မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့ ကာလ တုန်းက ကစား သမား သစ် ၃ ဦး ခေါ်ယူ အားဖြည့် ခဲ့ ပါတယ် ။ သူတို့ ကတော့ ၀မ် ဘစ်ဆာကာ ၊ ဒန်နီရယ် ဂျိမ်းစ် နဲ့ ဟယ်ရီ မက်ဂွဲယား တို့ ပါပဲ ။ အရင်နှစ် တွေ က လူသစ်တွေ ဟာ အသင်းနဲ့ အဆင်မပြေ ခဲ့ ပေမယ့် ဒီ ၃ ယောက် စလုံး ကတော့ အသင်း အတွက် အားထား ရသူတွေ ဖြစ်လာ ခဲ့ ပါတယ် ။ ဒီ အတွက် ယူနိုက်တက် ပရိသတ်တွေ ပျော်ရွှင် ကျေနပ် နေမှာပါ ။

သူတို့ ၃ ဦး ထဲ မှာ ဘယ်သူက အဖိုး အတန်ဆုံး ခေါ်ယူမှု ဖြစ်မလဲ ဆိုတာ ကတော့ ပြောဖို့ စောနေ ပါသေးတယ် ။ ၃ ယောက် စလုံး ဟာ ပရိသတ် အကြိုက်တွေ ဖြစ်ကြပြီး အားပေးသူ ကိုယ်စီ ရှိနေကြ ပါတယ် ။ ဒီ အထဲ မှာ အလေးပေး ဖော်ပြဖို့ ရွေးချယ် လိုက်သူ ကတော့ ဝေးလ် တောင်ပံ ကစား သမားလေး ဒန်နီရယ် ဂျိမ်းစ် ပါပဲ ။

ဂျိမ်းစ် ဟာ ယူနိုက်တက် ဆီကို ဆွမ်းဆိ အသင်း ကနေ ပေါင် ၁၅ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ် ပါတယ် ။ ဒီ အပြောင်း အရွှေ့ မှာ ယူနိုက်တက် တောင်ပံ ကစား သမားဟောင်း ၊ လက်ရှိ ဝေးလ် နည်းပြ ရိုင်ယန်ဂစ် ရဲ့ ထောက်ခံမှု တွေ များစွာ ပါ၀င် ခဲ့ပြီး ဂျိမ်းစ် ကို ယူနိုက်တက် ရဲ့ အနာဂါတ် တစ်ခု အဖြစ် ညွှန်းဆို ခဲ့ ပါတယ် ။

ဂျိမ်းစ် ဟာ နည်းပြ ဆိုးရှား ရဲ့ အသင်း မှာ အလျှင် အမြန် အံဝင် ခဲ့ သလို အားထားရတဲ့ ကစား သမား တစ်ဦး အဖြစ် ကို လျှင်လျှင်မြန်မြန် ရောက်ရှိ သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဂျိမ်းစ် ဟာ အသက် ၂၁ နှစ်သာ ရှိသေး တာကြောင့် အားသာချက် ၊ အားနည်းချက် တွေ ရှိနေဆဲ ဖြစ် ပါတယ် ။ ဘယ်နေရာတွေ မှာ အားသာတယ် ၊ ဘယ်နေရာတွေ အားနည်းတယ် ၊ ဘယ်လို အနာဂါတ်တွေ ရှိနေသလဲ ဆိုတာ လေ့လာ ကြည့်ကြရအောင် . . .

၁ ။ Pace
ဂျိမ်းစ် ရဲ့ အကောင်းဆုံး လက်နက် ကတော့ လျှင်မြန်တဲ့ ပြေးအား ပါပဲ ။ ယူနိုက်တက် ကို မရောက်ခင် ကတည်းက ဂျိမ်းစ် ဟာ သူ့ရဲ့ လျှင်မြန်မှု ကို အသုံးချပြီး ပြိုင်ဘက် ခံစစ်ကို ထိုးနှက် နေခဲ့ တာပါ ။ ဒီရာသီ မှာတော့ ဂျိမ်းစ် ဟာ ရက်ဖိုဒ့် နဲ့ ပေါင်းစပ်ပြီး ယူနိုက်တက် ရဲ့ တန်ပြန် တိုက်စစ် မှာ အတွဲညီညီ လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။

လီဗာပူး ၊ ချဲလ်ဆီး တို့လို တိုက်စစ် အားသန် နောက်တန်းတွေ ပါ၀င်တဲ့ အသင်းမျိုးနဲ့ ရင်ဆိုင် ရတဲ့ ပွဲတွေ မှာ ဆိုးရှား ဟာ ရက်ဖိုဒ့် နဲ့ ဂျိမ်းစ် တို့ ကို ခံစစ် ပြန်ဆင်း မကူစေဘဲ ပြိုင်ဘက် ခံစစ်မှုးတွေ အနားမှာ ကျန်ရစ် ကာ ယူနိုက်တက် ဘောလုံး ပြန်ရချိန် မှာ အဝေးဘောတွေ ပေးပို့ပြီး one-by-one ရင်ဆိုင် ရတဲ့ အနေ အထား ကို ဖန်တီး ခဲ့ ပါတယ် ။

ဒီဗျုဟာ ဟာ လီဗာပူး နဲ့ ပွဲမှာ အောင်မြင် ခဲ့ပြီး အိုရီဂီ ဆီကနေ ဘောလုံးရယူကာ ဂျိမ်းစ် ဆီိကို ခင်းပေးလိုက်ချိန် မှာ အန်ဒီရောဘတ်ဆန် ဟာ တိုက်စစ်ကျွံပြီး Position Out နေခဲ့ ပါတယ် ။ ဒါကြောင့် ဂျိမ်းစ် နဲ့ ရက်ဖိုဒ့် တို့ ဟာ သူတို့ရဲ့ မြန်နှုန်း ကို အသုံးချပြီး ဗန်ဒိုက် နဲ့ မာတစ် တို့ကို ကျော်ဖြတ်ကာ အဖွင့်ဂိုး ကို သွင်းပေး နိုင်ခဲ့ ပါတယ် ။

၂ ။ Off the ball movements
ဆိုးရှား ရဲ့ ၄-၃-၁-၂ ကစားကွက် မှာ ရက်ဖိုဒ့် နဲ့ ဂျိမ်းစ် တို့ ဟာ တောင်ပံ သမား ဆန်ဆန် ကစားခဲ့ကြပြီး အတွင်း ကို ပြေးဝင် ကာ ပြိုင်ဘက် ခံစစ်မှုး တွေ ကို ဆွဲခေါ်သွား ခဲ့ကြ ပါတယ် ။ လွတ်သွား တဲ့ နေရာတွေကို နောက်က လိုက်တဲ့ ကွင်းလယ် တိုက်စစ် သမား ( အန်ဒရေ ပါရဲရား ) က ပြေးဝင်ပြီး ဂိုးရနိုင်တဲ့ အခွင့် အရေးတွေ ကို ရှာဖွေ ခဲ့ ပါတယ် ။

ဒီလို ပုံစံတွေ ကို လီဗာပူး ၊ ချဲလ်ဆီး တို့နဲ့ ပွဲတွေ မှာ မြင်တွေ့ ရပြီး ပါရဲရား ရဲ့ အရည် အသွေး မမြင့်မားမှု ကြောင့် ဒီအခွင့် အရေးတွေ ဟာ အကောင်းဆုံး ရလဒ် ထွက်ပေါ် မလာခဲ့ ပါဘူး ။ တကယ်လို့ ထိပ်တန်း ကွင်းလယ် တိုက်စစ် သမား တစ်ဦးသာ ခေါ်နိုင်ခဲ့ မယ် ဆိုရင်တော့ ယူနိုက်တက် တို့ ၄-၃-၁-၂ ကစားကွက် နဲ့ ပို အဆင်ပြေ နိုင်ချေ ရှိ ပါတယ် ။

၃ ။ Passing and shooting
ပရီးမီးယားလိဂ် တစ်ခုလုံး နဲ့ နှိုင်းယှဉ်ရင်တော့ ဒန်နီရယ်ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘော နဲ့ ဂိုး ကန်သွင်းမှု မှတ်တမ်းတွေ ဟာ နိမ့်ပါး နေပါတယ် ။ ဒါပေမယ့် မန်ချက် စတာ ယူနိုက်တက် မှာတော့ ဂျိမ်းစ် ဟာ ဖြတ်တင်ဘော အတိကျဆုံး ( ၂၀% ) နဲ့ ကန်ချက် တိကျမှု ဒုတိယ အကောင်းဆုံး ( ၄၁% ) အဆင့် တွေမှာ ရပ်တည် နေခဲ့ ပါတယ် ။

ဂျိမ်းစ် ဟာ ညာခြေ ကန်ချက် နဲ့ ပေးပို့မှု တွေ တိကျကောင်းမွန် ပြီး နောဝှစ်ချ် နဲ့ ပွဲတုန်းက ရက်ဖိုဒ့် ကို တင်ပေး လိုက်တဲ့ ဘောလုံးမျိုး ဟာ ဝေးလ် တောင်ပံ ကစား သမားလေး ရဲ့ အရည် အသွေး ကို ခန့်မှန်းလို့ ရနိုင် ခဲ့ ပါတယ် ။ ဘယ်တောင်ပံ ကနေ အတွင်းကို ဆွဲဝင်ပြီး ညာခြေ နဲ့ ကန်ချက် တွေ ဟာလည်း အားပါး မြန်ဆန်ပြီး ဂိုးတွေ ကို ရရှိ စေခဲ့ ပါတယ် ။

၄ ။ ကာယကြံ့ခိုင်မှု
ဒီ အပိုင်း ကတော့ ဂျိမ်းစ် ရဲ့ အားနည်းချက် ပါ ။ လျှင်မြန်တဲ့ ကစား သမားတို့ရဲ့ အားနည်းချက် လို့ ဆိုနိုင် သလိုပဲ ဒန်နီရယ်ဂျိမ်းစ် ဟာ ကာယပိုင်း မှာ အားနည်း ပါတယ် ။ ဒါကြောင့် မကြာခဏ မြေပြင်ပေါ် ကို လဲကျ ခဲ့ပြီး တန်ပြန် တိုက်စစ်လိုမျိုး နေရာလွတ် ပေါပေါ များများ မရှိတဲ့ အခြေအနေ တွေ ( ဥပမာ ခံစစ်ပိတ်ဆို့မှု ကို ထိုးဖောက်ရခြင်း ) မှာ ဂျိမ်းစ် ရဲ့ ကာယပိုင်း အားနည်းမှု ဟာ ပျော့ကွက် ဖြစ်ခဲ့ ရ ပါတယ် ။

၅ ။ ဘယ်ခြေ
ညာခြေ ကန်ချက် ကောင်းပေမယ့် ဂျိမ်းစ် ရဲ့ Weak-foot ဖြစ်တဲ့ ဘယ်ခြေ ကတော့ ကန်ချက် ရော ဖြတ်တင်ဘော ပါ အားနည်းနေ ပါတယ် ။ ဒါကြောင့် ဘယ်တောင်ပံ မှာ ထားရင် သွင်းဂိုး ရနိုင်ပေမယ့် ဖြတ်တင်ဘော ကောင်းကောင်းတွေ မထွက်တော့ ပါဘူး ၊ ညာတောင်ပံ မှာ ဆိုရင်တော့ ပြောင်းပြန်ဖြစ်သွားခဲ့ ပါတယ် ။ Weak-foot ကန်ချက်တွေ ကို တိုးတက်အောင် လေ့ကျင့်မယ် ဆိုရင်တော့ ပိုကောင်းတဲ့ သူတစ်ယောက် ဖြစ်လာ မှာပါ ။

၆ ။ နိဂုံးချုပ်
ဒန်နီရယ် ဂျိမ်းစ် ဟာ အလား အလာကောင်းတွေ ပိုင်ဆိုင် ထားတဲ့ ကစား သမား တစ်ယောက် ဆိုတာ ငြင်းလို့ မရနိုင် ပါဘူး ။ ထိပ်တန်း အဆင့် ကို ရောက်ဖို့ ဆိုတာ ကတော့ အများကြီး လိုအပ် နေပါသေး တယ် ။ ကာယပိုင်း ပို အားကောင်းအောင် ၊ ဘယ်ခြေ ကန်ချက်တွေ ပိုကောင်းအောင် လေ့ကျင့်လာ နိုင်မယ် ဆိုရင်တော့ ယူနိုက်တက် အတွက် အားထားရတဲ့ တောင်ပံ ကစား သမား တစ်ဦး ဖြစ်လာမှာပါ ။ ဘာပဲ ဖြစ်ဖြစ် ဒီလို ကစား သမားမျိုး ကို ပေါင် ၁၅ သန်း တည်းနဲ့ ခေါ်နိုင် ခဲ့တာ ကတော့ တန်တယ်လို့ သုံးသပ် ရမှာပါပဲ . . .

SPORTS MYANMAR

Zawgyi

Daniel James အေၾကာင္း ေျပာၾကရေအာင္ . . .

===========================================

မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္း အေရႊ႕ ကာလ တုန္းက ကစား သမား သစ္ ၃ ဦး ေခၚယူ အားျဖည့္ ခဲ့ ပါတယ္ ။ သူတို႔ ကေတာ့ ၀မ္ ဘစ္ဆာကာ ၊ ဒန္နီရယ္ ဂ်ိမ္းစ္ နဲ႔ ဟယ္ရီ မက္ဂြဲယား တုိ႔ ပါပဲ ။ အရင္ႏွစ္ ေတြ က လူသစ္ေတြ ဟာ အသင္းနဲ႔ အဆင္မေျပ ခဲ့ ေပမယ့္ ဒီ ၃ ေယာက္ စလံုး ကေတာ့ အသင္း အတြက္ အားထား ရသူေတြ ျဖစ္လာ ခဲ့ ပါတယ္ ။ ဒီ အတြက္ ယူႏုိက္တက္ ပရိသတ္ေတြ ေပ်ာ္ရႊင္ ေက်နပ္ ေနမွာပါ ။

သူတို႔ ၃ ဦး ထဲ မွာ ဘယ္သူက အဖိုး အတန္ဆံုး ေခၚယူမႈ ျဖစ္မလဲ ဆုိတာ ကေတာ့ ေျပာဖို႔ ေစာေန ပါေသးတယ္ ။ ၃ ေယာက္ စလံုး ဟာ ပရိသတ္ အႀကဳိက္ေတြ ျဖစ္ၾကၿပီး အားေပးသူ ကိုယ္စီ ရွိေနၾက ပါတယ္ ။ ဒီ အထဲ မွာ အေလးေပး ေဖာ္ျပဖို႔ ေရြးခ်ယ္ လုိက္သူ ကေတာ့ ေ၀းလ္ ေတာင္ပံ ကစား သမားေလး ဒန္နီရယ္ ဂ်ိမ္းစ္ ပါပဲ ။

ဂ်ိမ္းစ္ ဟာ ယူႏုိက္တက္ ဆီကို ဆြမ္းဆိ အသင္း ကေန ေပါင္ ၁၅ သန္း နဲ႔ ေျပာင္းေရႊ႕ လာခဲ့သူ ျဖစ္ ပါတယ္ ။ ဒီ အေျပာင္း အေရႊ႕ မွာ ယူႏုိက္တက္ ေတာင္ပံ ကစား သမားေဟာင္း ၊ လက္ရွိ ေ၀းလ္ နည္းျပ ရုိင္ယန္ဂစ္ ရဲ႕ ေထာက္ခံမႈ ေတြ မ်ားစြာ ပါ၀င္ ခဲ့ၿပီး ဂ်ိမ္းစ္ ကို ယူႏုိက္တက္ ရဲ႕ အနာဂါတ္ တစ္ခု အျဖစ္ ညႊန္းဆို ခဲ့ ပါတယ္ ။

ဂ်ိမ္းစ္ ဟာ နည္းျပ ဆုိးရွား ရဲ႕ အသင္း မွာ အလွ်င္ အျမန္ အံ၀င္ ခဲ့ သလို အားထားရတဲ့ ကစား သမား တစ္ဦး အျဖစ္ ကို လွ်င္လွ်င္ျမန္ျမန္ ေရာက္ရွိ သြားခဲ့ ပါတယ္ ။ ဒါေပမယ့္ ဂ်ိမ္းစ္ ဟာ အသက္ ၂၁ ႏွစ္သာ ရွိေသး တာေၾကာင့္ အားသာခ်က္ ၊ အားနည္းခ်က္ ေတြ ရွိေနဆဲ ျဖစ္ ပါတယ္ ။ ဘယ္ေနရာေတြ မွာ အားသာတယ္ ၊ ဘယ္ေနရာေတြ အားနည္းတယ္ ၊ ဘယ္လို အနာဂါတ္ေတြ ရွိေနသလဲ ဆုိတာ ေလ့လာ ၾကည့္ၾကရေအာင္ . . .

၁ ။ Pace
ဂ်ိမ္းစ္ ရဲ႕ အေကာင္းဆံုး လက္နက္ ကေတာ့ လွ်င္ျမန္တဲ့ ေျပးအား ပါပဲ ။ ယူႏုိက္တက္ ကို မေရာက္ခင္ ကတည္းက ဂ်ိမ္းစ္ ဟာ သူ႔ရဲ႕ လွ်င္ျမန္မႈ ကို အသံုးခ်ၿပီး ၿပဳိင္ဘက္ ခံစစ္ကို ထိုးႏွက္ ေနခဲ့ တာပါ ။ ဒီရာသီ မွာေတာ့ ဂ်ိမ္းစ္ ဟာ ရက္ဖိုဒ့္ နဲ႔ ေပါင္းစပ္ၿပီး ယူႏုိက္တက္ ရဲ႕ တန္ျပန္ တုိက္စစ္ မွာ အတြဲညီညီ လုပ္ေဆာင္ ႏုိင္ခဲ့ ပါတယ္ ။

လီဗာပူး ၊ ခ်ဲလ္ဆီး တို႔လို တိုက္စစ္ အားသန္ ေနာက္တန္းေတြ ပါ၀င္တဲ့ အသင္းမ်ဳိးနဲ႔ ရင္ဆုိင္ ရတဲ့ ပြဲေတြ မွာ ဆုိးရွား ဟာ ရက္ဖိုဒ့္ နဲ႔ ဂ်ိမ္းစ္ တို႔ ကို ခံစစ္ ျပန္ဆင္း မကူေစဘဲ ၿပဳိင္ဘက္ ခံစစ္မႈးေတြ အနားမွာ က်န္ရစ္ ကာ ယူႏုိက္တက္ ေဘာလံုး ျပန္ရခ်ိန္ မွာ အေ၀းေဘာေတြ ေပးပို႔ၿပီး one-by-one ရင္ဆုိင္ ရတဲ့ အေန အထား ကို ဖန္တီး ခဲ့ ပါတယ္ ။

ဒီဗ်ဳဟာ ဟာ လီဗာပူး နဲ႔ ပြဲမွာ ေအာင္ျမင္ ခဲ့ၿပီး အိုရီဂီ ဆီကေန ေဘာလံုးရယူကာ ဂ်ိမ္းစ္ ဆီိကို ခင္းေပးလုိက္ခ်ိန္ မွာ အန္ဒီေရာဘတ္ဆန္ ဟာ တုိက္စစ္ကြ်ံၿပီး Position Out ေနခဲ့ ပါတယ္ ။ ဒါေၾကာင့္ ဂ်ိမ္းစ္ နဲ႔ ရက္ဖိုဒ့္ တုိ႔ ဟာ သူတို႔ရဲ႕ ျမန္ႏႈန္း ကို အသံုးခ်ၿပီး ဗန္ဒိုက္ နဲ႔ မာတစ္ တို႔ကို ေက်ာ္ျဖတ္ကာ အဖြင့္ဂုိး ကို သြင္းေပး ႏုိင္ခဲ့ ပါတယ္ ။

၂ ။ Off the ball movements
ဆိုးရွား ရဲ႕ ၄-၃-၁-၂ ကစားကြက္ မွာ ရက္ဖုိဒ့္ နဲ႔ ဂ်ိမ္းစ္ တို႔ ဟာ ေတာင္ပံ သမား ဆန္ဆန္ ကစားခဲ့ၾကၿပီး အတြင္း ကို ေျပး၀င္ ကာ ၿပဳိင္ဘက္ ခံစစ္မႈး ေတြ ကို ဆြဲေခၚသြား ခဲ့ၾက ပါတယ္ ။ လြတ္သြား တဲ့ ေနရာေတြကို ေနာက္က လုိက္တဲ့ ကြင္းလယ္ တုိက္စစ္ သမား ( အန္ဒေရ ပါရဲရား ) က ေျပး၀င္ၿပီး ဂုိးရႏုိင္တဲ့ အခြင့္ အေရးေတြ ကို ရွာေဖြ ခဲ့ ပါတယ္ ။

ဒီလို ပံုစံေတြ ကို လီဗာပူး ၊ ခ်ဲလ္ဆီး တို႔နဲ႔ ပြဲေတြ မွာ ျမင္ေတြ႕ ရၿပီး ပါရဲရား ရဲ႕ အရည္ အေသြး မျမင့္မားမႈ ေၾကာင့္ ဒီအခြင့္ အေရးေတြ ဟာ အေကာင္းဆံုး ရလဒ္ ထြက္ေပၚ မလာခဲ့ ပါဘူး ။ တကယ္လို႔ ထိပ္တန္း ကြင္းလယ္ တုိက္စစ္ သမား တစ္ဦးသာ ေခၚႏုိင္ခဲ့ မယ္ ဆိုရင္ေတာ့ ယူႏုိက္တက္ တုိ႔ ၄-၃-၁-၂ ကစားကြက္ နဲ႔ ပို အဆင္ေျပ ႏုိင္ေခ် ရွိ ပါတယ္ ။

၃ ။ Passing and shooting
ပရီးမီးယားလိဂ္ တစ္ခုလံုး နဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ ဒန္နီရယ္ဂ်ိမ္းစ္ ရဲ႕ ျဖတ္တင္ေဘာ နဲ႔ ဂုိး ကန္သြင္းမႈ မွတ္တမ္းေတြ ဟာ နိမ့္ပါး ေနပါတယ္ ။ ဒါေပမယ့္ မန္ခ်က္ စတာ ယူႏုိက္တက္ မွာေတာ့ ဂ်ိမ္းစ္ ဟာ ျဖတ္တင္ေဘာ အတိက်ဆံုး ( ၂၀% ) နဲ႔ ကန္ခ်က္ တိက်မႈ ဒုတိယ အေကာင္းဆံုး ( ၄၁% ) အဆင့္ ေတြမွာ ရပ္တည္ ေနခဲ့ ပါတယ္ ။

ဂ်ိမ္းစ္ ဟာ ညာေျခ ကန္ခ်က္ နဲ႔ ေပးပုိ႔မႈ ေတြ တိက်ေကာင္းမြန္ ၿပီး ေနာ၀ွစ္ခ်္ နဲ႔ ပြဲတုန္းက ရက္ဖိုဒ့္ ကို တင္ေပး လုိက္တဲ့ ေဘာလုံးမ်ဳိး ဟာ ေ၀းလ္ ေတာင္ပံ ကစား သမားေလး ရဲ႕ အရည္ အေသြး ကို ခန္႔မွန္းလို႔ ရႏုိင္ ခဲ့ ပါတယ္ ။ ဘယ္ေတာင္ပံ ကေန အတြင္းကို ဆြဲ၀င္ၿပီး ညာေျခ နဲ႔ ကန္ခ်က္ ေတြ ဟာလည္း အားပါး ျမန္ဆန္ၿပီး ဂုိးေတြ ကို ရရွိ ေစခဲ့ ပါတယ္ ။

၄ ။ ကာယႀကံ႕ခုိင္မႈ
ဒီ အပုိင္း ကေတာ့ ဂ်ိမ္းစ္ ရဲ႕ အားနည္းခ်က္ ပါ ။ လွ်င္ျမန္တဲ့ ကစား သမားတို႔ရဲ႕ အားနည္းခ်က္ လို႔ ဆိုႏုိင္ သလိုပဲ ဒန္နီရယ္ဂ်ိမ္းစ္ ဟာ ကာယပုိင္း မွာ အားနည္း ပါတယ္ ။ ဒါေၾကာင့္ မၾကာခဏ ေျမျပင္ေပၚ ကို လဲက် ခဲ့ၿပီး တန္ျပန္ တိုက္စစ္လိုမ်ဳိး ေနရာလြတ္ ေပါေပါ မ်ားမ်ား မရွိတဲ့ အေျခအေန ေတြ ( ဥပမာ ခံစစ္ပိတ္ဆို႔မႈ ကို ထိုးေဖာက္ရျခင္း ) မွာ ဂ်ိမ္းစ္ ရဲ႕ ကာယပိုင္း အားနည္းမႈ ဟာ ေပ်ာ့ကြက္ ျဖစ္ခဲ့ ရ ပါတယ္ ။

၅ ။ ဘယ္ေျခ
ညာေျခ ကန္ခ်က္ ေကာင္းေပမယ့္ ဂ်ိမ္းစ္ ရဲ႕ Weak-foot ျဖစ္တဲ့ ဘယ္ေျခ ကေတာ့ ကန္ခ်က္ ေရာ ျဖတ္တင္ေဘာ ပါ အားနည္းေန ပါတယ္ ။ ဒါေၾကာင့္ ဘယ္ေတာင္ပံ မွာ ထားရင္ သြင္းဂုိး ရႏိုင္ေပမယ့္ ျဖတ္တင္ေဘာ ေကာင္းေကာင္းေတြ မထြက္ေတာ့ ပါဘူး ၊ ညာေတာင္ပံ မွာ ဆုိရင္ေတာ့ ေျပာင္းျပန္ျဖစ္သြားခဲ့ ပါတယ္ ။ Weak-foot ကန္ခ်က္ေတြ ကို တိုးတက္ေအာင္ ေလ့က်င့္မယ္ ဆိုရင္ေတာ့ ပိုေကာင္းတဲ့ သူတစ္ေယာက္ ျဖစ္လာ မွာပါ ။

၆ ။ နိဂံုးခ်ဳပ္
ဒန္နီရယ္ ဂ်ိမ္းစ္ ဟာ အလား အလာေကာင္းေတြ ပုိင္ဆုိင္ ထားတဲ့ ကစား သမား တစ္ေယာက္ ဆုိတာ ျငင္းလို႔ မရႏုိင္ ပါဘူး ။ ထိပ္တန္း အဆင့္ ကို ေရာက္ဖို႔ ဆိုတာ ကေတာ့ အမ်ားႀကီး လိုအပ္ ေနပါေသး တယ္ ။ ကာယပိုင္း ပို အားေကာင္းေအာင္ ၊ ဘယ္ေျခ ကန္ခ်က္ေတြ ပိုေကာင္းေအာင္ ေလ့က်င့္လာ ႏုိင္မယ္ ဆိုရင္ေတာ့ ယူႏုိက္တက္ အတြက္ အားထားရတဲ့ ေတာင္ပံ ကစား သမား တစ္ဦး ျဖစ္လာမွာပါ ။ ဘာပဲ ျဖစ္ျဖစ္ ဒီလုိ ကစား သမားမ်ဳိး ကို ေပါင္ ၁၅ သန္း တည္းနဲ႔ ေခၚႏုိင္ ခဲ့တာ ကေတာ့ တန္တယ္လု႔ိ သံုးသပ္ ရမွာပါပဲ . . .

SPORTS MYANMAR