တစ်ချိန်က လီဗာပူး ပရိသတ်တွေ ရဲ့ အချစ်တော် ကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဖာနန်ဒို တောရက် ကိုတော့ လာမယ့်နှစ်မှာပဲ လီဗာပူး ဂျာစီ နဲ့ အတူ အန်ဖီးလ်မှာ ပြန်လည် မြင်တွေ့ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

စပိန် တိုက်စစ်မှုးကြီးဟာ ဘောလုံးသမားဘ၀ ကနေ အနားယူပြီးနောက်ပိုင်း ၊ လီဗာပူး ဂန္တဝင် အသင်းမှာ ပါဝင် ကစားဖို့ ဖိတ်ခေါ်မှုကို လက်ခံခဲ့တာ ဖြစ်ပြီး ၊ လီဗာပူး ဖောင်ဒေးရှင်း အတွက် ကစားကြမယ့် လီဗာပူး နဲ့ ဘာစီလိုနာ ဂန္တဝင် ကစားသမားများ ပွဲစဉ်မှာ ပါဝင် ကစားပေးသွားမှာပါ။

သူဟာ ကစားသမားဘဝမှာ လီဗာပူး အတွက် ပွဲပေါင်း 142 ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၊ စုစုပေါင်း 81 ဂိုး အထိ သွင်းယူပေးခဲ့ကာ ၊ 2011 ခုနှစ် အသင်းကနေ ထွက်ခွာ သွားပြီးကတည်းက ပထမဆုံး အကြိမ် လီဗာပူး ကိုယ်စားပြု ပြန်လည် ကစားပေးသွားမှာဖြစ်ပါတယ်။

အဲဒီ ပွဲစဉ်မှာရော လီဗာပူး ပရိသတ်တွေ အတွက် ဂိုးတွေ သွင်းပြဦးမှာလားလို့ မေးမြန်းရာမှာတော့ “ မျှော်လင့်မိတာပေါ့ဗျာ………အရင် ကတည်းက လီဗာပူး ဂန္တဝင် အသင်းမှာ လာပြီး ကစားပေးဖို့ ဖိတ်စာတွေ အကြိမ်ကြိမ် လက်ခံ ရရှိခဲ့ပါတယ် ဒါပေမယ့် ကစားသမားဘ၀ က အနားမယူသေးတော့ ၊ မပူးပေါင်း နိုင်ခဲ့ဘူးပေါ့။ အခုတော့ လီဗာပူး ဂျာစီ ကို နောက်တစ်ကြိမ် ဝတ်ခွင့် ရတော့မှာ ဖြစ်တဲ့ အတွက် အရမ်းကို ပျော်တယ်ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တောရက်ဟာ 2015 ခုနှစ် ကတော့ ဂျရတ် နဲ့ ကာရေဂါ တို့ ဦးစီးပြီး ကျင်းပခဲ့တဲ့ အောစတားပြိုင်ပွဲမှာ လာရောက် ကစားပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက လီဗာပူး ပရိသတ်တွေဟာ သူ့အတွက် စပ်ဆိုထားခဲ့တဲ့ သီချင်းကို သီဆိုရင်း အားပေးခဲ့ကြတာ နဲ့ ပတ်သက်လို့ သူ့ရဲ့ ခံစားချက်ကို အခုလို ရင်ဖွင့် သွားခဲ့ပြန်ပါတယ်။

“ အဲဒီ သီချင်းက ကျနော့် ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး အမြဲတမ်း အမှတ်ရနေမှာပါ။ ပြန်ကြားလိုက်ရတဲ့ အချိန်တိုင်း ကျနော့် အတွက် အရမ်းကို ထူးခြားတယ်လို့ ခံစားနေရတုန်းဗျ။ 2015 ခုနှစ် က ဒီကို ပြန်ရောက်လာတုန်းကလဲ အန်ဖီးပရိသတ်တွေကို ပြန်ဆိုပေးခဲ့သေးတယ်လေ။

တကယ်ကို ကျေနပ်စရာဗျာ ဘာလို့လဲ ဆိုတော့ ပရိသတ်တွေ နဲ့ ဘောလုံး သမား တစ်ယောက် အကြားမှာ အဲဒီလို ဆက်နွှယ်မှုတွေ ရှိနေတာ ကုသိုလ်ထူးတယ်လို့ ဆိုရမှာပါပဲ။

လီဗာပူး အတွက် စပြီး ကိုယ်စားပြု ကစားခွင့် ရခဲ့တဲ့ ပထမဆုံးနေ့ ကတည်းက ဂုဏ်ယူမိခဲ့ပါတယ်။ ဒီကလပ်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုး တစ်ချို့ ပါဝင် ကစားထားခဲ့တယ် ဆိုတာ ကျနော် သိတာပေါ့။ အဲဒီ အထဲကမှ ကျနော့် အတွက် သီချင်းတစ်ပုဒ်က အမြဲတမ်း ရှင်သန်နေတယ် ဆိုတော့ ပီတိတွေ ဖြစ်တာပေါ့။ အမြဲတမ်းလဲ အဲဒီ သီချင်းသံကို ကြားယောင်နေတုန်းပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူး နဲ့ ဘာစီလိုနာ တို့ မတ်လ 28 ရက်မှာ ကစားမယ့် ပွဲစဉ်မှာတော့ လီဗာပူး ဘက်မှာ အော်ရယ်လီယို ၊ ဂျာစီ ဒူးဒက် ၊ ပက်ထရစ် ဘာဂါ ၊ ဟိုဆေး အင်းနရစ် ၊ လူးဝစ်ဂါစီယာ ၊ တောရက် တို့ ပါဝင်လာမှာ ဖြစ်ပြီး ၊ ဘာစီလိုနာ ဘက်ကတော့ ကလွိုက်ဗက် ၊ အက်ဂါဒေးဗစ် ၊ ဘလက်တီ ၊ ဆာဗီယိုလာ တို့ ပါဝင်မယ့် အကြောင့် လက်ရှိ အချိန်မှာ အတည်ပြုထားပါတယ်။

အဲဒီပွဲအတွက် လက်မှတ်ဈေးနှုန်းတွေ ကတော့ အဖိုးအဖွားတွေ အတွက် 17 ပေါင် ၊ ကလေးငယ်တွေ အတွက် 7 ပေါင် နဲ့ လူကြီးတွေက် အတွက် 25 ပေါင် သတ်မှတ်ထားပါတယ်။

SPORTS MYANMAR

Zawgyi

းနဲ႔ ေျခစမ္းပြဲ ကစားဖို႔ စီစဥ္ထားပါတယ္။
အန္ဖီးလ္ မွာ လီဗာပူး ဂ်ာစီနဲ႔ ျပန္လည္ ျမင္ေတြ႕ရေတာ့မယ့္ ေတာရက္

တစ္ခ်ိန္က လီဗာပူး ပရိသတ္ေတြ ရဲ့ အခ်စ္ေတာ္ ကစားသမား တစ္ေယာက္ ျဖစ္ခဲ့ဖူးတဲ့ ဖာနန္ဒို ေတာရက္ ကိုေတာ့ လာမယ့္ႏွစ္မွာပဲ လီဗာပူး ဂ်ာစီ နဲ႔ အတူ အန္ဖီးလ္မွာ ျပန္လည္ ျမင္ေတြ႕ခြင့္ ရရွိေတာ့မွာ ျဖစ္ပါတယ္။

စပိန္ တိုက္စစ္မွုးႀကီးဟာ ေဘာလုံးသမားဘ၀ ကေန အနားယူၿပီးေနာက္ပိုင္း ၊ လီဗာပူး ဂႏၲဝင္ အသင္းမွာ ပါဝင္ ကစားဖို႔ ဖိတ္ေခၚမွုကို လက္ခံခဲ့တာ ျဖစ္ၿပီး ၊ လီဗာပူး ေဖာင္ေဒးရွင္း အတြက္ ကစားၾကမယ့္ လီဗာပူး နဲ႔ ဘာစီလိုနာ ဂႏၲဝင္ ကစားသမားမ်ား ပြဲစဥ္မွာ ပါဝင္ ကစားေပးသြားမွာပါ။

သူဟာ ကစားသမားဘဝမွာ လီဗာပူး အတြက္ ပြဲေပါင္း 142 ပြဲ ပါဝင္ ကစားေပးခဲ့ၿပီး ၊ စုစုေပါင္း 81 ဂိုး အထိ သြင္းယူေပးခဲ့ကာ ၊ 2011 ခုႏွစ္ အသင္းကေန ထြက္ခြာ သြားၿပီးကတည္းက ပထမဆုံး အႀကိမ္ လီဗာပူး ကိုယ္စားျပဳ ျပန္လည္ ကစားေပးသြားမွာျဖစ္ပါတယ္။

အဲဒီ ပြဲစဥ္မွာေရာ လီဗာပူး ပရိသတ္ေတြ အတြက္ ဂိုးေတြ သြင္းျပဦးမွာလားလို႔ ေမးျမန္းရာမွာေတာ့ “ ေမၽွာ္လင့္မိတာေပါ့ဗ်ာ………အရင္ ကတည္းက လီဗာပူး ဂႏၲဝင္ အသင္းမွာ လာၿပီး ကစားေပးဖို႔ ဖိတ္စာေတြ အႀကိမ္ႀကိမ္ လက္ခံ ရရွိခဲ့ပါတယ္ ဒါေပမယ့္ ကစားသမားဘ၀ က အနားမယူေသးေတာ့ ၊ မပူးေပါင္း နိုင္ခဲ့ဘူးေပါ့။ အခုေတာ့ လီဗာပူး ဂ်ာစီ ကို ေနာက္တစ္ႀကိမ္ ဝတ္ခြင့္ ရေတာ့မွာ ျဖစ္တဲ့ အတြက္ အရမ္းကို ေပ်ာ္တယ္ဗ်ာ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

ေတာရက္ဟာ 2015 ခုႏွစ္ ကေတာ့ ဂ်ရတ္ နဲ႔ ကာေရဂါ တို႔ ဦးစီးၿပီး က်င္းပခဲ့တဲ့ ေအာစတားၿပိဳင္ပြဲမွာ လာေရာက္ ကစားေပးခဲ့ဖူးပါတယ္။ အဲဒီတုန္းက လီဗာပူး ပရိသတ္ေတြဟာ သူ႔အတြက္ စပ္ဆိုထားခဲ့တဲ့ သီခ်င္းကို သီဆိုရင္း အားေပးခဲ့ၾကတာ နဲ႔ ပတ္သက္လို႔ သူ႔ရဲ့ ခံစားခ်က္ကို အခုလို ရင္ဖြင့္ သြားခဲ့ျပန္ပါတယ္။

“ အဲဒီ သီခ်င္းက က်ေနာ့္ ရဲ့ ကစားသမားဘ၀ တစ္ေလၽွာက္လုံး အျမဲတမ္း အမွတ္ရေနမွာပါ။ ျပန္ၾကားလိုက္ရတဲ့ အခ်ိန္တိုင္း က်ေနာ့္ အတြက္ အရမ္းကို ထူးျခားတယ္လို႔ ခံစားေနရတုန္းဗ်။ 2015 ခုႏွစ္ က ဒီကို ျပန္ေရာက္လာတုန္းကလဲ အန္ဖီးပရိသတ္ေတြကို ျပန္ဆိုေပးခဲ့ေသးတယ္ေလ။

တကယ္ကို ေက်နပ္စရာဗ်ာ ဘာလို႔လဲ ဆိုေတာ့ ပရိသတ္ေတြ နဲ႔ ေဘာလုံး သမား တစ္ေယာက္ အၾကားမွာ အဲဒီလို ဆက္ႏႊယ္မွုေတြ ရွိေနတာ ကုသိုလ္ထူးတယ္လို႔ ဆိုရမွာပါပဲ။

လီဗာပူး အတြက္ စၿပီး ကိုယ္စားျပဳ ကစားခြင့္ ရခဲ့တဲ့ ပထမဆုံးေန႔ ကတည္းက ဂုဏ္ယူမိခဲ့ပါတယ္။ ဒီကလပ္မွာ ကမၻာ့အေကာင္းဆုံး တိုက္စစ္မွုး တစ္ခ်ိဳ႕ ပါဝင္ ကစားထားခဲ့တယ္ ဆိုတာ က်ေနာ္ သိတာေပါ့။ အဲဒီ အထဲကမွ က်ေနာ့္ အတြက္ သီခ်င္းတစ္ပုဒ္က အျမဲတမ္း ရွင္သန္ေနတယ္ ဆိုေတာ့ ပီတိေတြ ျဖစ္တာေပါ့။ အျမဲတမ္းလဲ အဲဒီ သီခ်င္းသံကို ၾကားေယာင္ေနတုန္းပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူး နဲ႔ ဘာစီလိုနာ တို႔ မတ္လ 28 ရက္မွာ ကစားမယ့္ ပြဲစဥ္မွာေတာ့ လီဗာပူး ဘက္မွာ ေအာ္ရယ္လီယို ၊ ဂ်ာစီ ဒူးဒက္ ၊ ပက္ထရစ္ ဘာဂါ ၊ ဟိုေဆး အင္းနရစ္ ၊ လူးဝစ္ဂါစီယာ ၊ ေတာရက္ တို႔ ပါဝင္လာမွာ ျဖစ္ၿပီး ၊ ဘာစီလိုနာ ဘက္ကေတာ့ ကလြိဳက္ဗက္ ၊ အက္ဂါေဒးဗစ္ ၊ ဘလက္တီ ၊ ဆာဗီယိုလာ တို႔ ပါဝင္မယ့္ အေၾကာင့္ လက္ရွိ အခ်ိန္မွာ အတည္ျပဳထားပါတယ္။

အဲဒီပြဲအတြက္ လက္မွတ္ေဈးႏွုန္းေတြ ကေတာ့ အဖိုးအဖြားေတြ အတြက္ 17 ေပါင္ ၊ ကေလးငယ္ေတြ အတြက္ 7 ေပါင္ နဲ႔ လူႀကီးေတြက္ အတြက္ 25 ေပါင္ သတ္မွတ္ထားပါတယ္။

SPORTS MYANMAR