပါပဲ။ ေတာ့တင္ဟမ္ တုိ႕ က်စ္လစ္စြာ ကစားျပီး အျပင္းအထန္ အားထုတ္ ကစားကာ ကၽြန္ေတာ္တုိ႕ အမွားကို အခြင့္ေကာင္းယူမယ္လို႕ ကၽြန္ေတာ္တုိ႕ ေမွ်ာ္လင့္ ထားခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ ကြင္းလယ္မွာ ေဘာလံုး ဆံုးရွံဳး လိုက္တာနဲ႕ သူတုိ႕ တန္ျပန္ တုိက္စစ္ ဆင္သြားမယ္။ ဒါလိုမ်ိဳးပါ။ ေပးလိုက္ရတ့ဲ ဂိုးမွာေတာ့ ကၽြန္ေတာ္တုိ႕ အနည္းငယ္ ကံမေကာင္း ခဲ့ပါဘူး။ ဒါ့ေၾကာင့္ အသင္းရဲ႕ တန္႕ျပန္ပံုကို ကၽြန္ေတာ္ ေက်နပ္ ပါတယ္။ ဒါေပမယ့္ ဒီလိုေပးရ ႏုိင္တယ္လို႕လည္း ေမွ်ာ္လင့္ ထားခဲ့ပါတယ္။

ဒါဟာ ကၽြန္ေတာ္ ၾကိဳက္တဲ့ ပြဲပါ။ စူပါပြဲပါ။ အရမ္းကို စုစည္းမွဳ ရွိျပီး တစ္ကယ္ ေတာင့္တင္းတဲ့ အသင္းနဲ႕ ေတြ႕ဆံု ရာမွာ ဒီလို ကစား သြားရမွာ ျဖစ္ျပီး တစ္ဖက္ ကလည္း ကိုယ္ေဘာလံုး ဆံုးရွံဳး သြားခဲ့မယ္ ဆုိရင္ ဂိုးေပး ရႏုိင္တယ္လို႕ ေတြးခဲ့ ရပါတယ္။ အသင္းရဲ႕ Counter-press ကေတာ့ အရမ္းကို ထူးကဲ ေကာင္းမြန္ လြန္းခဲ့ပါတယ္။ ဒါဟာ ခံစစ္ ကစားပံု တစ္မ်ိဳးပါ။ ဒါဟာ ဒီေန႕ အစီအစဥ္လည္း ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ဒီအပိုင္းမွာ အရမ္းကို ေကာင္းေစ ခ်င္ခဲ့တာပါ။ ဘာလုိ႕လဲ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ လႊမ္းမုိး ကစား ႏုိင္ဖို႕ ရွိေနတယ္ ဆုိတာ ရွင္းပါတယ္။ ဒါေပမယ့္ ဒါဟာ ကုိယ္ေဘာလံုး ဆံုးရွံဳးမယ္လို႕လည္း အဓိပၸာယ္ သက္ေရာက္ ပါတယ္။

ကၽြန္ေတာ္တုိ႕ အေနနဲ႕ တုိက္စစ္ဆင္မွဳတုိင္းကို ဂိုးအျဖစ္ မေျပာင္း ႏုိင္ပါဘူး။ အဲဒီအတြက္ Counter-press ရွိေန ရမွာပါ။ ကၽြန္ေတာ္ ဒါကို ၾကိဳက္ပါတယ္။ ဒီအပိုင္းမွာ အရမ္းအရမ္းကို ေကာင္းခဲ့ ပါတယ္။ ပထမပိုင္း အျပီးမွာ ကၽြန္ေတာ္ ေကာင္ေလး ေတြကို ေျပာခဲ့ပါတယ္။ ဒီပြဲမွာ ငါတုိ႕ရဲ႕ တစ္ခုတည္းေသာ ျပသနာက ရလဒ္ပဲလို႕ပါ။ ဒါကလြဲျပီး အားလံုးေကာင္းခဲ့ ပါတယ္။ ကၽြန္ေတာ္တုိ႕ အေျခအေနနဲ႕ လိုက္ေလ်ာညီေထြ ျဖစ္ဖို႕ ၾကိဳးစား ခဲ့ပါတယ္။ သူတုိ႕ဟာ ေဘာလံုး ရခ်ိန္မွာ ေထာင္ေခ်ာက္ အခ်ိဳ႕ ဆင္ထား ခဲ့ပါတယ္။ သူတုိ႕ဟာ အခြင့္အေရး ၾကီးၾကီးမားမားလည္း ရခဲ့ပါတယ္။ ဒါေပမယ့္ ဒါဟာ ဂိုးသမား ကန္တင္လုိက္တဲ့ ေဘာလံုးလို႕ ထင္ပါတယ္။ ဒီဂ်န္ အတြက္မွားခဲ့ျပီး အဲဒီမွာ ဆြန္ ဆြဲေျပး သြားခဲ့ျပီး အလီဟာ အေကာင္းဆံုး ကာကြယ္မွဳ လုပ္ခဲ့ပါတယ္။ သူအဲဒီမွာ ေဘာလံုး မထိခဲ့ေပမယ့္ ဆြန္ကို သက္ေတာင့္သက္သာ မျဖစ္ေအာင္ လုပ္ႏုိင္ ခဲ့တာပါ။ ဒါဟာ ၾကီးၾကယ္တဲ့ ကာကြယ္မွဳပါ။ သူကန္သြင္း ခဲ့ေပမယ့္လည္း ကံေကာင္းစြာနဲ႕ ဘားတန္း ထိထြက္ခဲ့ပါတယ္။

အဲဒီေနာက္ ကၽြန္ေတာ္တုိ႕ ပြဲကို စီးမိ သြားခဲ့ျပီး သူတုိ႕ကို ခံစစ္ကို ပို႕ကာ တကယ္ေကာင္းေအာင္ ကစား ခဲ့ျပီး ပထမပိုင္းေကာ ဒုတိယပုိင္းေကာ အခြင့္အေရးေတြ ဖန္တီးႏုိင္ ခဲ့ပါတယ္။ ေတာ့တင္ဟမ္ ဂိုးသမား ကေတာ့ စပယ္ရွယ္ ကာကြယ္မွဳေတြ လုပ္သြား ခဲ့ပါတယ္။ wow – သူ႕အေတာ္ေကာင္းတဲ့ ပြဲပါပဲ။ ကၽြန္ေတာ္တုိ႕ ရခဲ့တဲ့ ပထမဂိုးကို အရမ္း ႏွစ္သက္မိပါတယ္။ ဘာလို႕လဲ ဆုိေတာ့ အျခား ပြဲေတြမွာ ဆုိရင္ တုိက္စစ္မွဳး တစ္ဦး လဲက် သြားခဲ့ျပီ ဆုိရင္ အားလံုးဟာ ပင္နယ္တီ ရဖို႕ ေတာင္းဆုိ ခဲ့ၾကျပီး ကစားသမားေတြ တုန္႕ဆုိင္း သြားခဲ့ၾက ပါတယ္။ ဒါေပမယ့္ ဟန္ဒုိဟာ ဒါကို အာရံုမစိုက္ဘဲ အဆံုးသတ္ ခဲ့ပါတယ္။ တကယ္ကုိ ေကာင္းခဲ့ ပါတယ္။

ဒုတိယဂိုး ကေတာ့ အရမ္းကို ေျပာင္ေျမာက္တဲ့ ဆာဒီယုိရဲ႕ counter-press ကေန ရခဲ့တာပါ။ ေဘာလံုးရတယ္ ၊ ျပန္ဆံုးရွံဳးတယ္ ၊ ျပန္ရလိုက္ ဆံုးရွံဳးလိုက္ ၂ ခါ ျဖစ္ခဲ့ျပီး ျပိဳင္ဘက္ရဲ႕ ေရွ႕ကို ေရာက္ခဲ့ ပါတယ္။ ေအာ္ရီေယးက ေျခသလံုးကို ကန္မိ ခဲ့ပါတယ္။ ဒါဟာ အ၇မ္းအ၇မ္း ေကာင္းတဲ့ အေျခအေနပါ။ ကၽြန္ေတာ္တုိ႕ ႏုိင္ခဲ့ပါတယ္။ ထုိက္တန္စြာ ႏုိင္ခဲ့တာပါ။ ကၽြန္ေတာ္ အသင္းရဲ႕ ေျခစြမ္း အတြက္ တကယ္ ေပ်ာ္ရႊင္ မိပါတယ္။’ လို႕ ဆုိသြား ပါတယ္။

SM