ပေါ်တူဂီ တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ပေါ်တူဂီ ဘောလုံး သမိုင်း တစ်လျောက် အထွန်းလင်း အတောက်ပ ဆုံး ကစား သမား အဖြစ် ရှိနေခဲ့ ပါတယ် ။ ပေါ်တူဂီ ရဲ့ သက်တမ်း အလိုက် ဘောလုံး အသင်း အားလုံး မှာ ရိုနယ်ဒို ရဲ့ လွှမ်းမိုးမှု က ကြီးမား ခဲ့ပြီး ရိုနယ်ဒို ရဲ့ ကြိုးစားမှု ၊ ပြင်းပြ တဲ့ ခံယူချက် ၊ နိုင်လိုစိတ် တွေ ဟာ အမျိုးသား ရော အမျိုး သမီး အသင်း တွေကပါ စံပြ တစ်ဦး အဖြစ် မှတ်ယူ ထားခဲ့ ကြပါတယ် ။

ဒီ အထဲမှာတော့ ပေါ်တူဂီ U-17 အမျိုးသမီး အသင်း ဟာ သူတို့ရဲ့ စံပြ ကစား သမားကြီး ဆီက လက်ဆောင် တွေ နဲ့ ပေးစာ ကို ရရှိ ခဲ့ ပါတယ် ။ ယူရို ၂၀၂၀ အမျိုး သမီး ပြိုင်ပွဲ ကို ၀င်ရောက် နိုင်ဖို့ ကြိုးစား နေတဲ့ ပေါ်တူဂီ U-17 သင်း ရဲ့ ရှေ့လာမယ့် ခြေစစ်ပွဲ တွေ မတိုင်ခင် မှာ ရိုနယ်ဒို ဟာ လက်ဆောင် တွေ နဲ့ အတူ စိတ်ဓါတ် ခွန်အားတွေ ရရှိ စေမယ့် စာ တစ်စောင် ကို ရေးသား ပေးပို့ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

U-17 အမျိုးသမီး အသင်း ဟာ အက်စ်တိုးနီးယား နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲ အတွက် အရေး ပါတဲ့ နောက်ဆုံး အဆင့် ခြေစစ် ပွဲ ၃ ပွဲ ကို နိုဝင်ဘာထဲ မှာ ယှဉ်ပြိုင် ကစား ရတော့ မှာ ဖြစ်ပြီး အခုလို သူတို့ရဲ့ စံပြ ကစား သမားကြီး ဆီက မထင်မှတ် ထားတဲ့ လက်ဆောင် တွေ ၊ ပေးစာ တွေ ဟာ စိတ်ဓါတ် ခွန်အား တွေ နဲ့ ပျော်ရွှင်မှု တွေကို ယူဆောင် ပေးနိုင်ခဲ့ ပါတယ် ။

အမျိုးသမီး အသင်းသူ တွေ ဟာ ရိုနယ်ဒို ပေးထားတဲ့ ဘောကန်ဖိနပ်တွေ နဲ့ အတူ ပေးစာ ကို ဓါတ်ပုံ ရိုက်ပြီး သူတို့ အသင်းရဲ့ Instagram အကောင့်မှာ ဖော်ပြ သွားခဲ့ ပါတယ် ။ အဆိုပါ စာထဲ မှာ ရိုနယ်ဒို က အောင်မြင်မှု ကို လှမ်းယူ နိုင်ဖို့ ဘယ်လို စိတ်ဓါတ် နဲ့ ခံယူချက် တွေ ကို မွေးမြူ ရမလဲ ဆိုတဲ့ အကြောင်း ကို အဓိက ထား ရေးသား သွားခဲ့ တာ ဖြစ် ပါတယ် ။

“ဒီ Nike ဘောကန် ဖိနပ် တွေ ဟာ မင်းတို့လေးတွေ ရဲ့ အိပ်မက်တွေ ကို လှမ်းယူ ရာမှာ အကူ အညီ ဖြစ်စေ မယ်လို့ မျှော်လင့် ပြီး ပေးပို့ လိုက်ရ တာဖြစ် ပါတယ် ။ ငါ့ရဲ့ လူငယ် ဘဝ တုန်းက အိပ်မက် က တကယ်ရိုးရှင်း ပါတယ် ၊ ဒါပေမယ့် ပြင်းပြ ထက်သန် တဲ့ အိပ်မက် တစ်ခု ပါ”

“အိပ်ယာ ထဲမှာ အိပ်ပျော် နေတုန်း တွေ့ရတဲ့ အိပ်မက် မျိုး မဟုတ်ခဲ့ ပါဘူး ။ အရမ်း ကို လိုချင် တောင့်တ ပြီး အိပ်ယာ ထဲ မှာ တောင် နိုးထ နေလောက်တဲ့ အထိ ပြင်းထန် တဲ့ စိတ်ဆန္ဒမျိုး ပါ ။ အဲ့ဒါက ဘာလဲ ဆိုတော့ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား တစ်ယောက် ဖြစ်လာ ဖို့ ပါပဲ”

“ဒီ အိပ်မက် ဟာ ငါ့ကို အားကစား ခန်းထဲမှာ ၊ လေ့ကျင့်ရေး ကွင်းထဲမှာ ၊ ဘောလုံး မြက်ခင်းပြင် တွေ ပေါ်ရောက်တဲ့ အထိ စွဲမြဲ စေခဲ့ ပါတယ် ။ ဒီ အိပ်မက် နဲ့ ရှင်သန် ခဲ့ ပါတယ် ။ ဘာလုပ်လုပ် ဒီ အိပ်မက် ကို လှမ်းကိုင် နိုင်မယ့် အရာတွေ ချည်း ဖြစ်ခဲ့ ပါတယ်”

“ငါ့ရဲ့ အိပ်မက် ကို ငါကိုယ်တိုင် သတိပြု ရွေးချယ် နိုင်ခဲ့ သလိုပဲ မင်းတို့လေးတွေ ကလည်း ကိုယ့်ရဲ့ အိပ်မက် ပန်းတိုင် ကို ကိုယ်တိုင် သတိပြု မိကြဖို့ မျှော်လင့် ပါတယ် ။ ဒီ အိပ်မက် ဟာ မင်းတို့ ရှေ့ မှာ ရှိနေ တာပါ ။ တွန့်ဆုတ် မနေဘဲ ရယူနိုင်ဖို့ အတွက် အားထုတ်ကြပါစို့ ။ ငါတောင် လုပ်နိုင်ခဲ့တာပဲ . . . မင်းတို့လေးတွေ လည်း လုပ်နိုင် ရမှာပါ”

“နောက်ဆုံး အဆင့် ခြေစစ်ပွဲ ကို ရောက်ရှိ သွားတဲ့ အတွက် အရမ်းပဲ ဂုဏ်ယူမိ ပါတယ် ။ ဆက်ပြီး ကြိုးစားပါ ။ နောက်ထပ် အောင်ပွဲ ဆီကို စိတ်အာရုံ အပြည့် စူးစိုက် ထားပါ ။ ကံကောင်း ပါစေ ။ ဖိနပ်တွေ အားလုံး အဆင်ပြေ ကြပါစေ” – ခရစ္စတီယာနို ရိုနယ်ဒို

ပေါ်တူဂီ ယူ-၁၇ အသင်း ဟာ နိုဝင်ဘာ ၁၃ ကနေ ၁၉ ရက်နေ့ အတွင်းမှာ နောက်ဆုံး အဆင့် ခြေစစ်ပွဲ အဖြစ် ယူကရိန်း ၊ ဂျော်ဂျီယာ ၊ အယ်ဘေးနီးယား အသင်းတွေ နဲ့ ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ ၂၀၂၀ U-17 အမျိုးသမီး ယူရိုပြိုင်ပွဲကို တော့ လာမယ့် ၂၀၂၀ ခုနှစ် မေလ ၂၁ ရက်နေ့ ကနေ ဇွန်လ ၆ ရက်နေ့ အတွင်း ယှဉ်ပြိုင် ကစား သွားမှာ ပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

မ်ဳိးဆက္သစ္ ေဘာလံုးသမ ေလးေတြကို စိတ္ဓါတ္ခြန္အားေတြ ေပးစြမ္းခဲ့တဲ့ ရိုနယ္ဒို

=================================================

ေပၚတူဂီ တုိက္စစ္မႈးႀကီး ခရစၥတီယာႏို ရိုနယ္ဒို ဟာ ေပၚတူဂီ ေဘာလံုး သမိုင္း တစ္ေလ်ာက္ အထြန္းလင္း အေတာက္ပ ဆံုး ကစား သမား အျဖစ္ ရွိေနခဲ့ ပါတယ္ ။ ေပၚတူဂီ ရဲ႕ သက္တမ္း အလုိက္ ေဘာလံုး အသင္း အားလံုး မွာ ရိုနယ္ဒို ရဲ႕ လႊမ္းမိုးမႈ က ႀကီးမား ခဲ့ၿပီး ရိုနယ္ဒို ရဲ႕ ႀကဳိးစားမႈ ၊ ျပင္းျပ တဲ့ ခံယူခ်က္ ၊ ႏုိင္လုိစိတ္ ေတြ ဟာ အမ်ဳိးသား ေရာ အမ်ဳိး သမီး အသင္း ေတြကပါ စံျပ တစ္ဦး အျဖစ္ မွတ္ယူ ထားခဲ့ ၾကပါတယ္ ။

ဒီ အထဲမွာေတာ့ ေပၚတူဂီ U-17 အမ်ဳိးသမီး အသင္း ဟာ သူတုိ႔ရဲ႕ စံျပ ကစား သမားႀကီး ဆီက လက္ေဆာင္ ေတြ နဲ႔ ေပးစာ ကို ရရွိ ခဲ့ ပါတယ္ ။ ယူရို ၂၀၂၀ အမ်ဳိး သမီး ၿပဳိင္ပြဲ ကို ၀င္ေရာက္ ႏုိင္ဖို႔ ႀကဳိးစား ေနတဲ့ ေပၚတူဂီ U-17 သင္း ရဲ႕ ေရွ႕လာမယ့္ ေျခစစ္ပြဲ ေတြ မတိုင္ခင္ မွာ ရိုနယ္ဒို ဟာ လက္ေဆာင္ ေတြ နဲ႔ အတူ စိတ္ဓါတ္ ခြန္အားေတြ ရရွိ ေစမယ့္ စာ တစ္ေစာင္ ကို ေရးသား ေပးပို႔ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

U-17 အမ်ဳိးသမီး အသင္း ဟာ အက္စ္တိုးနီးယား ႏုိင္ငံ က အိမ္ရွင္ အျဖစ္ လက္ခံ က်င္းပမယ့္ ယူရို ၂၀၂၀ ၿပဳိင္ပြဲ အတြက္ အေရး ပါတဲ့ ေနာက္ဆံုး အဆင့္ ေျခစစ္ ပြဲ ၃ ပြဲ ကို ႏို၀င္ဘာထဲ မွာ ယွဥ္ၿပဳိင္ ကစား ရေတာ့ မွာ ျဖစ္ၿပီး အခုလို သူတို႔ရဲ႕ စံျပ ကစား သမားႀကီး ဆီက မထင္မွတ္ ထားတဲ့ လက္ေဆာင္ ေတြ ၊ ေပးစာ ေတြ ဟာ စိတ္ဓါတ္ ခြန္အား ေတြ နဲ႔ ေပ်ာ္ရႊင္မႈ ေတြကို ယူေဆာင္ ေပးႏုိင္ခဲ့ ပါတယ္ ။

အမ်ဳိးသမီး အသင္းသူ ေတြ ဟာ ရိုနယ္ဒို ေပးထားတဲ့ ေဘာကန္ဖိနပ္ေတြ နဲ႔ အတူ ေပးစာ ကို ဓါတ္ပံု ရုိက္ၿပီး သူတို႔ အသင္းရဲ႕ Instagram အေကာင့္မွာ ေဖာ္ျပ သြားခဲ့ ပါတယ္ ။ အဆိုပါ စာထဲ မွာ ရိုနယ္ဒို က ေအာင္ျမင္မႈ ကို လွမ္းယူ ႏုိင္ဖို႔ ဘယ္လို စိတ္ဓါတ္ နဲ႔ ခံယူခ်က္ ေတြ ကို ေမြးျမဴ ရမလဲ ဆုိတဲ့ အေၾကာင္း ကို အဓိက ထား ေရးသား သြားခဲ့ တာ ျဖစ္ ပါတယ္ ။

“ဒီ Nike ေဘာကန္ ဖိနပ္ ေတြ ဟာ မင္းတို႔ေလးေတြ ရဲ႕ အိပ္မက္ေတြ ကို လွမ္းယူ ရာမွာ အကူ အညီ ျဖစ္ေစ မယ္လို႔ ေမွ်ာ္လင့္ ၿပီး ေပးပုိ႔ လုိက္ရ တာျဖစ္ ပါတယ္ ။ ငါ့ရဲ႕ လူငယ္ ဘ၀ တုန္းက အိပ္မက္ က တကယ္ရိုးရွင္း ပါတယ္ ၊ ဒါေပမယ့္ ျပင္းျပ ထက္သန္ တဲ့ အိပ္မက္ တစ္ခု ပါ”

“အိပ္ယာ ထဲမွာ အိပ္ေပ်ာ္ ေနတုန္း ေတြ႕ရတဲ့ အိပ္မက္ မ်ဳိး မဟုတ္ခဲ့ ပါဘူး ။ အရမ္း ကို လိုခ်င္ ေတာင့္တ ၿပီး အိပ္ယာ ထဲ မွာ ေတာင္ ႏိုးထ ေနေလာက္တဲ့ အထိ ျပင္းထန္ တဲ့ စိတ္ဆႏၵမ်ဳိး ပါ ။ အဲ့ဒါက ဘာလဲ ဆိုေတာ့ ကမၻာ့ အေကာင္းဆံုး ေဘာလံုး သမား တစ္ေယာက္ ျဖစ္လာ ဖို႔ ပါပဲ”

“ဒီ အိပ္မက္ ဟာ ငါ့ကို အားကစား ခန္းထဲမွာ ၊ ေလ့က်င့္ေရး ကြင္းထဲမွာ ၊ ေဘာလံုး ျမက္ခင္းျပင္ ေတြ ေပၚေရာက္တဲ့ အထိ စြဲၿမဲ ေစခဲ့ ပါတယ္ ။ ဒီ အိပ္မက္ နဲ႔ ရွင္သန္ ခဲ့ ပါတယ္ ။ ဘာလုပ္လုပ္ ဒီ အိပ္မက္ ကို လွမ္းကုိင္ ႏုိင္မယ့္ အရာေတြ ခ်ည္း ျဖစ္ခဲ့ ပါတယ္”

“ငါ့ရဲ႕ အိပ္မက္ ကို ငါကိုယ္တုိင္ သတိျပဳ ေရြးခ်ယ္ ႏုိင္ခဲ့ သလိုပဲ မင္းတို႔ေလးေတြ ကလည္း ကိုယ့္ရဲ႕ အိပ္မက္ ပန္းတိုင္ ကို ကိုယ္တုိင္ သတိျပဳ မိၾကဖို႔ ေမွ်ာ္လင့္ ပါတယ္ ။ ဒီ အိပ္မက္ ဟာ မင္းတို႔ ေရွ႕ မွာ ရွိေန တာပါ ။ တြန္႔ဆုတ္ မေနဘဲ ရယူႏုိင္ဖို႔ အတြက္ အားထုတ္ၾကပါစို႔ ။ ငါေတာင္ လုပ္ႏုိင္ခဲ့တာပဲ . . . မင္းတို႔ေလးေတြ လည္း လုပ္ႏုိင္ ရမွာပါ”

“ေနာက္ဆံုး အဆင့္ ေျခစစ္ပြဲ ကို ေရာက္ရွိ သြားတဲ့ အတြက္ အရမ္းပဲ ဂုဏ္ယူမိ ပါတယ္ ။ ဆက္ၿပီး ႀကဳိးစားပါ ။ ေနာက္ထပ္ ေအာင္ပြဲ ဆီကို စိတ္အာရံု အျပည့္ စူးစိုက္ ထားပါ ။ ကံေကာင္း ပါေစ ။ ဖိနပ္ေတြ အားလံုး အဆင္ေျပ ၾကပါေစ” – ခရစၥတီယာႏုိ ရိုနယ္ဒို

ေပၚတူဂီ ယူ-၁၇ အသင္း ဟာ ႏို၀င္ဘာ ၁၃ ကေန ၁၉ ရက္ေန႔ အတြင္းမွာ ေနာက္ဆံုး အဆင့္ ေျခစစ္ပြဲ အျဖစ္ ယူကရိန္း ၊ ေဂ်ာ္ဂ်ီယာ ၊ အယ္ေဘးနီးယား အသင္းေတြ နဲ႔ ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။ ၂၀၂၀ U-17 အမ်ဳိးသမီး ယူရိုၿပဳိင္ပြဲကို ေတာ့ လာမယ့္ ၂၀၂၀ ခုနွစ္ ေမလ ၂၁ ရက္ေန႔ ကေန ဇြန္လ ၆ ရက္ေန႔ အတြင္း ယွဥ္ၿပဳိင္ ကစား သြားမွာ ပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR