ေနမာ ရဲ႕ PSG နဲ႔ ဘရာဇီး အသင္း ေဖာ္ မာကြင္ဟို က ျပင္သစ္ လီဂူး ၀မ္း ရဲ႕ ခ်န္ပီယံ ဟာ ဘရာဇီး စတား ကို ဆက္ၿပီး ထိန္းထား ႏုိင္ဖို႔ အတြက္ အခက္ အခဲ ေတြ နဲ႔ ႀကဳံေတြ႕ ရႏုိင္ တယ္ လို႔ သံုးသပ္ ေျပာဆို သြားခဲ့ ပါတယ္ ။ ေနမာ ဟာ PSG အသင္း ကေန ဘာစီလိုနာ ထံ ျပန္လည္ ေျပာင္းေရႊ႕ ဖုိ႔ အတြက္ စိတ္ကူး ထားၿပီး ယခု အေျပာင္း အေရႊ႕ ကာလ အတြင္းမွာ တင္ စပိန္ ကို ျပန္ေရာက္ လာႏုိင္ဖြယ္ ရွိေန ပါတယ္ ။

PSG ဟာ ေနမာ ကို ၂၀၁၇ ခုႏွစ္ တုန္းက ဘာစီလုိနာ က ေန စာခ်ဳပ္ ဖ်က္သိမ္းေၾကး ယူရို ၂၂၂ သန္း ကို ေပးေခ် ကာ ေခၚယူ ခဲ့တာ ျဖစ္ၿပီး ျပင္သစ္ ၿမဳိ႕ေတာ္ ရဲ႕ စတား တစ္ဦး ျဖစ္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ေနမာ ဟာ ပဲရစ္ မွာ သူ ေမွ်ာ္လင့္ ထား တဲ့ ခ်န္ပီယံ လိဂ္ ေအာင္ျမင္မႈ ၊ ကမၻာ့ အေကာင္းဆံုး ကစား သမား ဆု ေတြ ကို မရရွိ ခ့ဲတဲ့ အျပင္ ဇာတ္လိုက္သစ္ ျဖစ္လာ တဲ့ ဘာေပ ေၾကာင့္ ေပ်ာ္ရႊင္မႈ ေတြ ဆိတ္သုန္း လာခဲ့ရ ပါတယ္ ။

စိတ္ပ်က္ မႈေတြ နဲ႔ က်ရွဳံးမႈ ေတြ ဆက္တိုက္ ျဖစ္လာ အၿပီး မွာေတာ့ ေနမာ တစ္ေယာက္ တစ္ခ်ိန္ က ေအာင္ျမင္မႈ ေတြ ရယူ ခဲ့တဲ့ ဘာစီလုိနာ ဆီ ကို ျပန္သြား ဖို႔ စိတ္ပုိင္း ျဖတ္ခဲ့ တယ္ လို႔ သိရ ပါတယ္ ။ လက္ရွိ အခ်ိန္ အထိ ေနမာ ဘာစီလုိနာ ကို ျပန္မယ့္ သတင္း ဟာ က်ယ္က်ယ္ ေလာင္ေလာင္ ျဖစ္ေနၿပီး ကစား သမား ဟာ ပဲရစ္ ကို ျပန္လာ ေတာ့မွာ မဟုတ္ဘူးလို႔ ေတာင္ ေျပာဆို အသိေပးထား တယ္ လို႔ သတင္းေတြ ထြက္ေန ခဲ့ ပါတယ္ ။

ေနမာ နဲ႔ ကလပ္ တူ ႏိုင္ငံတူ အသင္းေဖာ္ ျဖစ္တဲ့ မာကြင္ဟို ကေတာ့ PSG အေနနဲ႔ ေနမာ ကို ဆက္ၿပီး ထိန္းထား ႏုိင္ဖို႔ ေတာ္ေတာ္ ေလး ခက္ခက္ ခဲခဲ လုပ္ေဆာင္ ရဖြယ္ ရွိတယ္ လို႔ ထင္မိ ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“ေနမာ အသင္း မွာ ဆက္ရွိ ေနမယ္ လုိ႔ ကြ်န္ေတာ္ ေမွ်ာ္လင့္ ထား ပါတယ္ ။ သူ ဟာ အေရးပါ တဲ့ ကစား သမားပါ ။ ေနမာ လုိ ကစား သမား မ်ဳိး ကို ရ ေအာင္ ရွာဖို႔ ဆုိတာ သိပ္ ကို ခက္ခဲ ပါတယ္ ။ သူ႔လုိ လူမ်ဳိး ကို လည္း အသင္းမွာ ေပ်ာ္ေအာင္ ထိန္းထား ႏုိင္ဖို႔ မလြယ္ ပါဘူး ။ ကြ်န္ေတာ္ ကေတာ့ သူ ဆက္ရွိေန ဖို႔ ပဲ ေမွ်ာ္လင့္ ပါတယ္”

