မနေ့ ည တုန်းက နောဝှစ်ချ် ကွင်းမှာ ပြိုင်ဖက် အသင်း ကို အနိုင်ယူ ပြီး ဒီ ရာသီ ပရီးမီးယား လိဂ်ရဲ့ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ရယူ နိုင် ခဲ့တဲ့ နောက် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ခြေစွမ်းကောင်း ပြသ ထားနိုင် ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ အန်သိုနီ မာရှယ် ကို အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
မာရှယ်ဟာ သြဂုတ်လ တုန်းက ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့တဲ့ နောက် လီဗာပူး အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် ရောက်မှသာ အသင်း အတွက် လူစားဝင် ကစားသမား အဖြစ် ပြန်လည် ပါဝင်ခွင့် ရရှိ ထားခဲ့ သူပဲ ဖြစ် ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် တို့ ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ သူဟာ ပွဲထွက် ကစား ခွင့် ရရှိ ခဲ့သူ ပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဉ် မှာတော့ သူဟာ အသင်း အတွက် တစ်လုံး တည်းသော အနိုင်ဂိုး ကို ပင်နယ်တီ မှ တစ်ဆင့် သွင်းယူ သွားနိုင် ခဲ့ပြီး နောဝှစ်ချ် နဲ့ ကစား ခဲ့တဲ့ နောက် တစ်ပွဲ မှာ ပင်နယ်တီ လွဲခဲ့ ပေမယ့် အနိုင် သေချာ စေမယ့် ဂိုး တစ်ဂိုး ကို ထပ်မံ သွားယူ သွားခဲ့ ပြီး ကစား အား တွေနဲ့ တိုက်စစ် ကို မြှင့်တင် ပေးခဲ့ ပါတယ် ။ ဒါ့ကြောင့် လည်း ဆိုးလ်ရှား က …
” ကျွန်တော် တို့ လွန်ခဲ့တဲ့ နှစ်လ အတွင်း အန်သိုနီ ကို အရမ်း ပဲ လွမ်းဆွတ် ခဲ့ရ ပါတယ် ။ သူ ပြန်လာ နိုင်ခြင်း က တစ်ကယ့် ကို ကောင်းမွန် လှ ပါတယ် ။ သူနဲ့ မားကပ်စ် တို့ နှစ်ဦး ဟာ ဆက်လက် တိုးတက် လာကြ ဦးမှာ ဖြစ်ပြီး သူတို့ နှစ်ဦး ရဲ့ ပူးပေါင်း မှုက အသင်း အတွက် အရမ်း ပဲ အကျိုးရှိ နေပါ လိမ့်မယ် ”
” တစ်ခါတလေ မှာ ကျွန်တော် တို့ဟာ သူတို့ ထဲက နှစ်ဦး ကို ပါဝင် ကစား စေကြ ပါတယ် ။ ဒီနေ့ တော့ ဂျိမ်းစ် လည်း ရှိနေ ခဲ့တဲ့ အတွက် ကျွန်တော် တို့ တိုက်စစ် ကစားသမား သုံးယောက်လုံး ကို ပိုင်ဆိုင် ခဲ့ကြ ပါတယ် ။ ဒီ အတွက် ကျွန်တော် တို့ အရမ်း ပဲ ပျော်ရွှင် ခဲ့ကြ ပါတယ် ။ အန်သိုနီ ရဲ့ အဆုံးသတ် စွမ်းရည် က စပါယ်ရှယ် ပါပဲ ”
” မာရှယ် ဟာ ကျွန်တော် တို့ အတွက် အရေး အပါဆုံး ကစား သမား တစ်ယောက် ပါ ။ သူဟာ ထိပ်တန်း တိုက်စစ် မှူး တစ်ဦး ပါ ။ အခုလို ကြံ့ခိုင်မှု အပြည့် ၊ ပျော်ရွှင်မှု အပြည့်နဲ့ သူ့ကို ပိုင်ဆိုင် ရခြင်း က ကျွန်တော် တို့ အတွက် ထူးကဲ တဲ့ အရာ တစ်ခု ပါပဲ ။ သူ့ရဲ့ ရွေ့လျား မှု တွေက တစ်ကယ့်ကို ကောင်းမွန် လှသလို ခံစစ် ကစား နိုင်ပုံလည်း ကောင်းမွန်ခဲ့ ပါတယ် ”
” ဒါ့ကြောင့် လည်း အန်သိုနီ ဟာ ကျွန်တော် တို့ အတွက် အရေးကြီး တဲ့ ကစားသမား လို့ ခံစားရ ပါတယ် ။ ကျွန်တော် တို့တွေ ဟာ သူ မပါဝင် ခဲ့တဲ့ အချိန် နာကျင်မှု တွေကို ခံစား ခဲ့ရ ပါတယ် ။ အခုတော့ သူ့ကို ပြန်လည် ပိုင်ဆိုင် ရပြီး ဂိုး တွေကို မြင်တွေ့ ရခြင်း က တစ်ကယ့် ကို ကျေနပ် စရာ ပါပဲ ” လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ယူနိုက်တက် ဟာ ပါတီဇန် ဘဲလ် ဂရိတ် အသင်း ကို ရင်ဆိုင် ခဲ့ ရတဲ့ ပွဲစဉ် မှာ အဝေးကွင်း နိုင်ပွဲ ကို 11 ပွဲ ဆက်တိုက် ပျောက်ဆုံး ပြီးမှ ပြန်လည် ပိုင်ဆိုုင် နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် 8 လ အတိအကျ အကြာ မှ ပရီးမီးယား လိဂ် အဝေးကွင်း နိုင်ပွဲ ကို ရှာဖွေ နိုင်ခဲ့ ခြင်းပဲ ဖြစ် ပါတယ် ။
ယူနိုက်တက် ဟာ ဒီ ကြားရက် မှာတော့ လိဂ် ပြိုုင်ပွဲ အဖြစ် ချဲလ်ဆီး အသင်း ကို ရင်ဆိုင် ကစား ရမှာ ဖြစ်ပြီး အဲ့ဒီ နောက် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ဘုန်းမောက် အသင်း နဲ့ ဆက်လက် ရင်ဆိုင် ကစား ရမှာ ပဲ ဖြစ်ပါတယ် ။ အခုလို ပွဲဆက် ကစား ရမှှု နဲ့ ပတ်သက်လို့ ဆိုးလ်ရှား က …
” 3 ရက် အတွင်း 2 ပွဲ ကစား ရခြင်း က ဆိုးရွား လွန်းတဲ့ ကိစ္စ တော့ မဟုတ် ပါဘူး ။ ကျွန်တော် တို့ ရလဒ် ကောင်းတွေ မရ ခဲ့တာ ကြာမြှင့် ခဲ့တဲ့ အခုလို အချိန် မှာ ပွဲဆက် ကစား ရခြင်း က ကောင်းမွန် တဲ့ အရာ တစ်ခု ပါ ။ ကျွန်တော် တို့ အခု စွမ်းဆောင်ရည် ကလည်း ကျေနပ် စရာ ပါပဲ ”
” လာမယ့် ပွဲစဉ် တွေက ကစား ရ ခက်ခဲ လိမ့်မယ့် ပွဲစဉ် တွေပါ ။ ဒါပေမယ့် ကျွန်တော် တို့ အာရုံ အပြည့်အဝ စိုက်ပြီး ဒီနေ့ ကစားခဲ့ သလို တိုက်စစ်ဆင် ကစား နိုင်မယ် ဆိုရင် ကျွန်တော် တို့ အဝေးကွင်း မှာလည်း ဘယ် အသင်း ကို မဆို နိုင်ပွဲ ရယူ နိုင်ကြ ပါ လိမ့်မယ် ” လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ယူနိုက်တက်ရဲ့ အဝေးကွင်းနိုင်ပွဲ အတွက် အရေးအပါဆုံးက ဘယ်သူလဲဆိုတာ ပြောကြားလိုက်တဲ့ #ဆိုးလ်ရှား
====================
မနေ့ ည တုန်းက နောဝှစ်ခ်ျ ကွင်းမှာ ပြိုင်ဖက် အသင်း ကို အနိုင်ယူ ပြီး ဒီ ရာသီ ပရီးမီးယား လိဂ်ရဲ့ ပထမဆုံး အဝေးကွင်း နိုင်ပွဲ ရယူ နိုင် ခဲ့တဲ့ နောက် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ခြေစွမ်းကောင်း ပြသ ထားနိုင် ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ အန်သိုနီ မာရှယ် ကို အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
ယူနိုက်တက် ဟာ ဒီ ကြားရက် မှာတော့ လိဂ် ပြိုင်ပွဲ အဖြစ် ချဲလ်ဆီး အသင်း ကို ရင်ဆိုင် ကစား ရမှာ ဖြစ်ပြီး အဲ့ဒီ နောက် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ဘုန်းမောက် အသင်း နဲ့ ဆက်လက် ရင်ဆိုင် ကစား ရမှာ ပဲ ဖြစ်ပါတယ် ။ အခုလို ပွဲဆက် ကစား ရမှု နဲ့ ပတ်သက်လို့ ဆိုးလ်ရှား က …
#Sports_Myanmar