အန်ဖီးလ်မှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ လီဗာပူး အသင်း က စပါး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။လီဗာပူးတို့ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် အနိုင်ရခဲ့လို့ ဒုတိယနေရာက မန်စီးတီး အသင်းကို ၆ မှတ်အသာနဲ့ ဆက်ပြီးဦးဆောင်သွားနိုင်ခဲ့ပါတယ်။

စပါး အသင်းဟာ ပွဲအစ ၄၇ စက္ကန့် မှာပဲ ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပြီး တိုက်စစ် မှူး ဟယ်ရီကိန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။လီဗာပူးတို့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် စပါးဂိုးသမား ဂတ်ဇာနီဂါ လက်စွမ်းပြနေခဲ့လို့ ပထမပိုင်းမှာ အရေးနိမ့်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီး မကြာ ခင်မှာပဲ ဟန်ဒါဆန် က လီဗာပူးအတွက်ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ပွဲချိန်ရ၅ မိနစ် အရောက်မှာတော့ဂိုး ဧရိယာအတွင်း မာနေးကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အော်ရီယာကြောင့် လီဗာပူးအသင်းပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

အဆိုပါ အခွင်အရေးကို ဆာလတ်က အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ လို့ လီဗာပူး အသင်းအဖိုးတန် ၃မှတ်ရရှိ ခဲ့တာဖြစ်ပါတယ်။စပါးနည်းပြပိုချက်တီနိုကတော့ ကွင်းလယ်ဒိုင် အန်သိုနီတေလာရဲ့ ပင်နယ်တီဆုံးဖြတ်ချက်ကအနည်းငယ်ရက်စက်ရာကျခဲ့တယ်လို့ ခံစားနေရပုံပါပဲ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပွဲအပြီး မီဒီယာ တွေ့ဆုံ ပွဲမှာ ပိုချက်တီနို က –
” ကျွန်တော် စောဒက မတက်ချင်ပါဘူး။ကျွန်တော်ဟာ ကွင်းလယ်ဒိုင်နဲ့ VAR စနစ်တို့ရဲ့ ဆုံးဖြတ်ချက်ကို လက်သင့်ခံဖို့ ပဲ လိုတာဖြစ်ပါတယ်။နည်းစနစ်စည်းမျဉ်းပိုင်းအရကြည့်ရင်တော့ ဒါဟာပင်နယ်တီပြစ်ဒဏ်ဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ကစားသမားချင်း ထိခိုက် မှု နည်းနည်း ရှိခဲ့ လို့ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ရိုးရိုးသားသားပြောကြေးဆိုရင်တော့ ဒီဘောလုံးကအဝေးကို ပဲထွက်သွားဖို့ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း ပင်နယ်တီပေးဖို့ ဆုံးဖြတ်ချက်က အတော်လေး လွယ်လွန်းခဲ့တယ်လို့ သိနိုင်တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ပင်နယ်တီကို ပေးလိုက်ပြီးပြီ ဖြစ်လို့ကွင်းလယ်ဒိုင် သို့မဟုတ် VAR ရဲ့ ဆုံးဖြတ် ချက်ကို ကျွန်တော်တို့ လက်ခံ ရတော့မှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းရဲ့ ပွဲအစသွင်းဂိုးမှာ ဆွန်ဟောင်မင်ရဲ့ ဖန်တီးပေးမှုက ပြောင်မြောက်လွန်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ဒုတိယပိုင်းစစ ချင်းမှာလည်း သူ့ရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမယ့်ဘားတန်းထိခဲ့ လို့ စပါးတို့ ၂ဂိုးပြတ် ဦးဆောင်နိုင်ခွင့်နဲ့ ကပ်လွဲခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီ မှာ အမှတ်ရသင့်တဲ့ ပွဲတွေမှာ အမှတ်လျော့နေခဲ့တာနဲ့ ပတ်သက်ပြီးပိုချက်တီနိုက – ” အခုရာသီမှာ ဆိုရင် ကျွန်တော်တို့ အသင်းအနေနဲ့ အမှတ်ပေးဇယားမှာ ရမှတ်တွေပိုပြီးရဖို့ ထိုက်တန်ခဲ့တာ ဖြစ်ပါတယ်။ဒီနေ့ ပွဲလို အခိုက်အတန့်တွေက ဖြစ်ပျက်လေ့ရှိတာဖြစ်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင် နေဖို့ လိုအပ်တာဖြစ်ပါတယ်။

