လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းဖို့ အတွက် အထူး ရေပန်း စားနေ ခဲ့ ပါတယ် ။

သူ့ကို ခေါ်ယူ နိုင်ရေး အတွက် အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်း နဲ့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း တို့က ထိပ်ဆုံး မှ သတင်း ပြေးခဲ့ ကြပါ သေးတယ် ။ ထို့အတူ ကစားသမား ကိုယ်တိုင် ကလည်း စိန်ခေါ်မှု အသစ် တွေ အတွက် အသင်း ပြောင်း လိုကြောင်း ဖွင့်ဟ ခဲ့ပါ သေးတယ် ။

သူဟာ ယခင် တုန်းက ဇီဒန်း ကိုင်တွယ် တဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ ကစား ရဖို့ ဆိုတာ အိပ်မက် တစ်ခု လို့ ဆိုခဲ့ သလို နောက်ဆုံး ထွက်ပေါ် ခဲ့တဲ့ သတင်း အရ သူ့ကို ခေါ်ယူ ဖို့ အတွက် ဂျူဗင်တပ် နည်းပြ သစ် ဆာရီ ဆီ ဖုန်းခေါ် ခဲ့ သေးတယ် လို့ လည်း ကြားသိ ခဲ့ရ ပါ သေးတယ် ။

ဒါပေမယ့် အခုတော့ ဂျူဗင်တပ် အသင်း ဟာ အေဂျက် စတား ဒီလစ် နဲ့ PSG အသင်း မှ ရာဘီယော့ တို့ကို ခေါ်ယူ နိုင်ဖို့ အားထုတ် နေတာ ကြောင့် အဆိုပါ ကစားသမား တွေကို ရရှိ ဖြစ်ခဲ့ ပါက ပေါ့ဂ်ဘာ ကို ခေါ်ယူ မှာ မဟုတ်ဘူး လို့ သိရှိ လိုက်ရ ပြန် ပါတယ် ။

သောကြာ နေ့ တုန်းက နာမည်ကြီး သတင်းစာ တွေ ဖြစ်တဲ့ De Telegraff နဲ့ Sky Sport Italia တို့ရဲ့ ဖော်ပြချက် အရ တော့ အေဂျက် စတား ဟာ ဂျူဗင်တပ် အသင်း ဆီ ပြောင်းရွှေ့ ဖို့ အတွက် စိတ်ပိုင်း ဖြတ်ထား တယ်လို့ သိရှိ ခဲ့ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ စိတ်ဝင်စား မှုကို မရရှိ တော့တဲ့ ဒီလစ် ဟာ လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ ဂျူဗင်တပ် ၊ PSG နဲ့ ရီးယဲ မက်ဒရစ် အသင်း တွေရဲ့ စိတ်ဝင်စား မှုတွေ ကို ရရှိ ထားခဲ့ ပါတယ် ။

ဒါပေမယ့် ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ ဂျူဗင်တပ် ဟာ ကစားသမား ကို ယူရို သန်း 70 နဲ့ ခေါ်ယူ ပြီး တစ်နှစ် ပေါင် 15 – 20 သန်း အကြား ပေးသွား ဖို့ ရှိနေ တယ်လို့ သိရှိ ထားခဲ့ ရ ပါတယ် ။

အဲ့ဒီ လိုသာ ဖြစ်လာ ခဲ့ရင် တော့ ဒီလစ် ဟာ ဂျူဗင်တပ် အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ စီ ရော်နယ်ဒို ( ယူရို 30 သန်း ) အောက် စီးရီးအေ ရဲ့ ဒုတိယ မြောက် လစာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာ နိုင်မှာ ပဲ ဖြစ် ပါတယ် ။

အခြား တစ်ဖက် မှာတော့ ပြင်သစ် လက်ရွေးစင် ရာဘီယော့ ဟာ ဇွန်လ 30 ရက် နေ့မှာ PSG အသင်း မှ အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာ ဖို့ ရှိနေ ပြီး သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် ဂျူဗင်တပ် အသင်း ကပဲ ဆက်လက် ရေပန်းစား နေခဲ့ ပြန် ပါတယ် ။

အကယ်လို့ ဂျူဗင်တပ် အသင်း မှသာ ရာဘီယော့ ကို ခေါ်ယူ နိုင်မယ် ဆိုရင်တော့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာ အတွက် ယူရို သန်း 100 ကျော် အကုန်ခံ ရတော့ မှာ မဟုတ်တော့ ပါဘူး ။

Juventus’ Portuguese forward Cristiano Ronaldo (L) and Juventus’ Italian defender Giorgio Chiellini (C-R) celebrate at the end of the UEFA Champions League round of 16 second-leg football match Juventus vs Atletico Madrid on March 12, 2019 at the Juventus stadium in Turin. (Photo by Isabella BONOTTO / AFP)

ဒါ့အပြင် အသင်း ရဲ့ ကစားသမား အချို့ ကို ရောင်းချ ခြင်းမှ ငွေတွေ ရရှိ နိုင် သေးတာ ကြောင့် ဂျူဗင်တပ် အသင်း ဟာ ဒီလစ် အတွက် ငွေတွေ သီးသန့် ထုတ်နေ စရာ မလိုအပ် ပဲ အသင်း ကို ပိုမို တောင့်တင်း အောင် လုပ်နိုင် မှာပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် အခု ထွက်ပေါ် လာတဲ့ သတင်း အရ တော့ ဂျူဗင်တပ် အသင်း သာ ဒီလစ် နဲ့ ရာဘီယော့ တို့ကို ခေါ်ယူ နိုင် ခဲ့မယ် ဆိုရင် ပေါ့ဂ်ဘာ အတွက် ငွေတွေ ဆက်လက် သုံးစွဲ တော့မှာ မဟုတ်ကြောင်း သိရှိ ရတာ ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar