အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေစ့်အသင်း နဲ့ ပွဲမှာ အနိုင် ရလဒ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသ နိုင်ခဲ့ပေမယ့် အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကြောင့် ရမှတ် ၂ မှတ် နစ်နာ ခဲ့ရကြောင်း ငြီးတွား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပွဲအစ ၁၀ မိနစ် ကတည်းက ဗဟို နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ ဆိုကရက်တစ် နဲ့ ဒေးဗစ်လူးဝဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်လည် ခွင့်ပြု ခဲ့ရပြီး အိမ်ကွင်းမှာ သရေ တစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ပွဲပြီးဖို့ ဆယ်မိနစ် အလိုလောက်မှာ နောက်ခံလူ ဆိုကရက်တစ် ရဲ့ သွင်းဂိုးနဲ့ ပွဲကို ပြန်လည် ဦးဆောင် နိုင်ခဲ့ပေမယ့် ဒိုင်လူကြီး မာတင် အက်ကင်ဆန် က VAR ပြန်ကြည့်ပြီး ဂိုးအဖြစ်ကနေ ပယ်ဖျက် ခဲ့ပါတယ် ။ မာတင် အက်ကင်ဆန် ဟာ ဆိုကရက်တစ် သွင်းဂိုးမှာ ချိန်ဘာ ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ဂိုးအဖြစ်ကနေ ပြန်လည် ပယ်ဖျက်ခဲ့တာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အမ်မရီ ရဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ VAR ရဲ့ ဆုံးဖြတ်ချက် အပေါ် ” ကျနော် ပြောစရာတွေ အများကြီး ရှိပါတယ် ၊ အဓိက ပြောချင်တာက အကြောင်းအရာ နှစ်ခုပါ ၊ ပထမ တစ်ချက်က ကျနော်တို့ရဲ့ စွမ်းဆောင်ရည် နဲ့ နောက်တစ်ခုက ဒိုင်လူကြီး နဲ့ VAR အကြောင်းပါ ။ ”

” ကျနော်တို့ အနိုင်ရဖို့ ထိုက်တန် ခဲ့ပါတယ် ၊ သွင်းဂိုး နှစ်ဂိုး သွင်းယူပြီး ပွဲကို အကောင်းဆုံး စတင် နိုင်ခဲ့ငလို ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေလည်း သိပ်မပေး ခဲ့ရပါဘူး ။ ၂ ဂိုးပြတ် ဦးဆောင် နိုင်ပြီးတဲ့ အချိန်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့ပါတယ် ။ ”

” ပြိုင်ဘက်ကလည်း ချေပဂိုး ပြန်လည် ရရှိဖို့ ကစားခဲ့ပြီး VAR ကြောင့် တစ်ဂိုး ပြန်ရသွားပါတယ်၊ ပင်နယ်တီ ပေးသင့်တဲ့ ဖျက်ထုတ်မှု မို့လို့ VAR ပြန်ကြည့်တာကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ ၊ ဒါပေမယ့်ဗျာ ဘုန်းမောက် အသင်းနဲ့ ပွဲတုန်းကဆို ကျနော်တို့ ဒီနေ့ထက်တောင် သိသာတဲ့ ပင်နယ်တီ ရသင့်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပေမယ့် VAR လုံးဝ ပြန်မကြည့်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ပွဲအပြီးမှာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရခဲ့တော့ ပြဿနာ သိပ်တော့ မရှိခဲ့ပါဘူး ၊ ပြီးခဲ့တဲ့ တစ်ပတ်က ရှက်ဖီး နဲ့ ပွဲမှာလည်း ဆိုကရက်တစ် ပြစ်ဒဏ် ကျူးလွန် ခံရပေမယ့် ပင်နယ်တီ မရခဲ့ပြန်ပါဘူး ၊ အဲ့ပွဲမှာ ကျနော်တို့ ရှုံး နိမ့် ခဲ့ ပါတယ် ။ ဒီနေ့ပွဲမှာလည်း ဇာဟာကို ဖျက်ထုတ်မှု က ပင်နယ်တီ ပေးရပြီ ထင်ခဲ့ပေမယ့် ဒိုင်လူကြီး က ပင်နယ်တီ အဖြစ် မသတ်မှတ်ပေးခဲ့ပါဘူး ။ ”

” နောက်တော့ VAR ပြန်ကြည့်ပြီး ပင်နယ်တီ ပေးလိုက်ပါတယ် ၊ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကျနော် လေးစားပါတယ် ၊ ဒုတိယပိုင်းမှာ ကျနော်တို့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းပြီး အနိုင်သုံးမှတ် ရယူဖို့ ဦးတည်ခဲ့ပေမယ့် ပြိုင်ဘက်က ချေပဂိုး ပြန်သွင်းသွားတော့ တကယ် အခက်တွေ့ခဲ့ရပါတယ် ။”

” ဒါပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကျနော်တို့ အခွင့်အရေး ပြန်ရခဲ့ပြီး တတိယဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် VAR က ပြစ်ဒဏ်ဘောပဲ သတ်မှတ် ပေးခဲ့ပါတယ် ၊ ပွဲပြီးတဲ့ အချိန်မှာ ကျနော်ပြန်ကြည့်တော့ ပေးကိုပေးရမယ့် ဂိုးပါ ၊ ဘယ်လိုလူက VAR ကြည့်ပြီး ဆုံးဖြတ်လိုက်သလဲဆိုတာ မပြောတတ်တော့ပါဘူး ။ ”

” ပထမဆုံး အကြိမ် အနေနဲ့ ကျနော် ပြောပါမယ် ၊ VAR ကို အသုံးပြု တယ်ဆိုတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် နိုင်ဖို့ပါ ၊ဒီနေ့ပွဲမှာ ကျနော်တို့ အသင်းအနေနဲ့ အနိုင်ရလဒ် နဲ့ ထိုက်တန် ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အျငင္းပြားဖြယ္ ဒိုင္လူႀကီး ရဲ့ ဆုံးျဖတ္ခ်က္ နဲ႔ VAR ေၾကာင့္ အာဆင္နယ္အသင္း နစ္နာခဲ့ရေၾကာင္း ဖြင့္ဟလာတဲ့ အမ္မရီ
==================================

အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ က မေန႔ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ခရစၥတယ္ ပဲေလစ့္အသင္း နဲ႔ ပြဲမွာ အနိုင္ ရလဒ္နဲ႔ ထိုက္တန္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသ နိုင္ခဲ့ေပမယ့္ အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ ရမွတ္ ၂ မွတ္ နစ္နာ ခဲ့ရေၾကာင္း ၿငီးတြား သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပြဲအစ ၁၀ မိနစ္ ကတည္းက ဗဟို ေနာက္ခံလူ ႏွစ္ဦး ျဖစ္တဲ့ ဆိုကရက္တစ္ နဲ႔ ေဒးဗစ္လူးဝဇ္ တို႔ရဲ့ သြင္းဂိုးေတြနဲ႔ ပြဲကို ဦးေဆာင္ နိုင္ခဲ့ေပမယ့္ ေခ်ပဂိုးေတြ ျပန္လည္ ခြင့္ျပဳ ခဲ့ရၿပီး အိမ္ကြင္းမွာ သေရ တစ္မွတ္နဲ႔သာ ေက်နပ္ ခဲ့ရပါတယ္ ။

အာဆင္နယ္ အသင္းဟာ ပြဲၿပီးဖို႔ ဆယ္မိနစ္ အလိုေလာက္မွာ ေနာက္ခံလူ ဆိုကရက္တစ္ ရဲ့ သြင္းဂိုးနဲ႔ ပြဲကို ျပန္လည္ ဦးေဆာင္ နိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီး မာတင္ အက္ကင္ဆန္ က VAR ျပန္ၾကည့္ၿပီး ဂိုးအျဖစ္ကေန ပယ္ဖ်က္ ခဲ့ပါတယ္ ။ မာတင္ အက္ကင္ဆန္ ဟာ ဆိုကရက္တစ္ သြင္းဂိုးမွာ ခ်ိန္ဘာ ဟာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္ဆိုၿပီး ဂိုးအျဖစ္ကေန ျပန္လည္ ပယ္ဖ်က္ခဲ့တာလည္း ျဖစ္ပါတယ္ ။

အာဆင္နယ္ နည္းၿပ အမ္မရီ ရဲ့ ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ VAR ရဲ့ ဆုံးျဖတ္ခ်က္ အေပၚ ” က်ေနာ္ ေျပာစရာေတြ အမ်ားႀကီး ရွိပါတယ္ ၊ အဓိက ေျပာခ်င္တာက အေၾကာင္းအရာ ႏွစ္ခုပါ ၊ ပထမ တစ္ခ်က္က က်ေနာ္တို႔ရဲ့ စြမ္းေဆာင္ရည္ နဲ႔ ေနာက္တစ္ခုက ဒိုင္လူႀကီး နဲ႔ VAR အေၾကာင္းပါ ။ ”

” က်ေနာ္တို႔ အနိုင္ရဖို႔ ထိုက္တန္ ခဲ့ပါတယ္ ၊ သြင္းဂိုး ႏွစ္ဂိုး သြင္းယူၿပီး ပြဲကို အေကာင္းဆုံး စတင္ နိုင္ခဲ့ငလို ပထမပိုင္းမွာ ဂိုးသြင္းခြင့္ေတြလည္း သိပ္မေပး ခဲ့ရပါဘူး ။ ၂ ဂိုးျပတ္ ဦးေဆာင္ နိုင္ၿပီးတဲ့ အခ်ိန္မွာ ေဘာလုံးပိုင္ဆိုင္မွု အသာစီးနဲ႔ ကစားနိုင္ခဲ့သလို အခြင့္အေရးေတြလည္း ရခဲ့ပါတယ္ ။ ”

” ၿပိဳင္ဘက္ကလည္း ေခ်ပဂိုး ျပန္လည္ ရရွိဖို႔ ကစားခဲ့ၿပီး VAR ေၾကာင့္ တစ္ဂိုး ျပန္ရသြားပါတယ္၊ ပင္နယ္တီ ေပးသင့္တဲ့ ဖ်က္ထုတ္မွု မို႔လို႔ VAR ျပန္ၾကည့္တာကေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ပါ ၊ ဒါေပမယ့္ဗ်ာ ဘုန္းေမာက္ အသင္းနဲ႔ ပြဲတုန္းကဆို က်ေနာ္တို႔ ဒီေန႔ထက္ေတာင္ သိသာတဲ့ ပင္နယ္တီ ရသင့္တဲ့ အေျခအေနမ်ိဳး ျဖစ္ခဲ့ေပမယ့္ VAR လုံးဝ ျပန္မၾကည့္ခဲ့ပါဘူး ။ ”

” ဒါေပမယ့္ ပြဲအၿပီးမွာ တစ္ဂိုး ဂိုးမရွိနဲ႔ အနိုင္ ရခဲ့ေတာ့ ျပႆနာ သိပ္ေတာ့ မရွိခဲ့ပါဘူး ၊ ၿပီးခဲ့တဲ့ တစ္ပတ္က ရွက္ဖီး နဲ႔ ပြဲမွာလည္း ဆိုကရက္တစ္ ျပစ္ဒဏ္ က်ဴးလြန္ ခံရေပမယ့္ ပင္နယ္တီ မရခဲ့ျပန္ပါဘူး ၊ အဲ့ပြဲမွာ က်ေနာ္တို႔ ရွုံး နိမ့္ ခဲ့ ပါတယ္ ။ ဒီေန႔ပြဲမွာလည္း ဇာဟာကို ဖ်က္ထုတ္မွု က ပင္နယ္တီ ေပးရၿပီ ထင္ခဲ့ေပမယ့္ ဒိုင္လူႀကီး က ပင္နယ္တီ အျဖစ္ မသတ္မွတ္ေပးခဲ့ပါဘူး ။ ”

” ေနာက္ေတာ့ VAR ျပန္ၾကည့္ၿပီး ပင္နယ္တီ ေပးလိုက္ပါတယ္ ၊ ဒိုင္လူႀကီးရဲ့ ဆုံးျဖတ္ခ်က္ကို က်ေနာ္ ေလးစားပါတယ္ ၊ ဒုတိယပိုင္းမွာ က်ေနာ္တို႔ ပုံစံေကာင္းကို ဆက္လက္ ထိန္းသိမ္းၿပီး အနိုင္သုံးမွတ္ ရယူဖို႔ ဦးတည္ခဲ့ေပမယ့္ ၿပိဳင္ဘက္က ေခ်ပဂိုး ျပန္သြင္းသြားေတာ့ တကယ္ အခက္ေတြ႕ခဲ့ရပါတယ္ ။”

” ဒါေပမယ့္ ပရိသတ္ေတြရဲ့ အားေပးမွုေၾကာင့္ က်ေနာ္တို႔ အခြင့္အေရး ျပန္ရခဲ့ၿပီး တတိယဂိုး သြင္းယူ နိုင္ခဲ့ပါတယ္ ။ ဒါေပမယ့္ VAR က ျပစ္ဒဏ္ေဘာပဲ သတ္မွတ္ ေပးခဲ့ပါတယ္ ၊ ပြဲၿပီးတဲ့ အခ်ိန္မွာ က်ေနာ္ျပန္ၾကည့္ေတာ့ ေပးကိုေပးရမယ့္ ဂိုးပါ ၊ ဘယ္လိုလူက VAR ၾကည့္ၿပီး ဆုံးျဖတ္လိုက္သလဲဆိုတာ မေျပာတတ္ေတာ့ပါဘူး ။ ”

” ပထမဆုံး အႀကိမ္ အေနနဲ႔ က်ေနာ္ ေျပာပါမယ္ ၊ VAR ကို အသုံးျပဳ တယ္ဆိုတာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ နိုင္ဖို႔ပါ ၊ဒီေန႔ပြဲမွာ က်ေနာ္တို႔ အသင္းအေနနဲ႔ အနိုင္ရလဒ္ နဲ႔ ထိုက္တန္ ခဲ့ပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR