မနေ့ညက ပဲလေ့အသင်းကို အိမ်ကွင်းမှာ 2 ဂိုး အသာနဲ့ အစောကြီး ဦးဆောင်ခဲ့သည့်တိုင်အောင် ပွဲအပြီးမှာတော့ သရေ ရလာဒ်သာ ထွက်ပေါ်သွားခဲ့ပြီး နောက်ပိုင်း ၊ အာဆင်နယ် ပရိသတ်တွေ ရဲ့ နည်းပြ အူနိုင်း အမ်မရီ အပေါ်ထားရှိတဲ့ သဘောထားဟာ ပြတ်သားသထက် ပြတ်သားလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါး ခေတ်အလွန် ၊ ဖွဲ့စည်းပုံ အသစ် နဲ့ အတူ အသင်းအတွက် မှန်ကန်တဲ့ လမ်းကြောင်း တစ်ခုအပေါ်ကို ပြန်လည် တည့်မတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက် နဲ့ အမ်မရီ ကို ခန့်အပ်ခဲ့ပေမယ့် ၊ အခု 17 လ အကြာမှာတော့ အနေအထားတွေဟာ တိုးတက်လာခြင်း မရှိတဲ့ အပြင် ၊ ကစားသမား အင်အားဖြည့်တင်းမှုတွေ စံချိန်တင် လုပ်ဆောင်ခဲ့သည့်တိုင်အောင် ၊ ရလာဒ်တွေက တည်ငြိမ်ခဲ့ခြင်း မရှိတာပါ။

တကယ်တော့ အူနိုင်း အမ်မရီ ကို ခန့်အပ်နိုင်ဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဟာ ခရွန်ကီ အပါအဝင် ၊ ဆန်လီဟီ ၊ ဗီနိုင်း တို့ကပါ အပြည့်အ၀ သဘောတူခဲ့တာ ဖြစ်ပြီး ၊ မျှော်လင့်ချက်တွေ များစွာ ထားရှိခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါ ရဲ့ နေရာကို ဆက်ခံဖို့ အတွက် လျာထားတဲ့ နည်းပြ စာရင်းကတော်တော်လေးကို များခဲ့သလို ၊ နာမည်ကြီး နည်းပြပေါင်း 8 ယောက် အထိ ခေါ်ယူ အင်တာဗျူးခဲ့တာပါ။ အဲဒီ အထဲမှာ အလီဂရီ ၊ အာတီတာ ၊ အွန်နရီ ၊ လိုပက်တီဂူ ၊ ရန်နစ် ၊ ဆမ်ပါအိုလီ ၊ ဗီအဲရာ တို့ ပါဝင်ခဲ့သလို ၊ ကွန်တီ ၊ အက်ဒီဟောင်း ၊ ဆာရီ ၊ ရော်ဂျာ တို့ကိုလဲ ဆက်သွယ်မှုတွေ ရှိခဲ့ပါသေးတယ်။

 

သို့သော် နောက်ဆုံး ဆန်ကာတင် စာရင်းမှာ ကျန်ခဲ့တာတော့ အာတီတာ နဲ့ အမ်မရီ တို့နှစ်ဦး ဖြစ်ပြီး ၊ အမ်မရီဟာ အသင့်တော်ဆုံး ဖြစ်မယ် ဆိုတဲ့ ရွေးချယ်မှု နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ပဲလေ့ ကို သရေကျပြီး နောက်ပိုင်း Rumor သတင်းတွေမှာတော့ အမ်မရီဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့ ဖော်ပြနေပေမယ့် ၊ အာဆင်နယ် ရာထူးကြီး အပိုင်းကတော့ ထောက်ခံမှု ပေးထားဆဲ ဖြစ်ပါတယ်။

ထုံးစံအတိုင်း မနေ့ညက ပွဲအပြီးမှာလဲ ဆန်လီဟီ ၊ အားကစား ဒါရိုတ်တာ အဒူး တို့ဟာ အာဆင်နယ် အသင်းရဲ့ အဝတ်လဲခန်း အတွင်းကို ဝင်ရောက် ခဲ့ပြီး ၊ ကစားသမားတွေ အပါအဝင် အသင်းရဲ့ ဝန်ထမ်းတွေ နဲ့ တွေ့ဆုံ စကားပြောခဲ့ပါသေးတယ်။ သတင်းသမားတွေ ရဲ့ အဆိုအရတော့ အဲဒီလို ပြောဆိုခဲ့စဉ် အမ်မရီ ရဲ့ အနာဂတ် နဲ့ ပတ်သက်တဲ့ အကြောင်းအရာက တစ်ခွန်းမှ မပါခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ပွဲအပြီး ကစားသမား အချို့ ဒေါသ ထွက်ခဲ့ကြတာလဲ နည်းပြ ရဲ့ နည်းစနစ်ပိုင်း ဆိုင်ရာကြောင့် မဟုတ်ပဲ ၊ VAR ရဲ့ လုပ်ဆောင်ပုံကို မကျေနပ်လို့သာ ဖြစ်ပြီး ၊ ဒီကနေ့မှာ တွေ့ဆုံမယ့် ပရီးမီးယားလိဂ် အားကစား ဒါရိုတ်တာများ အစည်းအဝေးမှာ ပြိုင်ပွဲ တာဝန်ရှိသူတွေ ထံ တရားဝင် တင်ပြသွားဖွယ် ရှိနေပါတယ်။

အမ်မရီ အနေနဲ့တော့ လက်ရှိ အနေအထားထက် ပိုကောင်းတဲ့ ရလာဒ်တွေ ထွက်ပေါ်လာဖို့ လိုအပ်နေပြီ ဖြစ်သလို ၊ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီးလဲ ရာသီအကုန်ထိ စောင့်ကြည့် သုံးသပ်ခံရသွားဖွယ် ရှိနေပါတယ်။ ဒီရာသီ ရဲ့ စွမ်းဆောင်ရည် ပေါ်ကို မူတည်က လက်ကျန် အလိုအလျှောက် သက်တမ်းတိုးခွင့် တစ်နှစ် ကို သက်ဝင်စေမှာ ဖြစ်ပြီး ၊ အကယ်၍ ချန်ပီယံလိဂ် ဝင်ခွင့် ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါက အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေပါတယ်။

အသင်းရဲ့ ကစားသမားတွေ ထဲမှာလဲ အားလုံးက အမ်မရီကို ထောက်ခံထားခြင်း မရှိသည့် တိုင်အောင် ၊ အများစုက အမ်မရီ အပေါ် ယုံကြည်ထားကြဆဲမို့ ၊ စပိန်သားကြီး အနေနဲ့ ရလာဒ်တွေ ကောင်းအောင် ပြန်လည် ကြိုးစားမယ် ဆိုပါက အခွင့်အရေးက ရှိနေဆဲပါ။

အကယ်၍ အာဆင်နယ် ဟာ အမ်မရီ နဲ့ လမ်းခွဲဖို့ အနေအထားအထိ ရောက်ရှိလာတယ် ဆိုရင်တောင် ၊ လက်ရှိ အချိန်ထိတော့ ဘယ်လို အစီအစဉ်မျိုးမှ တိတိကျကျ ရေးဆွဲထားခြင်း မရှိသေးဘူးလို့ ကလပ် နဲ့ နီးစပ်တဲ့ သတင်းတွေ အရ သိရသလို ၊ လက်ထောက် နည်းပြ ယွန်းဘတ် က ယာယီ နည်းပြ ဖြစ်လာနိုင်ချေတွေလဲ ပိုများနေပါတယ်။

ဒါပေမယ့် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့

SPORTS MYANMAR

Zawgyi

အူနိုင္း အမ္မရီ ရဲ့ ထိုင္ခုံ အေျခအေနက ဘယ္လို ရွိေနလဲ?

မေန႔ညက ပဲေလ့အသင္းကို အိမ္ကြင္းမွာ 2 ဂိုး အသာနဲ႔ အေစာႀကီး ဦးေဆာင္ခဲ့သည့္တိုင္ေအာင္ ပြဲအၿပီးမွာေတာ့ သေရ ရလာဒ္သာ ထြက္ေပၚသြားခဲ့ၿပီး ေနာက္ပိုင္း ၊ အာဆင္နယ္ ပရိသတ္ေတြ ရဲ့ နည္းၿပ အူနိုင္း အမ္မရီ အေပၚထားရွိတဲ့ သေဘာထားဟာ ျပတ္သားသထက္ ျပတ္သားလာခဲ့ၿပီ ျဖစ္ပါတယ္။

အာဆင္ဝင္းဂါး ေခတ္အလြန္ ၊ ဖြဲ႕စည္းပုံ အသစ္ နဲ႔ အတူ အသင္းအတြက္ မွန္ကန္တဲ့ လမ္းေၾကာင္း တစ္ခုအေပၚကို ျပန္လည္ တည့္မတ္နိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ခ်က္ နဲ႔ အမ္မရီ ကို ခန႔္အပ္ခဲ့ေပမယ့္ ၊ အခု 17 လ အၾကာမွာေတာ့ အေနအထားေတြဟာ တိုးတက္လာျခင္း မရွိတဲ့ အျပင္ ၊ ကစားသမား အင္အားျဖည့္တင္းမွုေတြ စံခ်ိန္တင္ လုပ္ေဆာင္ခဲ့သည့္တိုင္ေအာင္ ၊ ရလာဒ္ေတြက တည္ၿငိမ္ခဲ့ျခင္း မရွိတာပါ။

တကယ္ေတာ့ အူနိုင္း အမ္မရီ ကို ခန႔္အပ္နိုင္ဖို႔ အတြက္ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာဟာ ခရြန္ကီ အပါအဝင္ ၊ ဆန္လီဟီ ၊ ဗီနိုင္း တို႔ကပါ အျပည့္အ၀ သေဘာတူခဲ့တာ ျဖစ္ၿပီး ၊ ေမၽွာ္လင့္ခ်က္ေတြ မ်ားစြာ ထားရွိခဲ့ၾကတာ ျဖစ္ပါတယ္။

အာဆင္ဝင္းဂါ ရဲ့ ေနရာကို ဆက္ခံဖို႔ အတြက္ လ်ာထားတဲ့ နည္းၿပ စာရင္းကေတာ္ေတာ္ေလးကို မ်ားခဲ့သလို ၊ နာမည္ႀကီး နည္းျပေပါင္း 8 ေယာက္ အထိ ေခၚယူ အင္တာဗ်ဴးခဲ့တာပါ။ အဲဒီ အထဲမွာ အလီဂရီ ၊ အာတီတာ ၊ အြန္နရီ ၊ လိုပက္တီဂူ ၊ ရန္နစ္ ၊ ဆမ္ပါအိုလီ ၊ ဗီအဲရာ တို႔ ပါဝင္ခဲ့သလို ၊ ကြန္တီ ၊ အက္ဒီေဟာင္း ၊ ဆာရီ ၊ ေရာ္ဂ်ာ တို႔ကိုလဲ ဆက္သြယ္မွုေတြ ရွိခဲ့ပါေသးတယ္။

သို႔ေသာ္ ေနာက္ဆုံး ဆန္ကာတင္ စာရင္းမွာ က်န္ခဲ့တာေတာ့ အာတီတာ နဲ႔ အမ္မရီ တို႔ႏွစ္ဦး ျဖစ္ၿပီး ၊ အမ္မရီဟာ အသင့္ေတာ္ဆုံး ျဖစ္မယ္ ဆိုတဲ့ ေရြးခ်ယ္မွု နဲ႔ ခန႔္အပ္ခဲ့တာ ျဖစ္ပါတယ္။

ပဲေလ့ ကို သေရက်ၿပီး ေနာက္ပိုင္း Rumor သတင္းေတြမွာေတာ့ အမ္မရီဟာ ရာထူးကေန ထုတ္ပယ္ခံရဖို႔ နီးစပ္ေနၿပီ ျဖစ္တယ္လို႔ ေဖာ္ျပေနေပမယ့္ ၊ အာဆင္နယ္ ရာထူးႀကီး အပိုင္းကေတာ့ ေထာက္ခံမွု ေပးထားဆဲ ျဖစ္ပါတယ္။

ထုံးစံအတိုင္း မေန႔ညက ပြဲအၿပီးမွာလဲ ဆန္လီဟီ ၊ အားကစား ဒါရိုတ္တာ အဒူး တို႔ဟာ အာဆင္နယ္ အသင္းရဲ့ အဝတ္လဲခန္း အတြင္းကို ဝင္ေရာက္ ခဲ့ၿပီး ၊ ကစားသမားေတြ အပါအဝင္ အသင္းရဲ့ ဝန္ထမ္းေတြ နဲ႔ ေတြ႕ဆုံ စကားေျပာခဲ့ပါေသးတယ္။ သတင္းသမားေတြ ရဲ့ အဆိုအရေတာ့ အဲဒီလို ေျပာဆိုခဲ့စဥ္ အမ္မရီ ရဲ့ အနာဂတ္ နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာက တစ္ခြန္းမွ မပါခဲ့ဘူးလို႔ သိရပါတယ္။

ဒါ့အျပင္ ပြဲအၿပီး ကစားသမား အခ်ိဳ႕ ေဒါသ ထြက္ခဲ့ၾကတာလဲ နည္းၿပ ရဲ့ နည္းစနစ္ပိုင္း ဆိုင္ရာေၾကာင့္ မဟုတ္ပဲ ၊ VAR ရဲ့ လုပ္ေဆာင္ပုံကို မေက်နပ္လို႔သာ ျဖစ္ၿပီး ၊ ဒီကေန႔မွာ ေတြ႕ဆုံမယ့္ ပရီးမီးယားလိဂ္ အားကစား ဒါရိုတ္တာမ်ား အစည္းအေဝးမွာ ၿပိဳင္ပြဲ တာဝန္ရွိသူေတြ ထံ တရားဝင္ တင္ျပသြားဖြယ္ ရွိေနပါတယ္။

အမ္မရီ အေနနဲ႔ေတာ့ လက္ရွိ အေနအထားထက္ ပိုေကာင္းတဲ့ ရလာဒ္ေတြ ထြက္ေပၚလာဖို႔ လိုအပ္ေနၿပီ ျဖစ္သလို ၊ သူ႔ရဲ့ အနာဂတ္ နဲ႔ ပတ္သက္ၿပီးလဲ ရာသီအကုန္ထိ ေစာင့္ၾကည့္ သုံးသပ္ခံရသြားဖြယ္ ရွိေနပါတယ္။ ဒီရာသီ ရဲ့ စြမ္းေဆာင္ရည္ ေပၚကို မူတည္က လက္က်န္ အလိုအေလၽွာက္ သက္တမ္းတိုးခြင့္ တစ္ႏွစ္ ကို သက္ဝင္ေစမွာ ျဖစ္ၿပီး ၊ အကယ္၍ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရေအာင္ စြမ္းေဆာင္နိုင္ျခင္း မရွိပါက အသင္းနဲ႔ လမ္းခြဲရဖြယ္ ရွိေနပါတယ္။

အသင္းရဲ့ ကစားသမားေတြ ထဲမွာလဲ အားလုံးက အမ္မရီကို ေထာက္ခံထားျခင္း မရွိသည့္ တိုင္ေအာင္ ၊ အမ်ားစုက အမ္မရီ အေပၚ ယုံၾကည္ထားၾကဆဲမို႔ ၊ စပိန္သားႀကီး အေနနဲ႔ ရလာဒ္ေတြ ေကာင္းေအာင္ ျပန္လည္ ႀကိဳးစားမယ္ ဆိုပါက အခြင့္အေရးက ရွိေနဆဲပါ။

အကယ္၍ အာဆင္နယ္ ဟာ အမ္မရီ နဲ႔ လမ္းခြဲဖို႔ အေနအထားအထိ ေရာက္ရွိလာတယ္ ဆိုရင္ေတာင္ ၊ လက္ရွိ အခ်ိန္ထိေတာ့ ဘယ္လို အစီအစဥ္မ်ိဳးမွ တိတိက်က် ေရးဆြဲထားျခင္း မရွိေသးဘူးလို႔ ကလပ္ နဲ႔ နီးစပ္တဲ့ သတင္းေတြ အရ သိရသလို ၊ လက္ေထာက္ နည္းၿပ ယြန္းဘတ္ က ယာယီ နည္းၿပ ျဖစ္လာနိုင္ေခ်ေတြလဲ ပိုမ်ားေနပါတယ္။

ဒါေပမယ့္ ဘာေတြ ဆက္ျဖစ္လာမလဲ ဆိုတာ ေစာင့္ၾကည့္ၾကတာေပါ့

SPORTS MYANMAR