Unicode

ရီးရဲ မက်ဒရစ် တောင်ပံ ကစား သမား သစ် အီဒင်ဟာဇက် က အသင်းသစ် ရီးရဲ ရဲ့ ကျောနံပါတ် 7 ရဲ့ ဖိအား ကို သိနား လည်ထား ပြီး အခု အချိန် အထိ ရိုနယ်ဒို ရဲ့ ခြေရာ ကို လိုက်နင်း နိုင်ဖို့ အခက် အခဲ ရှိနေ သေးကြောင်း ၀န်ခံ ပြောဆို သွားခဲ့ ပါတယ် ။ ဟာဇက် ဟာ ယခု နွေရာသီ တုန်းက ရီးရဲ မက်ဒရစ် ဆီကို ချဲလ်ဆီး ကနေ ပြောင်းရွှေ့ လာခဲ့ တာဖြစ်ပြီး ပွဲစဉ် အတန် ကစားပြီးသည် အထိ စိတ်ကျေ နပ် လောက် စရာ ပုံစံမျိုး ကို မပြသ နိုင်ခဲ့ ပါဘူး ။

ဟာဇက် ဟာ ရိုနယ်ဒို ၀တ်ဆင် ခဲ့တဲ့ ကျောနံပါတ် 7 ကို ဆက်ခံ ခဲ့ ပေမယ့် ရိုနယ်ဒို ရဲ့ ခြေရာ ကို လိုက်နင်း နိုင်ဖို့ ကြိုးစား နေရ သလို ဒါဟာ ခက်ခဲတဲ့ အလုပ် တစ်ခု ဖြစ်ကြောင်း ကိုလည်း ဘယ်လ်ဂျီယံ သားက ပြောဆို သွားခဲ့ ပါတယ် ။

“ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ကျောနံပါတ် ကို ဆက်ခံ ရတာ ဟာ လွယ်ကူတဲ့ အရာ တော့ မဟုတ် ပါဘူး ။ ဘာလို့ လည်း ဆိုတော့ သူ ဟာ ဒီ ကလပ်ကြီး ရဲ့ သမိုင်း ကို ရေးထိုးခဲ့ တာမို့့ပါ” လို့ ဟာဇက် က Real Madrid TV နဲ့ တွေ့ဆုံ ခန်းမှာ ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ ဟာ ဒီရာသီ မှာ ခြေစွမ်း မတည်မငြိမ် ဖြစ် နေပြီး ရလဒ်တွေ ကလည်း နိုင် – သရေ – ရှုံး စုံ နေခဲ့ ပါတယ် ။ ဒါပေမယ့် ဟာဇက် ကတော့ သူတို့ အသင်း ဟာ ရာသီ အကုန် မှာ မျှော်မှန်း ထားတဲ့ ရည်မှန်း ချက်တွေ ကို ရယူ နိုင်ဖို့ အတွက် တိုက်ပွဲ ၀င်နိုင် လိမ့်မယ် လို့ ယုံကြည်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ အစွမ်းကုန် ကြိုးစား နေကြ ပါတယ် ။ ဖလား တွေ ကိုင်မြှောက်ပြီး ရာသီကုန် ဆုံး နိုင်ဖို့ ရည်မှန်း ထား ပါတယ် ။ ချန်ပီယံ လိဂ် ဟာ အကောင်းဆုံး ဆုဖလား တစ်ခု ဆိုတာ သဘောပေါက် ထား ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရနိုင် သမျှ ဆုဖလား အားလုံး အတွက် တိုက်ပွဲ ၀င်သွား မှာပါ”

“အခု ကမ္ဘာပေါ်က အကောင်းဆုံး အသင်း တစ်သင်းဆီ ကျွန်တော် ရောက်နေ ပါပြီ ။ အကောင်းဆုံး ကြိုးစား ပြီး ပေးဆပ် သွားမှာ ပါ” လို့ ဟာဇက် က ပြောဆို သွားခဲ့ ပါတယ် ။ ဟာဇက် ဟာ သူ့ရဲ့ ကစား သမား ဘဝ စတင် ချိန် ကနေ ရီးရဲမက်ဒရစ် အသင်းဆီ ရောက်ရှိ လာတဲ့ အထိ ကို မှတ်တမ်း ဗီဒီယို ရိုက်ကူး နေပြီး ညီဖြစ်သူ သော်ဂန် ဟာဇက် ၊ ဘယ်ဂျီယံ နည်းပြ မာတီနက် ၊ အသင်းဖော် ဂိုးသမား ကော့တွိုက် နဲ့ ချဲလ်ဆီး က အသင်းဖော်ဟောင်း အက်ဇ်ပီလီ ကွီတာ တို့ က ပါ၀င် အားဖြည့် ပေးထားခဲ့ ပါတယ် ။

အဆိုပါ မှတ်တမ်း ဗီဒီယို မှာ ဟာဇက် ဟာ ၂၀၁၈ ကတည်းက မက်ဒရစ် ကို ပြောင်းရွှေ့ ဖို့ ( ကော့တွိုက် နှင့် အတူ ) စိတ်ကူး ရှိခဲ့ ပေမယ့် စတမ်းဖိုဒ့် ဘရစ် ကနေ ဗီလိန် တစ်ယောက် အဖြစ် နဲ့ မပြောင်းရွှေ့ လိုခဲ့တာ ကြောင့် တစ်နှစ် ဆက်နေ ကာ ယူရိုပါလိဂ် ကို ရယူ ခဲ့တာ ဖြစ်တယ် လို့ အက်ဇ်ပီလီ ကွီတာ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR

Zawgyi

ေက်ာနံပါတ္ 7 နဲ႔ ပတ္သက္ၿပီး ၀န္ခံမႈ ျပဳလုပ္သြားခဲ့တဲ့ အီဒင္ ဟာဇက္

==============================================

ရီးရဲ မက္ဒရစ္ ေတာင္ပံ ကစား သမား သစ္ အီဒင္ဟာဇက္ က အသင္းသစ္ ရီးရဲ ရဲ႕ ေက်ာနံပါတ္ 7 ရဲ႕ ဖိအား ကို သိနား လည္ထား ၿပီး အခု အခ်ိန္ အထိ ရိုနယ္ဒို ရဲ႕ ေျခရာ ကို လုိက္နင္း ႏုိင္ဖို႔ အခက္ အခဲ ရွိေန ေသးေၾကာင္း ၀န္ခံ ေျပာဆို သြားခဲ့ ပါတယ္ ။ ဟာဇက္ ဟာ ယခု ေႏြရာသီ တုန္းက ရီးရဲ မက္ဒရစ္ ဆီကို ခ်ဲလ္ဆီး ကေန ေျပာင္းေရႊ႕ လာခဲ့ တာျဖစ္ၿပီး ပြဲစဥ္ အတန္ ကစားၿပီးသည္ အထိ စိတ္ေက် နပ္ ေလာက္ စရာ ပံုစံမ်ဳိး ကို မျပသ ႏုိင္ခဲ့ ပါဘူး ။

ဟာဇက္ ဟာ ရိုနယ္ဒို ၀တ္ဆင္ ခဲ့တဲ့ ေက်ာနံပါတ္ 7 ကို ဆက္ခံ ခဲ့ ေပမယ့္ ရိုနယ္ဒို ရဲ႕ ေျခရာ ကို လုိက္နင္း ႏုိင္ဖို႔ ႀကဳိးစား ေနရ သလို ဒါဟာ ခက္ခဲတဲ့ အလုပ္ တစ္ခု ျဖစ္ေၾကာင္း ကိုလည္း ဘယ္လ္ဂ်ီယံ သားက ေျပာဆို သြားခဲ့ ပါတယ္ ။

“ခရစၥတီယာႏို ရိုနယ္ဒို ရဲ႕ ေက်ာနံပါတ္ ကို ဆက္ခံ ရတာ ဟာ လြယ္ကူတဲ့ အရာ ေတာ့ မဟုတ္ ပါဘူး ။ ဘာလုိ႔ လည္း ဆိုေတာ့ သူ ဟာ ဒီ ကလပ္ႀကီး ရဲ႕ သမိုင္း ကို ေရးထိုးခဲ့ တာမို႔႔ပါ” လို႔ ဟာဇက္ က Real Madrid TV နဲ႔ ေတြ႕ဆံု ခန္းမွာ ေျပာဆို သြားခဲ့ ပါတယ္ ။

ရီးရဲ ဟာ ဒီရာသီ မွာ ေျခစြမ္း မတည္မၿငိမ္ ျဖစ္ ေနၿပီး ရလဒ္ေတြ ကလည္း ႏုိင္ – သေရ – ရွဳံး စံု ေနခဲ့ ပါတယ္ ။ ဒါေပမယ့္ ဟာဇက္ ကေတာ့ သူတုိ႔ အသင္း ဟာ ရာသီ အကုန္ မွာ ေမွ်ာ္မွန္း ထားတဲ့ ရည္မွန္း ခ်က္ေတြ ကို ရယူ ႏုိင္ဖို႔ အတြက္ တိုက္ပြဲ ၀င္ႏုိင္ လိမ့္မယ္ လို႔ ယံုၾကည္ေၾကာင္း ေျပာဆုိ သြားခဲ့ ပါတယ္ ။

“ကြ်န္ေတာ္တို႔ အစြမ္းကုန္ ႀကဳိးစား ေနၾက ပါတယ္ ။ ဖလား ေတြ ကိုင္ေျမွာက္ၿပီး ရာသီကုန္ ဆံုး ႏုိင္ဖို႔ ရည္မွန္း ထား ပါတယ္ ။ ခ်န္ပီယံ လိဂ္ ဟာ အေကာင္းဆံုး ဆုဖလား တစ္ခု ဆုိတာ သေဘာေပါက္ ထား ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ရႏုိင္ သမွ် ဆုဖလား အားလံုး အတြက္ တုိက္ပြဲ ၀င္သြား မွာပါ”

“အခု ကမၻာေပၚက အေကာင္းဆံုး အသင္း တစ္သင္းဆီ ကြ်န္ေတာ္ ေရာက္ေန ပါၿပီ ။ အေကာင္းဆံုး ႀကဳိးစား ၿပီး ေပးဆပ္ သြားမွာ ပါ” လို႔ ဟာဇက္ က ေျပာဆို သြားခဲ့ ပါတယ္ ။ ဟာဇက္ ဟာ သူ႔ရဲ႕ ကစား သမား ဘ၀ စတင္ ခ်ိန္ ကေန ရီးရဲမက္ဒရစ္ အသင္းဆီ ေရာက္ရွိ လာတဲ့ အထိ ကို မွတ္တမ္း ဗီဒီယို ရုိက္ကူး ေနၿပီး ညီျဖစ္သူ ေသာ္ဂန္ ဟာဇက္ ၊ ဘယ္ဂ်ီယံ နည္းျပ မာတီနက္ ၊ အသင္းေဖာ္ ဂုိးသမား ေကာ့တြဳိက္ နဲ႔ ခ်ဲလ္ဆီး က အသင္းေဖာ္ေဟာင္း အက္ဇ္ပီလီ ကြီတာ တို႔ က ပါ၀င္ အားျဖည့္ ေပးထားခဲ့ ပါတယ္ ။

အဆိုပါ မွတ္တမ္း ဗီဒီယို မွာ ဟာဇက္ ဟာ ၂၀၁၈ ကတည္းက မက္ဒရစ္ ကို ေျပာင္းေရႊ႕ ဖို႔ ( ေကာ့တြဳိက္ ႏွင့္ အတူ ) စိတ္ကူး ရွိခဲ့ ေပမယ့္ စတမ္းဖိုဒ့္ ဘရစ္ ကေန ဗီလိန္ တစ္ေယာက္ အျဖစ္ နဲ႔ မေျပာင္းေရႊ႕ လိုခဲ့တာ ေၾကာင့္ တစ္ႏွစ္ ဆက္ေန ကာ ယူရိုပါလိဂ္ ကို ရယူ ခဲ့တာ ျဖစ္တယ္ လုိ႔ အက္ဇ္ပီလီ ကြီတာ က ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

SPORTS MYANMAR