ဂန်းနားတို့ရဲ့ တိုက်စစ်မှူးဟောင်း အီယန်ရိုက် က ခရစ္စတယ် ပဲလေစ့် အသင်းနဲ့ နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲမှာ အာဆင်နယ် ကွင်းလယ်လူ ရှာကာ ရဲ့ အသင်း ခေါင်းဆောင် မပီသတဲ့ အပြုအမူ အပေါ် အပြင်းအထန် ဝေဖန် ရှုံ့ချ သွားခဲ့ပြီး သူ့အနေနဲ့ ပရိသတ်တွေကို ပြန်လည် တောင်းပန်သင့်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ရှာကာ ဟာ ပွဲချိန် ၆၁ မိနစ်မှာ ဆာကာ နဲ့ လူစားလဲ ခံရတဲ့ အချိန်မှာ ကွင်းထဲကနေ လျင်လျင်မြန်မြန် မထွက်ဘဲ အေးဆေး လမ်းလျှောက် ထွက်နေတာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင် အော်ဟစ်မှုနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ရှာကာ ဟာ သူ့ကို လှောင်ပြောင် အော်ဟစ်နေကြတဲ့ ပရိသတ်တွေကို နားရွက်နား လက်ကပ်ကာ အရွဲ့ တိုက်ခဲ့သလို အသင်း ခေါင်းဆောင် လက်ပတ်ကော အာဆင်နယ် အကျီင်္ ကိုပါ ချွတ်ကာ အဝတ်လဲခန်းအတွင်းသို့ တန်းဝင် သွားခဲ့ပါတယ် ။ဒါ့အပြင် ရှာကာ ဟာ ကွင်းထဲကနေ မထွက်ခွာမှီ ” F**k Off ” ဆိုပြီး နှစ်ကြိမ်တိတိ ပရိသတ်တွေ ဆဲရေး တိုင်းထွာ သွားခဲ့တယ်လို့လည်း သိရပါတယ် ။

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အီယန်ရိုက်က ရှာကာ ရဲ့ အပြုအမူ အပေါ် ” ကိုယ့် ကစားသမားတွေကို လှောင်ပြောင် အော်ဟစ်ကြတာမျိုးကို ကျနော်လည်း သဘောမကျပါဘူး ၊ ဒါပေမယ့် သူက ကပ္ပတိန် ပါ ၊ ပရိသတ်တွေကလည်း သူ ကွင်းထဲက အမြန် မထွက်တဲ့အပေါ် စိတ်ပျက် သွားကြဟန် တူပါတယ်။”

” အခုတော့ ပရိသတ်တွေက သူ့ရဲ့ အပြုအမူအပေါ် စိတ်ပျက် သွားကြလောက်ပါပြီ ။ ပရိသတ်တွေက သူ ခြေစွမ်းပြ ကစားနိုင်တဲ့ ပွဲနည်းနည်းပဲ ရှိတာတောင် လေးနှစ်လုံးလုံး အားပေး လာကြတာပါ ၊ ဒါပေမယ့် သူကတော့ ပရိသတ်တွေ အပေါ် အခုလို တုန့်ပြန် လိုက်ပါတယ် ။ ”

” သူ့အနေနဲ့ ပြန်တောင်းပန် သင့်ပါတယ် ၊ လုံးဝ တောင်းပန် ရမှာပါ ၊ သူ့ကို အားလုံးက ရွေးချယ်ပြီး အသင်း ခေါင်းဆောင် တာဝန် ပေးထားတာပါ ၊ ဒါမျိုးက အသင်း ခေါင်းဆောင် တစ်ယောက်ရဲ့ အပြုအမူ မဟုတ်ပါဘူး ၊ အာဆင်နယ် ပရိသတ်တွေက သူ့အပေါ် အများကြီး စိတ်ရှည် သည်းခံပေးခဲ့ ကြတာပါ ။ ”

” သူ့အနေနဲ့ ပရိသတ်တွေ အပေါ် အကြွေး အများကြီး တင်နေတာပါ ၊ အသင်း ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဒီလိုမျိုး ပြုမှု တာမျိုးက မဖြစ်သင့်ပါဘူး ၊ သူက အသင်း ခေါင်းဆောင် တစ်ယောက် ဖြစ်သလို နည်းပြရဲ့ ယုံကြည်မှုကိုလည်း အပြည့်အဝ ရရှိထားသူပါ ။ ” လို့ ဝေဖန် သုံးသပ် သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ရွာကာ ရဲ့ အသင္းေခါင္းေဆာင္ မပီသတဲ့ အျပဳအမူ အေပၚ ေဝဖန္ ရွုံ႔ခ် လိုက္ၿပီး ပရိသတ္ေတြကို ေတာင္းပန္ဖို႔ တိုက္တြန္းလိုက္တဲ့ အီယန္ရိုက္
==================================

ဂန္းနားတို႔ရဲ့ တိုက္စစ္မွူးေဟာင္း အီယန္ရိုက္ က ခရစၥတယ္ ပဲေလစ့္ အသင္းနဲ႔ ႏွစ္ဂိုးစီ သေရ က်ခဲ့တဲ့ ပြဲမွာ အာဆင္နယ္ ကြင္းလယ္လူ ရွာကာ ရဲ့ အသင္း ေခါင္းေဆာင္ မပီသတဲ့ အျပဳအမူ အေပၚ အျပင္းအထန္ ေဝဖန္ ရွုံ႔ခ် သြားခဲ့ၿပီး သူ႔အေနနဲ႔ ပရိသတ္ေတြကို ျပန္လည္ ေတာင္းပန္သင့္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္ ။

ရွာကာ ဟာ ပြဲခ်ိန္ ၆၁ မိနစ္မွာ ဆာကာ နဲ႔ လူစားလဲ ခံရတဲ့ အခ်ိန္မွာ ကြင္းထဲကေန လ်င္လ်င္ျမန္ျမန္ မထြက္ဘဲ ေအးေဆး လမ္းေလၽွာက္ ထြက္ေနတာေၾကာင့္ ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္ ေအာ္ဟစ္မွုနဲ႔ ရင္ဆိုင္ ခဲ့ရပါတယ္ ။

ရွာကာ ဟာ သူ႔ကို ေလွာင္ေျပာင္ ေအာ္ဟစ္ေနၾကတဲ့ ပရိသတ္ေတြကို နားရြက္နား လက္ကပ္ကာ အရြဲ႕ တိုက္ခဲ့သလို အသင္း ေခါင္းေဆာင္ လက္ပတ္ေကာ အာဆင္နယ္ အက်ီ ၤကိုပါ ခၽြတ္ကာ အဝတ္လဲခန္းအတြင္းသို႔ တန္းဝင္ သြားခဲ့ပါတယ္ ။ဒါ့အျပင္ ရွာကာ ဟာ ကြင္းထဲကေန မထြက္ခြာမွီ ” F**k Off ” ဆိုၿပီး ႏွစ္ႀကိမ္တိတိ ပရိသတ္ေတြ ဆဲေရး တိုင္းထြာ သြားခဲ့တယ္လို႔လည္း သိရပါတယ္ ။

အာဆင္နယ္ အသင္းရဲ့ ဂႏၲဝင္ တိုက္စစ္မွူး တစ္ဦး ျဖစ္တဲ့ အီယန္ရိုက္က ရွာကာ ရဲ့ အျပဳအမူ အေပၚ ” ကိုယ့္ ကစားသမားေတြကို ေလွာင္ေျပာင္ ေအာ္ဟစ္ၾကတာမ်ိဳးကို က်ေနာ္လည္း သေဘာမက်ပါဘူး ၊ ဒါေပမယ့္ သူက ကပၸတိန္ ပါ ၊ ပရိသတ္ေတြကလည္း သူ ကြင္းထဲက အျမန္ မထြက္တဲ့အေပၚ စိတ္ပ်က္ သြားၾကဟန္ တူပါတယ္။”

” အခုေတာ့ ပရိသတ္ေတြက သူ႔ရဲ့ အျပဳအမူအေပၚ စိတ္ပ်က္ သြားၾကေလာက္ပါၿပီ ။ ပရိသတ္ေတြက သူ ေျခစြမ္းၿပ ကစားနိုင္တဲ့ ပြဲနည္းနည္းပဲ ရွိတာေတာင္ ေလးႏွစ္လုံးလုံး အားေပး လာၾကတာပါ ၊ ဒါေပမယ့္ သူကေတာ့ ပရိသတ္ေတြ အေပၚ အခုလို တုန႔္ျပန္ လိုက္ပါတယ္ ။ ”

” သူ႔အေနနဲ႔ ျပန္ေတာင္းပန္ သင့္ပါတယ္ ၊ လုံးဝ ေတာင္းပန္ ရမွာပါ ၊ သူ႔ကို အားလုံးက ေရြးခ်ယ္ၿပီး အသင္း ေခါင္းေဆာင္ တာဝန္ ေပးထားတာပါ ၊ ဒါမ်ိဳးက အသင္း ေခါင္းေဆာင္ တစ္ေယာက္ရဲ့ အျပဳအမူ မဟုတ္ပါဘူး ၊ အာဆင္နယ္ ပရိသတ္ေတြက သူ႔အေပၚ အမ်ားႀကီး စိတ္ရွည္ သည္းခံေပးခဲ့ ၾကတာပါ ။ ”

” သူ႔အေနနဲ႔ ပရိသတ္ေတြ အေပၚ အေႂကြး အမ်ားႀကီး တင္ေနတာပါ ၊ အသင္း ေခါင္းေဆာင္ တစ္ေယာက္ အေနနဲ႔ ဒီလိုမ်ိဳး ျပဳမွု တာမ်ိဳးက မျဖစ္သင့္ပါဘူး ၊ သူက အသင္း ေခါင္းေဆာင္ တစ္ေယာက္ ျဖစ္သလို နည္းျပရဲ့ ယုံၾကည္မွုကိုလည္း အျပည့္အဝ ရရွိထားသူပါ ။ ” လို႔ ေဝဖန္ သုံးသပ္ သြားခဲ့ပါတယ္ ။

SPORTS MYANMAR