လီဗာပူး အသင်း ဟာ ယမန်နေ့ ညက ကာရာဘောင် ဖလား ရှုံးထွက် အဆင့် ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ခဲ့ပြီး အာဆင်နယ် အသင်း ကို ပင်နယ်တီ အဆုံး အဖြတ် မှာ အနိုင် ရခဲ့ ပါတယ် ။ လီဗာပူး ဟာ မိနစ် ၉၀ ကျော်သည် အထိ အာဆင်နယ် ကို ၅ – ၄ ဖြင့် အရေးနိမ့်် နေခဲ့ပြီး ၉၄ မိနစ် မှာ အိုရီဂီ က ချေပဂိုး သွင်းယူ ခဲ့တာ ကြောင့် ပင်နယ်တီ အဆုံး အဖြတ် ကိုရောက်ရှိ ခဲ့တာ ဖြစ်ကာ ပင်နယ်တီ မှာတော့ ၅ – ၄ ဖြင့် အနိုင် ရခဲ့ ပါတယ် ။

ကာရာဘောင် ဖလား ကွာတား ဖိုင်နယ် ပွဲစဉ် တွေ ကို မနက်ဖြန် မှာ မဲခွဲ မှာ ဖြစ်ပြီး လီဗာပူး အနေနဲ့ ပွဲကျပ် ပွဲဆက်တွေကို ကစား ရဖွယ် ရှိနေ ပါတယ် ။ ဒါပေမယ့် လီဗာပူး နည်းပြ ယာဂင် ကလော့ ကတော့ အင်္ဂလိပ် ဘောလုံး အဖွဲ့ချုပ် အနေဖြင့် လီဗာပူး ရဲ့ ပွဲစဉ် ကို သင့်တော် သလို မစီစဉ် ပေးခဲ့ပါက ပြိုင်ပွဲ က နေ မကစား ဘဲ ထွက်ခွာ ဖို့ ဆုံးဖြတ် ရနိုင်တယ် လို့ အရိပ် အမြွက် ပြောဆို သွားခဲ့ ပါတယ် ။

“တကယ်လို့ ကျွန်တော်တို့ အတွက် သင့်တော် တဲ့ ပွဲချိန် ၊ ပွဲရက် ကို မစီစဉ် ပေးနိုင်ဘူး ဆိုရင် တော့ ကျွန်တော်တို့ ကစားနိုင် မှာ မဟုတ်ပါဘူး ။ ဒါဆိုရင် ကျွန်တော်တို့ နဲ့ မဲကျမယ့် ပြိုင်ဘက် ဟာ အကျိုး ရှိလာ မှာပါ”

“ပရီးမီးယားလိဂ် က လူ အတော်များများ ကတော့ အာဆင်နယ် ကို တက်စေချင် မယ် ထင် ပါတယ် ။ ဒါပေမယ့် စိတ်မကောင်း ပါဘူး” လို့ နည်းပြ ကလော့ က ပွဲအပြီး မှာ သတင်း ထောက်တွေ ကို သူ့ရဲ့ သဘောထား ကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

လီဗာပူး ဟာ ဒီဇင်ဘာ လ ထဲ မှာ ကလပ် ကမ္ဘာ့ ဖလား ပွဲစဉ် တွေ ရှိ နေတာ ကြောင့် ပရီးမီးယားလိဂ် နဲ့ ချန်ပီယံ လိဂ် တို့ အပါ အဝင် ကျပ်တည်း လှတဲ့ ပွဲစဉ် ကာလ ကို ဖြတ်သန်း ရမှာပဲ ဖြစ် ပါတယ် ။ လီဗာပူး ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ မှာ ကလပ် ကမ္ဘာ့ ဖလား ဆီမီး ဖိုင်နယ် ကို ကစား ရမှာ ဖြစ်ပြီး ကာတာ နိုင်ငံမှာ ကျင်းပ မယ့် ဒီပြိုင်ပွဲ ရဲ့ ဖိုင်နယ် ( သို့ ) တတိယ နေရာ လုပွဲ ကို နောက်ထပ် ၃ ရက် အကြာမှာ ထပ်မံ ကစား ရမှာပဲ ဖြစ် ပါတယ် ။

