အီကွေဒေါ နဲ့ ကစား ခဲ့တဲ့ ကိုပါ အမေရိက ပွဲမှာ 2 – 1 နဲ့ အနိုင် ရရှိ လေအောင် အနိုင် ဂိုး သွင်းယူ ပေးခဲ့ တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ဟာ သဘာဝ က မွေးဖွား ပေးလိုက် တဲ့ ဂိုးသွင်း စွမ်းရည် ပိုင်ဆိုင် ထားသူ ဖြစ်ကြောင်း ၊ သူ ဂိုး သွင်းယူ နိုင် မလား ဆိုတဲ့ အပေါ် ဘယ်လို သံသယ မှ မဖြစ် မိကြောင်း ချီလီ လက်ရွေးစင် နည်းပြ ရေနယ်ဒို ရူဒါ က ဆိုသွား ခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 2 ဂိုးသာ သွင်ယူ ပေးထား နိုင် ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အလက်ဆစ် ဆန်းချက် ဟာ ချီလီ အတွက် ကိုပါ အမေရိက ဖလား ပြိုင်ပွဲ ကစား ပေးရာ မှာတော့ 2 ပွဲ သာ ကစား ပေး ထားခဲ့ ပြီး တစ်ပွဲ တစ်ဂိုး စီ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

အခုတော့ ကစားသမား ရဲ့ လက်ရွေးစင် နည်းပြ ဖြစ်သူ ရေနယ်ဒို ရူဒါ က ဆန်းချက် ရဲ့ အနေအထား က ရှင်းပြ ဖို့ မလွယ်ကူ ကြောင်း ၊ သူဟာ ယူနိုက်တက် မှာ အသင်းဖော် တွေနဲ့ အတူ ရှိနေ သင့်တဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက် မျိုး ပိုင်ဆိုင် ထားခြင်း မရှိ ကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

” ဒါဟာ ရှင်းပြ ဖို့တော့ တစ်ကယ် ပဲ မလွယ်ကူ လှ ပါဘူး ။ ဆန်းချက် ဟာ ဒီကို ရောက်ရှိ လာခဲ့ ပြီး သူ့ အပေါ် ယုံကြည် လို့ ရနိုင်ကြောင်း လက်ခံ လောက်တဲ့ ခြေစွမ်း ပြသ ထား နိုင်ခဲ့ ပါတယ် ။ သူဟာ မန်ချက်စတာ မှာ လက်ရွေးစင် အသင်းဖော် တွေနဲ့ ထားရှိ တဲ့ စိတ် ခံစားချက် မျိုး ရှိမနေ ဘူးလို့ ထင်မိ ပါတယ် ”

” ဒါ့အပြင် အချို့ အခိုက်အတန့် တွေ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြသနာ အချို့ ရှိနေ ခဲ့တဲ့ အတွက် သူဟာ ဆိုးရွား တဲ့ ကံကြမ္မာ တစ်ခု ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ သူ ဒါမှာ ရှိနေ တဲ့ ဖွဲ့စည့်ပုံ မျိုး မပိုင်ဆိုင် နိုင်ခဲ့ ပါဘူး ။ ဒါ့အပြင် သူဟာ ဒဏ်ရာ ရရှိ ခဲ့ သလို ခြေစွမ်း တည်ငြိမ်မှု လည်း နည်းပါး ခဲ့ ပါတယ် ”

” ကျွန်တော် တို့ အလက်ဆစ် နဲ့ ပတ်သက်လို့ တစ်ကယ့် ကို ကောင်းမွန် တဲ့ အရာ တွေ လုပ်ဆောင် ပြနိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ တွေဟာ သူ လိုအပ် နေ ခဲ့တဲ့ နွေးထွေး မှုတွေ ကို ပေးနိုင် ခဲ့ကြ ပါတယ် ။ သူဟာ အသင်း နဲ့ တစ်ကယ့် ကို ကောင်းမွန် တဲ့ စိတ်ချင်း ဆက်သွယ် မှု ရှိနေ ပြီး ဒီ အဖွဲ့ ကလည်း သူ့ကို အရမ်း နှစ်သက် ကြ ပါတယ် ”

” သူဟာ သဘာဝ က ပေးထား တဲ့ ဂိုးသွင်း စွမ်းရည် မျိုးကို ပိုင်ဆိုင် ထားတာ ကြောင့် အမြန်ဆုံး အံဝင် အောင် လုပ်ဆောင် နိုင် ပါတယ် ။ သူဟာ ဒဏ်ရာ ပြသနာ တွေကြောင့် တစ်ကယ့် ကို စိတ်ပျက် နေခဲ့ ရ ပါတယ် ။ သူ့ကိုယ် သူ ပြန်ကြည့် လိုက်တဲ့ အခါ မှာ အခုလို ပုံစံ ကောင်း ပြန်လည် ရရှိ နေတဲ့ အတွက် သူ အတော်လေး ကျေနပ် ပျော်ရွှင် နေခဲ့ ပါတယ် ” လို့ ရူဒါ က သူ့ရဲ့ ကစားသမား နဲ့ ပတ်သက် လို့ ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပထမ ပိုင်း မှာတော့ အလက်ဆစ် ဆန်းချက် ဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ရ ပေမယ့် နိုင်ငံ့ အသင်း အတွက် စွမ်းနိုင် သမျှ ပေးဆပ် ဖို့ ဆုံးဖြတ် ထားခဲ့ တာကြောင့် ဆက်လက် ကစား ဖို့ ကြိုးစား အားထုတ် ခဲ့တဲ့ အကြောင်း ဆိုသွား ခဲ့ ပါ သေးတယ် ။

” ကျွန်တော် ဟာ ပွဲစဉ် တွေကို ကစား ဖို့ စိတ်အား ထက်သန် မှုတွေ အမြဲလို ရှိနေ ခဲ့သူ တစ်ဦး ပါ ။ ဒါပေမယ့် အဂီလန် မြေမှာ တော့ ကျွန်တော် ဟာ အခွင့်အရေး နည်းနည်း သာ ရရှိ နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် စိတ်အေးအေး ထားနိုင် ခဲ့ ပါတယ် ။ ခင်ဗျား နိုင်ငံ့ အသင်း အတွက် ကိုယ်စား ပြု ကစား ပေး ရတယ် ဆိုတာ အလှပ ဆုံး အရာ တစ်ခု ပဲလေ ” လို့ အလက်ဆစ် က ပြောကြား ခဲ့ပါ သေးတယ် ။

#Sports_Myanmar