မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေစ့် အသင်း နဲ့ ပွဲမှာ ရှာကာ ဟာ ပွဲချိန် ၆၁ မိနစ်မှာ ဆာကာ နဲ့ လူစားလဲ ခံရတဲ့ အချိန်မှာ ကွင်းထဲကနေ လျင်လျင်မြန်မြန် မထွက်ဘဲ အေးဆေး လမ်းလျှောက် ထွက်နေတာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင် အော်ဟစ်မှုနဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ရှာကာ ဟာ သူ့ကို လှောင်ပြောင် အော်ဟစ်နေကြတဲ့ ပရိသတ်တွေကို နားရွက်နား လက်ကပ်ကာ အရွဲ့ တိုက်ခဲ့သလို အသင်း ခေါင်းဆောင် လက်ပတ်ကော အာဆင်နယ် အကျီင်္ ကိုပါ ချွတ်ကာ အဝတ်လဲခန်းအတွင်းသို့ တန်းဝင် သွားခဲ့ပါတယ် ။ဒါ့အပြင် ရှာကာ ဟာ ကွင်းထဲကနေ မထွက်ခွာမှီ ” F**k Off ” ဆိုပြီး နှစ်ကြိမ်တိတိ ပရိသတ်တွေ ဆဲရေး တိုင်းထွာ သွားခဲ့တယ်လို့လည်း သိရပါတယ် ။

ပွဲပြီးတဲ့ အချိန်မှာ ရှာကာ ဟာ ပရိသတ်တွေ ၊ ဂန္တဝင် ကစားသမားတွေ ရဲ့ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပြီး သူ့ရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကို ပြန်လည် ရုတ်သိမ်းဖို့လည်း အပြင်းအထန် တောင်းဆို နေကြပါတယ် ။

အာဆင်နယ် အသင်း ညာနောက်ခံလူ ဘယ်လာရင် ကတော့ သူ့ရဲ့ ဆိုရှယ် အကောင့်တွေကနေ တစ်ဆင့် အသင်း အခက်အခဲတွေ ကြုံနေရတဲ့ အချိန်မျိုးမှာ အတူတကွ စည်းစည်းလုံးလုံး ရှိကြဖို့ နဲ့ တစ်ယောက်ကို တစ်ယောက် ဖေးမကြဖို့ ပရိသတ်တွေကို အမှာ စကားပါး သွားခဲ့ပါတယ် ။

ဘယ်လာရင် က သူ့ရဲ့ တွစ်တာ အကောင့်ရော ဖေစ့်ဘုတ် အကောင့်မှာပါ ” ကျွန်တော်တို့ အားလုံးက လူသားတွေထဲက လူသားတွေပါပဲ ၊ ကျွန်တော်တို့ အားလုံးမှာလည်း စိတ်ခံစားမှု ကိုယ်စီ ရှိကြတာပါပဲ ၊ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို မြိုသိပ်ထားဖို့က မလွယ်လှပါဘူး ။ ”

” အခု အချိန်က တစ်ယောက် နဲ့ တစ်ယောက် အားပေး ဖေးမ ကူညီရမယ့် အချိန်ပါ ၊ တစ်ယောက်နဲ့ တစ်ယောက် ဖိအားပေး အပြစ်တင် နေရမယ့် အချိန်မဟုတ်ဘူး ၊ ကျွန်တော်တို့ အားလုံး အတူတကွ စည်းလုံး ညီညွှတ် နေမှသာ အောင်မြင်မှု ပန်းတိုင်ကို လျှောက်လမ်းနိုင်မှာပါ ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အမ်မရီ ကတော့ ရှာကာ ရဲ့ အပြုအမူ အပေါ် ” သူ့ အပြုအမူက လုံးဝ မှားယွင်း ပါတယ် ၊ ကျနော်တို့ အနေနဲ့ စိတ်ရှည် သည်းခံ နိုင်ဖို့ လိုအပ်ပါတယ် ၊ ဒီကိစ္စကို ကျနော်တို့ အသင်းအတွင်းမှာပဲ ကိုင်တွယ် ဖြေရှင်း သွားမှာပါ ၊ ကလပ် အသင်းကော ကစားသမားတွေပါ ဖိအားတွေ အောက်မှာလည်း ကစားနိုင်စွမ်း ရှိရပါမယ်


” ကျနော်တို့ အခုလို ရပ်တည်နေနိုင်တာက ပရိသတ်တွေ ရှိနေတာ ကြောင့်ပါပဲ ၊ ပရိသတ်တွေ အတွက် အလုပ်လုပ်နေတာကို သိထားရမှာ ဖြစ်ပြီး သူတို့ကို လေးစား ရမှာပါ ၊ သူတို့ ချီးကျူးတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ဝေဖန် ပြစ်တင်ကြတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့ဗျာ ။ ”

ဆက်လက်ပြီး အမ်မရီ က ရှာကာ ကို အသင်းခေါင်းဆောင် အဖြစ် ဆက်ခန့် ထားမှာလား ဆိုတဲ့ မေးခွန်းကို ” အခု အချိန်မှာတော့ ကျနော့် အနေနဲ့ ဒီအကြောင်း မပြောချင်သေးပါဘူး ။ ပထမဆုံး အနေနဲ့ ကလပ်အသင်း တာဝန် ရှိသူတွေရယ် ၊ ရှာကာ ရယ်ကို ခေါ်ပြီး သူ့ရဲ့ လုပ်ရပ်က မှားယွင်းကြောင်း ပြောပြသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အသင္းေခါင္းေဆာင္ ရွာကာအေပၚ ျပစ္တင္ ေဝဖန္ေနတဲ့ အာဆင္နယ္ပရိသတ္ေတြကို အမွာစကားပါးလိုက္တဲ့ ဘယ္လာရင္
==================================

မေန႔ညက ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ခရစၥတယ္ပဲေလစ့္ အသင္း နဲ႔ ပြဲမွာ ရွာကာ ဟာ ပြဲခ်ိန္ ၆၁ မိနစ္မွာ ဆာကာ နဲ႔ လူစားလဲ ခံရတဲ့ အခ်ိန္မွာ ကြင္းထဲကေန လ်င္လ်င္ျမန္ျမန္ မထြက္ဘဲ ေအးေဆး လမ္းေလၽွာက္ ထြက္ေနတာေၾကာင့္ ပရိသတ္ေတြရဲ့ ေလွာင္ေျပာင္ ေအာ္ဟစ္မွုနဲ႔ ရင္ဆိုင္ ခဲ့ရပါတယ္ ။

ရွာကာ ဟာ သူ႔ကို ေလွာင္ေျပာင္ ေအာ္ဟစ္ေနၾကတဲ့ ပရိသတ္ေတြကို နားရြက္နား လက္ကပ္ကာ အရြဲ႕ တိုက္ခဲ့သလို အသင္း ေခါင္းေဆာင္ လက္ပတ္ေကာ အာဆင္နယ္ အက်ီ ၤကိုပါ ခၽြတ္ကာ အဝတ္လဲခန္းအတြင္းသို႔ တန္းဝင္ သြားခဲ့ပါတယ္ ။ဒါ့အျပင္ ရွာကာ ဟာ ကြင္းထဲကေန မထြက္ခြာမွီ ” F**k Off ” ဆိုၿပီး ႏွစ္ႀကိမ္တိတိ ပရိသတ္ေတြ ဆဲေရး တိုင္းထြာ သြားခဲ့တယ္လို႔လည္း သိရပါတယ္ ။

ပြဲၿပီးတဲ့ အခ်ိန္မွာ ရွာကာ ဟာ ပရိသတ္ေတြ ၊ ဂႏၲဝင္ ကစားသမားေတြ ရဲ့ ေဝဖန္မွုေတြနဲ႔ အႀကီးအက်ယ္ ရင္ဆိုင္ေနရၿပီး သူ႔ရဲ့ အသင္း ေခါင္းေဆာင္ လက္ပတ္ကို ျပန္လည္ ႐ုတ္သိမ္းဖို႔လည္း အျပင္းအထန္ ေတာင္းဆို ေနၾကပါတယ္ ။

အာဆင္နယ္ အသင္း ညာေနာက္ခံလူ ဘယ္လာရင္ ကေတာ့ သူ႔ရဲ့ ဆိုရွယ္ အေကာင့္ေတြကေန တစ္ဆင့္ အသင္း အခက္အခဲေတြ ၾကဳံေနရတဲ့ အခ်ိန္မ်ိဳးမွာ အတူတကြ စည္းစည္းလုံးလုံး ရွိၾကဖို႔ နဲ႔ တစ္ေယာက္ကို တစ္ေယာက္ ေဖးမၾကဖို႔ ပရိသတ္ေတြကို အမွာ စကားပါး သြားခဲ့ပါတယ္ ။

ဘယ္လာရင္ က သူ႔ရဲ့ တြစ္တာ အေကာင့္ေရာ ေဖစ့္ဘုတ္ အေကာင့္မွာပါ ” ကၽြန္ေတာ္တို႔ အားလုံးက လူသားေတြထဲက လူသားေတြပါပဲ ၊ ကၽြန္ေတာ္တို႔ အားလုံးမွာလည္း စိတ္ခံစားမွု ကိုယ္စီ ရွိၾကတာပါပဲ ၊ တစ္ခါတစ္ေလမွာ ကိုယ့္ရဲ့ စိတ္ခံစားခ်က္ေတြကို ၿမိဳသိပ္ထားဖို႔က မလြယ္လွပါဘူး ။ ”

” အခု အခ်ိန္က တစ္ေယာက္ နဲ႔ တစ္ေယာက္ အားေပး ေဖးမ ကူညီရမယ့္ အခ်ိန္ပါ ၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ဖိအားေပး အျပစ္တင္ ေနရမယ့္ အခ်ိန္မဟုတ္ဘူး ၊ ကၽြန္ေတာ္တို႔ အားလုံး အတူတကြ စည္းလုံး ညီညႊတ္ ေနမွသာ ေအာင္ျမင္မွု ပန္းတိုင္ကို ေလၽွာက္လမ္းနိုင္မွာပါ ။ ” လို႔ ေရးသား သြားခဲ့ပါတယ္ ။

အာဆင္နယ္ နည္းၿပ အမ္မရီ ကေတာ့ ရွာကာ ရဲ့ အျပဳအမူ အေပၚ ” သူ႔ အျပဳအမူက လုံးဝ မွားယြင္း ပါတယ္ ၊ က်ေနာ္တို႔ အေနနဲ႔ စိတ္ရွည္ သည္းခံ နိုင္ဖို႔ လိုအပ္ပါတယ္ ၊ ဒီကိစၥကို က်ေနာ္တို႔ အသင္းအတြင္းမွာပဲ ကိုင္တြယ္ ေျဖရွင္း သြားမွာပါ ၊ ကလပ္ အသင္းေကာ ကစားသမားေတြပါ ဖိအားေတြ ေအာက္မွာလည္း ကစားနိုင္စြမ္း ရွိရပါမယ္

” က်ေနာ္တို႔ အခုလို ရပ္တည္ေနနိုင္တာက ပရိသတ္ေတြ ရွိေနတာ ေၾကာင့္ပါပဲ ၊ ပရိသတ္ေတြ အတြက္ အလုပ္လုပ္ေနတာကို သိထားရမွာ ျဖစ္ၿပီး သူတို႔ကို ေလးစား ရမွာပါ ၊ သူတို႔ ခ်ီးက်ဴးတဲ့ အခ်ိန္မွာပဲ ျဖစ္ျဖစ္ ေဝဖန္ ျပစ္တင္ၾကတဲ့ အခါမ်ိဳးမွာပဲ ျဖစ္ျဖစ္ေပါ့ဗ်ာ ။ ”

ဆက္လက္ၿပီး အမ္မရီ က ရွာကာ ကို အသင္းေခါင္းေဆာင္ အျဖစ္ ဆက္ခန႔္ ထားမွာလား ဆိုတဲ့ ေမးခြန္းကို ” အခု အခ်ိန္မွာေတာ့ က်ေနာ့္ အေနနဲ႔ ဒီအေၾကာင္း မေျပာခ်င္ေသးပါဘူး ။ ပထမဆုံး အေနနဲ႔ ကလပ္အသင္း တာဝန္ ရွိသူေတြရယ္ ၊ ရွာကာ ရယ္ကို ေခၚၿပီး သူ႔ရဲ့ လုပ္ရပ္က မွားယြင္းေၾကာင္း ေျပာျပသြားမွာပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR