Unicode

အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က ဘာစီလိုနာ အသင်းဟာ မက်ဆီ တစ်ခုခုကို လုပ်ပြမှာကို စောင့်မျှော်နေပုံ ပေါက်နေကြောင်း နဲ့ သူတို့ရဲ့ အသင်းလိုက် ကစားပုံဟာ ပျောက်ဆုံးနေကြောင်း ဝေဖန် သုံးသပ် သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ မနေ့ညက အိမ်ကွင်း နူးကမ့်မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် ချက်ကလပ် ဆလားဗီးယား ပါရက် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားခဲ့ပြီး ဂိုးမရှိ သရေ ရလဒ်သာ ရယူနိုင်ခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ လာလီဂါမှာ လီဗန်တေး အသင်းကို ဂိုးပြတ် ရှုံးနိမ့် ထားတာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အနိုင်ရလဒ် ပြန်လည် ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆလားဗီးယား နောက်တန်း နဲ့ ဂိုးသမားကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာကြောင့် နှစ်ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ပါတယ်။

ဂန်းနား နည်းပြဟောင်း အာဆင်ဝင်းဂါးက beIN SPORTS ရဲ့ပွဲပြီး သုံးသပ်မှု အစီအစဉ်မှာ ” သူတို့ (ဘာစီလိုနာ ) အသင်းက ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးမှာ ဦးဆောင်နေသလို ချန်ပီယံလိဂ် အုပ်စုမှာလည်း ပထမနေရာမှာ ရပ်တည် နေတဲ့အသင်းပါ ။ ဒါပေမယ့် သူတို့ရဲ့ အသင်းလိုက် ကစားပုံက ကပ်ဆိုက် နေသလိုပါပဲ ။ ”

” သူတို့ရဲ့ ကစားပုံက အရမ်း နှေးကွေး လွန်းပါတယ် ၊ နောက်ပြီး ပြိုင်ဘက် ဂိုးဧရိယာ အနားမှာလည်း မြန်ဆန်တဲ့ ဘောလုံး ပေးပို့မှုတွေ ၊ လက်ခံမှုတွေ မတွေ့ရပါဘူး ၊ တစ်ကိုယ်တော် စွမ်းရည်တွေနဲ့ပဲ ထိုးဖောက် နေကြတာပါ ။ သူတို့ အသင်း ဘောလုံး ဆုံးရှုံး သွားတိုင်း တန်ပြန် တိုက်စစ်ကနေ ဂိုးပေးရတော့တာပါပဲ ။ ”

” အကြောင်းကတော့ သူတို့အနေနဲ့ ပြိုင်ဘက် ကစားသမားတွေရဲ့ လျင်မြန်မှုကို ထိန်းချုပ် ဟန့်တားနိုင်စွမ်း မရှိလို့ပါ ၊ အခု ဘာစီလိုနာက လျင်မြန်တဲ့ ရွေ့လျား ပေးပို့မှုတွေ ၊ အားသွန်ခွန်စိုက် ကစားဟန်တွေ ၊ ယုံကြည်မှုတွေ အားလုံး ပျောက်ဆုံးနေတဲ့ အသင်း ဖြစ်နေပါတယ် ။ ”

” ဒီနေ့ သူတို့ ကစားသွားတဲ့ပုံကလည်း မက်ဆီ တစ်ခုခု လုပ်ပြမှာကို မျှော်လင့်ပြီး ကစားနေကြတဲ့ပုံပေါက်နေပါတယ် ။ ဒါပေမယ့် သူတို့ အသင်းရဲ့ အခြေခံ ကစားဟန် ကတော့ လုံးဝ ပျောက်ဆုံး နေပါပြီဗျာ ။ ”

” မက်ဆီ အနေနဲ့လည်း တစ်ခုခု လုပ်ပြဖို့ဆို သူ့ဆီ ဘောလုံး ရောက်ဖို့ လိုအပ်ပါတယ် ၊ အရင်တုန်းက သူတို့ရဲ့ ကစားပုံက သိပ်ကို ထူးခြား ကောင်းမွန် လှတာပါ ၊ သူတို့ဆီက ဘောလုံးကို မနည်းရအောင် လိုက်လုရတာပါ ၊ အခုတော့ မက်ဆီ အပေါ် မှီခို လွန်းနေပါတယ် ။ ” လို့ ဝေဖန် သုံးသပ် သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ဘာစီလိုနာ အသင္းဟာ မက္ဆီ အေပၚ မွီခိုလြန္း အားႀကီးေနေၾကာင္း ေဝဖန္ သုံးသပ္ လိုက္တဲ့ အာဆင္ဝင္းဂါး
==================================

အာဆင္နယ္ အသင္း ရဲ့ ဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါး က ဘာစီလိုနာ အသင္းဟာ မက္ဆီ တစ္ခုခုကို လုပ္ျပမွာကို ေစာင့္ေမၽွာ္ေနပုံ ေပါက္ေနေၾကာင္း နဲ႔ သူတို႔ရဲ့ အသင္းလိုက္ ကစားပုံဟာ ေပ်ာက္ဆုံးေနေၾကာင္း ေဝဖန္ သုံးသပ္ သြားခဲ့ပါတယ္ ။

ဘာစီလိုနာ အသင္းဟာ မေန႔ညက အိမ္ကြင္း ႏူးကမ့္မွာ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ အျဖစ္ ခ်က္ကလပ္ ဆလားဗီးယား ပါရက္ အသင္းကို ဧည့္ခံ ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ဂိုးမရွိ သေရ ရလဒ္သာ ရယူနိုင္ခဲ့ပါတယ္ ။

ဘာစီလိုနာ အသင္းဟာ လာလီဂါမွာ လီဗန္ေတး အသင္းကို ဂိုးျပတ္ ရွုံးနိမ့္ ထားတာေၾကာင့္ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ အနိုင္ရလဒ္ ျပန္လည္ ရယူနိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆလားဗီးယား ေနာက္တန္း နဲ႔ ဂိုးသမားကို ေက်ာ္ျဖတ္နိုင္ခဲ့ျခင္း မရွိတာေၾကာင့္ ႏွစ္ပြဲဆက္တိုက္ နိုင္ပြဲ ေပ်ာက္ဆုံး သြားခဲ့ပါတယ္။

ဂန္းနား နည္းျပေဟာင္း အာဆင္ဝင္းဂါးက beIN SPORTS ရဲ့ပြဲၿပီး သုံးသပ္မွု အစီအစဥ္မွာ ” သူတို႔ (ဘာစီလိုနာ ) အသင္းက ျပည္တြင္းလိဂ္ ၿပိဳင္ပြဲမွာ ထိပ္ဆုံးမွာ ဦးေဆာင္ေနသလို ခ်န္ပီယံလိဂ္ အုပ္စုမွာလည္း ပထမေနရာမွာ ရပ္တည္ ေနတဲ့အသင္းပါ ။ ဒါေပမယ့္ သူတို႔ရဲ့ အသင္းလိုက္ ကစားပုံက ကပ္ဆိုက္ ေနသလိုပါပဲ ။ ”

” သူတို႔ရဲ့ ကစားပုံက အရမ္း ေႏွးေကြး လြန္းပါတယ္ ၊ ေနာက္ၿပီး ၿပိဳင္ဘက္ ဂိုးဧရိယာ အနားမွာလည္း ျမန္ဆန္တဲ့ ေဘာလုံး ေပးပို႔မွုေတြ ၊ လက္ခံမွုေတြ မေတြ႕ရပါဘူး ၊ တစ္ကိုယ္ေတာ္ စြမ္းရည္ေတြနဲ႔ပဲ ထိုးေဖာက္ ေနၾကတာပါ ။ သူတို႔ အသင္း ေဘာလုံး ဆုံးရွုံး သြားတိုင္း တန္ျပန္ တိုက္စစ္ကေန ဂိုးေပးရေတာ့တာပါပဲ ။ ”

” အေၾကာင္းကေတာ့ သူတို႔အေနနဲ႔ ၿပိဳင္ဘက္ ကစားသမားေတြရဲ့ လ်င္ျမန္မွုကို ထိန္းခ်ဳပ္ ဟန႔္တားနိုင္စြမ္း မရွိလို႔ပါ ၊ အခု ဘာစီလိုနာက လ်င္ျမန္တဲ့ ေရြ႕လ်ား ေပးပို႔မွုေတြ ၊ အားသြန္ခြန္စိုက္ ကစားဟန္ေတြ ၊ ယုံၾကည္မွုေတြ အားလုံး ေပ်ာက္ဆုံးေနတဲ့ အသင္း ျဖစ္ေနပါတယ္ ။ ”

” ဒီေန႔ သူတို႔ ကစားသြားတဲ့ပုံကလည္း မက္ဆီ တစ္ခုခု လုပ္ျပမွာကို ေမၽွာ္လင့္ၿပီး ကစားေနၾကတဲ့ပုံေပါက္ေနပါတယ္ ။ ဒါေပမယ့္ သူတို႔ အသင္းရဲ့ အေျခခံ ကစားဟန္ ကေတာ့ လုံးဝ ေပ်ာက္ဆုံး ေနပါၿပီဗ်ာ ။ ”

” မက္ဆီ အေနနဲ႔လည္း တစ္ခုခု လုပ္ျပဖို႔ဆို သူ႔ဆီ ေဘာလုံး ေရာက္ဖို႔ လိုအပ္ပါတယ္ ၊ အရင္တုန္းက သူတို႔ရဲ့ ကစားပုံက သိပ္ကို ထူးျခား ေကာင္းမြန္ လွတာပါ ၊ သူတို႔ဆီက ေဘာလုံးကို မနည္းရေအာင္ လိုက္လုရတာပါ ၊ အခုေတာ့ မက္ဆီ အေပၚ မွီခို လြန္းေနပါတယ္ ။ ” လို႔ ေဝဖန္ သုံးသပ္ သြားခဲ့ပါတယ္ ။

SPORTS MYANMAR