ဂယ်ရီနဗီးက ထရန် အလက်ဇန်းဒါးအာနိုး အနေနဲ့ ကမ္ဘာ့အဆင့် နောက်တန်း အစွန်လူ တစ်ဦး ဖြစ်လိုတယ် ဆိုရင် ၎င်းရဲ့ ခံစစ် ကစားဟန် အပေါ် အထူး အလေးထား ရမှာ ဖြစ်တယ်လို့ ပြောလိုက် ပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ မနေ့ညက လီဗာပူး တို့ တော့တင်ဟမ်ကို အန်ဖီးမှာ ၂ – ၁ နဲ့ အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်မှာ ၆ မှတ် အကွာ နဲ့ ပြန်လည် ဦးဆောင် နိုင်ခဲ့တဲ့ ပွဲမှာ အသင်း အတွက် ခြေစွမ်းပြ ကစား ခဲ့ပါတယ်။

လီဗာပူးဟာ ပွဲအစ ၁ မိနစ်မှာပဲ ဟယ်ရီကိန်း ရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပြု ခဲ့ရပြီး နောက်ကနေ လိ်ုက်ကစား ခဲ့ရ ပေမယ့်လည်း ဒုတိယပိုင်း အစမှာ ဂျော်ဒန်ဟန်ဒါဆန် ၊ ပွဲချိန် ရ၅ မိနစ်မှာ မိုဟာမက်ဆာလားရဲ့ ပင်နယ်တီ သွင်းဂိုး နဲ့ အတူ နောက်ကနေ လိုက်ကစားကာ အဖိုးတန် ၃ မှတ် ရခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲအပြီး မှာတော့ ဂယ်ရီနဗီးဟာ လီဗာပူး နောက်ခံလူ အလက်ဇန်းဒါးအာနိုး အပေါ် အထူး ချီးကျူး ခဲ့ပေမယ့့်လည်း အင်္ဂလန် စတား အနေနဲ့ ခံစစ် ကစားရာမှာတော့ လုပ်ရမယ့် အရာတွေ ရှိနေ သေးတယ်လို့ ဆိုသွား ပါတယ်။

နဗီး က “လီဗာပူး ရဲ့ နောက်တန်း အစွန်လူတွေဟာ အတော့်ကို ထူးချွန်ကြတာတော့ ရှင်းပါတယ်။ ရောဘတ်ဆန် ဟာ ထရန် အလက်ဇန်းဒါးအာနိုးထက် ပိုကောင်းတဲ့ နောက်တန်း အစွန်လူ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ အာနိုး အနေနဲ့ တစ်ချိန်ချိန်မှာ ကျွန်တော် မြင်တွေ့ ခဲ့ဖူးသမျှ အကောင်းဆုံး attacking full-backs တွေထဲက တစ်ဦး ဖြစ်လာ နိုင်ပါတယ်။

ဒါပေမယ့် ဒီနေ့မှာ တော့တင်ဟမ် တို့ အခွင့်အရေးကောင်း ၃ ကြိမ် ရရှိ ခဲ့ပါတယ်။ ပြီးတော့ အလက်ဇန်းဒါးအာနိုးဟာ ဖရီးကစ် အချို့ကို ပေးခဲ့ ရပါတယ်။ အာနိုး အနေနဲ့ သူ့ရဲ့ ခံစစ် ကစားပုံ နဲ့ ပက်သက်ပြီး အထူး အာရုံစိုက်ဖို့ လိုအပ် ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ဒီပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဆုကို သူ့ဆီက ပြန်ပြီး ဖယ်ရှား ပါတယ်။ သူဟာ ခံစစ် ကစားပုံ ကို ဖြေရှင်း နိုင်ခဲ့မယ် ဆိုရင် ကမ္ဘာ့အဆင့် နောက်တန်း အစွန်လူ ဖြစ်လာ မှာပါ။” လို့ ဆိုလိုက် ပါတယ်။

ထရန် အလက်ဇန်းဒါးအာနိုး ဟာ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ တစ်ဝက်လောက်က စပြီး လီဗာပူး ရဲ့ အဓိက ညာနောက်ခံလူ တစ်ဦး ဖြစ်လာ ခဲ့ပြီး ၎င်းရဲ့ တိုက်စစ် လိုက်ပါ ပံ့ပိုးတဲ့ ကစားဟန်ဟာ ကာလရှည် ချီးကျူးမှုတွေ ခံထား ရပြီး အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု ၁၂ ကြိမ် လုပ်ပေး နိုင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ် နောက်ခံလူ တစ်ဦး အတွက် စံချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက လီဗာပူးနဲ့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ အလက်ဇန်းဒါးအာနိုးဟာ မနေ့ညက စပါး နဲ့ ပွဲစဉ် ပြီးနောက် ဂျေမီကာရေဂါ နဲ့ ဂရေမီဆောင်းနက် တို့ရဲ့ ချီးကျူးမှု တွေကိုလည်း ခံခဲ့ ရပါတယ်။ ဆောင်းနက် က အာနိုး ဟာ ခံစစ်ပိုင်း နဲ့ ပက်သက်လာရင် ပြီးပြည့်စုံမှု မရှိသေးဘူးလို့ သဘောတူ လိုက်ပြီး ဒါဟာ လီဗာပူး ရဲ့ ကစားဟန် နဲ့လည်း တစ်နည်းတစ်ဖုံ သက်ဆိုင် နေတယ်လို့ ဆိုပါတယ်။ ကာရေဂါ ကတော့ အာနိုးဟာ ညာနောက်ခံလူ အဖြစ် ကစား ခဲ့တဲ့ ဂယ်ရီနဗီး နဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့ ဟာသလုပ်ကာ ပြောသွား ပါတယ်။

ကာရေဂါက “အကယ်၍ ခင်ဗျား အနေနဲ့ သူလုပ်နေ တာတွေကို သေချာ စဉ်းစား ကြည့်လိုက်မယ် ဆိုရင် အာနိုးဟာ အသက် ၂၁ နှစ် အရွယ် မှာတင် ဥရောပ ရဲ့ ဖန်တီးမှု အားအကောင်းဆုံး ကစားသမား ဖြစ်နေပါတယ်။ ၅ ကြိမ် ၆ ကြိမ်လောက် သူဟာ ကိုက် ၆၀ ရ၀ အကွာ ကနေ တိကျတဲ့ ဘောလုံး ပေးပို့မှုတွေ လုပ်ခဲ့ပါတယ်။ သူဟာ ဥရောပ ရဲ့ အကောင်းဆုံး လူငယ် ကစားသမား တွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဂယ်ရီနဗီး ကတော့ ဒါနဲ့ ဆန့်ကျင်ဘက် ကစားသမားပါ။ သူ့ကြည့်ရတာ ဒီဘရိုင်း ညာနောက်ခံလူ နေရာမှာ ကစား နေသလို ပါပဲ။ ထရန် အလက်ဇန်းဒါးအာနိုးရဲ့ ” လို့ ဆိုလိုက် ပါတယ်။

SM

Zawgyi

ကမာၻ႕အဆင့္ ေနာက္တန္းအစြန္လူ အျဖစ္ သတ္မွတ္ခံရဖို႕ အတြက္ အလက္ဇန္းဒါးအာႏုိး လုိအပ္ေနတဲ့ အပုိင္းကို ေထာက္ျပလိုက္တဲ့ ဂယ္ရီနဗီး

ဂယ္ရီနဗီးက ထရန္ အလက္ဇန္းဒါးအာႏုိး အေနနဲ႕ ကမာၻ႕အဆင့္ ေနာက္တန္း အစြန္လူ တစ္ဦး ျဖစ္လိုတယ္ ဆုိရင္ ၎ရဲ႕ ခံစစ္ ကစားဟန္ အေပၚ အထူး အေလးထား ရမွာ ျဖစ္တယ္လို႕ ေျပာလုိက္ ပါတယ္။ အသက္ ၂၁ ႏွစ္ အရြယ္ အဂၤလန္ လက္ေရြးစင္ဟာ မေန႕ညက လီဗာပူး တုိ႕ ေတာ့တင္ဟမ္ကုိ အန္ဖီးမွာ ၂ – ၁ နဲ႕ အႏုိင္ယူကာ အမွတ္ေပးဇယား ထိပ္မွာ ၆ မွတ္ အကြာ နဲ႕ ျပန္လည္ ဦးေဆာင္ ႏုိင္ခဲ့တဲ့ ပြဲမွာ အသင္း အတြက္ ေျခစြမ္းျပ ကစား ခဲ့ပါတယ္။

လီဗာပူးဟာ ပြဲအစ ၁ မိနစ္မွာပဲ ဟယ္ရီကိန္း ရဲ႕ ေခါင္းတုိက္ဂိုးကို ခြင့္ျပဳ ခဲ့ရျပီး ေနာက္ကေန လိ္ုက္ကစား ခဲ့ရ ေပမယ့္လည္း ဒုတိယပုိင္း အစမွာ ေဂ်ာ္ဒန္ဟန္ဒါဆန္ ၊ ပြဲခ်ိန္ ၇၅ မိနစ္မွာ မုိဟာမက္ဆာလားရဲ႕ ပင္နယ္တီ သြင္းဂိုး နဲ႕ အတူ ေနာက္ကေန လုိက္ကစားကာ အဖိုးတန္ ၃ မွတ္ ရခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ပြဲအျပီး မွာေတာ့ ဂယ္ရီနဗီးဟာ လီဗာပူး ေနာက္ခံလူ အလက္ဇန္းဒါးအာႏိုး အေပၚ အထူး ခ်ီးက်ဴး ခဲ့ေပမယ့့္လည္း အဂၤလန္ စတား အေနနဲ႕ ခံစစ္ ကစားရာမွာေတာ့ လုပ္ရမယ့္ အရာေတြ ရွိေန ေသးတယ္လို႕ ဆုိသြား ပါတယ္။

နဗီး က “လီဗာပူး ရဲ႕ ေနာက္တန္း အစြန္လူေတြဟာ အေတာ့္ကို ထူးခၽြန္ၾကတာေတာ့ ရွင္းပါတယ္။ ေရာဘတ္ဆန္ ဟာ ထရန္ အလက္ဇန္းဒါးအာႏုိးထက္ ပိုေကာင္းတဲ့ ေနာက္တန္း အစြန္လူ ျဖစ္ပါတယ္။ ကၽြန္ေတာ္ ကေတာ့ အာႏုိး အေနနဲ႕ တစ္ခ်ိန္ခ်ိန္မွာ ကၽြန္ေတာ္ ျမင္ေတြ႕ ခဲ့ဖူးသမွ် အေကာင္းဆံုး attacking full-backs ေတြထဲက တစ္ဦး ျဖစ္လာ ႏုိင္ပါတယ္။

ဒါေပမယ့္ ဒီေန႕မွာ ေတာ့တင္ဟမ္ တုိ႕ အခြင့္အေရးေကာင္း ၃ ၾကိမ္ ရရွိ ခဲ့ပါတယ္။ ျပီးေတာ့ အလက္ဇန္းဒါးအာႏုိးဟာ ဖရီးကစ္ အခ်ိဳ႕ကို ေပးခဲ့ ရပါတယ္။ အာႏုိး အေနနဲ႕ သူ႕ရဲ႕ ခံစစ္ ကစားပံု နဲ႕ ပက္သက္ျပီး အထူး အာရံုစိုက္ဖို႕ လိုအပ္ ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ့္ အေနနဲ႕ ဒီပြဲစဥ္ ရဲ႕ အေကာင္းဆံုး ကစားသမား ဆုကို သူ႕ဆီက ျပန္ျပီး ဖယ္ရွား ပါတယ္။ သူဟာ ခံစစ္ ကစားပံု ကို ေျဖရွင္း ႏုိင္ခဲ့မယ္ ဆုိရင္ ကမာၻ႕အဆင့္ ေနာက္တန္း အစြန္လူ ျဖစ္လာ မွာပါ။” လို႕ ဆုိလုိက္ ပါတယ္။

ထရန္ အလက္ဇန္းဒါးအာႏုိး ဟာ လြန္ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီ တစ္၀က္ေလာက္က စျပီး လီဗာပူး ရဲ႕ အဓိက ညာေနာက္ခံလူ တစ္ဦး ျဖစ္လာ ခဲ့ျပီး ၎ရဲ႕ တုိက္စစ္ လိုက္ပါ ပံ့ပိုးတဲ့ ကစားဟန္ဟာ ကာလရွည္ ခ်ီးက်ဴးမွဳေတြ ခံထား ရျပီး အဂၤလန္ လက္ေရြးစင္ဟာ ျပီးခဲ့တဲ့ ရာသီက လိဂ္ျပိဳင္ပြဲမွာ ဂိုးဖန္တီးမွဳ ၁၂ ၾကိမ္ လုပ္ေပး ႏုိင္ခဲ့ျပီး ဒါဟာ ပရီးမီးယားလိဂ္ ေနာက္ခံလူ တစ္ဦး အတြက္ စံခ်ိန္လည္း ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လက လီဗာပူးနဲ႕ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ႏုိင္ခဲ့တဲ့ အလက္ဇန္းဒါးအာႏုိးဟာ မေန႕ညက စပါး နဲ႕ ပြဲစဥ္ ျပီးေနာက္ ေဂ်မီကာေရဂါ နဲ႕ ဂေရမီေဆာင္းနက္ တုိ႕ရဲ႕ ခ်ီးက်ဴးမွဳ ေတြကိုလည္း ခံခဲ့ ရပါတယ္။ ေဆာင္းနက္ က အာႏုိး ဟာ ခံစစ္ပိုင္း နဲ႕ ပက္သက္လာရင္ ျပီးျပည့္စံုမွဳ မရွိေသးဘူးလို႕ သေဘာတူ လိုက္ျပီး ဒါဟာ လီဗာပူး ရဲ႕ ကစားဟန္ နဲ႕လည္း တစ္နည္းတစ္ဖံု သက္ဆုိင္ ေနတယ္လို႕ ဆုိပါတယ္။ ကာေရဂါ ကေတာ့ အာႏုိးဟာ ညာေနာက္ခံလူ အျဖစ္ ကစား ခဲ့တဲ့ ဂယ္ရီနဗီး နဲ႕ ဆန္႕က်င္ဘက္ ျဖစ္တယ္လို႕ ဟာသလုပ္ကာ ေျပာသြား ပါတယ္။

ကာေရဂါက “အကယ္၍ ခင္ဗ်ား အေနနဲ႕ သူလုပ္ေန တာေတြကို ေသခ်ာ စဥ္းစား ၾကည့္လုိက္မယ္ ဆုိရင္ အာႏုိးဟာ အသက္ ၂၁ ႏွစ္ အရြယ္ မွာတင္ ဥေရာပ ရဲ႕ ဖန္တီးမွဳ အားအေကာင္းဆံုး ကစားသမား ျဖစ္ေနပါတယ္။ ၅ ၾကိမ္ ၆ ၾကိမ္ေလာက္ သူဟာ ကိုက္ ၆၀ ၇၀ အကြာ ကေန တိက်တဲ့ ေဘာလံုး ေပးပုိ႕မွဳေတြ လုပ္ခဲ့ပါတယ္။ သူဟာ ဥေရာပ ရဲ႕ အေကာင္းဆံုး လူငယ္ ကစားသမား ေတြထဲက တစ္ဦး ျဖစ္ပါတယ္။ ဂယ္ရီနဗီး ကေတာ့ ဒါနဲ႕ ဆန္႕က်င္ဘက္ ကစားသမားပါ။ သူ႕ၾကည့္ရတာ ဒီဘရိုင္း ညာေနာက္ခံလူ ေနရာမွာ ကစား ေနသလို ပါပဲ။ ထရန္ အလက္ဇန္းဒါးအာႏုိးရဲ႕ ” လို႕ ဆုိလိုက္ ပါတယ္။

SM