• မာဆေး အသင်းရဲ့ ကွင်းလယ် ကစားသမား စထရုမန်း ကတော့ ပြင်သစ် ဒါဘီမှာ သူတို့ အသင်းဟာ PSG ကို ဂိုးပြတ် ရှုံးနိမ့်ရတာနဲ့ ပတ်သက်ပြီး တုန့်ပြန်လိုက်ပါတယ်။ သူ့ရဲ့ ပြောဆိုမှုအရ PSG ဟာ ပြင်သစ် လိဂ်မှာ ပြိုင်ဘက်ကင်း အသင်းမျိုး ဖြစ်နေပြီလို့ သတ်မှတ်သွားခဲ့ပြီး ၊ သူတို့ အသင်းအနေနဲ့ လီယွန် ၊ လိုင်လီ ၊ မိုနာကို တို့ထက် ပိုပြီး ရပ်တည်မှုကောင်းအောင်ပဲ ကြိုးစားရတော့မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

• ဘလွန်းဒီအော် ပေးအပ်မယ့် ပြင်သစ် ဘောလုံး Magazine ရဲ့ တာဝန်ရှိသူတွေဟာ ရိုနာဒို နဲ့ လျို့ဝှက်စွာ တွေ့ဆုံမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ အီတလီ ဘောလုံးသတင်းတွေ က အခိုင်အမာ ဆိုလိုက်ပါတယ်။ သတင်းတွေအရ ဒီဇင်ဘာလမှာ ကျင်းပ ပြုလုပ်မယ့် ဆုပေးပွဲမှာ ဘယ်လို ရလာဒ်မျိုး ထွက်ပေါ်လာပါစေ ၊ ရိုနာဒို နဲ့ Magazine တို့အကြား ဆက်ဆံရေးတွေ ယိုင်နဲ့ မသွားအောင် ကြိုတင် တွေ့ဆုံတာ ဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။

• လက်ရှိ ကျင်းပလျှက် ရှိနေတဲ့ ယူ17 ကမ္ဘာ့ဖလားပွဲမှာတော့ အင်္ဂလန် ထိပ်သီး 6 သင်း အပါအဝင် ၊ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ်တို့ဟာ သူတို့ရဲ့ ကင်းထောက်တွေ ကို စေလွှတ်ပြီး ၊ ကစားသမားလေးတွေကို စောင့်ကြည့် အကဲခတ်ခိုင်း လျှက်ရှိနေပါတယ်။ အထူးသဖြင့် ဘရာဇီး ရဲ့ ပွဲစဉ်တွေမှာ ကင်းထောက်တွေဟာ ပိုပြီး များပြားနေတယ်လို့ သိရပါတယ်။

• ရီးရဲ မက်ဒရစ် နဲ့ လမ်းခွဲဖို့ အကြောင်းဖန်လာပြန်နေတဲ့ ကွင်းလယ် ကစားသမား အစ္စကို ကို ခေါ်ယူဖို့ အတွက် မန်စီးတီး နဲ့ အာဆင်နယ် တို့က စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ပေါ်လာနေပြန်ပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေ နှိပ်စက်လွန်းတာကြောင့် နောက်ထပ် ကစားသမားသစ်တွေ ထပ်ဖြည့်ဖို့ စောင့်ကြည့်နေတာ ဖြစ်သလို ၊ အာဆင်နယ် ကလဲ သူတို့ရဲ့ တစ်ချိန်က ပိုင်ဆိုင်ခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည် အသက်သွင်းနိုင်ဖို့ အတွက် နောက်ထပ် ကစားသမားကောင်းတွေ ထပ်ပြီး ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။

• လီဗာပူး ဟာ သူတို့ရဲ့ ဂျာစီ စပွန်ဆာ အဖြစ် New Balance နဲ့ လမ်းခွဲပြီး Nike နဲ့လက်တွဲဖို့ နီးကပ်လာချိန်မှာ ၊ နောက်ထပ် New Balance နဲ့ Personal Contract တွေ ချုပ်ဆိုထားတဲ့ နည်းပြ ယာဂန် ကလော့ပ် နဲ့ မာနေး တို့ဟာလဲ Nike နဲ့ ပြောင်းလဲ လက်တွဲလာဖွယ် ရှိနေပါတယ်။ New Balance အတွက်တော့ လီဗာပူး နဲ့ လမ်းခွဲဖို့ အကြောင်းဖန်လာခဲ့ပြီး နောက်ပိုင်း ၊ သူတို့ စပွန်ဆာ ပေးတဲ့ ဘောလုံးကလပ်တွေထဲမှာ ကမ္ဘာဘောလုံးလောကကို စိုးမိုးနိုင်မယ့် ကလပ်မျိုးက တစ်သင်းမှ ပါဝင်ခြင်း မရှိတော့ပဲ ၊ ဈေးကွက်ပိုင်းဆိုင်ရာ အားလျှော့မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်လျှက် ရှိနေပါတယ်။

• စပါး အသင်းဟာ လီဗာပူး နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ သူတို့ရဲ့ အဝတ်လဲခန်း အတွင်း Amazon ရဲ့ ကင်မရာတွေကို တပ်ဆင်ခွင့် ပေးခဲ့ပါတယ်။ Amazon ဟာ အဲဒီ ကင်မရာတွေ ကနေ တဆင့် ဖမ်းယူရတဲ့ ပုံရိပ်တွေကို ပြန်လည် တည်းဖြတ်ကာ သူတို့ရဲ့ ကွန်ယက်အတွင်းမှာ ပြန်လည် ဖြန့်ကျက်တာ ဖြစ်သလို ၊ မကြာခင်မှာ ပြသမယ့် ပရီးမီးယားလိဂ် ဘောလုံး အစီအစဉ်တွေမှာလဲ ထည့်သွင်းအသုံးပြုလာဖွယ် ရှိနေပါတယ်။ အဲဒီလို တပ်ဆင်ခွင့် ပေးလိုက်တဲ့ အတွက ်စပါးအသင်း ပေါင် 10 သန်း ခန့် လက်ဝယ်ပိုက်သွားပြီး ၊ ယခင်ကလဲ မန်စီးတီး ၊ ဒေါ့မွန် အသင်းတို့ဟာ အလားတူ စာချုပ်မျိုးတွေ ချုပ်ဆိုကာ လုပ်ဆောင်ခဲ့ဖူးပါတယ်။ Amazon ဟာ ထိုနည်းတူစွာပဲ လီဗာပူး မှာလဲ ကင်မရာတွေ ကပ်ဖို့ ကြိုးစားခဲ့ပေမယ့် ၊ ကလော့ပ် က ငြင်းဆိုခဲ့တာကြောင့် နောက်ဆုတ်လိုက်ရတာပါ။

• စပါး အသင်းရဲ့ အကျပ်အတည်းတွေဟာ တစ်နေ့ထက် တစ်နေ့ ဆက်တိုက် ပေါ်ပေါက်လာနေပါတယ်။ အထူးသဖြင့် သူတို့ရဲ့ လုပ်ခ လစာ ပေးချေမှု နည်းပါးလွန်းတာကြောင့် ကစားသမားတွေဟာ စာချုပ်သစ် သက်တမ်းတိုးပြီး ချုပ်ဆိုဖို့ ငြင်းဆန်လာခဲ့ကြတာပါ။ ဒီရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမယ့် အဲရစ်ဆင် ၊ ဗာတွန်ဂမ် ၊ အယ်လ်ဒါဝီရယ် တို့ရဲ့ စာချုပ်တွေဟာ အခုထိ တိုးတက်မှုတွေ မရှိသေးသလို ၊ အဲရစ်ဆင် ကတော့ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် နီးပါးတောင် သတင်းတွေ ထွက်ပေါ်လျှက် ရှိနေပါတယ်။ ဒီမနက် သတင်းတွေမှာတော့ အဲရစ်ဆင်ဟာ ယူနိုက်တက်ကို ပြောင်းကစားဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

