ဘရာဇီး လူငယ် တိုက်စစ် ကစားသမားလေး ဗီနီဆီယပ် ကတော့ ပီအက်စ်ဂျီ အသင်း ရဲ့ လူငယ် ကြယ်ပွင့် ဘာပေ ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ လာရောက် ကစားဖွယ် ရှိနေကြောင်း အရိပ်အမြွက် ပြောကြား လိုက်ပါတယ် ။
အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ဗီနီစီယပ် ဟာ ပြင်သစ် သတင်း ဌာနတစ်ခု ဖြစ်တဲ့ Telefoot နဲ့ အင်တာဗျူးမှာ ပီအက်စ်ဂျီ စတား ဘာပေ ဟာ မကြာတော့တဲ့ အချိန်မှာ ရီးရဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့ လာလိမ့်မယ်လို့ အခိုင်အမာ ပြောကြား သွား ခဲ့ ပါ တယ် ။
ဗီနီစီယပ် က Telefoot နဲ့ အင်တာဗျူးမှာ ဘာပေ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ” အနာဂတ်မှာ အမ်ဘာပေ ဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ရောက်လာ နိုင်ပါတယ် ။ မကြာတော့တဲ့ အချိန်မှာ သူရောက်လာလိမ့်မယ်လို့လည်း ကျနော် ထင်ပါတယ် ။ ”
” ရီးရဲလ် မက်ဒရစ် အသင်း ပရိသတ်တွေ အားလုံးကတော့ ဘာပေ ကို အသင်းမှာ မြင်တွေ့ ချင်ကြမှာပါပဲ ။ မက်ဒရစ် ပရိသတ်တွေ မှ မဟုတ်ပါဘူး ၊ တခြား အသင်း ပရိသတ်တွေ အားလုံးကော ပါပဲ ။ ”

” ကျနော် နဲ့ သူ အပြင်မှာ မရင်းနှီးပေမယ့် အင်စတာဂရမ်မှာတော့ တစ်ယောက် နဲ့ တစ်ယောက် မက်ဆေ့ခ်ျ ပို့ပြီး စကား ပြောဖြစ်ကြပါတယ် ။ သူက ကျနော် လေးစားရတဲ့ ကစားသမားပါ ၊ ဆုဖလား အောင်မြင်မှုတွေလည်း အများကြီး ရယူ ထားနိုင်ပါတယ် ။ သူသာ ကျနော်တို့ အသင်းကို လာမယ်ဆို အရမ်းကောင်းသွားမှာပါ ။ ” လို့ ဆိုပါတယ် ။
စပိန်က လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ ကြယ်စင်စု အသင်းကို တည်ဆောက်ဖို့ ရည်ရွယ်နေပြီး ပီအက်စ်ဂျီ စတား အမ်ဘာပေ ကို အဓိက ပစ်မှတ်ထား ခေါ်ယူ သွားမယ်လို့ သိရပါတယ် ။
ရီးရဲလ် မက်ဒရစ် အသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ချဲလ်ဆီး တောင်ပံ ကစားသမား အီဒင် ဟာဇက် ကို ပေါင် သန်း ၁၃၀ နဲ့ ခေါ် ယူ ထား ပြီး လိာယ့် နှစ် နွေ ရာ သီ အ ပြောင်း အ ရွှေ့ မှာ ဘာပေ ကို ခေါ် ယူ ဖွယ် ရှိ နေ ပါ တယ် ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အမ်ဘာပေ ဟာ ပီအက်စ်ဂျီ အသင်း အတွက် ပြိုင်ပွဲစုံ ၈၇ ပွဲ ကစားပေးထားပြီး ဂိုး ၆၀ အထိ သွင်းယူထား နိုင်ကာ ဂိုးဖန်တီးမှု ၃၂ ကြိမ် အထိ ပြုလုပ်ထားပါတယ် ။ ဒါ့အပြင် ဘာပေ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ ပြင်သစ် လီဂူး ၁ ဖလား နှစ်ကြိမ် ရယူထားနိုင်သလို ပြင်သစ် လက်ရွေးစင် အသင်းကြီးနဲ့လည်း ကမ္ဘာ့ဖလား ရယူထားနိုင်ပါတယ် ။
SPORTS MYANMAR