အဆိုပါ ပြိုင်ပွဲ အတွက် လီဗာပူး ဟာ ၀က်စ်ဟမ်း နဲ့ ကစား မယ့် ပရီးမီးယားလိဂ် ပွဲစဉ် ကို ရွှေ့ဆိုင်း ခဲ့ရ ပါတယ် ။ လီဗာပူး ဟာ ဘောက်ဆင်ဒေး ကာလ မှာ ပွဲကျပ်တွေ ရှိနေတာ ကြောင့် ကာရာဘောင် ဖလား ပွဲချိန်သာ သူတို့ အတွက် အဆင် မပြေ ဖြစ်ခဲ့ ပါက နည်းပြ ကလော့ ပြောဆို ခဲ့သလို မကစားဘဲ သပိတ် မှောက် ဖို့ လုပ်ဆောင် လာနိုင် ချေ ရှိနေ ပါတယ် ။

ကာရာဘောင် ဖလား ကွာတား ဖိုင်နယ် ရောက် အသင်းများ နှင့် မဲ နံပါတ် များ –

၁ ။ အဲဗာတန်
၂ ။ အက်စ်တွန် ဗီလာ
၃ ။ မန်ချက် စတာ စီးတီး
၄ ။ လက်စတာ စီးတီး
၅ ။ ကိုချက်စတာ စီးတီး
၆ ။ မန်ချက် စတာ ယူနိုက်တက်
၇ ။ အောက်စ်ဖိုဒ့် ယူနိုက်တက်
၈ ။ လီဗာပူး

SPORTS MYANMAR

Zawgyi

ကာရာေဘာင္ ဖလား ကြာတားဖိုင္နယ္ ကို မကစားဘဲ သပိတ္ေမွာက္ဖို႔ စဥ္းစား ေနတဲ့ လီဗာပူး

============================================

လီဗာပူး အသင္း ဟာ ယမန္ေန႔ ညက ကာရာေဘာင္ ဖလား ရွဳံးထြက္ အဆင့္ ပြဲစဥ္ ကို ယွဥ္ၿပဳိင္ ကစား ခဲ့ၿပီး အာဆင္နယ္ အသင္း ကို ပင္နယ္တီ အဆံုး အျဖတ္ မွာ အႏုိင္ ရခဲ့ ပါတယ္ ။ လီဗာပူး ဟာ မိနစ္ ၉၀ ေက်ာ္သည္ အထိ အာဆင္နယ္ ကို ၅ – ၄ ျဖင့္ အေရးနိမ့္္ ေနခဲ့ၿပီး ၉၄ မိနစ္ မွာ အုိရီဂီ က ေခ်ပဂုိး သြင္းယူ ခဲ့တာ ေၾကာင့္ ပင္နယ္တီ အဆံုး အျဖတ္ ကိုေရာက္ရွိ ခဲ့တာ ျဖစ္ကာ ပင္နယ္တီ မွာေတာ့ ၅ – ၄ ျဖင့္ အႏုိင္ ရခဲ့ ပါတယ္ ။

ကာရာေဘာင္ ဖလား ကြာတား ဖုိင္နယ္ ပြဲစဥ္ ေတြ ကို မနက္ျဖန္ မွာ မဲခြဲ မွာ ျဖစ္ၿပီး လီဗာပူး အေနနဲ႔ ပြဲက်ပ္ ပြဲဆက္ေတြကို ကစား ရဖြယ္ ရွိေန ပါတယ္ ။ ဒါေပမယ့္ လီဗာပူး နည္းျပ ယာဂင္ ကေလာ့ ကေတာ့ အဂၤလိပ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ အေနျဖင့္ လီဗာပူး ရဲ႕ ပြဲစဥ္ ကို သင့္ေတာ္ သလို မစီစဥ္ ေပးခဲ့ပါက ၿပဳိင္ပြဲ က ေန မကစား ဘဲ ထြက္ခြာ ဖို႔ ဆံုးျဖတ္ ရႏိုင္တယ္ လို႔ အရိပ္ အျမြက္ ေျပာဆို သြားခဲ့ ပါတယ္ ။

“တကယ္လို႔ ကြ်န္ေတာ္တို႔ အတြက္ သင့္ေတာ္ တဲ့ ပြဲခ်ိန္ ၊ ပြဲရက္ ကို မစီစဥ္ ေပးႏုိင္ဘူး ဆိုရင္ ေတာ့ ကြ်န္ေတာ္တုိ႔ ကစားႏုိင္ မွာ မဟုတ္ပါဘူး ။ ဒါဆိုရင္ ကြ်န္ေတာ္တို႔ နဲ႔ မဲက်မယ့္ ၿပဳိင္ဘက္ ဟာ အက်ဳိး ရွိလာ မွာပါ”

“ပရီးမီးယားလိဂ္ က လူ အေတာ္မ်ားမ်ား ကေတာ့ အာဆင္နယ္ ကို တက္ေစခ်င္ မယ္ ထင္ ပါတယ္ ။ ဒါေပမယ့္ စိတ္မေကာင္း ပါဘူး” လုိ႔ နည္းျပ ကေလာ့ က ပြဲအၿပီး မွာ သတင္း ေထာက္ေတြ ကို သူ႔ရဲ႕ သေဘာထား ကို ထုတ္ေဖာ္ ေျပာျပ သြားခဲ့ ပါတယ္ ။

လီဗာပူး ဟာ ဒီဇင္ဘာ လ ထဲ မွာ ကလပ္ ကမၻာ့ ဖလား ပြဲစဥ္ ေတြ ရွိ ေနတာ ေၾကာင့္ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံ လိဂ္ တုိ႔ အပါ အ၀င္ က်ပ္တည္း လွတဲ့ ပြဲစဥ္ ကာလ ကို ျဖတ္သန္း ရမွာပဲ ျဖစ္ ပါတယ္ ။ လီဗာပူး ဟာ ဒီဇင္ဘာ ၁၈ ရက္ေန႔ မွာ ကလပ္ ကမၻာ့ ဖလား ဆီမီး ဖိုင္နယ္ ကို ကစား ရမွာ ျဖစ္ၿပီး ကာတာ ႏုိင္ငံမွာ က်င္းပ မယ့္ ဒီၿပဳိင္ပြဲ ရဲ႕ ဖုိင္နယ္ ( သို႔ ) တတိယ ေနရာ လုပြဲ ကို ေနာက္ထပ္ ၃ ရက္ အၾကာမွာ ထပ္မံ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။

အဆိုပါ ၿပဳိင္ပြဲ အတြက္ လီဗာပူး ဟာ ၀က္စ္ဟမ္း နဲ႔ ကစား မယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ကို ေရႊ႕ဆိုင္း ခဲ့ရ ပါတယ္ ။ လီဗာပူး ဟာ ေဘာက္ဆင္ေဒး ကာလ မွာ ပြဲက်ပ္ေတြ ရွိေနတာ ေၾကာင့္ ကာရာေဘာင္ ဖလား ပြဲခ်ိန္သာ သူတို႔ အတြက္ အဆင္ မေျပ ျဖစ္ခဲ့ ပါက နည္းျပ ကေလာ့ ေျပာဆို ခဲ့သလို မကစားဘဲ သပိတ္ ေမွာက္ ဖို႔ လုပ္ေဆာင္ လာႏုိင္ ေခ် ရွိေန ပါတယ္ ။

ကာရာေဘာင္ ဖလား ကြာတား ဖုိင္နယ္ ေရာက္ အသင္းမ်ား ႏွင့္ မဲ နံပါတ္ မ်ား –

၁ ။ အဲဗာတန္
၂ ။ အက္စ္တြန္ ဗီလာ
၃ ။ မန္ခ်က္ စတာ စီးတီး
၄ ။ လက္စတာ စီးတီး
၅ ။ ကိုခ်က္စတာ စီးတီး
၆ ။ မန္ခ်က္ စတာ ယူႏုိက္တက္
၇ ။ ေအာက္စ္ဖိုဒ့္ ယူႏုိက္တက္
၈ ။ လီဗာပူး

SPORTS MYANMAR