• အာဆင်နယ် အသင်းဟာ လိဒ်ယူနိုက်တက်မှာ အငှားနဲ့ ကစားနေတဲ့ လူငယ် တိုက်စစ်မှုးလေး အန်ခီတီယာ ကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပြီး ၊ မကြာခင်မှာပဲ ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်လာနိုင်တယ်လို့ အငှားချမှု စောင့်ကြည့်ရေး အကြီးအကဲက ကလပ်အသင်းထံ သတင်းပို့ထားတယ်လို့ ဆိုပါတယ်။

• ချဲဆီး အသင်းရဲ့ အကြံပေးတွေက အဗရာမိုဗစ်ချ် အနေနဲ့ မေဆွန်မောင့်ကို မရောင်းဖို့ သတိပေးလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ၊ ဒီဘရိုင်း တုန်းက အမှားမျိုး ထပ်ဖြစ်သွားလိမ့်မယ်လို့ သုံးနှုန်း ပြောဆိုသွားခဲ့တယ်လို့ သိရပါတယ်။

• ဖိုင်ယင်နော့ နည်းပြ ဂျပ်စတမ်းဟာ အေဂျက် အသင်းကို 4-0 နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ သူတို့ အသင်းဟာ ဒီရာသီ စုစုပေါင်း 11 ပွဲ ကစားခဲ့ရာမှာ ၊ 3 ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ၊ နည်းပြ ရာထူး ရယူပြီးလို့ 7 လ အကြာမှာပဲ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

• ဘေးလ်ဟာ လီဂါနက် အသင်းနဲ့ ကစားဖို့ 48 နာရီ အလိုမှာပဲ လန်ဒန် ကို ရုတ်တရက် ရောက်ရှိ လာခဲ့ကာ သူ့ရဲ့ အေးဂျင့် ဖြစ်သူနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။ သတင်းတွေ အရတော့ ကစားသမားဟာ ရီးရဲ မှာ မပျော်တော့သာကြောင်း ၊ အပြောင်းအရွှေ့ ကိစ္စ တိုင်ပင်ဖို့ အတွက် ရောက်ရှိလာတာ ဖြစ်တယ်လို့ ခန့်မှန်းနေကြပြီး ၊ ဆက်တိုက်ဆိုသလို တရုတ် ကလပ် ရှန်ဟိုင်း ရှန်ဟွာ အသင်းက သူ့ကို ခေါ်ယူဖို့ နောက်တစ်ကြိမ် ပြန်လည် စိတ်ဝင်စားလာတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

• ရိုးမား အသင်းဟာ မန်စီးတီး နဲ့ အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း ဂျက် ရော့ဒ်ဝဲ ကို ခေါ်ယူဖို့ အတွက် အခွင့်အရေးကို ပယ်ချလိုက်ပြီ ဖြစ်ပါတယ်။

• အသင်း ပရိသတ်တွေ နဲ့ ကတောက်ကဆ ဖြစ်ပြီးနောက်ပိုင်း ၊ မနေ့ညကတော့ အာဆင်နယ် အသင်းခေါင်းဆောင် ချာကာ ရဲ့ အိမ်ကို စီနီယာ အသင်းကြီး ကစားဖော် 3 ယောက် က လာရောက် လည်ပတ်သွားခဲ့တယ်လို့ သိရပါတယ်။ တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား ကတော့ ချာကာ အနေနဲ့ အာဆင်နယ် အတွက် ပြန်လည် ကစားပေးတဲ့ အချိန်ကျရင် အခက်အခဲတွေ နဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

• ရိုမားထံ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ၊ စမောလင်း ဟာ သူ့ရဲ့ တစ်ရာသီ အငှားစာချုပ် ပြည့်တယ် ဆိုရင်ပဲ ယူနိုက်တက်ထံ ပြန်လာဖို့ ပြင်ဆင်ထားပါတယ်။

• လီဗာပူး ပရိသတ်တွေ အတွက် သတင်းဆိုးကတော့ မာတစ် ဒဏ်ရဲ့ ဒူးဒဏ်ရာဟာ ခန့်မှန်းထားတာထက် အနည်းငယ် ပိုဆိုးနေတယ်လို့ သိရပြီး ၊ အနည်းဆုံး 6 ပတ်လောက် အထိ အနားယူရဖွယ် ရှိနေတယ်လို့တောင် သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

• ဖီအိုရင်တီးနား အသင်းရဲ့ ကစားသမားကြီး ရစ်ဘာရီ ဟာ လာဇီယို နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အကူဒိုလူကြီးကို 2 ကြိမ် တိုင်တိုင် တွန်းခဲ့တာကြောင့် ၊ 3 ပွဲ ပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ သတင်းတွေ အရတော့ ပွဲအပြီးမှာ ရစ်ဘာရီဟာ အကူဒိုင်ကို မကျေနပ်တာကြောင့် ပြောဆိုရင်း ဒေါသမထိန်းနိုင် ဖြစ်ကာ တွန်းခဲ့တာ ဖြစ်ပြီး ၊ အသင်းဖော်တွေ က ဝိုင်းတားနေကြစဉ်မှာ အနီကဒ် ပြခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

• ဖာနန်ဒိုတောရက် က လာမယ့်နှစ် လီဗာပူး ဂန္တဝင် ကစားသမားတွေရဲ့ ပွဲစဉ်တွေကို ပါဝင် ကစားပေးသွားမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပြီး ၊ အသင်းဂျာစီကို လဲ မြတ်မြတ်နိုးနိုး နဲ့ ပြန်လည် ဝတ်ဆင်သွားမယ်လို့ ရင်ဖွင့်သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ မတ်လ ထဲမှာတော့ ဘာစီလိုနာ ဂန္တဝင် အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားပါတယ်။

SPORTS MYANMAR

6 ပတ္ေလာက္ အထိ အနားယူရဖြယ္ ရွိေနတဲ့ မာတစ္ နဲ႔ နံနက္ခင္း သတင္းမ်ား

• မာေဆး အသင္းရဲ့ ကြင္းလယ္ ကစားသမား စထ႐ုမန္း ကေတာ့ ျပင္သစ္ ဒါဘီမွာ သူတို႔ အသင္းဟာ PSG ကို ဂိုးျပတ္ ရွုံးနိမ့္ရတာနဲ႔ ပတ္သက္ၿပီး တုန႔္ျပန္လိုက္ပါတယ္။ သူ႔ရဲ့ ေျပာဆိုမွုအရ PSG ဟာ ျပင္သစ္ လိဂ္မွာ ၿပိဳင္ဘက္ကင္း အသင္းမ်ိဳး ျဖစ္ေနၿပီလို႔ သတ္မွတ္သြားခဲ့ၿပီး ၊ သူတို႔ အသင္းအေနနဲ႔ လီယြန္ ၊ လိုင္လီ ၊ မိုနာကို တို႔ထက္ ပိုၿပီး ရပ္တည္မွုေကာင္းေအာင္ပဲ ႀကိဳးစားရေတာ့မယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

• ဘလြန္းဒီေအာ္ ေပးအပ္မယ့္ ျပင္သစ္ ေဘာလုံး Magazine ရဲ့ တာဝန္ရွိသူေတြဟာ ရိုနာဒို နဲ႔ လ်ိဳ႕ဝွက္စြာ ေတြ႕ဆုံမွု တစ္ခု ျပဳလုပ္ခဲ့တယ္လို႔ အီတလီ ေဘာလုံးသတင္းေတြ က အခိုင္အမာ ဆိုလိုက္ပါတယ္။ သတင္းေတြအရ ဒီဇင္ဘာလမွာ က်င္းပ ျပဳလုပ္မယ့္ ဆုေပးပြဲမွာ ဘယ္လို ရလာဒ္မ်ိဳး ထြက္ေပၚလာပါေစ ၊ ရိုနာဒို နဲ႔ Magazine တို႔အၾကား ဆက္ဆံေရးေတြ ယိုင္နဲ႔ မသြားေအာင္ ႀကိဳတင္ ေတြ႕ဆုံတာ ျဖစ္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

• လက္ရွိ က်င္းပလၽွက္ ရွိေနတဲ့ ယူ17 ကမၻာ့ဖလားပြဲမွာေတာ့ အဂၤလန္ ထိပ္သီး 6 သင္း အပါအဝင္ ၊ ရီးရဲ မက္ဒရစ္ ၊ ဘာစီလိုနာ ၊ ဘိုင္ယန္ ျမဴးနစ္တို႔ဟာ သူတို႔ရဲ့ ကင္းေထာက္ေတြ ကို ေစလႊတ္ၿပီး ၊ ကစားသမားေလးေတြကို ေစာင့္ၾကည့္ အကဲခတ္ခိုင္း လၽွက္ရွိေနပါတယ္။ အထူးသျဖင့္ ဘရာဇီး ရဲ့ ပြဲစဥ္ေတြမွာ ကင္းေထာက္ေတြဟာ ပိုၿပီး မ်ားျပားေနတယ္လို႔ သိရပါတယ္။

• ရီးရဲ မက္ဒရစ္ နဲ႔ လမ္းခြဲဖို႔ အေၾကာင္းဖန္လာျပန္ေနတဲ့ ကြင္းလယ္ ကစားသမား အစၥကို ကို ေခၚယူဖို႔ အတြက္ မန္စီးတီး နဲ႔ အာဆင္နယ္ တို႔က စိတ္ဝင္စားတဲ့ သတင္းေတြ ထြက္ေပၚလာေနျပန္ပါတယ္။ မန္စီးတီးဟာ ဒီရာသီမွာ ဒဏ္ရာျပသနာေတြ ႏွိပ္စက္လြန္းတာေၾကာင့္ ေနာက္ထပ္ ကစားသမားသစ္ေတြ ထပ္ျဖည့္ဖို႔ ေစာင့္ၾကည့္ေနတာ ျဖစ္သလို ၊ အာဆင္နယ္ ကလဲ သူတို႔ရဲ့ တစ္ခ်ိန္က ပိုင္ဆိုင္ခဲ့တဲ့ ပုံရိပ္ေတြကို ျပန္လည္ အသက္သြင္းနိုင္ဖို႔ အတြက္ ေနာက္ထပ္ ကစားသမားေကာင္းေတြ ထပ္ၿပီး ေခၚယူဖို႔ ပစ္မွတ္ထားလာခဲ့တာပါ။

• လီဗာပူး ဟာ သူတို႔ရဲ့ ဂ်ာစီ စပြန္ဆာ အျဖစ္ New Balance နဲ႔ လမ္းခြဲၿပီး Nike နဲ႔လက္တြဲဖို႔ နီးကပ္လာခ်ိန္မွာ ၊ ေနာက္ထပ္ New Balance နဲ႔ Personal Contract ေတြ ခ်ဳပ္ဆိုထားတဲ့ နည္းၿပ ယာဂန္ ကေလာ့ပ္ နဲ႔ မာေနး တို႔ဟာလဲ Nike နဲ႔ ေျပာင္းလဲ လက္တြဲလာဖြယ္ ရွိေနပါတယ္။ New Balance အတြက္ေတာ့ လီဗာပူး နဲ႔ လမ္းခြဲဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး ေနာက္ပိုင္း ၊ သူတို႔ စပြန္ဆာ ေပးတဲ့ ေဘာလုံးကလပ္ေတြထဲမွာ ကမၻာေဘာလုံးေလာကကို စိုးမိုးနိုင္မယ့္ ကလပ္မ်ိဳးက တစ္သင္းမွ ပါဝင္ျခင္း မရွိေတာ့ပဲ ၊ ေဈးကြက္ပိုင္းဆိုင္ရာ အားေလၽွာ့မွုေတြ အမ်ားႀကီး ျဖစ္ေပၚခဲ့တယ္လို႔ ကၽြမ္းက်င္သူေတြက သုံးသပ္လၽွက္ ရွိေနပါတယ္။

• စပါး အသင္းဟာ လီဗာပူး နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ သူတို႔ရဲ့ အဝတ္လဲခန္း အတြင္း Amazon ရဲ့ ကင္မရာေတြကို တပ္ဆင္ခြင့္ ေပးခဲ့ပါတယ္။ Amazon ဟာ အဲဒီ ကင္မရာေတြ ကေန တဆင့္ ဖမ္းယူရတဲ့ ပုံရိပ္ေတြကို ျပန္လည္ တည္းျဖတ္ကာ သူတို႔ရဲ့ ကြန္ယက္အတြင္းမွာ ျပန္လည္ ျဖန႔္က်က္တာ ျဖစ္သလို ၊ မၾကာခင္မွာ ျပသမယ့္ ပရီးမီးယားလိဂ္ ေဘာလုံး အစီအစဥ္ေတြမွာလဲ ထည့္သြင္းအသုံးျပဳလာဖြယ္ ရွိေနပါတယ္။ အဲဒီလို တပ္ဆင္ခြင့္ ေပးလိုက္တဲ့ အတြက ္စပါးအသင္း ေပါင္ 10 သန္း ခန႔္ လက္ဝယ္ပိုက္သြားၿပီး ၊ ယခင္ကလဲ မန္စီးတီး ၊ ေဒါ့မြန္ အသင္းတို႔ဟာ အလားတူ စာခ်ဳပ္မ်ိဳးေတြ ခ်ဳပ္ဆိုကာ လုပ္ေဆာင္ခဲ့ဖူးပါတယ္။ Amazon ဟာ ထိုနည္းတူစြာပဲ လီဗာပူး မွာလဲ ကင္မရာေတြ ကပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ၊ ကေလာ့ပ္ က ျငင္းဆိုခဲ့တာေၾကာင့္ ေနာက္ဆုတ္လိုက္ရတာပါ။

• စပါး အသင္းရဲ့ အက်ပ္အတည္းေတြဟာ တစ္ေန႔ထက္ တစ္ေန႔ ဆက္တိုက္ ေပၚေပါက္လာေနပါတယ္။ အထူးသျဖင့္ သူတို႔ရဲ့ လုပ္ခ လစာ ေပးေခ်မွု နည္းပါးလြန္းတာေၾကာင့္ ကစားသမားေတြဟာ စာခ်ဳပ္သစ္ သက္တမ္းတိုးၿပီး ခ်ဳပ္ဆိုဖို႔ ျငင္းဆန္လာခဲ့ၾကတာပါ။ ဒီရာသီ အကုန္မွာ သက္တမ္း ကုန္ဆုံးမယ့္ အဲရစ္ဆင္ ၊ ဗာတြန္ဂမ္ ၊ အယ္လ္ဒါဝီရယ္ တို႔ရဲ့ စာခ်ဳပ္ေတြဟာ အခုထိ တိုးတက္မွုေတြ မရွိေသးသလို ၊ အဲရစ္ဆင္ ကေတာ့ အသင္းကေန ထြက္ခြာဖို႔ ေသခ်ာသေလာက္ နီးပါးေတာင္ သတင္းေတြ ထြက္ေပၚလၽွက္ ရွိေနပါတယ္။ ဒီမနက္ သတင္းေတြမွာေတာ့ အဲရစ္ဆင္ဟာ ယူနိုက္တက္ကို ေျပာင္းကစားဖို႔ စိတ္မဝင္စားဘူးလို႔ သိရပါတယ္။

• အာဆင္နယ္ အသင္းဟာ လိဒ္ယူနိုက္တက္မွာ အငွားနဲ႔ ကစားေနတဲ့ လူငယ္ တိုက္စစ္မွုးေလး အန္ခီတီယာ ကို ျပန္လည္ေခၚယူဖို႔ အစီအစဥ္ မရွိေသးဘူးလို႔ သိရၿပီး ၊ မၾကာခင္မွာပဲ ပြဲထြက္ ကစားသမားစာရင္းမွာ ပါဝင္လာနိုင္တယ္လို႔ အငွားခ်မွု ေစာင့္ၾကည့္ေရး အႀကီးအကဲက ကလပ္အသင္းထံ သတင္းပို႔ထားတယ္လို႔ ဆိုပါတယ္။

• ခ်ဲဆီး အသင္းရဲ့ အႀကံေပးေတြက အဗရာမိုဗစ္ခ်္ အေနနဲ႔ ေမဆြန္ေမာင့္ကို မေရာင္းဖို႔ သတိေပးလိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ၊ ဒီဘရိုင္း တုန္းက အမွားမ်ိဳး ထပ္ျဖစ္သြားလိမ့္မယ္လို႔ သုံးႏွုန္း ေျပာဆိုသြားခဲ့တယ္လို႔ သိရပါတယ္။

• ဖိုင္ယင္ေနာ့ နည္းၿပ ဂ်ပ္စတမ္းဟာ ေအဂ်က္ အသင္းကို 4-0 နဲ႔ ရွုံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း နည္းၿပ ရာထူးကေန ႏွုတ္ထြက္သြားခဲ့ပါတယ္။ သူတို႔ အသင္းဟာ ဒီရာသီ စုစုေပါင္း 11 ပြဲ ကစားခဲ့ရာမွာ ၊ 3 ပြဲသာ အနိုင္ရရွိခဲ့တာေၾကာင့္ ၊ နည္းၿပ ရာထူး ရယူၿပီးလို႔ 7 လ အၾကာမွာပဲ ႏွုတ္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။

• ေဘးလ္ဟာ လီဂါနက္ အသင္းနဲ႔ ကစားဖို႔ 48 နာရီ အလိုမွာပဲ လန္ဒန္ ကို ႐ုတ္တရက္ ေရာက္ရွိ လာခဲ့ကာ သူ႔ရဲ့ ေအးဂ်င့္ ျဖစ္သူနဲ႔ ေတြ႕ဆုံသြားခဲ့ပါတယ္။ သတင္းေတြ အရေတာ့ ကစားသမားဟာ ရီးရဲ မွာ မေပ်ာ္ေတာ့သာေၾကာင္း ၊ အေျပာင္းအေရႊ႕ ကိစၥ တိုင္ပင္ဖို႔ အတြက္ ေရာက္ရွိလာတာ ျဖစ္တယ္လို႔ ခန႔္မွန္းေနၾကၿပီး ၊ ဆက္တိုက္ဆိုသလို တ႐ုတ္ ကလပ္ ရွန္ဟိုင္း ရွန္ဟြာ အသင္းက သူ႔ကို ေခၚယူဖို႔ ေနာက္တစ္ႀကိမ္ ျပန္လည္ စိတ္ဝင္စားလာတဲ့အေၾကာင္း သတင္းေတြ ထြက္ေပၚလာေနပါတယ္။

• ရိုးမား အသင္းဟာ မန္စီးတီး နဲ႔ အဂၤလန္ ကြင္းလယ္ ကစားသမားေဟာင္း ဂ်က္ ေရာ့ဒ္ဝဲ ကို ေခၚယူဖို႔ အတြက္ အခြင့္အေရးကို ပယ္ခ်လိုက္ၿပီ ျဖစ္ပါတယ္။

• အသင္း ပရိသတ္ေတြ နဲ႔ ကေတာက္ကဆ ျဖစ္ၿပီးေနာက္ပိုင္း ၊ မေန႔ညကေတာ့ အာဆင္နယ္ အသင္းေခါင္းေဆာင္ ခ်ာကာ ရဲ့ အိမ္ကို စီနီယာ အသင္းႀကီး ကစားေဖာ္ 3 ေယာက္ က လာေရာက္ လည္ပတ္သြားခဲ့တယ္လို႔ သိရပါတယ္။ တိုက္စစ္မွုးေဟာင္းႀကီး အလန္ရွီးယား ကေတာ့ ခ်ာကာ အေနနဲ႔ အာဆင္နယ္ အတြက္ ျပန္လည္ ကစားေပးတဲ့ အခ်ိန္က်ရင္ အခက္အခဲေတြ နဲ႔ ရင္ဆိုင္လာရနိုင္တယ္လို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

• ရိုမားထံ အၿပီးသတ္ ေျပာင္းေရႊ႕ဖြယ္ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ၊ စေမာလင္း ဟာ သူ႔ရဲ့ တစ္ရာသီ အငွားစာခ်ဳပ္ ျပည့္တယ္ ဆိုရင္ပဲ ယူနိုက္တက္ထံ ျပန္လာဖို႔ ျပင္ဆင္ထားပါတယ္။

• လီဗာပူး ပရိသတ္ေတြ အတြက္ သတင္းဆိုးကေတာ့ မာတစ္ ဒဏ္ရဲ့ ဒူးဒဏ္ရာဟာ ခန႔္မွန္းထားတာထက္ အနည္းငယ္ ပိုဆိုးေနတယ္လို႔ သိရၿပီး ၊ အနည္းဆုံး 6 ပတ္ေလာက္ အထိ အနားယူရဖြယ္ ရွိေနတယ္လို႔ေတာင္ သတင္းေတြ ထြက္ေပၚလာေနပါတယ္။

• ဖီအိုရင္တီးနား အသင္းရဲ့ ကစားသမားႀကီး ရစ္ဘာရီ ဟာ လာဇီယို နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အကူဒိုလူႀကီးကို 2 ႀကိမ္ တိုင္တိုင္ တြန္းခဲ့တာေၾကာင့္ ၊ 3 ပြဲ ပယ္ ျပစ္ဒဏ္ ခ်မွတ္ခံလိုက္ရၿပီ ျဖစ္ပါတယ္။ သတင္းေတြ အရေတာ့ ပြဲအၿပီးမွာ ရစ္ဘာရီဟာ အကူဒိုင္ကို မေက်နပ္တာေၾကာင့္ ေျပာဆိုရင္း ေဒါသမထိန္းနိုင္ ျဖစ္ကာ တြန္းခဲ့တာ ျဖစ္ၿပီး ၊ အသင္းေဖာ္ေတြ က ဝိုင္းတားေနၾကစဥ္မွာ အနီကဒ္ ျပခံလိုက္ရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

• ဖာနန္ဒိုေတာရက္ က လာမယ့္ႏွစ္ လီဗာပူး ဂႏၲဝင္ ကစားသမားေတြရဲ့ ပြဲစဥ္ေတြကို ပါဝင္ ကစားေပးသြားမွာ ျဖစ္တယ္လို႔ အတည္ျပဳလိုက္ၿပီး ၊ အသင္းဂ်ာစီကို လဲ ျမတ္ျမတ္နိုးနိုး နဲ႔ ျပန္လည္ ဝတ္ဆင္သြားမယ္လို႔ ရင္ဖြင့္သြားခဲ့ပါတယ္။ လီဗာပူး အသင္းဟာ မတ္လ ထဲမွာေတာ့ ဘာစီလိုနာ ဂႏၲဝင္ အသင္းနဲ႔ ေျခစမ္းပြဲ ကစားဖို႔ စီစဥ္ထားပါတယ္။

SPORTS MYANMAR