မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ပရီးမီးယား လိဂ် ပွဲစဉ် အဖြစ် အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရတဲ့ နောက် ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ရ သူ ဖြစ်ပြီး အသင်း ရဲ့ နောက်ပိုင်း ပွဲစဉ် တိုင်းကို လွဲချော် ထားခဲ့ သူပဲ ဖြစ်ပါတယ် ။

ပေါ့ဂ်ဘာ ယူနိုက်တက် အသင်း အတွက် ကစား ပေးခွင့် လွဲချော် ခဲ့တာ တွေနဲ့ ပတ်သက် လို့ ဒူဘိုင်း မြေမှာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဇီဒန်း နဲ့ တွေ့ဆုံ ခဲ့ခြင်း က တစ်စိတ် တစ်ပိုင်း အဖြစ် ပါဝင် နေကြောင်း ၊ အဲ့ဒီ ထဲက ကြံ့ခိုင် မှု အားကောင်း ပုံ ပေါ်ခဲ့တဲ့ ပေါ့ဂ်ဘာ အသင်း အတွက် ပြန်လည် ကစား ပေးနိုုင် ခြင်း မရှိ သေးတာ က နောက်ကွယ် မှာ ဇာတ်လမ်း အချို့ ရှိကြောင်း ထင်ကြေး တွေ ပေးခဲ့ ကြပါ သေးတယ် ။

ဒါပေမယ့် မကြာသေးခင် က ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာ ပြင်သစ် လက်ရွေးစင် ကိုယ်တိုင် က သူ ကိုယ်တိုင် ပါဝင် ကစား ပေးနိုင် ခြင်း မရှိ တဲ့ အချိန် အသင်း ရှံုးနိမ့် နေတာ ကို ကြည့်ရှု ရခြင်း က တစ်ကယ့် ကို ဆိုးရွား တဲ့ ခံစားချက် ဖြစ်စေ ကြောင်း ၊ သူဟာ နောက်လ အသင်း အတွက် ပြန်လည် ကစား ပေး နိုင်ဖို့ မျှော်လင့် နေကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က ပါတီဇန် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ဒဏ်ရာ ပြသနာ ကနေ ကောင်းမွန်် လာဖို့ အတွက် ကြံံ့ခိုင်မှု လေ့ကျင်းခန်း တွေ ပြုလုပ် နေတဲ့ ပြင်သစ် လက်ရွေးစင် ဟာ ဒီဇင်ဘာ လ အတွင်း အသင်း အတွက် ပြန်လည် ကစား ပေးနိုင် လိမ့်မယ် လို့ အတည်ပြု သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ပေါ့ဂ်ဘာ ဟာ ကြံ့ခိုင် မှု ပြည့်ဝ နိုင်ဖို့ အတွက် အလုပ် ကြိုးစား နေတဲ့ အကြောင်း ၊ တက်နိုင် သလောက် အသင်း မှာ အမြန်ဆုံး မြင်တွေ့ နိုင်ဖို့ မျှော်လင့် နေကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( ပေါ့ဂ်ဘာ ) ကိုယ်တိုင် က အဲ့တာ ကို ပြောခဲ့ ပြီး ပါပြီ ။ သူ အသင်း အတွက် ပြန်လည် ကစား ပေးနိုင် ဖို့ အတွက် အချိန် တွေ အရမ်း အကြာကြီး မလို အပ်တော့ ပါဘူး ။ သူဟာ နိုင်ငံတကာ ပွဲစဉ် တွေ ကစား ရမယ့် အားလပ်ရက် မှာ အလုပ် တွေကို ကြိုးစား သွား ဦးမှာ ဖြစ်ပြီး အမြန်ဆုံး ပြန်လာ နိုင်ဖို့ မျှော်လင့် ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်း ရဲ့ ဗဟို နောက်ခံ ကစားသမား ဖြစ်သူ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် ဟာ နောက်ကျော ဒဏ်ရာ ရရှိ နေတာ ကြောင့် ပါတီဇန် ဘဲလ်ဂရိတ် အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် ကို လွဲချော် လိမ့်မယ် လို့ ဆိုးလ်ရှား က ဆက်လက် အတည်ပြု သွားခဲ့ လိုက် ပါတယ် ။

” လင်ဒီလော့ဖ် လား ? သူဟာ မနက်ဖြန် ပွဲစဉ် အတွက် ပါဝင် နိုင်မှာ မဟုတ်သေး ပါဘူး ။ သူဟာ ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ထားခဲ့ သလို ဘုန်းမောက် နဲ့ ပွဲစဉ် မှာလည်း အကောင်းဆုံး အနေအထား မရှိခဲ့ ပါဘူး ။ ဒါ့ကြောင့် သူဟာ မနက်ဖြန် ပွဲစဉ် မှာ အနားယူ သွားပါ လိမ့်မယ် လို့ ဆိုးလ်ရှား က အတည်ပြု ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပါတီဇန် နဲ့ ကစား ရမယ့် ပွဲစဉ် အတွက် လေ့ကျင့်ရေး တွေ ပြုလုပ် နေကြတဲ့ ယူနိုက်တက် အသင်း ရဲ့ ကစားသမား စာရင်း တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဂိုးသမား : ဒီဂီယာ ၊ ရိုမဲရိုး ၊ ဂရန့် ၊ ကိုဗာ

ခံစစ် : ဂျံုးစ် ၊ မာဂွားယား ၊ ရိုဟို ၊ ယန်း ၊ ဘစ်ဆာကာ ၊ ဝီလီယံ ၊ လဲယာ့ဒ်

ကွင်းလယ် : မာတာ ၊ လင်ဂတ် ၊ ပါရဲရား ၊ ဖရက်ဒ် ၊ ဂါနာ ၊ တော်မီနေး ၊ ဂျိမ်းစ်

တိုက်စစ် : မာရှယ် ၊ ရပ်ရှ်ဖို့ ၊ ဂရင်းဝုဒ် ၊ တာဟစ်ချောင်