“ကြ်န္္ေတာ္ က ေနမာ ကို အသင္းရဲ႕ အေရးပါ တဲ့ ကစား သမား တစ္ေယာက္ အျဖစ္ နဲ႔ သာ မကပါဘူး ၊ မိတ္ေဆြ တစ္ေယာက္ ၊ ရင္းႏွီးသူ တစ္ေယာက္ အေနနဲ႔ လည္း ဆက္ၿပီး ရွိေန ေစခ်င္ တာပါ ။ သူ ဆက္ေန မယ္ လို႔ ေမွ်ာ္လင့္ ပါတယ္” လို႔ မာကြင္ဟို က ေနမာ ဆက္ရွိေန ဖုိ႔ ေမွ်ာ္လင့္ ေၾကာင္း ကို ထပ္ခါ ထပ္ခါ ေျပာဆို သြားခဲ့ ပါတယ္ ။

ေနမာ ဟာ လက္ရွိ အခ်ိန္ မွာ ဒဏ္ရာ ေၾကာင့္ အနားယူ ေနရၿပီး မိခင္ ေျမ ေပၚမွာ က်င္းပ တဲ့ ကိုပါ အေမရိက ၿပဳိင္ပြဲ ကိုလည္း လြဲေခ်ာ္ ခဲ့ရ ပါတယ္ ။ ဘရာဇီးသာ ဒီၿပဳိင္ပြဲ မွာ ဗိုလ္စြဲ ခဲ့မယ္ ဆိုရင္ေတာ့ ေနမာ ရဲ႕ စိတ္ပ်က္ မႈ ေတြ ဟာ အထြဋ္ အထိပ္ ကို ေရာက္ သြားမွာ အေသ အခ်ာ ပါပဲ ။

PSG ကေတာ့ ေနမာ ကို မျဖစ္မေန ေရာင္းထုတ္ လုိက္ရပါက ယူရို သန္း ၃၀၀ အထိ ရရွိ ဖို႔ ေမွ်ာ္လင့္ ထားၿပီး ဘာစီလုိနာ ဘက္ ကေတာ့ ေကာ္တင္ဟို ၊ ဒမ္ဘီလီ စတဲ့ ကစား သမားေတြ နဲ႔ ေငြသား အလုိက္ေပးကာ ေခၚယူ သြားဖို႔ လုိလား ေနတယ္ လို႔ သိရ ပါတယ္ ။

SPORTS MYANMAR

Unicode

PSG အနေနဲ့ နေမာ ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ မလွယ်ကူကြောင်း မာကွင်ဟို သုံးသပ်ပြောဆို

========================================

နေမာ ရဲ့ PSG နဲ့ ဘရာဇီး အသင်း ဖော် မာကွင်ဟို က ပြင်သစ် လီဂူး ၀မ်း ရဲ့ ချန်ပီယံ ဟာ ဘရာဇီး စတား ကို ဆက်ပြီး ထိန်းထား နိုင်ဖို့ အတွက် အခက် အခဲ တွေ နဲ့ ကြုံတွေ့ ရနိုင် တယ် လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။ နေမာ ဟာ PSG အသင်း ကနေ ဘာစီလိုနာ ထံ ပြန်လည် ပြောင်းရွှေ့ ဖို့ အတွက် စိတ်ကူး ထားပြီး ယခု အပြောင်း အရွှေ့ ကာလ အတွင်းမှာ တင် စပိန် ကို ပြန်ရောက် လာနိုင်ဖွယ် ရှိနေ ပါတယ် ။

PSG ဟာ နေမာ ကို ၂၀၁၇ ခုနှစ် တုန်းက ဘာစီလိုနာ က နေ စာချုပ် ဖျက်သိမ်းကြေး ယူရို ၂၂၂ သန်း ကို ပေးချေ ကာ ခေါ်ယူ ခဲ့တာ ဖြစ်ပြီး ပြင်သစ် မြို့တော် ရဲ့ စတား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် နေမာ ဟာ ပဲရစ် မှာ သူ မျှော်လင့် ထား တဲ့ ချန်ပီယံ လိဂ် အောင်မြင်မှု ၊ ကမ္ဘာ့ အကောင်းဆုံး ကစား သမား ဆု တွေ ကို မရရှိ ခဲ့တဲ့ အပြင် ဇာတ်လိုက်သစ် ဖြစ်လာ တဲ့ ဘာပေ ကြောင့် ပျော်ရွှင်မှု တွေ ဆိတ်သုန်း လာခဲ့ရ ပါတယ် ။

စိတ်ပျက် မှုတွေ နဲ့ ကျရှုံးမှု တွေ ဆက်တိုက် ဖြစ်လာ အပြီး မှာတော့ နေမာ တစ်ယောက် တစ်ချိန် က အောင်မြင်မှု တွေ ရယူ ခဲ့တဲ့ ဘာစီလိုနာ ဆီ ကို ပြန်သွား ဖို့ စိတ်ပိုင်း ဖြတ်ခဲ့ တယ် လို့ သိရ ပါတယ် ။ လက်ရှိ အချိန် အထိ နေမာ ဘာစီလိုနာ ကို ပြန်မယ့် သတင်း ဟာ ကျယ်ကျယ် လောင်လောင် ဖြစ်နေပြီး ကစား သမား ဟာ ပဲရစ် ကို ပြန်လာ တော့မှာ မဟုတ်ဘူးလို့ တောင် ပြောဆို အသိပေးထား တယ် လို့ သတင်းတွေ ထွက်နေ ခဲ့ ပါတယ် ။

နေမာ နဲ့ ကလပ် တူ နိုင်ငံတူ အသင်းဖော် ဖြစ်တဲ့ မာကွင်ဟို ကတော့ PSG အနေနဲ့ နေမာ ကို ဆက်ပြီး ထိန်းထား နိုင်ဖို့ တော်တော် လေး ခက်ခက် ခဲခဲ လုပ်ဆောင် ရဖွယ် ရှိတယ် လို့ ထင်မိ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“နေမာ အသင်း မှာ ဆက်ရှိ နေမယ် လို့ ကျွန်တော် မျှော်လင့် ထား ပါတယ် ။ သူ ဟာ အရေးပါ တဲ့ ကစား သမားပါ ။ နေမာ လို ကစား သမား မျိုး ကို ရ အောင် ရှာဖို့ ဆိုတာ သိပ် ကို ခက်ခဲ ပါတယ် ။ သူ့လို လူမျိုး ကို လည်း အသင်းမှာ ပျော်အောင် ထိန်းထား နိုင်ဖို့ မလွယ် ပါဘူး ။ ကျွန်တော် ကတော့ သူ ဆက်ရှိနေ ဖို့ ပဲ မျှော်လင့် ပါတယ်”

“ကျွန််တော် က နေမာ ကို အသင်းရဲ့ အရေးပါ တဲ့ ကစား သမား တစ်ယောက် အဖြစ် နဲ့ သာ မကပါဘူး ၊ မိတ်ဆွေ တစ်ယောက် ၊ ရင်းနှီးသူ တစ်ယောက် အနေနဲ့ လည်း ဆက်ပြီး ရှိနေ စေချင် တာပါ ။ သူ ဆက်နေ မယ် လို့ မျှော်လင့် ပါတယ်” လို့ မာကွင်ဟို က နေမာ ဆက်ရှိနေ ဖို့ မျှော်လင့် ကြောင်း ကို ထပ်ခါ ထပ်ခါ ပြောဆို သွားခဲ့ ပါတယ် ။

နေမာ ဟာ လက်ရှိ အချိန် မှာ ဒဏ်ရာ ကြောင့် အနားယူ နေရပြီး မိခင် မြေ ပေါ်မှာ ကျင်းပ တဲ့ ကိုပါ အမေရိက ပြိုင်ပွဲ ကိုလည်း လွဲချော် ခဲ့ရ ပါတယ် ။ ဘရာဇီးသာ ဒီပြိုင်ပွဲ မှာ ဗိုလ်စွဲ ခဲ့မယ် ဆိုရင်တော့ နေမာ ရဲ့ စိတ်ပျက် မှု တွေ ဟာ အထွဋ် အထိပ် ကို ရောက် သွားမှာ အသေ အချာ ပါပဲ ။

PSG ကတော့ နေမာ ကို မဖြစ်မနေ ရောင်းထုတ် လိုက်ရပါက ယူရို သန်း ၃၀၀ အထိ ရရှိ ဖို့ မျှော်လင့် ထားပြီး ဘာစီလိုနာ ဘက် ကတော့ ကော်တင်ဟို ၊ ဒမ်ဘီလီ စတဲ့ ကစား သမားတွေ နဲ့ ငွေသား အလိုက်ပေးကာ ခေါ်ယူ သွားဖို့ လိုလား နေတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR