မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ပါတီဇန် ဘဲလ်ဂရိတ် အသင်း ကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ နောက် နည်းပြ ဆိုးလ်ရှား က အသင်း ဟာ တိုက်စစ် ကစားပုံ တစ်ခု ကို ပိုင်ဆိုင် နေပြီ လို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်ပိုင်း မှာ မာဆွန် ဂရင်းဝုဒ် ၊ အန်သိုနီ မာရှယ် နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့ ပါဝင်ခဲ့ ကြပြီး သုံးဦး လုံးက ပွဲချိန် အတွင်း တစ်ယောက် တစ်ဂိုး စီ သွင်းယူ ခဲ့ ကြပြီး ခြေစွမ်း ကောင်း ပြသ သွားနိုင် ခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ဒါဟာ တစ်ကယ်တမ်း လွယ်ကူ လှတဲ့ ကိစ္စ တစ်ရပ် မဟုတ် ပေမယ့် အသင်း ရဲ့ တိုက်စစ် ကစားသမားတွေ အနေ နဲ့ ဒါကို အပါတ်စဉ် ပုံမှန် လုပ်ဆောင် ကြ သလို မျိုး လုပ်ပြ နိုင်ဖို့ အတွက် စိန်ခေါ် စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ဒါဟာ ကျွန်တော် တို့ ကစား စေလို ကြတဲ့ တိုက်စစ် ကစားဟန် တစ်ခု ပါပဲ ။ ကျွန်တော် တို့ နိုင်ပွဲ လိုအပ် နေခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့တာ နဲ့ အတူ ကောင်လေး တွေ တိုက်စစ် တက်ရောက် ကစား လို ကြတဲ့ စွမ်းဆောင်ရည် လည်း လိုအပ် ခဲ့ ပါတယ် ။ ကျွန်တော် တို့ ဒီည ဝန် အနည်းငယ် ရှိခဲ့ ပေမယ့် ကောင်းကောင်း စွမ်းဆောင် ကျော်ဖြတ် ပြနိုင် ခဲ့ကြ ပါတယ် ”

” ကျွန်တော် တို့ဟာ ပါတီဇန် ကို မလေးမစား ပြောတာ မဟုတ် ပါဘူး ၊ ကျွန်တော် တို့ဟာ အိမ်ကွင်း မှာ ဒီလို အခုလို စွမ်းဆောင်ရည် နဲ့ အတူ နိုင်ပွဲ ရဖို့ မျှော်လင့် ခဲ့ကြ ပါတယ် ။ ပထမပိုင်း 10 မိနစ် အတွင်း မှာ ကျွန်တော် တို့ သိပ် မကောင်း ခဲ့ကြ ပါဘူး ”

” ဒါပေမယ့် ပုံစံ ကောင်းနဲ့ ပထမ ပိုင်း အတွင်း ကျွန်တော် တို့ 2 – 0 နဲ့ ဦးဆောင် နိုင်ခဲ့ ကြ ပါတယ် ။ ထို့အတူ ယုံကြည် မှုလည်း ရယူ နိုင်ခဲ့ ကြ ပါတယ် ။ ဒီနေ့ ပွဲစဉ် မှာတော့ ကောင်လေး တွေက ထောက်ပြ စရာ အချက် တွေ များစွာ ရှိတဲ့ လေ့လာ သင်ယူ မှု တွေကို ပြုလုပ် ရင်းနဲ့ ကောင်းမွန်တဲ့ ကစားဟန်နဲ့ အတူ ဘယ်လို တိုက်စစ် ဆင်ရ မလဲ ဆိုတာ သိရှိ ခဲ့ကြ ပါတယ် ”

” ပြိုင်ဖက် က ပရီးမီးယား လိဂ် အသင်း မဟုတ် ပါဘူး ။ ဒါပေမယ့် အခြေခံ စည်းမျဉ်း စည်းကမ်း ကောင်းမွန် တဲ့ အသင်း ဖြစ်ခဲ့ ပါတယ် ။ ဒါ့ကြောင့် လည်း ကျွန်တော် တို့က တိုက်စစ် 3 ဦး နဲ့ ကစား ခဲ့ ကြတာ ပါ ။ အဆုံးသတ် စွမ်းရည် တွေနဲ့ ပတ်သက်လို့ ကျွန်တော် အရမ်း ကျေနပ် ပါတယ် ။ သွင်းဂိုး တိုင်းက အဆင့်မြင့် ခဲ့တယ် လေ ။ ဒီလို ကစား နိုင်အောင် ဆက်လက် ကြိုးစား ကြရ ပါ့မယ် ” လို့ ဆိုးလ်ရှား က တိုက်စစ် ကစားသမား တွေကို ချီးကျူးရင်း စိန်ခေါ် သွားခဲ့ ပါတယ် ။

ပါတီဇန်ကို အနိုင် ကစား နိုင်ခဲ့ တာကြောင့် ယူနိုက်တက် တို့ နှစ်ပွဲ အလို မှာပဲ အုပ်စု အဆင့် ကို ကျော်လွှား နိုင်ခဲ့ ကြ ပါပြီ ။ ဒီ အတွက် အသင်း ဟာ တက်စွမ်း သမျှ အမြန်ဆုံး နောက်ထပ် တစ်ဆင့် တက်ရောက် နိုင်ရေး အတွက် ရည်ရွယ် ခဲ့ကြောင်း ၊ ဒါပေမယ့် ဒီ ပြိုင်ပွဲ မှာ အနိုင် ရအောင် ကစား ရမယ့် ပွဲစဉ် တွေ များစွာ ရှိကြောင်း ဆိုးလ်ရှား က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ တက်စွမ်း သမျှ အစောလျှင်ဆုံး နောက်ထပ် တစ်ဆင့် တက်ရောက် နိုင်ဖို့ အတွက် အလိုရှိခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ခရီး ရှည်ကြီး ရှေ့ဆက် ရမယ့် ဒီ ပြိုင်ပွဲ မှာ ကျွန်တော် တို့ နိုင်ပွဲ လိုချင် တာက ဒီ တစ်ပွဲ ထဲ မဟုတ် ပါဘူး ”

” ဒါဟာ ကစားသမား အချို့ ကို အနား ပေးခြင်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ပြီးရင် ကျွန်တော် တို့ဟာ ခက်ခဲ တဲ့ ရက် သတ္တပါတ် အတွက် အဆင်သင့် ဖြစ်နေ ကြရ ပါ့မယ် ။ ကျွန်တော် တို့ဟာ ဗီလာ ၊ စပါး နဲ့ စီးတီး အသင်း တွေနဲ့ ဆက်လက် ကစား ကြရ ဦးမယ် လေ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar