ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်း နဲ့ ပွဲမှာ အသင်း ရဲ့ အဓိက ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့် ရရှိ ခဲ့ပါတယ် ။ ဒါဟာ ၄င်းရဲ့ ကစားသမား ဘဝ တလျှောက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် လည်း ဖြစ်ပါတယ် ။

ဂျိမ်းစ် ဟာ အခုလို ပရီးမီးယားလိဂ် မှာ ပွဲထွက်ခွင့် မရမီ ပြီးခဲ့တဲ့ အပတ် ကြားရက် မှာ ယှဉ်ပြိုင် ကစား ခဲ့တဲ့ အေဂျက်ဇ် အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ အထူး ခြေစွမ်း ပြနိုင်ခဲ့တာကြောင့် ဖရန့် လမ်းပတ် က ၄င်းကို ပဲလေ့စ် နဲ့ ပွဲမှာ အခွင့်အရေး ပေးခဲ့တာ ဖြစ်ပါတယ် ။ ဂျိမ်းစ် ကိုယ်တိုင် ကလည်း ရလာတဲ့ အခွင့်အရေး ကို အပြည့်အဝ အသုံးချပြီး ပဲလေ့စ် အသင်း ရဲ့ အဓိက တောင်ပံ ကစားသမား ဇာဟာ ကို တပွဲလုံး ထိန်းချုပ် ပြနိုင် ခဲ့ပါတယ် ။

Goal နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ရိစ်ဂျိမ်းစ် ဟာ ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် ညာနောက်ခံလူ ဖြစ်လာနိုင်တဲ့ အကြောင်း ချီးကျူး ခဲ့သလို ၊ ဂျိမ်းစ် ရဲ့ ထူးခြားတဲ့ အရည်အသွေး တွေ အကြောင်း အခုလိုပဲ ဖွင့်ဟ ပြောဆို လာခဲ့ပါတယ် ။

လမ်းပတ် က ” ရိစ် ဟာ နောက်ထပ် အများကြီး တိုးတက် လာနိုင်သေးတဲ့ ခြေစွမ်း နဲ့ အရည်အသွေး ကောင်း တွေကို ပိုင်ဆိုင် ထားပါတယ် ။ ဒီ အကြောင်း တွေကို ကျွန်တော့ အနေနဲ့ ရှင်းပြ ရခက်သလို ၊ မခက်လည်း မခက်ဘူး လို့ ပြောလို့ ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ ရိစ် ကို ဝီဂန် အသင်း မှာ ကတည်းက ဘယ်လောက် ထိ အစွမ်းအစ တွေ ရှိတယ် ဆိုတာ သိမြင် ခဲ့ရသလို ၊ အခုအခါ ချယ်လ်ဆီး အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တွေမှာလည်း သူ့ရဲ့ ကြိုးစားပုံ တွေကို ကြည့်ပြီး သိခဲ့ရပါတယ် ။ ”

” ဂျိုဒီ မောရစ် နဲ့ ဂျိုကိုးလ် တို့ ကျွန်တော့ ကို သူ့ အကြောင်း နဲ့ ပတ်သက်ပြီး အကယ်ဒမီ ကစားသမား ဘဝ မှာ ကတည်းက စောင့်ကြည့် လာခဲ့တာတွေ နဲ့ သူ့ရဲ့ အရည်အသွေး ဘယ်လောက် ထိ မြင့်မားတဲ့ အကြောင်း တွေ မကြာခဏ လာပြောပြကြပါတယ် ။ ခင်ဗျား တို့ဟာ အတွေ့အကြုံ ရင့် ကစားသမား တွေ လူငယ် ခြေတက် တွေကို လေးစားမှု ရှိကြသလို ၊ အပြန်အလှန် ကူညီ ပေးနေတာ ကို တွေ့ရတဲ့ အခါ ဒီ လူငယ် တွေမှာ ကောင်းတဲ့ အလားအလာ တွေ ရှိနေပြီ လို့ စိတ်ထဲကနေ ယူဆ လို့ ရပါတယ် ။ ”

” ကျွန်တော် ဟာ ရာသီ အစ ကတည်းက ရိစ် ဟာ တကယ့် ပွဲစဉ် တွေကို ကစားဖို့ အတွက် ယုံကြည်မှု အပြည့်အဝ ရှိနေတယ် ဆိုတာ တထစ်ချ ယူဆ ထားပြီးသားပါ ။ အခုဆို သူ့ဆီ ကနေ များစွာသော တိိုးတက်မှု တွေ မြင်တွေ့ လာရပါပြီ ။ ပဲလေ့စ် နဲ့ ပွဲမှာ သူ့ရဲ့ ပင်ကို ခြေစွမ်း နဲ့ ကြိုးစားမှု တွေကို မြင်တွေ့ ခဲ့ရပြီး ဖြစ်သလို ၊ ဒါဟာ သူ့ရဲ့ တိိုးတက်မှု လမ်းကြောင်း ရဲ့ အစပဲ ရှိပါသေးတယ် ။ ဒီထက် မြောက်မြားစွာ သော အရည်အသွေး တွေ သူ့ဆီကို ထပ်ပြီး ရောက်ရှိ လာဦးမယ် လို့ ထင်ပါတယ် ။ ”

” ရိစ် ဟာ ချယ်လ်ဆီး အသင်း အတွက် အနာဂတ် မှာ ကြီးကျယ် တဲ့ ကစားသမား တဦး ဖြစ်လာဖို့ ရှိပါတယ် ။ ညာနောက်ခံ နေရာ ဟာ သူ့ အတွက် ကစားရတာ အားအသန်ဆုံး ဖြစ်ပါတယ် ။ သူ တကယ် ကစားပေးနိုင်တဲ့ နေရာ တွေကတော့ ညာအစွန် နောက်ခံလူ ၊ ညာ wing-back ၊ ၃ယောက်တန်း ခံစစ် က ညာခြမ်း ခံစစ်မှူး နေရာ တွေ ဖြစ်ပါတယ် ။ လောလောဆယ် သူ ချယ်လ်ဆီး အတွက် ကစား ပေးနေတာ ကတော့ ညာ အစွန် နောက်ခံလူ နေရာ က ဆိုတာ အားလုံး မြင်တွေ့ ကြပြီးပါပြီ ။ ”

” ဒါပေမယ့် ပွဲတပွဲ အကြောင်း သေသေချာချာ နားလည် လာတဲ့ အခါ သူ့ အတွက် ကွင်းလယ် ၊ ကွင်းလယ် ခံစစ် နေရာ တွေပါ ကောင်းကောင်း လိုက်ပါ ကစားနိုင်မယ် လို့ ကျွန်တော် မျှော်လင့် ထားပါတယ် ။ လောလောဆယ် အခြေအနေ အရ ကျွန်တော် တို့မှာ ကွင်းလယ် နေရာ အတွက် အကောင်းဆုံး ကစား ပေးနိုင်တဲ့ ကစားသမား တွေ ရှိနေပါတယ် ။ ဒါပေမယ့် အချိန် ကြာလာတာနဲ့ အမျှ ရိစ် လည်း ဒီလို နေရာ တွေမှာ အသင်း အတွက် ကစား ပေးနိုင်မယ် လို့ ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR