ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ ပြီးခဲ့တဲ့ ဘန်လေ နဲ့ ပွဲမှာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ တလျှောက် ပထမဆုံး ဟက်ထရစ် ကို ရယူ နိုင်ခဲ့သလို ၊ ချယ်လ်ဆီး အသင်း ရဲ့ သမိုင်း တလျှောက် အသက် အငယ်ဆုံး ဟက်ထရစ် ရယူ ခဲ့သူ အဖြစ် မှတ်တမ်းသစ် ရေးထိုး နိုင်ခဲ့ပါတယ် ။

ပူလီဆစ် ဟာ အခုလို ဟက်ထရစ် မရယူမီ ပွဲထွက်ခွင့် ရဖို့ပင် အတော်လေး ရုန်းကန် ခဲ့ရပါတယ် ။ ရာသီ အစပိုင်း ရဲ့ ပွဲအချို့ မှာ ပွဲထွက်ခွင့် တွေ ရရှိခဲ့ပေမယ့် နောက်ပိုင်း မှာ ဝီလီယံ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း တို့ ခြေစွမ်း ပြသနေမှု ကြောင့် လူစားဝင်ခွင့် ရဖို့ပင် အနိုင်နိုင် ကြိုးစား ခဲ့ရပါတယ် ။ နောက်ပိုင်း ပွဲစဉ် တချို့ မှာ လူစားဝင်ခွင့် ကနေ တဆင့် ပွဲရလဒ် အလှည့်အပြောင်း တွေမှာ အခရာ ကျခဲ့တာကြောင့် ဘန်လေ နဲဲ့ ပွဲမှာ ပူလီဆစ် တယောက် ပြန်ပြီး ပွဲထွက်ခွင့် ရခဲ့ပါတယ် ။

ပွဲထွက်ခွင့် ပြန်ရလာတဲ့ အခါမှာလည်း ပူလီဆစ် ဟာ ချယ်လ်ဆီး အသင်း မှာ ပွဲထွက်ခွင့် တနေရာ နဲ့ ထိုက်တန်ကြောင်း ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက်ဂိုး တွေနဲ့ ပြီးပြည့်စုံ တဲ့ ဟက်ထရစ် ကို ရယူ နိုင်ခဲ့ပါတယ် ။ ထို ပွဲစဉ် အပြီး အင်တာဗျူး တခု မှာတော့ ပူလီဆစ် က အသင်း ရဲ့ မန်နေဂျာ ဖရန့် လမ်းပတ် ရဲ့ ၄င်း အပေါ် သဘောထား နဲ့ အနှစ်သက်ဆုံး သွင်းဂိုး ကို အခုလို ထုတ်ဖော် ပြောဆို လာခဲ့ပါတယ် ။

ပူလီဆစ် က ” ဖရန့် ဟာ ကျွန်တော့ ကို အမြဲ ယုံကြည်ပါတယ် ။ ဒါကို သူ ကျွန်တော့ ကို အမြဲတမ်း ပြောလေ့ ရှိပါတယ် ။ ခင်ဗျား အနေနဲ့ ပွဲထွက်ခွင့် ရရှိဖို့ အတွက် လေ့ကျင့်ရေး အစီအစဉ် တွေမှာ ဆက်တိုက် ဆက်တိုက် ကြိုးစား ရပါမယ် ။ ဒါဟာ ဘောလုံး လောက ရဲ့ အမြင့်မားဆုံး အဆင့်အတန်း တခု မှာ ယှဉ်ပြိုင် နေရခြင်း ဖြစ်ပါတယ် ။ အခုလို ကြိုးစားမှုမျိုး ကျွန်တော် ဆက်လက် လုပ်ဆောင် သွားမှာပါ ။ ”

” နောက်ပြီး ဒီ ဟက်ထရစ် က ကျွန်တော့ ရဲ့ တိုးတက်မှု စတင်ခြင်း လို့ မျှော်လင့် ထားပါတယ် ။ ချယ်လ်ဆီး ကို ကျွန်တော် ရောက်လာလို့ ကိုယ့်ကိုယ်ကို လွယ်လွယ်ကူကူ နဲ့ ခြေစွမ်း တိုးတက် လာမယ် လို့လည်း မခံယူ ထားပါတယ် ။ လွယ်လွယ်ကူကူ နဲ့ ပွဲထွက်ခွင့် ရဖို့ ၊ လွယ်ကူတဲ့ ခရီးစဉ် ဖြစ်ဖို့လည်း မမျှော်မှန်း ထားပါဘူး ။ အားလပ်ရက် ရတဲ့ ကာလ တွေမှာ အိမ်ပြန်တဲ့ အခါ ကျွန်တော့ မှာ ဘာ ဖိအားမှ မရှိပါဘူး ။ ”

” ကျွန်တော့ ကို အနောက် ကနေ ပ့ံပိုး ပေးနေတဲ့ ကျွန်တော့ ရဲ့ မိသားစု ၊ အရင်းနှီးဆုံး သူငယ်ချင်း မိတ်ဆွေ တွေ ရှိပါတယ် ။ သူတို့ အတွက်ပဲ ကျွန်တော် စိတ်ပူ ရမှာပါ ။ သူတို့ တွေက ကျွန်တော့ အတွက် အရေးပါတဲ့ ပုဂ္ဂိုလ် တွေပါ ။ ဟုတ်ပါတယ် ။ အခုလို ဟက်ထရစ် ရခဲ့တာ က ကျွန်တော့ အတွက် စိတ်သက်သာရာ တခုလို့ သတ်မှတ် လို့ ရပါတယ် ။ ဒါကို ခင်ဗျား တို့ ပထမဆုံး သွင်းဂိုး အပြီး ကျွန်တော် အောင်ပွဲခံခဲ့ပုံ ကို ကြည့်ပြီး သိနိုင် ပါလိမ့်မယ် ။ ”

” ချယ်လ်ဆီး ကစားသမား ဘဝ တလျှောက် ပထမဆုံး သွင်းဂိုး ကို ရရှိခဲ့ခြင်း ရဲ့ စိတ်သက်သာရာ ရမှု နဲ့ ကိုယ်တိုင် ဂိုးသွင်းပြီး အသင်းဖော် တွေနဲ့ ချယ်လ်ဆီး အသင်း အတွက် ကူညီပေးခဲ့ခြင်း ရဲ့ ဝမ်းသာ ပီတိ ခံစားချက် တွေ ရရှိခဲ့ပါတယ် ။ သွင်းဂိုး ၃ဂိုးလုံး ကတော့ အံ့သြဖွယ်ရာ တွေပါပဲ ။ ဘယ်ဂိုး က ကျွန်တော့ ရဲ့ အနှစ်သက်ဆုံး ဆိုတာမျိုး ရွေးချယ်ဖို့ ခက်ပါတယ် ။ ”

” ခေါင်းတိုက်ဂိုး က အရမ်း လန်းတယ် ဆိုပေမယ့် ကျွန်တော် ကတော့ ဘယ်ခြေ နဲ့ ကန်သွင်း ခဲ့တဲ့ ပထမဂိုး ကိုပဲ ရွေးချယ် ရပါလိမ့်မယ် ။ ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော် လည်း မပြောတတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ကစားသမား ဘဝ ပထမဆံုး ဟက္ထရစ္ မွာ ဘယ္ဂိုး ကို အႏွစ္သက္ဆံုးလဲ ဆိုတာ ေျပာဆိုရင္း သူ႕ အေပၚ လမ္းပတ္ ရဲ႕ သေဘာထား ကို ဖြင့္ဟလာတဲ့ #ပူလီဆစ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ဟာ ျပီးခဲ့တဲ့ ဘန္ေလ နဲ႕ ပြဲမွာ ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘဝ တေလွ်ာက္ ပထမဆံုး ဟက္ထရစ္ ကို ရယူ ႏိုင္ခဲ့သလို ၊ ခ်ယ္လ္ဆီး အသင္း ရဲ႕ သမိုင္း တေလွ်ာက္ အသက္ အငယ္ဆံုး ဟက္ထရစ္ ရယူ ခဲ့သူ အျဖစ္ မွတ္တမ္းသစ္ ေရးထိုး ႏိုင္ခဲ့ပါတယ္ ။

ပူလီဆစ္ ဟာ အခုလို ဟက္ထရစ္ မရယူမီ ပြဲထြက္ခြင့္ ရဖို႕ပင္ အေတာ္ေလး ရုန္းကန္ ခဲ့ရပါတယ္ ။ ရာသီ အစပိုင္း ရဲ႕ ပြဲအခ်ိဳ႕ မွာ ပြဲထြက္ခြင့္ ေတြ ရရွိခဲ့ေပမယ့္ ေနာက္ပိုင္း မွာ ဝီလီယံ ၊ ဟတ္ဒ္ဆန္ အိုဒိြဳင္း တို႕ ေျခစြမ္း ျပသေနမႈ ေၾကာင့္ လူစားဝင္ခြင့္ ရဖို႕ပင္ အႏိုင္ႏိုင္ ၾကိဳးစား ခဲ့ရပါတယ္ ။ ေနာက္ပိုင္း ပြဲစဥ္ တခ်ိဳ႕ မွာ လူစားဝင္ခြင့္ ကေန တဆင့္ ပြဲရလဒ္ အလွည့္အေျပာင္း ေတြမွာ အခရာ က်ခဲ့တာေၾကာင့္ ဘန္ေလ နဲဲ႕ ပြဲမွာ ပူလီဆစ္ တေယာက္ ျပန္ျပီး ပြဲထြက္ခြင့္ ရခဲ့ပါတယ္ ။

ပြဲထြက္ခြင့္ ျပန္ရလာတဲ့ အခါမွာလည္း ပူလီဆစ္ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ပြဲထြက္ခြင့္ တေနရာ နဲ႕ ထိုက္တန္ေၾကာင္း ဘယ္ေျခ ၊ ညာေျခ ၊ ေခါင္းတိုက္ဂိုး ေတြနဲ႕ ျပီးျပည့္စံု တဲ့ ဟက္ထရစ္ ကို ရယူ ႏိုင္ခဲ့ပါတယ္ ။ ထို ပြဲစဥ္ အျပီး အင္တာဗ်ဴး တခု မွာေတာ့ ပူလီဆစ္ က အသင္း ရဲ႕ မန္ေနဂ်ာ ဖရန္႕ လမ္းပတ္ ရဲ႕ ၄င္း အေပၚ သေဘာထား နဲ႕ အႏွစ္သက္ဆံုး သြင္းဂိုး ကို အခုလို ထုတ္ေဖာ္ ေျပာဆို လာခဲ့ပါတယ္ ။

ပူလီဆစ္ က ” ဖရန္႕ ဟာ ကြ်န္ေတာ့ ကို အျမဲ ယံုၾကည္ပါတယ္ ။ ဒါကို သူ ကြ်န္ေတာ့ ကို အျမဲတမ္း ေျပာေလ့ ရွိပါတယ္ ။ ခင္ဗ်ား အေနနဲ႕ ပြဲထြက္ခြင့္ ရရွိဖို႕ အတြက္ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ ဆက္တိုက္ ဆက္တိုက္ ၾကိဳးစား ရပါမယ္ ။ ဒါဟာ ေဘာလံုး ေလာက ရဲ႕ အျမင့္မားဆံုး အဆင့္အတန္း တခု မွာ ယွဥ္ျပိဳင္ ေနရျခင္း ျဖစ္ပါတယ္ ။ အခုလို ၾကိဳးစားမႈမ်ိဳး ကြ်န္ေတာ္ ဆက္လက္ လုပ္ေဆာင္ သြားမွာပါ ။ ”

” ေနာက္ျပီး ဒီ ဟက္ထရစ္ က ကြ်န္ေတာ့ ရဲ႕ တိုးတက္မႈ စတင္ျခင္း လို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ ခ်ယ္လ္ဆီး ကို ကြ်န္ေတာ္ ေရာက္လာလို႕ ကိုယ့္ကိုယ္ကို လြယ္လြယ္ကူကူ နဲ႕ ေျခစြမ္း တိုးတက္ လာမယ္ လို႕လည္း မခံယူ ထားပါတယ္ ။ လြယ္လြယ္ကူကူ နဲ႕ ပြဲထြက္ခြင့္ ရဖို႕ ၊ လြယ္ကူတဲ့ ခရီးစဥ္ ျဖစ္ဖို႕လည္း မေမွ်ာ္မွန္း ထားပါဘူး ။ အားလပ္ရက္ ရတဲ့ ကာလ ေတြမွာ အိမ္ျပန္တဲ့ အခါ ကြ်န္ေတာ့ မွာ ဘာ ဖိအားမွ မရွိပါဘူး ။ ”

” ကြ်န္ေတာ့ ကို အေနာက္ ကေန ပ့ံပိုး ေပးေနတဲ့ ကြ်န္ေတာ့ ရဲ႕ မိသားစု ၊ အရင္းႏွီးဆံုး သူငယ္ခ်င္း မိတ္ေဆြ ေတြ ရွိပါတယ္ ။ သူတို႕ အတြက္ပဲ ကြ်န္ေတာ္ စိတ္ပူ ရမွာပါ ။ သူတို႕ ေတြက ကြ်န္ေတာ့ အတြက္ အေရးပါတဲ့ ပုဂၢိဳလ္ ေတြပါ ။ ဟုတ္ပါတယ္ ။ အခုလို ဟက္ထရစ္ ရခဲ့တာ က ကြ်န္ေတာ့ အတြက္ စိတ္သက္သာရာ တခုလို႕ သတ္မွတ္ လို႕ ရပါတယ္ ။ ဒါကို ခင္ဗ်ား တို႕ ပထမဆံုး သြင္းဂိုး အျပီး ကြ်န္ေတာ္ ေအာင္ပြဲခံခဲ့ပံု ကို ၾကည့္ျပီး သိႏိုင္ ပါလိမ့္မယ္ ။ ”

” ခ်ယ္လ္ဆီး ကစားသမား ဘဝ တေလွ်ာက္ ပထမဆံုး သြင္းဂိုး ကို ရရွိခဲ့ျခင္း ရဲ႕ စိတ္သက္သာရာ ရမႈ နဲ႕ ကိုယ္တိုင္ ဂိုးသြင္းျပီး အသင္းေဖာ္ ေတြနဲ႕ ခ်ယ္လ္ဆီး အသင္း အတြက္ ကူညီေပးခဲ့ျခင္း ရဲ႕ ဝမ္းသာ ပီတိ ခံစားခ်က္ ေတြ ရရွိခဲ့ပါတယ္ ။ သြင္းဂိုး ၃ဂိုးလံုး ကေတာ့ အံ့ၾသဖြယ္ရာ ေတြပါပဲ ။ ဘယ္ဂိုး က ကြ်န္ေတာ့ ရဲ႕ အႏွစ္သက္ဆံုး ဆိုတာမ်ိဳး ေရြးခ်ယ္ဖို႕ ခက္ပါတယ္ ။ ”

” ေခါင္းတိုက္ဂိုး က အရမ္း လန္းတယ္ ဆိုေပမယ့္ ကြ်န္ေတာ္ ကေတာ့ ဘယ္ေျခ နဲ႕ ကန္သြင္း ခဲ့တဲ့ ပထမဂိုး ကိုပဲ ေရြးခ်ယ္ ရပါလိမ့္မယ္ ။ ဘာေၾကာင့္လဲ ဆိုတာေတာ့ ကြ်န္ေတာ္ လည္း မေျပာတတ္ပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR