Unicode
ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ အိမ်ကွင်း မှာ အသင်း ရဲ့ ပရိသတ် တွေ အတွက် အနိုုင် ရလဒ် ရှာဖွေ သွားဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ စက်တင်ဘာ 14 ရက်နေ့ တုန်းက အိမ်ကွင်း မှာ လက်စတာ စီးတီး အသင်း ကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင် ခဲ့တဲ့ နောက် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အနိုင် ရလဒ် ရယူ နိုင်ဖို့ အတွက် ဆက်တိုက် ဆိုသလို ရုန်းကန် နေခဲ့ ရ ပါတယ် ။
” ကျွန်တော် တို့ ရလဒ် ကောင်း ရယူ နိုင်ဖို့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ ရလဒ် ကောင်းကို အလို ရှိနေ ကြ ပါတယ် ။ ရလဒ် ကောင်း ပိုင်ဆိုင် နိုင်ရေး အတွက် ကျွန်တော် တို့ စွမ်းနိုင် သမျှ ကြိုးစား ကြ ပါ့မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ် တွေက အဲ့တာ နဲ့ ထိုက်တန် ကြပြီး ကျွန်တော် တို့ အဲ့တာ ကို သူတို့ တွေ အတွက် ယူဆောင် ပေးကြ ရမယ် လေ ”
” ကျွန်တော် တို့ အခုလို ခက်ခဲတဲ့ အချိန် တွေ ပိုင်ဆိုင် ထားချိန် မှာတောင် သူတို့ တွေဟာ အထူး ထောက်ခံ အားပေး ခဲ့ကြ တယ်လေ ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ အိမ်ကွင်း မှာ သူတို့ တွေ အတွက် ရလဒ် ကောင်းတွေ ဆက်တိုက် ယူဆောင် ပေးနိုင် ကြဖို့ မျှော်လင့် နေကြ တာပါ ”
” လီဗာပူး နဲ့ ပွဲစဉ် တုန်းက ကျွန်တော် တို့ တွေဟာ စွမ်းဆောင်ရည် ကောင်းမွန် ခဲ့ကြ ပါတယ် ။ ပါတီဇန် အသင်း နဲ့ ပွဲစဉ် မှာလည်း ကျွန်တော် တို့ ခြေစွမ်း ကောင်းမွန် ခဲ့ကြ ပါတယ် ။ ပရိသတ် တွေဟာ အသင်း အတွက် အမြဲ ခမ်းနား ခဲ့ကြ ပါတယ် ။ ဒီအတွက် ကျွန်တော် တို့ အဆင်သင့် ဖြစ်နေ ကြ ပါပြီ ” လို့ ဆိုးလ်ရှား က ပြောကြား ခဲ့ပြီး ပွဲစဉ် တွေ အကြား အားလပ်ရက် နည်းပါး နေတာ နဲ့ ပတ်သက် ပြီး …
” ကျွန်တော် တို့ တွေဟာ နှစ်ရက် သုံးရက် ထက် ပိုပြီး အနား ယူဖို့ လိုအပ် နေတယ် လို့ မထင် ပါဘူး ။ ကျွန်တော် တို့ဟာ ဘုန်းမောက် နဲ့ ပွဲစဉ် ကစား ပြီးတော့ ပါတီဇန် နဲ့ ရင်ဆိုင် ကြဖို့ အတွက် အချိန် ငါးရက် ပိုင်ဆိုင် ခဲ့ကြ ပါတယ် ။ ဘရိုက်တန် နဲ့ ပွဲစဉ် အတွက် တော့ နားရက် နှစ်ရက် ပဲ ရရှိ ကြ ပါတယ် ။ ဒါဟာ ပွဲ ကစားရ မြန်ဆန် ပေမယ့် ကျွန်တော် တို့ အဆင်ပြေ ကြံ့ခိုင် နိုင်ဖို့ လုပ်ဆောင် ကြရ ပါ့မယ် ”
” ကျွန်တော် တို့ အသင်း မှာ အား ကစား သိပ္ပံ နဲ့ ဆိုင်တဲ့ အဖွဲ့ အစည်း ကောင်းကောင်း ရှိ ပါတယ် ။ သူတို့ တွေဟာ အကောင်းဆုံး ကုသ မှုတွေ ပြုလုပ် နေကြ သလို ကစားသမား တွေ ကလည်း ပရော်ဖက်ရှင်နယ် တွေပါ ။ သူတို့ ကိုယ့်ကိုယ်ကို ကောင်းကောင်း စောင့်ရှောက် နိုင်ကြ ပါတယ် ။ လက်ရှိ သူတို့ တွေရဲ့ ယုံကြည် မှုတွေ မြင့်တက် နေကြ တယ်လေ ”
” ဘရိုက်တန် အသင်းရဲ့ နောက်ဆုံး ရလဒ် တွေက အထင်ကြီး ဖွယ်ရာ ပါပဲ ။ ရလဒ် တင် မဟုတ် ပါဘူး ၊ သူတို့ နောက်ဆုံး ကစားပုံံ ဟာလည်း ကောင်းမွန် ခဲ့ ပါတယ် ။ သူတို့ တွေဟာ ဒီကို လာပြီး သူတို့ ပုံစံ အတိုင်းပဲ ကစား ကြမှာ ပါ ။ အဲ့ဒီ အတွက် ကျွန်တော် တို့ အသင့် ဖြစ်နေ ကြဖို့ လိုအပ် ပါတယ် ”
” ကျွန်တော် တို့ဟာ သူတို့ ကစား ကြတာ တွေကို အကြိမ် အနည်းငယ် စောင့်ကြည့် ဖူးကြ ပါတယ် ။ ဒီဇင်ဘာ လမှာ ကျွန်တော် စရောက် တုန်းက သူတို့ နဲ့ ကစား ခဲ့ ရပြီး သူတို့ တွေက ပွဲကောင်း တစ်ပွဲ ပေးခဲ့ ကြ ပါတယ် ။ သူတို့ တွေဟာ ဘောလုံး ကောင်းကောင်း ကစား နိုင် ကြတဲ့ အသင်း တစ်သင်း ပါ ”
” ကြာသပတေး နေ့က ဒဏ်တွေ ဟာ ကစားသမား တွေ ပေါ်ကို အရမ်းကြီး မသက်ရောက် ဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီနေ့ ပွဲ အတွက် ကျွန်တော် တို့ ခွန်အား တွေ လိုအပ် ကြတယ် လေ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ဘရိုက်တန်နဲ့ ပွဲစဉ် မတိုင်မီ ယူနိုက်တက် ပရိသတ် တွေဆီ မက်ဆေ့ ပို့လိုက်တဲ့ #ဆိုးလ်ရှား
==================
ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ဘရိုက်တန် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ အိမ်ကွင်း မှာ အသင်း ရဲ့ ပရိသတ် တွေ အတွက် အနိုင် ရလဒ် ရှာဖွေ သွားဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar