ပရီးမီးယားလိဂ် ရထားကြီး ကတော့ ဘူတာ ဆယ်ခု ကို ဖြတ်သန်း ခုတ်မောင်း ခဲ့ပြီးပါပြီ ။ လီဗာပူး က အဆင့် ၁ နေရာ ကနေ ပြတ်ပြတ် သားသား ဦးဆောင်နေပြီး ချဲလ်ဆီး ၊ လက်စတာ ၊ မန်စီးတီး တို့ က နောက်ကနေ လိုက် နေကြ ပါတယ် ။ ဒီ အပတ် မှာတော့ အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံ မှုတွေ မရှိ ပေမယ့် ပွဲ ကောင်းတွေ ပါဝင် နေသလို ပွဲဆက် များတဲ့ အသင်းတွေ အနေနဲ့ လည်း မထင်မှတ် ထားတဲ့ ရလဒ်တွေ ပေါ်ထွက် နိုင် ပါတယ် ။

ဒါကြောင့် ယခု အပတ် မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ချာလီ နီကိုလပ်စ် ( Sky Sports ) ရဲ့ ခန့်မှန်း သုံးသပ်ချက် တွေကို ဖော်ပြ ပေးလိုက် ရ ပါတယ် ။

၁ ။ ဘုန်းမောက် – မန်ချက် စတာ ယူနိုက်တက်
ဘုန်းမောက် ဟာ ဒီနှစ် မှာ ပိုကောင်းတဲ့ အသင်း ဖြစ်နေပါပြီ ။ အထူး သဖြင့် တိုက်စစ် ပိုင်း က ကလမ် ဝီလ်ဆင် ၊ ဂျို့ရှ် ကင်း ၊ ဟယ်ရီ ဝီလ်ဆင် တို့ ဟာ အိမ်ကွင်း မှာ ဘယ် အသင်းကို မဆို ဒုက္ခ ပေးနိုင်ဖို့ အဆင်သင့် ရှိနေ ပါတယ် ။

ယူနိုက်တက် ကတော့ အဝေးကွင်း တွေ ဆက်တိုက် ကစားပြီး နိုင်ပွဲတွေ ဆက်နေခဲ့ ပါတယ် ။ ယူနိုက်တက် ပရိသတ်တွေ တောင် ဒါကို ထင်မှတ် ထားမိ မှာမဟုတ် ပါဘူး ။ အခု အချိန် မှာ အသင်းရဲ့ စိတ်ဓါတ် ပိုင်းက အမြင့်ဆုံး မှာ ရှိနေ ပါတယ် ။ ဒါပေမယ့် အဝေးကွင်း ပွဲဆက်တွေကြောင့် ကစား သမား တွေ ပင်ပန်း နေကြ ပါပြီ ။ ဒါကြောင့် ဒီ တစ်ပွဲမှာတော့ ယူနိုက်တက် တို့ အမှတ်လျော့ သွားနိုင် ပါတယ် ။
ခန့်မှန်းချက် – ဘုန်းမောက် ၂ – ၂ မန်ချက် စတာ ယူနိုက်တက်

၂ ။ အာဆင်နယ် – ဝုဗ်
ဒီပွဲ မှာ စိတ်ဝင်စားဖို့ ကောင်းတာက ဂရန်းနစ် ရှာကာ ကစားဦး မှာ လား ဆိုတာ ပါပဲ ။ ပြီးခဲ့တဲ့ အပတ် က အဖြစ် အပျက် ဟာ သူ့ရဲ့ အာဆင်နယ် ကစား သမား ဘဝ ကို အဆုံးသတ်သွား စေနိုင် ပါတယ် ။ အခုဆိုရင် ပရိသတ်တွေ ဆီက ဒေါသတွေ ကို သူ ခံစားမိနေ လောက် ပါပြီ ။

တိုက်စစ်ပိုင်း မှာတော့ အာဆင်နယ် ဟာ အကောင်းဆုံး အနေ အထားမှာ ရှိနေ ပါတယ် ။ ဒါပေမယ့် ဝုဗ် ကို လျော့တွက် လို့ မရ ပါဘူး ။ ဒီရာသီ မှာ အရင် နှစ်တွေ တုန်းက ဝုဗ်လို မဟုတ်နေ ပေမယ့် မန်စီးတီးတို့ ဘယ်လို ခံလိုက် ရသလဲ ဆိုတာ ကို အာဆင်နယ်တို့ မေ့ထားလို့ မရ ပါဘူး ။ အိမ်ကွင်း မှာ နိုင်ဖို့ သေချာ လောက် ပေမယ့် ဂိုးမပြတ် ဖို့ အလားအလာ များနေ ပါတယ် ။
ခန့်မှန်းချက် – အာဆင်နယ် ၂ – ၁ ဝုဗ်

၃ ။ အက်စ်တွန် ဗီလာ – လီဗာပူး
ဗီလာ ရဲ့ တိုက်စစ်က မဆိုးပါဘူး ။ ဒါပေမယ့် ခံစစ် က အားနည်းနေ ပါတယ် ။ လီဗာပူး ဆီကနေ အမှတ် လုယူ ချင်တယ် ဆိုရင် ဒီလို ခံစစ်မျိုး နဲ့ အလုပ် မဖြစ်နိုင် ပါဘူး ။ ကာရာဘောင် ဖလားပွဲ မှာ ကစား သမားတွေ ကို အနားပေး ထားတာ ကြောင့် လီဗာပူး တို့ ပွဲပန်း မှာ လည်း မဟုတ် ပါဘူး ။ ဒီဇင်ဘာ ထဲ မှာ ပွဲဆက်တွေ များ နေတာကို ယာဂင် ကလော့ ကြိုတင် သတိပြုမိ ထားပါပြီ ။ ဒါကြောင့် ဒီလို ပွဲတွေ ကို အနိုင် ကစားဖို့ သေချာ ပြင်ဆင် ထားမှာပါ ။
ခန့်မှန်းချက် – ဗီလာ ၁ – ၃ လီဗာပူး

၄ ။ မန်ချက် စတာ စီးတီး – ဆောက်သမ်တန်
ကာရာဘောင် အပြီး ၂ ရက် အကြာ မှာ ဒီ ၂ သင်း ပြန်ဆုံ ခဲ့ကြ ပြန်ပါတယ် ။ လက်စတာ ကို ၉ – ၀ နဲ့ ရှုံးထား ပေမယ့် ဆောက်သမ်တန် နည်းပြ ဟတ်ဆန်ဟော့ မှာ ဖိအား ရှိမနေ ပါဘူး ။ သူတို့ ရလဒ် ကို ပြန်လှန် နိုင်ဖို့ အတွက် လိုအပ် နေချိန် မှာ မန်စီးတီး နဲ့ ဆက်တိုက် ဆုံခဲ့ရ တာပါ ။ ဒါကြောင့် အသင်း တာဝန်ရှိသူတွေ အနေနဲ့ ရှုံးနိမ့်မှု တွေ ကို နားလည် ပေး ရမှာပါပဲ ။ ဒီပွဲ မှာလည်း ဆောက်သမ်တန် တို့ မန်စီးတီး ကို ဘာဒုက္ခ မှ ပေးနိုင် မှာ မဟုတ်ပါဘူး ။
ခန့်မှန်းချက် – မန်စီးတီး ၅ – ၀ ဆောက်သမ်တန်

၅ ။ ဝက်ဖိုဒ့် – ချဲလ်ဆီး
အန်ဂိုလို ကန်တီ မပါနိုင် သေးတဲ့ အချိန် မှာတောင် ချဲလ်ဆီး ကစားပုံ က ကောင်းမွန်ပြီး လျှင်မြန် သွက်လက် နေပါတယ် ။ အရင်ကလို ဟာဇက်ကို မီခိုတဲ့ အသင်းလည်း မဟုတ်တော့ ပါဘူး ။ အေဘရာဟမ် ဂိုး မသွင်းနိုင် သေးရင် ပူလီဆစ် ၊ မေဆွန်မောင့်တို့ ရှိနေ ပါတယ် ။ ဝီလ်ယံ နဲ့ အိုဒွိုင်း တို့ ကလည်း အဆင်သင့် ရှိနေကြ ပါတယ် ။ ကစားပုံ ကလည်း စိတ်ဝင် စားစရာ ပါပဲ ။

ဝက်ဖိုဒ့် ဟာ အစ ကောင်းတဲ့ အသင်းပါ ။ ပွဲ အစ မိနစ် ၂၀ လောက် မှာ အသင်းကြီး တစ်သင်းလို ကစားနိုင် ပါတယ် ။ လက်ကျန် မိနစ် ၇၀ လောက် ကတော့ အသင်းလေး တစ်သင်းလို ခြေစွမ်းမျိုး ဖြစ်သွား တတ် ပါတယ် ။ လန်ဒန် ဒါဘီ လည်း ဖြစ်လို့ ချဲလ်ဆီး တို့ ခက်ခဲမှာ သေချာ ပါတယ် ။ ဝက်ဖိုဒ့် သာ ဂိုးစရသွားမယ် ဆိုရင်တော့ သရေ ပွဲ ဖြစ်သွား နိုင် ပါတယ် ။
ခန့်မှန်းချက် – ဝက်ဖိုဒ့် ၂ – ၂ ချဲလ်ဆီး

၆ ။ အဲဗာတန် – တော့တင်ဟမ် ဟော့စပါး
ဒီ အပတ် အတွက် အကျိတ် အနယ် အရှိဆုံး ပွဲ ဖြစ်လာ နိုင် ပါတယ် ။ မာကိုဆေးလ်ဗား မှာ ဖိအား အကြီးကြီး ရှိ နေပြီး စပါး ဆီကနေ အမှတ် ခွဲယူ ပေးဖို့ ရရာ နည်းလမ်း နဲ့ ကြိုးစား မှာ သေချာ ပါတယ် ။ စပါး မှာ လည်း သိပ်ပြီး ထူးမခြားနား ပါပဲ ။ လီဗာပူး နဲ့ ပွဲမှာ ကစားပုံ မဆိုးခဲ့ ပေမယ့် ခံစစ် ပိုင်း ကတော့ အားနည်းချက် ရှိနေ ပါတယ် ။ ဖိအားချင်း တူပေမယ့် အိမ်ကွင်းလည်း ဖြစ်တဲ့ အဲဗာတန် ဘက်မှာ ပဲ ရပ်တည် ချင် ပါတယ် ။
ခန့်မှန်းချက် – အဲဗာတန် ၂ – ၁ စပါး

အခြား ပွဲစဉ် ခန့်မှန်းမှု ရလဒ်များ –

၇ ။ ဘရိုက်တန် ၂ – ၁ နောဝှစ်ချ်

၈ ။ ရှက်ဖီး ယူနိုက်တက် ၀ – ၁ ဘန်လေ

၉ ။ ဝက်စ်ဟမ်း ၂ – ၁ နယူးကာဆယ်

၁၀ ။ ပဲလေ့စ် ၁ – ၁ လက်စတာ စီးတီး

SPORTS MYANMAR