လီယွန်နယ်မက်ဆီ က လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်က မန်ချက်စတာ ယူနိုက်တက် အသင်း ဘက်ကို သွင်းယူ ခဲ့တဲ့ ခေါင်းတိုက်ဂိုး ဟာ သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ သွင်းယူ ထားခဲ့တဲ့ ဂိုးပေါင်း များစွာ ထဲက အထူးခြားဆုံး ဂိုးအဖြစ် ရွေးချယ် သွားခဲ့ ပါတယ်။ ဘလွန်းဒီအော ငါးဆုရှင် ဟာ ရိုးမားရဲ့ ကွင်း Stadio Olimpico မှာ ဘာစီလိုနာ အတွက် အနိုင်သေချာ သွားစေမယ့် ဒုတိယဂိုးကို ဇာဗီရဲ့ ခုတ်တင်ပေးမှု ကနေ တဆင့် ပြိုင်ဘက် ဂိုးသမား အက်ဒဝင် ဗန်ဒါဆားကို ကျော်ကာ ထူးထူးခြားခြားပဲ ခေါင်းတိုက် သွင်းယူ ခဲ့တာ ဖြစ်ပြီး ကတ်တလန် ကလပ်ဟာ အဆိုပါ ရာသီမှာ လာလီဂါ ၊ ကိုပါဒယ်ရေး နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး တစ်ရာသီ အတွင်း ဖလား ၃ လုံး ဆွတ်ခူး နိုင်ခဲ့ပါတယ်။

မက်ဆီက “ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး ဂိုးတွေကို ပြောရမယ် ဆိုရင် ဒီဂိုးတွေဟာ ဆွဲဆောင်မှု ရှိတာထက် သူတို့ဟာ အရေးပါ ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ် မှာ သွင်းယူ ခဲ့တဲ့ ဂိုးဟာ ဆိုရင် ပွဲကို အပြီးသတ် စေခဲ့ပြီး ဂွာဒီယိုလာ နဲ့ ကျွန်တော်တို့ဟာ တစ်ရာသီ အတွင်း ဖလား ၃ လုံး ဆွတ်ခူး နိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး တစ်ခါမှ မလုပ် ခဲ့ဖူး ပါဘူး။ ဒီဂိုးဟာ ခမ်းနား ကြီးကြယ်တဲ့ ပွဲကို ပြီးပြည့်စုံ စေခဲ့ ပါတယ်။” လို့ ဆိုသွား ပါတယ်။

ခြေသလုံး နဲ့ ဒူးကောက်ကြော ဒဏ်ရာတွေဟာ ဒီရာသီ လာလီဂါမှာ မက်ဆီ ရဲ့ ပွဲကစားခွင့် တွေကို နည်းပါး စေခဲ့ပြီး မက်ဆီဟာ ဘာစီလိုနာ ရဲ့ လာလီဂါ ၉ ပွဲမှာ ၃ ပွဲသာ ပွဲထွက် ကစားနိုင် ခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီဟာ ဆီဗီလာ အီဗာ နဲ့ ချန်ပီယံလိဂ် မှာ ဆလားဗီးယားပရက် တို့ကို နိုင်ခဲ့တဲ့ ပွဲတွေ မှာတော့ ပုံစံကောင်းတွေ ပြန်လည် ပြသ ခဲ့ပြီး ဂိုးတွေ ဆက်တိုက် သွင်းပေး ခဲ့ပါတယ်။ မက်ဆီ ကတော့ ဘာစီလိုနာ ရဲ့ ကစားကွက် မှာ သူ ဘယ်လို ပါ၀င် ပက်သက် နေသလဲ ဆိုတာကို ရှင်းပြ လိုက်ပါတယ်။

မက်ဆီက “ကျွန်တော် ဂိုးရှေ့မှာ ရှိနေတဲ့ ပုံစံ မဟုတ်ပါဘူး။ ကျွန်တော် ကြိုက်တာက နောက်ကနေ ရောက်လာပြီး ဘောလုံးနဲ့ ထိတွေ့ပြီး ဖန်တီး ရတဲ့ ပုံစံပါ။ နောက်တစ်ခုက နောက်ကနေ ရောက်လာပြီး ဂိုးတွေလည်း ဂိုးတွေ သွင်းယူ ရတဲ့ ပုံစံမျိုးပေါ့။ ကျွန်တော်ဟာ ပုံမှန် အားဖြင့် ပွဲအတွင်းမှာ ကိုယ့်ကိုကိုယ် လေ့လာ သုံးသပ်ပြီး အကောင်းဆုံး အခိုက်အတန့်ကို ရှာဖွေ ပါတယ်။

ကျွန်တော် ပွဲအတွင််းမှာ ပါ၀င် ပက်သက် စရာ မလိုတဲ့ အခိုက်အတန့်တွေ ရှိသလို ၀င်ပါ စရာ မလိုတဲ့ အချိန်တွေ ရှိပါတယ် ။ ကျွန်တော့် အနေနဲ့ ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့် အခိုက်အတန့်ကို စောင့်ဆိုင်း ပါတယ်။ ကျွန်တော်ဟာ ရင့်ကျက်တဲ့ သူ တစ်ဦး ဖြစ်နေပါပြီ။ ဒ့ါကြောင့် ပွဲတွေကို ဖတ်ရှု ရာမှာတော့ ပိုကောင်း လာခဲ့ပြီး ဘယ်အချိန် ဘယ်နေရာမှာ အလုပ် ဖြစ်မယ် ၊ အဆုံးအဖြတ် ဖြစ်နိုု်င်မယ် ဆိုတာ သိနေ ပါတယ်။ ကျွန်တော် ဒါကို အချိန်နဲဲ့ အမျှ တစ်ဖြည်းဖြည်း သိလာ ခဲ့တာပါ။” လို့ ဆိုလိုက် ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီတစ်ပတ်မှာ ရီးရဲယ်မက်ဒရစ် နဲ့ အယ်ကလာစီကို ကစား ရဖို့ ရှိနေ ပေမယ့်လည်း ကတ်တလိုနီးယား မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြသနာတွေကြောင့် လုံခြုံရေး အကြောင်းပြချက် နဲ့ ဒီပွဲကို ရွေ့ဆိုင်း ခဲ့ပါတယ်။ ဘာစီလိုနာ ရဲ့ နောက်ကစား ရမယ့် ပွဲစဉ် ကတော့ လာမည့် အင်္ဂါနေ့ မှာ ရီးရဲယ် ဗယ်လာဒိုးလစ် နဲ့ ကစား ရမယ့် ပွဲပဲ ဖြစ်ပါတယ်။

SM

Zawgyi

ဘာစီလိုနာ ကစားသမား ဘ၀ အေကာင္းဆံုး သြင္းဂိုးကို ေရြးခ်ယ္ေပးလိုက္တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီ က လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္က မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ဘက္ကုိ သြင္းယူ ခဲ့တဲ့ ေခါင္းတုိက္ဂိုး ဟာ သူ႕ရဲ႕ ဘာစီလိုနာ ကစားသမား ဘ၀ သြင္းယူ ထားခဲ့တဲ့ ဂုိးေပါင္း မ်ားစြာ ထဲက အထူးျခားဆံုး ဂိုးအျဖစ္ ေရြးခ်ယ္ သြားခဲ့ ပါတယ္။ ဘလြန္းဒီေအာ ငါးဆုရွင္ ဟာ ရုိးမားရဲ႕ ကြင္း Stadio Olimpico မွာ ဘာစီလိုနာ အတြက္ အႏုိင္ေသခ်ာ သြားေစမယ့္ ဒုတိယဂိုးကို ဇာဗီရဲ႕ ခုတ္တင္ေပးမွဳ ကေန တဆင့္ ျပိဳင္ဘက္ ဂိုးသမား အက္ဒ၀င္ ဗန္ဒါဆားကို ေက်ာ္ကာ ထူးထူးျခားျခားပဲ ေခါင္းတုိက္ သြင္းယူ ခဲ့တာ ျဖစ္ျပီး ကတ္တလန္ ကလပ္ဟာ အဆိုပါ ရာသီမွာ လာလီဂါ ၊ ကုိပါဒယ္ေရး နဲ႕ ခ်န္ပီယံလိဂ္ ဖလား တုိ႕ကို ဆြတ္ခူးနုိင္ခဲ့ျပီး တစ္ရာသီ အတြင္း ဖလား ၃ လံုး ဆြတ္ခူး ႏုိင္ခဲ့ပါတယ္။

မက္ဆီက “ကၽြန္ေတာ့္ရဲ႕ အႏွစ္သက္ဆံုး ဂိုးေတြကို ေျပာရမယ္ ဆုိရင္ ဒီဂိုးေတြဟာ ဆြဲေဆာင္မွဳ ရိွတာထက္ သူတုိ႕ဟာ အေရးပါ ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ သြင္းယူ ခဲ့တဲ့ ဂုိးဟာ ဆုိရင္ ပြဲကို အျပီးသတ္ ေစခဲ့ျပီး ဂြာဒီယိုလာ နဲ႕ ကၽြန္ေတာ္တုိ႕ဟာ တစ္ရာသီ အတြင္း ဖလား ၃ လံုး ဆြတ္ခူး ႏုိင္ခဲ့ ပါတယ္။ ကၽြန္ေတာ္တုိ႕ ဒီလိုမ်ိဳး တစ္ခါမွ မလုပ္ ခဲ့ဖူး ပါဘူး။ ဒီဂိုးဟာ ခမ္းနား ၾကီးၾကယ္တဲ့ ပြဲကို ျပီးျပည့္စံု ေစခဲ့ ပါတယ္။” လို႕ ဆုိသြား ပါတယ္။

ေျခသလံုး နဲ႕ ဒူးေကာက္ေၾကာ ဒဏ္ရာေတြဟာ ဒီရာသီ လာလီဂါမွာ မက္ဆီ ရဲ႕ ပြဲကစားခြင့္ ေတြကို နည္းပါး ေစခဲ့ျပီး မက္ဆီဟာ ဘာစီလိုနာ ရဲ႕ လာလီဂါ ၉ ပြဲမွာ ၃ ပြဲသာ ပြဲထြက္ ကစားႏုိင္ ခဲ့ပါတယ္။ ဒါေပမယ့္လည္း မက္ဆီဟာ ဆီဗီလာ အီဗာ နဲ႕ ခ်န္ပီယံလိဂ္ မွာ ဆလားဗီးယားပရက္ တုိ႕ကို ႏုိင္ခဲ့တဲ့ ပြဲေတြ မွာေတာ့ ပံုစံေကာင္းေတြ ျပန္လည္ ျပသ ခဲ့ျပီး ဂုိးေတြ ဆက္တုိက္ သြင္းေပး ခဲ့ပါတယ္။ မက္ဆီ ကေတာ့ ဘာစီလိုနာ ရဲ႕ ကစားကြက္ မွာ သူ ဘယ္လုိ ပါ၀င္ ပက္သက္ ေနသလဲ ဆုိတာကို ရွင္းျပ လိုက္ပါတယ္။

မက္ဆီက “ကၽြန္ေတာ္ ဂိုးေရွ႕မွာ ရွိေနတဲ့ ပံုစံ မဟုတ္ပါဘူး။ ကၽြန္ေတာ္ ၾကိဳက္တာက ေနာက္ကေန ေရာက္လာျပီး ေဘာလံုးနဲ႕ ထိေတြ႕ျပီး ဖန္တီး ရတဲ့ ပံုစံပါ။ ေနာက္တစ္ခုက ေနာက္ကေန ေရာက္လာျပီး ဂိုးေတြလည္း ဂိုးေတြ သြင္းယူ ရတဲ့ ပံုစံမ်ိဳးေပါ့။ ကၽြန္ေတာ္ဟာ ပံုမွန္ အားျဖင့္ ပြဲအတြင္းမွာ ကိုယ့္ကိုကုိယ္ ေလ့လာ သံုးသပ္ျပီး အေကာင္းဆံုး အခုိက္အတန္႕ကို ရွာေဖြ ပါတယ္။

ကၽြန္ေတာ္ ပြဲအတြင္္းမွာ ပါ၀င္ ပက္သက္ စရာ မလိုတဲ့ အခုိက္အတန္႕ေတြ ရွိသလို ၀င္ပါ စရာ မလိုတဲ့ အခ်ိန္ေတြ ရွိပါတယ္ ။ ကၽြန္ေတာ့္ အေနနဲ႕ ကုိယ့္အတြက္ အသင့္ေတာ္ဆံုး ျဖစ္မယ့္ အခိုက္အတန္႕ကို ေစာင့္ဆုိင္း ပါတယ္။ ကၽြန္ေတာ္ဟာ ရင့္က်က္တဲ့ သူ တစ္ဦး ျဖစ္ေနပါျပီ။ ဒ့ါေၾကာင့္ ပြဲေတြကို ဖတ္ရွဳ ရာမွာေတာ့ ပိုေကာင္း လာခဲ့ျပီး ဘယ္အခ်ိန္ ဘယ္ေနရာမွာ အလုပ္ ျဖစ္မယ္ ၊ အဆံုးအျဖတ္ ျဖစ္ႏုို္င္မယ္ ဆုိတာ သိေန ပါတယ္။ ကၽြန္ေတာ္ ဒါကို အခ်ိန္နဲဲ႕ အမွ် တစ္ျဖည္းျဖည္း သိလာ ခဲ့တာပါ။” လို႕ ဆုိလုိက္ ပါတယ္။

ဘာစီလိုနာ အသင္းဟာ ဒီတစ္ပတ္မွာ ရီးရဲယ္မက္ဒရစ္ နဲ႕ အယ္ကလာစီကုိ ကစား ရဖို႕ ရွိေန ေပမယ့္လည္း ကတ္တလိုနီးယား မွာ ျဖစ္ေနတဲ့ ႏုိင္ငံေရး ျပသနာေတြေၾကာင့္ လံုျခံဳေရး အေၾကာင္းျပခ်က္ နဲ႕ ဒီပြဲကို ေရြ႕ဆုိင္း ခဲ့ပါတယ္။ ဘာစီလိုနာ ရဲ႕ ေနာက္ကစား ရမယ့္ ပြဲစဥ္ ကေတာ့ လာမည့္ အဂၤါေန႕ မွာ ရီးရဲယ္ ဗယ္လာဒုိးလစ္ နဲ႕ ကစား ရမယ့္ ပြဲပဲ ျဖစ္ပါတယ္။

SM