ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ မှာ ကစားသွားခဲ့တဲ့ ဘန်လေ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ရဲ့ အထူး ခြေစွမ်းပြ ဟက်ထရစ် သွင်းဂိုး နဲ့ အတူ ၂ – ၄ ရလဒ် နဲ့ အနိုင် ရခဲ့ကာ အဆင့် ၄ နေရာ မှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ် ။ ယင်းနိုင်ပွဲကြောင့် ချယ်လ်ဆီး တို့ ပြိုင်ပွဲစုံ ရပွဲဆက် အနိုင်ရလဒ် ကို ရရှိ ခဲ့ပြီ ဖြစ်ပါတယ် ။
ယခု တပတ် ကြားရက် ထဲမှာ ချယ်လ်ဆီး အသင်း ဟာ ကာရာဘောင် ဖလား စတုတ္ထအဆင့် ပွဲစဉ် အဖြစ် မန်ယူနိုက်တက် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှာရော ချယ်လ်ဆီး တို့ နိုင်ပွဲဆက် မှတ်တမ်း ကို ဆက်လက် ထိန်းသိမ်း သွားနိုင်မလား ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။
ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာတော့ နောက်ခံလူ ဖီကာယို တိုမိုရီ က အခုလို ရပွဲဆက် အနိုင် ရလဒ် ကို စွမ်းဆောင် နိုင်ခဲ့တဲ့ နောက်ကွယ်က သော့ချက် အကြောင်း တွေကို ထုတ်ဖော် ပြောဆိုလိုက်သလို ၊ ဟက်ထရစ်ရှင် ပူလီဆစ် ကိုလည်း အခုလို ချီးကျူး ပြောဆို ခဲ့ပါတယ် ။
တိုမိုရီ က ” ချန်ပီယံလိဂ် မှာ အေဂျက်ဇ် အသင်း နဲ့ မရင်ဆိုင် ခဲ့ရမီ ကျွန်တော် တို့ဟာ ၅ပွဲဆက် အနိုင် ရလဒ် ကို ရရှိ ထားခဲ့ပါတယ် ။ အေဂျက်ဇ် နဲ့ ပွဲကတော့ တွန်းတွန်းတိုက်တိုက် ကစားဖို့ ထက် ဉာဏ်သုံးပြီး ကစားခဲ့ရတဲ့ ပွဲလို့ ပြောရင် ပိုမှန် ပါလိမ့်မယ် ။ ချန်ပီယံလိဂ် ပွဲစဉ် တွေဟာ အမှန်တကယ် ခက်ခဲတဲ့ ပွဲစဉ် တွေ ဖြစ်သလို ၊ ဘန်လေ ကို အဝေးကွင်း မှာ ဆက်တိုက် ကစားရတာ က တခါတလေ မှာ ပိုပြီး ရုန်းကန် ရတတ်ပါတယ် ။ ”
” ဒါပေမယ့် ကျွန်တော် တို့ ပွဲကို အပြည့်အဝ အာရုံစိုက် နိုင်ခဲ့သလို ၊ ပြိုင်ဖက် ကို အကောင်းဆုံး တုန့်ပြန်နိုင် ခဲ့ပါတယ် ။ အခုလို ကျွန်တော် တို့ ပုံစံကောင်း တွေ ဆက်တိုက် ပြသ နေတာဟာ ကျွန်တော် ကတော့ လေ့ကျင့်ရေး အစီအစဉ် တွေက ပြင်းပြင်းထန်ထန် ကြိုးစားမှု တွေကြောင့် လို့ ထင်ပါတယ် ။ အသင်းသားတိုင်း ဟာ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အမှန်တကယ် အာရုံ စိုက်ကြသလို ၊ မန်နေဂျာ ကလည်း ကျွန်တော် တို့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ အမြဲ တိုက်တွန်လေ့ ရှိပါတယ် ။ ”
” အခုလို နိုင်ပွဲ ဆက်နေတာဟာ ဒီလို ပြင်းထန်တဲ့ ကြိုးစားမှု တွေ အပါအဝင် ၊ အပြည့်အဝ အာရုံစိုက်မှု ၊ ဆုံးဖြတ်ချက် ပြတ်သားမှု ၊ အနိုင်ရလိုစိတ် တွေကြောင့် ဖြစ်ပါတယ် ။ လက်ရှိ ကျွန်တော် တို့ အသင်း မှာ လူငယ် ကစားသမား တွေ နဲ့ အတွေ့အကြုံရင့် ကစားသမား တွေ အချိုးကျကျ ပေါင်းစပ် စုစည်း နေပြီ ဖြစ်ပါတယ် ။ ကျွန်တော် တို့ဖက် က အခုအတိုင်း ရှေ့လျှောက် နိုင်ပွဲ တွေ ထပ်ရချင်ပါတယ် ။ ထပ်ရအောင် လည်း ကြိုးစား သွားမှာပါ ။ ”
” ဘောလုံး ရာသီ က တဖြည်းဖြည်း ဆက်သွား နေပြီး ရာသီကုန် မှာ ကျွန်တော် တို့ ဘယ်လို ပုံစံ နဲ့ ပြီးဆုံးမယ် ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်သေးပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ဟာ ရှုထောင့် ပေါင်းစုံ ကနေ တပွဲပြီး တပွဲ ကြိုးစား အာရုံစိုက် သွားမှာ ဖြစ်ပါတယ် ။ အေဂျက်ဇ် နဲ့ ချန်ပီယံလိဂ် ပွဲကို ကျွန်တော် တို့ အာရုံစိုက် ခဲ့လို့ အနိုင်ရခဲ့ပါတယ် ။ ဘန်လေ နဲ့ ပွဲလည်း အတူတူပါပဲ ။ အခု ကျွန်တော် တို့ အားလုံး မန်ယူနိုက်တက် နဲ့ ကာရာဘောင် ဖလား ပွဲစဉ် ကိုလည်း ဆက်လက် အာရုံစိုက် ကြိုးစား သွားမှာပါ ။ ”
” ခရစ်တီယန် ကျွန်တော် တို့ အသင်း အတွက် ဘာတွေ လုပ်ပြ နိုင်လဲ ဆိုတာ ကျွန်တော် တို့ အားလုံး သိထားပြီးသားပါ ။ အခုလို ဂိုးတွေ မရလာခင် သူ့ အဖို့ ချိန်သားကိုက် အခိုက်အတန့် သာ လိုအပ်ခဲ့တာပါ ။ အခု လတ်တလော ပွဲစဉ် တွေမှာ ခရစ်တီယန် ဟာ လူစားဝင် ကစားခွင့် တွေကနေ ခြေစွမ်းပြ ကစားနိုင် ခဲ့ပါတယ် ။ အဲ့ဒီ အတွက် မန်နေဂျာ က သူ့ အပေါ် ပွဲထွက်ခွင့် ကို ဆုတခု အနေနဲ့ ပြန်ပေး ခဲ့ပါတယ် ။ ”
” ဒါကို ခရစ်တီယန် ကလည်း ဟက်ထရစ် သွင်းပြီး အသုံးချ သွားခဲ့ပါတယ် ။ ဒီ ဟက်ထရစ် ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် လည်း မရှိနိုင်တော့ပါဘူး ။ အခုလို ချယ်လ်ဆီး အတွက် ဂိုးစသွင်း နိုင်ခဲ့တဲ့ အပြင် ဟက်ထရစ် ပါ ရခဲ့တဲ့ သူ့ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
SPORTS MYANMAR
Zawgyi
ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာတော့ နောက်ခံလူ ဖီကာယို တိုမိုရီ က အခုလို ၇ပွဲဆက် အနိုင် ရလဒ် ကို စွမ်းဆောင် နိုင်ခဲ့တဲ့ နောက်ကွယ်က သော့ချက် အကြောင်း တွေကို ထုတ်ဖော် ပြောဆိုလိုက်သလို ၊ ဟက်ထရစ်ရှင် ပူလီဆစ် ကိုလည်း အခုလို ချီးကျူး ပြောဆို ခဲ့ပါတယ် ။
SPORTS MYANMAR
ဘန်လေ နဲ့ ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ပူလီဆစ် ကို ချီးကျူး ပြောဆိုရင်း မန်ယူ နဲ့ ကာရာဘောင် ဖလား ပွဲစဉ် အတွက် အာရုံစိုက်ဖို့ ပြောလာတဲ့ #တိုမိုရီ