ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ ဘုန်းမောက် အသင်းက ယူနိုက်တက် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။Vitality ကွင်းကြီးမှာ ကစားသွားခဲ့တဲ့ ဒီပွဲ မှာ အိမ်ရှင် ဘုန်းမောက်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဂျိုရှူအာကင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက် အသင်းဟာ နောက်ဆုံးပြိုင် ပွဲစုံ ၅ပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၃ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့မှုကို အခုပွဲမှာချေဖြတ်နိုင်လိုက်တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကတော့ နောက်ဆုံးပြိုင်ပွဲစုံ၃ ပွဲဆက်မှာအဝေးကွင်းပွဲတွေချည်းကစားခဲ့ရပြီး နိုင်ပွဲဆက်နေခဲ့မှု ဒီပွဲမှာရပ်တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဆိုးရွားတဲ့ ရာသီ အစ ကို ကြုံတွေ့ထားခဲ့ရအပြီးမှာ ဆက်တိုက်နိုင်ပွဲတွေ ပြန်ရလာပြီး အမှတိပေးဇယားထိပ်ပိုင်းကို ပြန်လည်တက်ရောက် လာနေခဲ့ပေမယ့် ဒီပွဲမှာ ရှံုးပွဲပြန်တွေ့ခဲ့တာဖြစ်ပါတယ်။အခုပွဲမှာ နှစ်သင်းလုံး အပိုင် အခွင့်အရေးရရှိမှု နည်းပါခဲ့ပြီး ဘုန်းမောကအသင်းအတွက် အကောင်းဆုံး အခွင့်အရေးက နေ ဂျိုရှူအာကင်းက ဂိုးရအောင် စွမ်းဆောင်သွားခဲ့တာဖြစ်ပါတယ်။ဂိုးပေါက်နဲ့ နောက်ပြန် အနေအထားမှာဘောလုံးကို ရယူပြီး လူကပ်ကစားနေတဲ့ ယူနိုက်တက် ခံစစ်မှူးတွေကို ကျော်ယူအပြီး မှာ အနီးကပ် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ဒီဂိုးမှာ ဂျိုရှုအာကင်းရဲ့ အရည်အသွေးကို ချီးကျူးရမှာဖြစ်သလို ယူနိုက်တက် ခံစစ်မှူး တွေရဲ့ လိုအပ်ချက်ကိုပါမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ခံစစ် မှူး ဟောင်း တဦးဖြစ်တဲ့ ဖာဒီနန်ကတော့ ဒီ ဂိုးအတွက် ခံစစ်အစွန်ကစား ဘစ်ဆာကာ ရဲ့ ပါးနပ်မှု မရှိမှုကို အပြစ်တင်လိုက်ပါတယ်။ဘောလုံးကိုရဖို့ကြိုးစားခြင်းထက် သည်းခံစောင့်ဆိုင်းပြီး ဖြတ်ထုတ်ခဲ့သင့်တယ်လို့ ဖာဒီနန်က ထောက်ပြခဲ့တာဖြစ်ပါတယ်။BT Sport ရဲ့ အစီအစဉ် တခုမှာ ဖာဒီနန်က – ” ဒီ လို အနေအထား မျိုးမှာ သူ ( ဘစ်ဆာကာ ) အနေနဲ့ ဘောလုံးကို ဖြတ်ထုတ်ဖို့ သည်း ခံပြီး စောင့်ဆိုင်း နေခဲ့သင့်တာဖြစ်ပါတယ်။အတင်းဝင်မလုပဲ တကယ်သည်းခံဖို့ လိုခဲ့တာဖြစ်ပါတယ်။

ဒီလို ဂိုးဧရိယာ အတွင်းမှာ ဆိုရင် အခြေအနေအရပ် ရပ်ကို စိတ်အေး လက်အေး နဲ့ ကစားဖို့ကို စိတ်ထဲမှာ တွေးထားဖို့ လိုပါတယ်။ဘယ်လို အရာမျိုး ကိုပဲ ဖြစ်ဖြစ် အလျင် စလို လုပ်လိုက် လို့ မဖြစ်ပါဘူး။ဒီဂိုးမှာ ဆိုရင် အဲ့ ဒီတိုက်စစ်မှူးက ဂိုးပေါက်ကို ကျောပေးနေတာဖြစ်ပါတယ်။ဒါဆိုရင် သူက ဘယ်လို ရွေ့လျားမှုမျိုးကိုလုပ်သွားမှာပါလဲ။သူရွေ့လျားမှု လုပ်လုပ် ချင်းပဲ လိုက်ပြီး တုန့်ပြန်ရမှာ ဖြစ်ပါတယ်။သူ့ရဲ့ ကန်ချက်ကို ပိတ်ဆို့တားဆီး ဖို့ ကြိုးစား ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘစ်ဆာကာ ကတော့ ဘာကို လုပ်ဆောင်ခဲ့ပါသလဲ။ဂျိုရှူအာကင်းရဲ့ ဘေးဘက်ကနေ ကိုက်စားမတတ်ကို လိုက်ကပ်နေခဲ့ပါတယ်။ဒါကြောင့်ကင်း က သူ့ကို လှည့်စားနိုင်မယ်ဆိုတာ သဘောပေါက်သွားပြီး ကျော်ယူပြီး အကောင်းဆုံးအဆုံးသတ်သွားခဲ့ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။ယူနိုက်တက် အသင်းဟာ ကြားရက် အတွင်းမှာတော့ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ် အဖြစ် ပါတီဇန်အသင်းကို အိုးထရပ်ဖို့ဒ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။အဲ့ဒီနာက်မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ်ဘရိုက်တန် အသင်းကို အိုးထရက်ဖို့ဒ်မှာပဲ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

SM