Unicode

ယမန်နေ့ ညပိုင်းမှာ ကစား သွားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ လီဗန်တေး အသင်းက ဘာစီလိုနာ အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် ဘာစီလိုနာ အသင်းက ပထမပိုင်း မှာရခဲ့တဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၈မိနစ်အတွင်း ၃ဂိုးပြန်ပေးခဲ့ရပြီး ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၈ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပြီး ပွဲချိန် ၆၁မိနစ်မှာကမ်ပါနာ၊ပွဲချိန် ၆၃မိနစ်မှာ မေယာရယ်၊ ပွဲချိန် ၆၈ မိနစ်မှာရာဒိုဂျာတို့က အိမ်ရှင် လီဗန်တေး အတွက်ပြန်သွင်းပေးခဲ့တာဖြစ်ပါတယ်။အခုနွေမှာ အေတီကို အသင်းကနေယူရိုသန်း ၁၂၀ အထိပေးချေခေါ်ယူထားခဲ့တဲ့ ဂရစ်ဇ်မန်းကို ဘာစီလိုနာ ဖန်တွေ က အများကြီးမျှော်လင့်ထားခဲ့ပေမယ့် ထင်သလောက် ဖြစ်မလာသေးသလို ဝေဖန်ပြစ်မှုတွေ ကိုပါ ခံနေရပြီလည်းဖြစ်ပါတယ်။

လီဗန်တေး နဲ့ ပွဲစဉ်ကို အရေးနိမ့်ခဲ့ရ ပေမယ့် ဘာစီလိုနာ အသင်းမှာ ဘာအကြောင်းပြချက်မှာ မရှိဘူးလို့ဂရစ်ဇ်မန်းကဆိုပါတယ်။ဒါပေမယ့် သူတို့အသင်းဟာအခုပွဲမှာ မလုပ်ဆောင်နိုင်ပဲ ပျောက်ဆုံး ခဲ့တဲ့ အရာတွေ အများကြီးရှိနေခဲ့တယ်လို့ သူကဝန်ခံသွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ ဂရစ်ဇ်မန်းက – ” ကျွန်တော်တို့မှာဘယ်လိုအကြောင်းပြ ဖြေရှင်းချက် မျိုးမှ မရှိပါဘူး။ကျွန်တော်တို့ ဒီပွဲမှာဘာအမှား တွေ လုပ်ခဲ့တယ်ဆိုတာကို ပြန်ကြည့်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ရဦး မှာဖြစ်ပါတယ်။ဒီရှုံးပွဲ မှာ ဘောလုံး ကစားပုံ နဲ့ ပတ်သက်ပြီး ပြသနာရှိနေတာလား၊ စိတ်နေသဘောထားနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေရှိခဲ့တာလား တခြားအရာတွေ ဘာတွေဖြစ်ခဲ့လဲတော့ မသိပါဘူး။ဆယ်မိနစ်လောက် အတွင်းမှာပဲပေးဂိုး ၃ ဂိုး အထိပေး ခဲ့ရတာဖြစ်ပါတယ်။ဒါဟာဘာကြောင့်လည်းဆိုတော့ ဘောလုံး ကစားပုံပိုင်းဆိုင်ရာနဲ့ တခြားကိစ္စ တွေကြောင့် ဖြစ်ပါတယ်။ဒါပေမယ့် လည်း ဒီလို မျိုးက ဘောလုံးပွဲတပွဲမှာ ဖြစ်ပျက်တတ်တဲ့ အရာတခုဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ အေတီကို အသင်းရဲ့ အကောင်းဆုံး ကစားသမား တဦးဖြစ်ခဲ့ပေမယ့် ဘာစီလိုနာ အသင်းကိုရောက်လာအပြီးမှာတော့ ပုံစံကောင်းရဖို့ ရုန်းကန်နေရသေးတာဖြစ်ပါတယ်။ ဒီီအတွက်ဝေဖန်ပြစ်တင်ခံနေရတဲ့ အပေါ် နားလည်နိုင်တယ်လို့ လည်း ဂရစ်ဇ်မန်းက ဆိုပါတယ်။

သူကဆက်လက်ပြီး – ” ကျွန်တော်ဟာ ကြီးကျယ်ခန်းနားတဲ့ ကစားသမားတဦးဖြစ်တယ်ဆိုတာ အေတီကိုမှာ ပြသထားခဲ့ပြီးပါပြီ။ကစားသမားတယောက် ဟာ အသင်းနဲ့ ဖြည်းဖြည်းချင်း အထိုင်ကျဖို့နဲ့ နည်းစနစ်တွေကိုနားလည် အသားကျဖို့လုပ်ရတာဖြစ်ပါတယ် ” လို့ပြောသွာခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် လာလီဂါ ၁၀ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီး ၃ကြိမ်စွမ်းဆောင်ပေးထားပါတယ်။လတ်တလောတိုက်စစ် မှာ အခြေအနေတွေက ထင်ထားသလောက်အလုပ်မဖြစ်သေးပေမယ့် ရတဲ့နေရာကနေအသင်းကို ကူညီဖို့ဆက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးသူက- ” ဆီမြွန်ဏီ က ကျွန်တော့်ကိုဒါကို သင်ပေးထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဟာ ဒီအသင်းကို ကူညီပေးဖို့ ရောက်နေတာပါ။ခံစစ်မှာ အလုပ်လုပ်နေရတာဖြစ်ဖြစ် တိုက်စစ်အတွက်ပဲဖြစ်ဖြစ်ပေါ့ဗျာ ” လိုု့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

” က်ြန္ေတာ္တို႔ ဘာစီလိုနာလိုအသင္းမွာအေျကာင္းျပေျဖရွင္းခ်က္ဆုိတာ မရွိပါဘူး ” #ဂရစ္ဇ္မန္း
=====================================

ယမန္ေန႔ ညပိုင္းမွာ ကစား သြားခဲ႔တဲ႔ လာလီဂါ ပြဲစဥ္ မွာ လီဗန္ေတး အသင္းက ဘာစီလိုနာ အသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ဒီပြဲမွာ ဧည့္သည္ ဘာစီလိုနာ အသင္းက ပထမပိုင္း မွာရခဲ႔တဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ ၈မိနစ္အတြင္း ၃ဂိုးျပန္ေပးခဲ႔ရျပီး ဂိုးျပတ္အေရးနိမ့္ခဲ႔ရတာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းအတြက္ ဦးေဆာင္ဂိုးကို ပြဲခ်ိန္ ၃၈ မိနစ္မွာ မက္ဆီက ပင္နယ္တီကေန သြင္းယူခဲ႕တာ ျဖစ္ျပီး ပြဲခ်ိန္ ၆၁မိနစ္မွာကမ္ပါနာ၊ပြဲခ်ိန္ ၆၃မိနစ္မွာ ေမယာရယ္၊ ပြဲခ်ိန္ ၆၈ မိနစ္မွာရာဒိုဂ်ာတို႔က အိမ္ရွင္ လီဗန္ေတး အတြက္ျပန္သြင္းေပးခဲ႕တာျဖစ္ပါတယ္။အခုေႏြမွာ ေအတီကို အသင္းကေနယူရိုသန္း ၁၂၀ အထိေပးေခ်ေခၚယူထားခဲ႔တဲ႕ ဂရစ္ဇ္မန္းကို ဘာစီလိုနာ ဖန္ေတြ က အမ်ားျကီးေမွ်ာ္လင့္ထားခဲ႔ေပမယ့္ ထင္သေလာက္ ျဖစ္မလာေသးသလို ေဝဖန္ျပစ္မွဳေတြ ကိုပါ ခံေနရျပီလည္းျဖစ္ပါတယ္။

လီဗန္ေတး နဲ႕ ပြဲစဥ္ကို အေရးနိမ့္ခဲ႔ရ ေပမယ့္ ဘာစီလိုနာ အသင္းမွာ ဘာအေျကာင္းျပခ်က္မွာ မရွိဘူးလို႔ဂရစ္ဇ္မန္းကဆိုပါတယ္။ဒါေပမယ့္ သူတို႔အသင္းဟာအခုပြဲမွာ မလုပ္ေဆာင္ႏိုင္ပဲ ေပ်ာက္ဆံုး ခဲ႔တဲ႕ အရာေတြ အမ်ားျကီးရွိေနခဲ႔တယ္လို႕ သူကဝန္ခံသြားခဲ႕ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးတခုမွာ ဂရစ္ဇ္မန္းက – ” က်ြန္ေတာ္တို႔မွာဘယ္လိုအေျကာင္းျပ ေျဖရွင္းခ်က္ မ်ိဳးမွ မရွိပါဘူး။က်ြန္ေတာ္တို႕ ဒီပြဲမွာဘာအမွား ေတြ လုပ္ခဲ႔တယ္ဆိုတာကို ျပန္ျကည့္ျပီး ကိုယ့္အလုပ္ကုိယ္ျပန္လုပ္ရဦး မွာျဖစ္ပါတယ္။ဒီရွံုးပြဲ မွာ ေဘာလံုး ကစားပံု နဲ႔ ပတ္သက္ျပီး ျပသနာရွိေနတာလား၊ စိတ္ေနသေဘာထားနဲ႔ပတ္သက္ျပီး အဆင္မေျပတာေတြရွိခဲ႔တာလား တျခားအရာေတြ ဘာေတြျဖစ္ခဲ႔လဲေတာ့ မသိပါဘူး။ဆယ္မိနစ္ေလာက္ အတြင္းမွာပဲေပးဂိုး ၃ ဂိုး အထိေပး ခဲ႔ရတာျဖစ္ပါတယ္။ဒါဟာဘာေျကာင့္လည္းဆိုေတာ့ ေဘာလံုး ကစားပံုပိုင္းဆိုင္ရာနဲ႔ တျခားကိစၥ ေတြေျကာင့္ ျဖစ္ပါတယ္။ဒါေပမယ့္ လည္း ဒီလို မ်ိဳးက ေဘာလံုးပဲြတပြဲမွာ ျဖစ္ပ်က္တတ္တဲ႔ အရာတခုျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ဂရစ္ဇ္မန္းဟာ ေအတီကို အသင္းရဲ႕ အေကာင္းဆံုး ကစားသမား တဦးျဖစ္ခဲ႔ေပမယ့္ ဘာစီလိုနာ အသင္းကိုေရာက္လာအျပီးမွာေတာ့ ပံုစံေကာင္းရဖို႔ ရုန္းကန္ေနရေသးတာျဖစ္ပါတယ္။ ဒီီအတြက္ေဝဖန္ျပစ္တင္ခံေနရတဲ႕ အေပၚ နားလည္ႏိုင္တယ္လို႔ လည္း ဂရစ္ဇ္မန္းက ဆိုပါတယ္။

သူကဆက္လက္ျပီး – ” က်ြန္ေတာ္ဟာ ျကီးက်ယ္ခန္းနားတဲ႕ ကစားသမားတဦးျဖစ္တယ္ဆိုတာ ေအတီကိုမွာ ျပသထားခဲ႔ျပီးပါျပီ။ကစားသမားတေယာက္ ဟာ အသင္းနဲ႕ ျဖည္းျဖည္းခ်င္း အထိုင္က်ဖို႔နဲ႔ နည္းစနစ္ေတြကိုနားလည္ အသားက်ဖို႕လုပ္ရတာျဖစ္ပါတယ္ ” လို႔ေျပာသြာခ႔ဲပါတယ္။

ဂရစ္ဇ္မန္းဟာ ဒီရာသီမွာ ဘာစီလိုနာအတြက္ လာလီဂါ ၁၀ပြဲပါဝင္ကစားေပးထားျပီး သြင္းဂိုး ၄ဂိုးနဲ႔ ဂိုးဖန္တီး ၃ျကိမ္စြမ္းေဆာင္ေပးထားပါတယ္။လတ္တေလာတိုက္စစ္ မွာ အေျခအေနေတြက ထင္ထားသေလာက္အလုပ္မျဖစ္ေသးေပမယ့္ ရတဲ႔ေနရာကေနအသင္းကို ကူညီဖို႔ဆက္ျကိုးစားသြားမယ္လို႕ဆိုပါတယ္။

ဒီအေျကာင္းနဲ႔ပတ္သက္ျပီးသူက- ” ဆီျမြန္ဏီ က က်ြန္ေတာ့္ကိုဒါကို သင္ေပးထားခဲ့တာျဖစ္ပါတယ္။က်ြန္ေတာ္ဟာ ဒီအသင္းကို ကူညီေပးဖို႔ ေရာက္ေနတာပါ။ခံစစ္မွာ အလုပ္လုပ္ေနရတာျဖစ္ျဖစ္ တုိက္စစ္အတြက္ပဲျဖစ္ျဖစ္ေပါ့ဗ်ာ ” လိုု႔ေျပာသြားခဲ႔ပါတယ္။

SPORTS MYANMAR