တခြား ရာသီ တွေတုန်းက ဆိုရင်တော့ဒီနေ့ ပွဲလို အခြေအနေတွေမှာ ကျွန်တော်တို့က ဒုတိယပိုင်းအပြီး ၂-၀ ဂိုး ၃-၀ ဂိုး ရလဒ်တွေ နဲ့ အနိုင်ရကောင်းရနိုင်တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီီနေ့ ပွဲမှာတော့ မတူညီတဲ့ ပုံစံမျိုးဖြစ်သွားခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

စပါး အသင်းဟာ အခုရှုံးပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။အခုလို အမှတ်ပေးဇယားရဲ့ အောက်တဝက် အတွင်းကို ရောက်တာဟာ ၂၀၁၄ နောက်ပိုင်းပထမဆုံးလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုဆိုးရွားတဲ့ ရာသီအစအခြေအနေ တွေနဲ့ ပတ်သက်ပြီး ကစားသမားတွေကို နည်းပြပိုချက်တီနိုက အပြစ်တင်ဖို့ငြင်းဆန်ခဲ့ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက –
” အသင်းသားတွေရဲ့ နောက်မှာ ကျွန်တော်ရှိနေပြီးသူတို့ကို အပြည့်အဝ အားပေးထောက်ခံထားပါတယ်။အသင်းမှာ ကစားသမား ၂၉ ယောက်ရှိပြီး အကုန်လုံးက ကစားခွင့်ရကြမှာဖြစ်ပါတယ်။ဒီမှာ ရှိနေခဲ့တာ ၅နှစ်ခွဲလောက်ကြာခဲ့ပြီဖြစ်ပြီး အားလုံးအတူတကွ အားပေးမှုကို ပြသရတော့မယ့် အချိန်လည်းဖြစ်ပါတယ်။

ဒီနေ့ ပွဲဟာ အတော်လေး ပြင်းထန်ခဲ့ပြီး သူတို့ကို ကောင်းကောင်းယှဉ်နိုင်ခဲ့ပါတယ်။သူတို့ကို ဖိအားပိုပေးနိုင်ဖို့ဘောလုံးပိုင်ဆိုင်မှု သိပ်မရခဲ့တဲ့အတွက်တော့ နည်းနည်းစိတ်ပျက်မိခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ တခြားအရာတွေမှာယှဉ်နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာအတော်လေးကောင်းတဲ့ အသင်းတသင်းနဲ့ ကစားနေခဲ့ရတာဖြစ်ပါတယ်။လီဗာပူးဆိုတာ ဥရောပရဲ့ အကောင်းဆုံး တွေထဲက တသင်းဖြစ်တယ်လို့လည်းယူဆပါတယ်။ဒါကြောင့်လည်းဒီပွဲက အရမ်းကိုပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

လီဗာပူးအသင္းအႏိုင္ဂိုးရသြားတဲ႔ ပင္နယ္တီ အခြင့္အေရးနဲ႔ ပတ္သက္ျပီး မွတ္ခ်က္ေပးလိုက္တဲ႔ #ပိုခ်က္တီႏို
===================================

အန္ဖီးလ္မွာကစားသြားခဲ႔တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ မွာ လီဗာပူး အသင္း က စပါး အသင္းကို ၂-၁ ဂုိးနဲ႔ အႏိုင္ရခဲ႔ပါတယ္။လီဗာပူးတို႔ ေနာက္ကေန လိုက္ကစားခဲ႔ရေပမယ့္ အႏိုင္ရခဲ႔လို႔ ဒုတိယေနရာက မန္စီးတီး အသင္းကို ၆ မွတ္အသာနဲ႔ ဆက္ျပီးဦးေဆာင္သြားႏိုင္ခဲ႔ပါတယ္။

စပါး အသင္းဟာ ပြဲအစ ၄၇ စကၠန္႔ မွာပဲ ဦးေဆာင္ဂိုး ရခဲ႔တာ ျဖစ္ျပီး တိုက္စစ္ မွဴး ဟယ္ရီကိန္းက သြင္းယူေပးခဲ႔တာျဖစ္ပါတယ္။လီဗာပူးတို႔ ေခ်ပဂိုးရဖို႔ ျကိုးစားလာခဲ႕ေပမယ့္ စပါးဂိုးသမား ဂတ္ဇာနီဂါ လက္စြမ္းျပေနခဲ႔လို႔ ပထမပိုင္းမွာ အေရးနိမ့္ေနခဲ႔ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒုတိယပိုင္းျပန္စျပီး မျကာ ခင္မွာပဲ ဟန္ဒါဆန္ က လီဗာပူးအတြက္ေခ်ပဂိုးျပန္သြင္းေပးခဲ႔ပါတယ္။ပြဲခ်ိန္၇၅ မိနစ္ အေရာက္မွာေတာ့ဂိုး ဧရိယာအတြင္း မာေနးကို ျပစ္ဒဏ္က်ဴးလြန္ခဲ႔တဲ႔ ေအာ္ရီယာေျကာင့္ လီဗာပူးအသင္းပင္နယ္တီကန္ခြင့္ရခဲ႕ပါတယ္။

အဆိုပါ အခြင္အေရးကို ဆာလတ္က အမွားအယြင္းမရွိကန္သြင္းယူေပးခဲ႔ လို႔ လီဗာပူး အသင္းအဖိုးတန္ ၃မွတ္ရရွိ ခဲ႔တာျဖစ္ပါတယ္။စပါးနည္းျပပိုခ်က္တီႏိုကေတာ့ ကြင္းလယ္ဒိုင္ အန္သိုနီေတလာရဲ႕ ပင္နယ္တီဆံုးျဖတ္ခ်က္ကအနည္းငယ္ရက္စက္ရာက်ခဲ႔တယ္လို႔ ခံစားေနရပံုပါပဲ။

ဒီအေျကာင္းနဲ႕ ပတ္သက္ျပီး ပြဲအျပီး မီဒီယာ ေတြ႔ဆံု ပြဲမွာ ပိုခ်က္တီႏို က –
” က်ြန္ေတာ္ ေစာဒက မတက္ခ်င္ပါဘူး။က်ြန္ေတာ္ဟာ ကြင္းလယ္ဒိုင္နဲ႕ VAR စနစ္တို႔ရဲ႕ ဆံုးျဖတ္ခ်က္ကို လက္သင့္ခံဖို႔ ပဲ လိုတာျဖစ္ပါတယ္။နည္းစနစ္စည္းမ်ဥ္းပိုင္းအရျကည့္ရင္ေတာ့ ဒါဟာပင္နယ္တီျပစ္ဒဏ္ျဖစ္ပါတယ္။

ဘာေျကာင့္လည္းဆိုေတာ့ကစားသမားခ်င္း ထိခိုက္ မွဳ နည္းနည္း ရွိခဲ႔ လို႔ ျဖစ္ပါတယ္။ဒါေပမယ့္လည္း ရိုးရိုးသားသားေျပာေျကးဆိုရင္ေတာ့ ဒီေဘာလံုးကအေဝးကို ပဲထြက္သြားဖို႔ရွိေနတာျဖစ္ပါတယ္။

ဒါေျကာင့္မို႔လို႔လည္း ပင္နယ္တီေပးဖို႔ ဆံုးျဖတ္ခ်က္က အေတာ္ေလး လြယ္လြန္းခဲ႔တယ္လို႕ သိႏိုင္တာျဖစ္ပါတယ္။ဒါေပမယ့္လည္း ပင္နယ္တီကို ေပးလိုက္ျပီးျပီ ျဖစ္လို႕ကြင္းလယ္ဒိုင္ သုိ႔မဟုတ္ VAR ရဲ႕ ဆံုးျဖတ္ ခ်က္ကို က်ြန္ေတာ္တို႔ လက္ခံ ရေတာ့မွာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ဟယ္ရီကိန္းရဲ႕ ပြဲအစသြင္းဂိုးမွာ ဆြန္ေဟာင္မင္ရဲ႕ ဖန္တီးေပးမွဳက ေျပာင္ေျမာက္လြန္းခဲ႕တာျဖစ္ပါတယ္။ဒါ့အျပင္ ဒုတိယပိုင္းစစ ခ်င္းမွာလည္း သူ႔ရဲ႕ကန္ခ်က္ေကာင္းမြန္ခဲ႕ေပမယ့္ဘားတန္းထိခဲ႔ လို႕ စပါးတို႔ ၂ဂိုးျပတ္ ဦးေဆာင္ႏိုင္ခြင့္နဲ႔ ကပ္လြဲခဲ႕ရတာျဖစ္ပါတယ္။

ဒီရာသီ မွာ အမွတ္ရသင့္တဲ႔ ပြဲေတြမွာ အမွတ္ေလ်ာ့ေနခဲ႔တာနဲ႕ ပတ္သက္ျပီးပိုခ်က္တီႏိုက – ” အခုရာသီမွာ ဆိုရင္ က်ြန္ေတာ္တုိ႔ အသင္းအေနနဲ႔ အမွတ္ေပးဇယားမွာ ရမွတ္ေတြပိုျပီးရဖို႔ ထိုက္တန္ခဲ႔တာ ျဖစ္ပါတယ္။ဒီေန႔ ပြဲလို အခိုက္အတန္႔ေတြက ျဖစ္ပ်က္ေလ့ရွိတာျဖစ္ျပီး စိတ္ဓာတ္ျကံ့ျကံ့ခိုင္ခိုင္ ေနဖို႔ လိုအပ္တာျဖစ္ပါတယ္။

တျခား ရာသီ ေတြတုန္းက ဆိုရင္ေတာ့ဒီေန႔ ပြဲလို အေျခအေနေတြမွာ က်ြန္ေတာ္တို႔က ဒုတိယပိုင္းအျပီး ၂-၀ ဂိုး ၃-၀ ဂိုး ရလဒ္ေတြ နဲ႔ အႏိုင္ရေကာင္းရႏိုင္တာျဖစ္ပါတယ္။ဒါေပမယ့္လည္း ဒီီေန႔ ပြဲမွာေတာ့ မတူညီတဲ႔ ပံုစံမ်ိဳးျဖစ္သြားခဲ႔ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

စပါး အသင္းဟာ အခုရွံုးပြဲေျကာင့္ အမွတ္ေပးဇယား အဆင့္ ၁၁ ေနရာအထိ က်ဆင္းသြားခဲ႔ရပါတယ္။အခုလို အမွတ္ေပးဇယားရဲ႕ ေအာက္တဝက္ အတြင္းကို ေရာက္တာဟာ ၂၀၁၄ ေနာက္ပိုင္းပထမဆံုးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အခုလိုဆိုးရြားတဲ႔ ရာသီအစအေျခအေန ေတြနဲ႔ ပတ္သက္ျပီး ကစားသမားေတြကို နည္းျပပိုခ်က္တီႏိုက အျပစ္တင္ဖို႔ျငင္းဆန္ခဲ႔ပါတယ္။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ပိုခ်က္တီႏိုက –
” အသင္းသားေတြရဲ႕ ေနာက္မွာ က်ြန္ေတာ္ရွိေနျပီးသူတို႔ကို အျပည့္အဝ အားေပးေထာက္ခံထားပါတယ္။အသင္းမွာ ကစားသမား ၂၉ ေယာက္ရွိျပီး အကုန္လံုးက ကစားခြင့္ရျကမွာျဖစ္ပါတယ္။ဒီမွာ ရွိေနခဲ႔တာ ၅ႏွစ္ခြဲေလာက္ျကာခဲ႔ျပီျဖစ္ျပီး အားလံုးအတူတကြ အားေပးမွဳကို ျပသရေတာ့မယ့္ အခ်ိန္လည္းျဖစ္ပါတယ္။

ဒီေန႔ ပြဲဟာ အေတာ္ေလး ျပင္းထန္ခဲ႔ျပီး သူတို႔ကို ေကာင္းေကာင္းယွဥ္ႏိုင္ခဲ႔ပါတယ္။သူတို႔ကို ဖိအားပိုေပးႏိုင္ဖို႕ေဘာလံုးပိုင္ဆိုင္မွဳ သိပ္မရခဲ႔တဲ႔အတြက္ေတာ့ နည္းနည္းစိတ္ပ်က္မိခဲ႔ပါတယ္။ဒါေပမယ့္က်ြန္ေတာ္တို႕ တျခားအရာေတြမွာယွဥ္ႏိုင္ခဲ႕ပါတယ္။

က်ြန္ေတာ္တို႔ဟာအေတာ္ေလးေကာင္းတဲ႔ အသင္းတသင္းနဲ႔ ကစားေနခဲ႔ရတာျဖစ္ပါတယ္။လီဗာပူးဆိုတာ ဥေရာပရဲ႕ အေကာင္းဆံုး ေတြထဲက တသင္းျဖစ္တယ္လို႔လည္းယူဆပါတယ္။ဒါေျကာင့္လည္းဒီပြဲက အရမ္းကိုျပိဳင္ဆိုင္မွဳျပင္းထန္ခဲ႔တာျဖစ္ပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR