မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက နောဝှစ်ချ် အသင်း ကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်း နိုင်ပွဲ ရှာဖွေ နိုင် ခဲ့တဲ့ နောက် ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ က လက်ရှိ ရရှိ နေတဲ့ အရှိန် ကို ရပ်တန့် မပစ် လိုက်ဖို့ ၊ နောက်ထပ် ဂိုးတွေ သွင်းယူ သွားဖို့ လိုအပ် သေးကြောင်း ဝန်ခံ စကား ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2019 – 20 ဘောလုံး ရာသီ စတင် ကတည်းက ရာသီ အဖွင့် ပွဲစဉ် ဖြစ်တဲ့ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ တည်း ကိုသာ ဂိုးပြတ် နိုင်ပွဲ ရယူ ထားနိုင် ခဲ့ပြီး ကျန်တဲ့ ပွဲစဉ် တွေမှာ အများဆုံး တစ်ဂိုး သာ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။
အခု မှသာ အသင်း ရဲ့ တိုက်စစ် ပိုင်းမှာ အန်သိိုနီ မာရှယ် ဒဏ်ရာ ပြသနာ ကင်းရှင်း သွားမှု နဲ့ အတူ ယူနိုက်တက် တို့ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ကို အဝေးကွင်း မှာ ရယူ သွားနိုင် ခဲ့တာ ပဲ ဖြစ် ပါတယ် ။ ဒါ့ကြောင့် ရပ်ရှ်ဖို့ က ဒီလို ပုံစံ ကောင်းကို ဆက်လက် ထိန်းသိမ်း ပြီး ဂိုးပြတ် နိုင်ပွဲ တွေကို ရှာဖွေ နိုင်ဖို့ လိုအပ် နေသေး ကြောင်း အသင်းဖော် တွေကို သတိပေး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။
” ကျွန်တော် တို့ ဆက်လက် တိုးတက် ကောင်းမွန် လာနိုင် သေးတဲ့ အရာ တစ်ခုက အသင်း ဖော်တွေ အချင်းချင်း အခွင့်အရေး တွေကို ဖန်တီး ပြီး တိုက်စစ် တွေ ဆင်နိုင်ဖို့ ပါပဲ ။ ကျွန်တော့် အတွက် ကတော့ အဲ့တာ က နောက် တစ်ဆင့် တက်ရောက် ရမယ့် အရာ တစ်ခု ပါပဲ ”
” ကျွန်တော် တို့ တွေဟာ အကောင်းဆုံး ကစား ရင်းနဲ့ တစ်ဦး အတွက် အခြား တစ်ဦး က အခွင့် အရေး တွေကို ဖန်တီး သွားနိုင် ဖို့ လုပ်ဆောင် နေကြ ပါတယ် ။ ကျွန်တော် တို့ တိုက်စစ် မှူ တွေ အတွက် ကတော့ သွင်းဂိုး တွေကို အလွယ် တကူ ရရှိ နိုင် လေလေ ပိုကောင်းလေ ပါပဲ ”
” ကျွန်တော် တို့ တွေဟာ ဂိုးသမား အနောက် ကို ဘောလုံး ရောက်ရှိ စေဖို့ ၊ တစ်ချက် ထိ ကန်ချက် တွေနဲ့ ဂိုးပိုက် လှုပ်ခါ စေဖို့ အလို ရှိနေကြ ပါတယ် ။ ကျွန်တော် တို့ဟာ ဒီ အတွက် အလုပ် ကြိုးစား နေကြ ပါတယ် ။ အကယ်လို့ ကျွန်တော် တို့သာ အဲ့တာ ကို ပူးပေါင်း လုပ်ဆောင် နိုင်မယ် ဆိုရင် ကျွန်တော် တို့ ဂိုး ရဖို့ ပိုပြီး လွယ်ကူ သွားပါ လိမ့်မယ် ” လို့ ရပ်ရှ်ဖို့ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ လူကာကူ နဲ့ ဆန်းချက် တို့ကို ရောင်းချ ခဲ့ပြီး အဆိုပါ နေရာ အတွက် လူအင်အား ပြန်လည် ဖြည့်တင်းခြင်း မပြုလုပ် နိုင်ခဲ့ ပါဘူး ။ဒီ အတွက် ပရိသတ် တွေ စိတ်ပျက် ခဲ့ကြ ရ ပါတယ် ။
ဒါ့ကြောင့် လည်း သူတို့ တွေက ဆဲလ်ဘတ် အသင်း မှ အားလင်း ဟာလန်း နဲ့ ဂျူဗင်တပ် မှ မန်ဇူကစ် တို့လို ကစားသမား တွေကို ခေါ်ယူ ပေးဖို့ အသင်း ကို တိုက်တွန်း ခဲ့ကြ ပါ သေးတယ် ။ ဒါပေမယ့် ရပ်ရှ်ဖို့ က လက်ရှိ ကစားသမား တွေ ဆီမှာ လုံလောက် တဲ့ အရည် အသွေး ရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော် တို့ တွေဟာ တစ်ဦး နဲ့ တစ်ဦး ဆွေးနွေး မုှ တွေကို ပြုလုပ် နေခဲ့ ကြပြီး ဘောလုံး ကစား ရာမှာ ပိုပြီး ရိုးရှင်း စေဖို့ တိုင်ပင် နေခဲ့ ကြ ပါတယ် ။ အသင်းဖော် ဆီက ဘောလုံး ပေးပို့မယ် ဆိုတဲ့ အရိပ် လက္ခဏာ ကို ကျွန်တော် တို့ ဖမ်းမိ နိုင်ဖို့ ပဲ လိုအပ် ပါတယ် ။ အဲ့တာ ဆိုရင် ကျွန်တော် တို့ ကစား ရတာ ပိုပြီး လွယ်ကူ ရိုးရှင်း လာပါ လိမ့်မယ် ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
နောဝှစ်ခ်ျနဲ့ နိုင်ပွဲပြီးနောက် အသင်းဖော် တိုက်စစ်ကစားသမား တွေကို သတိပေးစကား ပြောကြားသွားတဲ့ #ရပ်ရှ်ဖို့
================
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက နောဝှစ်ခ်ျ အသင်း ကို 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အဝေးကွင်း နိုင်ပွဲ ရှာဖွေ နိုင် ခဲ့တဲ့ နောက် ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ က လက်ရှိ ရရှိ နေတဲ့ အရှိန် ကို ရပ်တန့် မပစ် လိုက်ဖို့ ၊ နောက်ထပ် ဂိုးတွေ သွင်းယူ သွားဖို့ လိုအပ် သေးကြောင်း ဝန်ခံ စကား ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar